Premier League

အိုးထရက်ဖို့ဒ်မှ ယူနိုက်တက် 2-4 လီဗာပူးလ် ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

ရွပိုးထတဲ့ ဘိုင်ယီနဲ့ VAR ဇာတ်လမ်း

ဖာမီနိုရဲ့ ပွဲအစပိုင်း စောစောစီးစီးကန်ချက်က ယူနိုက်တက်ဧရိယာထဲက အဲရစ် ဘိုင်ယီရဲ့လက်မောင်းနဲ့ ထိခဲ့ပေမယ့် VAR က ပင်နယ်တီခွင့်မပြုခဲလို့ လီဗာပူးလ်တို့ သေချာပေါက်ဦးဆောင်ရမယ့် အခွင့်အရေးက နစ်နာခဲ့တယ်။ ကွင်းလယ်ဒိုင် လီမေဆန်ရဲ့ စိတ်နှစ်ခွဖြစ်မှုက ယူနိုက်တက်ကို အလေးသာစေခဲ့သလို အငြင်းပွားဖွယ်ရာလည်း ဖြစ်ခဲ့တယ်။

ဂိုးမိုးရွာတဲ့ ဘော်ဘီ
ဇန်နဝါရီ ၂၉ ရက်နေ့က လီဗာပူးလ်အတွက် နောက်ဆုံးဂိုးးကို သွင်းယူခဲ့တဲ့ ဖာမီနိုရဲ့ အံ့မခန်းအဆုံးသတ်နိုင်စွမ်းကိုလည်း ဒီပွဲမှာ မဖြစ်မနေ အသိအမှတ်ပြုရမှာဖြစ်သလို တဂိုးစီသရေကျနေချိန်မှာ လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ကိုယ်တိုင်သွင်းယူပြီး ကိုယ့်အသင်းကို အနိုင် ၃ မှတ်အတွက် စိတ်ချစေခဲ့တယ်။

မိုက်မဲနေဆဲ ပေါ့ဘာ
အာနိုးလ်ရဲ့ ပြီးပြည့်စုံတဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် လီဗာပူးလ်တို့ ဖာမီနိုရဲ့ ဒုံးကျည်ဆန်ဆန် ခေါင်းတိုက်သွင်းဂိုးကို ရယူခဲ့ပေမယ့် ဒီနေရာမှာ မီးမောင်းထိုးစရာက ပေါ့ဘာရဲ့ ခံစစ်ညံ့ဖျင်းမှုလည်း ဖြစ်ခဲ့တယ်။ ပြင်သစ်ကွင်းလယ်လူရဲ့ အမှားအယွင်းက အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း လက်ညှိုးထိုးစရာ တာဝန်မကျေမှုလို့လည် ဆိုနိုင်ပါတယ်။

ခင်ဗျားမြင်လား ဆောက်ဂိတ်
ဒီနေ့ပွဲကို အင်္ဂလန်နည်းပြဆောက်ဂိတ်က လက်လွှတ်မခံဘဲ စောင့်ကြည့်ခဲ့သလို လီဗာပူးလ်ညာနောက်ခံအစွန်လူ အာနိုးလ်ရဲ့ အခွင့်အရေးဖန်တီးမှုတွေက လက်ဖျားခါလောက်အောင် ဖြစ်ခဲ့သလို လီဗာပူးလ်ရဲ့ ဦးဆောင်မှု ၂ ကြိမ်စလုံးကို သူက ဂိုးဖန်တီးပေးခဲ့လို့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကိုယ်စားပြုချင်လွန်းခဲ့တဲ့ သူ့ရဲ့ လုပ်ကိုင်လိုစိတ်များပုံက အားလုံးထက် အသင့်ဖြစ်နေတာကို တွေ့ခဲ့ရသလို ဒါက ဆောက်ဂိတ်ကို ရတက်ပွေစေဦးမှာပါ။

အိုးထရက်ဖို့ဒ်မှာ ဂိုး ၅၀ ပြည့်တဲ့ ရက်ရှ်ဖို့ဒ်
ပွဲချိန် မိနစ် ၇၀ ဝန်းကျင်မှာ ယူနိုက်တက်ရဲ့ ဒုတိယဂိုးကို သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အိုးထရက်ဖို့ဒ် ဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့တဖက်မှာ သရဲနီတို့ရဲ့ အရှုံးကနေ အနိုင်ပြောင်းနိုင်တော့မလားဆိုတဲ့ Comeback မျှော်လင့်ချက်ကိုလည်း ပျက်စီးစေခဲ့တာပါ။ ကာဗာနီရဲ့ ဖန်တီးမှုကနေတဆင့် သူက ဒီရာသီ ပြိုင်ပွဲစုံ ၂၁ ဂိုးပြည့်မြောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

လမ်းပတ်ကို ဘာမထီတဲ့ ဘရူနို
ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးကို သွင်းယူခဲ့တဲ့ ကျောနံပါတ် ၁၈ ဘရူနို ဖာနန်ဒက်စ်က ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၈ ဂိုးပြည့်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်ကွင်းလယ်လူတယောက်အနေနဲ့ တရာသီတွင်း ဂိုးသွင်းအများဆုံးဖြစ်သူ၂၀၀၉-၁၀ ရာသီက လမ်းပတ်ရဲ့ ၂၇ ဂိုးစံချိန်ကိုလည်း နောက်ကောက်ချခဲ့တာဖြစ်ပြီး ကွင်းလယ်လူတဦးအနေနဲ့ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ လိုက်မမီတဲ့ စံချိန်ဖြစ်ခဲ့ပါတယ်။

မီးစတဖက် ရေမှုတ်တဖက်နဲ့ ကလော့ပ်
အဆင့် ၄ က ချယ်လ်ဆီးရဲ့ ရှုံးပွဲအပြီး၊ အိုးထရက်ဖို့ဒ်က ဒီနေ့ည ဒီနိုင်ပွဲအပြီးမှာ ကလော့ပ်က အမှတ်ပေးဇယားအဆင့် ၅ ကို တက်ရောက်လာခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက် စိတ်အေးခဲ့ရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆိုရင်တော့ အဆင့် ၃ နဲ့ အဆင့် ၄ က လက်စတာနဲ့ ချယ်လ်ဆီးတို့ကို တပွဲလျော့အနေအထားကနေ အမီလိုက်ရဦးမှာ ဖြစ်ပါတယ်။

ဝက်စ်ဘရွမ်း၊ ဘန်လေနဲ့ ပဲလေ့စ်တို့နဲ့ ကစားရမယ့် လက်ကျန် ၃ ပွဲက ကလော့ပ်အတွက် အဆုံးအဖြတ်ဖြစ်လာမယ်လို့ ခန့်မှန်းထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
႐ြပိုးထတဲ့ ဘိုင္ယီနဲ႔ VAR ဇာတ္လမ္း

ဖာမီႏိုရဲ႕ ပြဲအစပိုင္း ေစာေစာစီးစီးကန္ခ်က္က ယူႏိုက္တက္ဧရိယာထဲက အဲရစ္ ဘိုင္ယီရဲ႕လက္ေမာင္းနဲ႔ ထိခဲ့ေပမယ့္ VAR က ပင္နယ္တီခြင့္မျပဳခဲလို႔ လီဗာပူးလ္တို႔ ေသခ်ာေပါက္ဦးေဆာင္ရမယ့္ အခြင့္အေရးက နစ္နာခဲ့တယ္။ ကြင္းလယ္ဒိုင္ လီေမဆန္ရဲ႕ စိတ္ႏွစ္ခြျဖစ္မႈက ယူႏိုက္တက္ကို အေလးသာေစခဲ့သလို အျငင္းပြားဖြယ္ရာလည္း ျဖစ္ခဲ့တယ္။

ဂိုးမိုး႐ြာတဲ့ ေဘာ္ဘီ
ဇန္နဝါရီ ၂၉ ရက္ေန႔က လီဗာပူးလ္အတြက္ ေနာက္ဆုံးဂိုးးကို သြင္းယူခဲ့တဲ့ ဖာမီႏိုရဲ႕ အံ့မခန္းအဆုံးသတ္ႏိုင္စြမ္းကိုလည္း ဒီပြဲမွာ မျဖစ္မေန အသိအမွတ္ျပဳရမွာျဖစ္သလို တဂိုးစီသေရက်ေနခ်ိန္မွာ လီဗာပူးလ္ရဲ႕ ဦးေဆာင္ဂိုး ၂ ဂိုးကို ကိုယ္တိုင္သြင္းယူၿပီး ကိုယ့္အသင္းကို အႏိုင္ ၃ မွတ္အတြက္ စိတ္ခ်ေစခဲ့တယ္။

မိုက္မဲေနဆဲ ေပါ့ဘာ
အာႏိုးလ္ရဲ႕ ၿပီးျပည့္စုံတဲ့ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ လီဗာပူးလ္တို႔ ဖာမီႏိုရဲ႕ ဒုံးက်ည္ဆန္ဆန္ ေခါင္းတိုက္သြင္းဂိုးကို ရယူခဲ့ေပမယ့္ ဒီေနရာမွာ မီးေမာင္းထိုးစရာက ေပါ့ဘာရဲ႕ ခံစစ္ညံ့ဖ်င္းမႈလည္း ျဖစ္ခဲ့တယ္။ ျပင္သစ္ကြင္းလယ္လူရဲ႕ အမွားအယြင္းက အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံတိုင္း လက္ညႇိဳးထိုးစရာ တာဝန္မေက်မႈလို႔လည္ ဆိုႏိုင္ပါတယ္။

ခင္ဗ်ားျမင္လား ေဆာက္ဂိတ္
ဒီေန႔ပြဲကို အဂၤလန္နည္းျပေဆာက္ဂိတ္က လက္လႊတ္မခံဘဲ ေစာင့္ၾကည့္ခဲ့သလို လီဗာပူးလ္ညာေနာက္ခံအစြန္လူ အာႏိုးလ္ရဲ႕ အခြင့္အေရးဖန္တီးမႈေတြက လက္ဖ်ားခါေလာက္ေအာင္ ျဖစ္ခဲ့သလို လီဗာပူးလ္ရဲ႕ ဦးေဆာင္မႈ ၂ ႀကိမ္စလုံးကို သူက ဂိုးဖန္တီးေပးခဲ့လို႔ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္ကိုယ္စားျပဳခ်င္လြန္းခဲ့တဲ့ သူ႔ရဲ႕ လုပ္ကိုင္လိုစိတ္မ်ားပုံက အားလုံးထက္ အသင့္ျဖစ္ေနတာကို ေတြ႕ခဲ့ရသလို ဒါက ေဆာက္ဂိတ္ကို ရတက္ေပြေစဦးမွာပါ။

အိုးထရက္ဖို႔ဒ္မွာ ဂိုး ၅၀ ျပည့္တဲ့ ရက္ရွ္ဖို႔ဒ္
ပြဲခ်ိန္ မိနစ္ ၇၀ ဝန္းက်င္မွာ ယူႏိုက္တက္ရဲ႕ ဒုတိယဂိုးကို သြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က အိုးထရက္ဖို႔ဒ္ ဂိုး ၅၀ ျပည့္ေျမာက္ခဲ့တဲ့တဖက္မွာ သရဲနီတို႔ရဲ႕ အရႈံးကေန အႏိုင္ေျပာင္းႏိုင္ေတာ့မလားဆိုတဲ့ Comeback ေမွ်ာ္လင့္ခ်က္ကိုလည္း ပ်က္စီးေစခဲ့တာပါ။ ကာဗာနီရဲ႕ ဖန္တီးမႈကေနတဆင့္ သူက ဒီရာသီ ၿပိဳင္ပြဲစုံ ၂၁ ဂိုးျပည့္ေျမာက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

လမ္းပတ္ကို ဘာမထီတဲ့ ဘ႐ူႏို
ယူႏိုက္တက္ရဲ႕ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တဲ့ ေက်ာနံပါတ္ ၁၈ ဘ႐ူႏို ဖာနန္ဒက္စ္က ဒီရာသီမွာ ယူႏိုက္တက္အတြက္ ၂၈ ဂိုးျပည့္ခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္ကြင္းလယ္လူတေယာက္အေနနဲ႔ တရာသီတြင္း ဂိုးသြင္းအမ်ားဆုံးျဖစ္သူ၂၀၀၉-၁၀ ရာသီက လမ္းပတ္ရဲ႕ ၂၇ ဂိုးစံခ်ိန္ကိုလည္း ေနာက္ေကာက္ခ်ခဲ့တာျဖစ္ၿပီး ကြင္းလယ္လူတဦးအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဘယ္သူမွ လိုက္မမီတဲ့ စံခ်ိန္ျဖစ္ခဲ့ပါတယ္။

မီးစတဖက္ ေရမႈတ္တဖက္နဲ႔ ကေလာ့ပ္
အဆင့္ ၄ က ခ်ယ္လ္ဆီးရဲ႕ ရႈံးပြဲအၿပီး၊ အိုးထရက္ဖို႔ဒ္က ဒီေန႔ည ဒီႏိုင္ပြဲအၿပီးမွာ ကေလာ့ပ္က အမွတ္ေပးဇယားအဆင့္ ၅ ကို တက္ေရာက္လာခဲ့ၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ စိတ္ေအးခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ဆိုရင္ေတာ့ အဆင့္ ၃ နဲ႔ အဆင့္ ၄ က လက္စတာနဲ႔ ခ်ယ္လ္ဆီးတို႔ကို တပြဲေလ်ာ့အေနအထားကေန အမီလိုက္ရဦးမွာ ျဖစ္ပါတယ္။

ဝက္စ္ဘ႐ြမ္း၊ ဘန္ေလနဲ႔ ပဲေလ့စ္တို႔နဲ႔ ကစားရမယ့္ လက္က်န္ ၃ ပြဲက ကေလာ့ပ္အတြက္ အဆုံးအျဖတ္ျဖစ္လာမယ္လို႔ ခန္႔မွန္းထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.