Match Report Premier League

မြေခွေးထက် ကြိုးကြာကို ပိုမက်ပြီး မြွေပါလည်းဆုံးသားလည်းဆုံး နှစ်ပွဲဆက်ရှုံးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်စတာနဲ့ပွဲမှာ အနားပေးထားခဲ့တဲ့ လူစာရင်းထဲက ဒဏ်ရာရ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကလွဲလို့ ကျန်တဲ့ First Line-up ကစားသမားအားလုံးကို ပွဲထုတ်လာခဲ့ပေမယ့် အပြည့်အဝ အနားရထားတဲ့ လီဗာပူးလ်အသင်းကို အနိုင်မယူနိုင်ဘဲ ရှုံးပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးလ္တုိ႔ကေတာ့ သူတုိ႔ရဲ႕ တတ္ႏုိင္သမွ် အေကာင္းဆုံးလူစာရင္းကိုပဲ ပြဲထုတ္ခဲ့ၿပီး အဓိကေနာက္ခံလူေတြ မပါႏုိင္ေသးေပမယ့္ ဖာဘင္ညဳိကို သူတုိ႔ေရွ႕မွာ ကာကြယ္ခုိင္းၿပီး သီယာဂိုရဲ႕ တိက်တဲ့ ေပးပုိ႔မွဳ၊ ဗုိင္နယ္ဒြမ္ရဲ႕ လုပ္အားေရွ႕မွာ မာေနးကိုေတာ့ ခ်န္ထားခဲ့ၿပီး ဖာမီႏို၊ ဂ်ဳိတာနဲ႔ ဆာလားတုိ႔ကို ပြဲထုတ္လာခဲ့တာပါ။

တိုက်စစ်မှာ ကာဗာနီကို ဦးဆောင်စေခဲ့တဲ့ ယူနိုက်တက်တို့ ပွဲချိန် ၁၀ မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး အစဉ်အလာပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဝန်ဘစ်ဆာက ချပေးခဲ့တဲ့ ဘောလုံးကို ဖာနန်ဒက်စ်က ခြေအပြင်နဲ့ ပြောင်းပြန်ကန်သွင်းခဲ့ရာမှာ လှပခဲ့ပေမယ့် တကယ်တမ်း ဂိုးထဲ ဝင်သွားအောင် လုပ်ခဲ့တာကတော့ နာသန် ဖိလစ်ဖြစ်ပြီး Own Goal နဲ့ ပိုတူပေမယ့် ပေါ်တူဂီသားရဲ့ ဂိုးအဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်က ဖရက်ဒ်နဲ့ မက်တော်မီနေးတို့နဲ့ လီဗာပူးလ်ကွင်းလယ်က သီယာဂို၊ ဗိုင်နယ်လ်ဒွမ်တို့ရဲ့ အားပြိုင်ပွဲမှာ ပထမပိုင်းကို လီဗာပူးလ်တို့ အနည်းငယ်အသာရခဲ့ပေမယ့် ယူနိုက်တက်ရဲ့ အလျင်အမြန်ကစားတဲ့ ပုံစံမှာ သူတို့ရဲ့ Pressing တွေက ထင်သလောက် အလုပ်မဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ထောင့်ကန်ဘောကျနေ ထွက်လာတဲ့ ဘောလုံးကို ထပ်မံကန်သွင်းခဲ့ရာမှာ ဘောလုံးမှန်ပြီး လဲနေတဲ့ ပေါ့ဘာကြောင့် လုခ်ရှော မဖျက်နိုင်ချိန်မှာ နာသန် ဖိလစ်က ရယူကန်သွင်းခဲ့ရာမှာ သူနဲ့ ဂိုးသမားကြားမှာ ရှိနေတဲ့ ဂျိုတာက နောက်ပေါက်နဲ့ အနည်းငယ် လမ်းကြောင်း လွှဲပေးနိုင်ခဲ့တာကြောင့် ဟန်ဒါဆန် ဘာမှ မတတ်နိုင်ခဲ့ဘဲ လီဗာပူးလ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဒဏ်ရာကြောင့် လဲကျနေတဲ့ ဖာနန်ဒက်စ်ကို ကယ်တင်ဖို့ ပေါ့ဘာ ကျူးလွန်လိုက်တဲ့ ဖရီးကစ်ကနေ ယူနိုက်တက်တို့ ကံဆိုးခဲ့ပြီး အလက်ဇန်းဒါး အာနိုးလ်ဒ်က ဖြတ်တင်ပေးခဲ့တာကို ဘယ်ခြမ်းက ရှိနေတဲ့ ဖာမီနိုက လူကျွံဘောမဖြစ်အောင် တိတိကျကျ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေရဲ့ အမှားသုံးကြိမ်ဆက် ကျူးလွန်မှုကနေ ဧည့်သည်တွေက တတိယဂိုး သွင်းယူနိုင်ခဲ့သလို ဖရက်ဒ်နဲ့ လုခ်ရှောတို့ နှစ်ကြိမ်ဆက်တိုက် လူပေးမှားရာကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရသွားပြီး ကန်တဲ့ ကန်ချက်ကို ဟန်ဒါဆန် ဖမ်းတာ မသေသပ်တာကနေ ဖာမီနိုကပဲ အနီးကပ် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဖရက်ဒ်အစား ဂရင်းဝုဒ်ဝင်လာခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ယူနိုက်တက်တို့ တန်ပြန်ထိုးဖောက်လာခဲ့ရာကနေ ကာဗာနီရဲ့ လှပတဲ့ ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က လီဗာပူးလ်နောက်ခံလူနှစ်ဦးကြားက ပြေးထွက်ပြီး အယ်လစ်ဆန်နဲ့အလွတ် အဝေးတိုင်ဘက်ကို Slotting အသာအယာ ကန်သွင်းယူနိုင်ခဲ့လို့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာနိုင်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာတော့ လီဗာပူးလ်ကွင်းတစ်ဝက်အထိ ဖိကစားနေတဲ့ ယူနိုက်တက်တို့ ချေပဂိုးမရဘဲ ဒုက္ခရောက်ခဲ့ရပြီး မာတစ်ချ် ဘောလုံးပျက်ရာကနေ ကားတစ်ဂျုံးစ်က တိုက်စစ်အတွက် ပြန်လည်စတင်ခဲ့ပြီး လင်ဒီလော့ဖ်နဲ့ မက်တော်မီနေးတို့ကြားကနေ ပြေးထွက်သွားခဲ့တဲ့ ဆာလားက ကွင်းတစ်ခြမ်းတောက်လျှောက်ဆွဲပြေးပြီး ဂိုးသမား ဟန်ဒါဆန်နဲ့အတွေ့မှာ လွယ်လွယ်ကူကူပဲ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်က ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်တို့ လေးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အမှားအယွင်းလုပ်မယ့် အသင်းတွေဆီကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ချက် ရှင်သန်လာခဲ့သလို ယူနိုက်တက်တို့ကတော့ ချန်ပီယံလိဂ်တစ်နေရာအတွက် စိတ်ချရပေမယ့် အဆင့် ၄ နေရာအထိ ကျဆင်းမသွားအောင်တော့ ဂုဏ်သိက္ခာထိန်းရဦးမှာဖြစ်ပါတယ်။

လက်စတာနဲ့ပွဲကို စွန့်လွှတ်တာထက်စာရင် နှစ်ဆမက ခက်ခဲတဲ့ ဒီနေ့ပွဲကို ပိုမိုစွန့်လွှတ်သင့်တဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကတော့ မှားယွင်းခဲ့ပြီး လွယ်ကူတဲ့ ပွဲမှာ လက်ထဲက သုံးမှတ်တန် မြေခွေးတစ်ကောင်ကို တန်ဖိုးမထားခဲ့ချိန်မှာ ကြိုးကြာလို့ ခေါ်နေကြတဲ့ ဒဏ္ဏာရီလာ လိုက်ဗာ တင်ကျီးငှက်တွေကိုပါ ထပ်မံအရှုံးပေးခဲ့ရပြီး နှစ်ပွဲဆက် အမှတ်လက်မဲ့ ဖြစ်ခဲ့ရသလို ပွဲဆက်များနေတဲ့ ကစားသမားတွေအတွက်တော့ ဖိအားတွေကို တိုးမြင့်စေခဲ့ပြီပဲဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လက္စတာနဲ႔ပြဲမွာ အနားေပးထားခဲ့တဲ့ လူစာရင္းထဲက ဒဏ္ရာရ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကလြဲလို႔ က်န္တဲ့ First Line-up ကစားသမားအားလုံးကို ပြဲထုတ္လာခဲ့ေပမယ့္ အျပည့္အဝ အနားရထားတဲ့ လီဗာပူးလ္အသင္းကို အႏိုင္မယူႏိုင္ဘဲ ရႈံးပြဲနဲ႔သာ ရင္ဆိုင္ခဲ့ရပါတယ္။

လီဗာပူးလၱဳိ႔ေကတာ့ သူတုိ႔ရဲ႕ တတၷုိင္သမြ္ ေအကာင္းဆုံးလူစာရင္းကိုပဲ ၿပဲထုတၡဲ့ၿပီး အဓိေကနာကၡံလူေၾတ မပါႏုိင္ေသးေပမယ့္ ဖာဘင္ညဳိကို သူတုိ႔ေ႐ြ႕မြာ ကာၾကယၡဳိင္းၿပီး သီယာဂိုရဲ႕ တိက္တဲ့ ေပးပုိ႔မြဳ၊ ဗုိငၷၾယၵမ္ရဲ႕ လုပ္အားေ႐ြ႕မြာ မာေနးကိုေတာ့ ခ္ႏၴားခဲ့ၿပီး ဖာမီႏို၊ ဂ္ဳိတာနဲ႔ ဆာလားတုိ႔ကို ၿပဲထုတႅာခဲ့တာပါ။

တိုက္စစ္မွာ ကာဗာနီကို ဦးေဆာင္ေစခဲ့တဲ့ ယူႏိုက္တက္တို႔ ပြဲခ်ိန္ ၁၀ မိနစ္မွာ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး အစဥ္အလာၿပိဳင္ဘက္ကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ဝန္ဘစ္ဆာက ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဖာနန္ဒက္စ္က ေျခအျပင္နဲ႔ ေျပာင္းျပန္ကန္သြင္းခဲ့ရာမွာ လွပခဲ့ေပမယ့္ တကယ္တမ္း ဂိုးထဲ ဝင္သြားေအာင္ လုပ္ခဲ့တာကေတာ့ နာသန္ ဖိလစ္ျဖစ္ၿပီး Own Goal နဲ႔ ပိုတူေပမယ့္ ေပၚတူဂီသားရဲ႕ ဂိုးအျဖစ္ပဲ သတ္မွတ္ခဲ့ပါတယ္။

ယူႏိုက္တက္ကြင္းလယ္က ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔နဲ႔ လီဗာပူးလ္ကြင္းလယ္က သီယာဂို၊ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ အားၿပိဳင္ပြဲမွာ ပထမပိုင္းကို လီဗာပူးလ္တို႔ အနည္းငယ္အသာရခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ အလ်င္အျမန္ကစားတဲ့ ပုံစံမွာ သူတို႔ရဲ႕ Pressing ေတြက ထင္သေလာက္ အလုပ္မျဖစ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက်ေန ထြက္လာတဲ့ ေဘာလုံးကို ထပ္မံကန္သြင္းခဲ့ရာမွာ ေဘာလုံးမွန္ၿပီး လဲေနတဲ့ ေပါ့ဘာေၾကာင့္ လုခ္ေရွာ မဖ်က္ႏိုင္ခ်ိန္မွာ နာသန္ ဖိလစ္က ရယူကန္သြင္းခဲ့ရာမွာ သူနဲ႔ ဂိုးသမားၾကားမွာ ရွိေနတဲ့ ဂ်ိဳတာက ေနာက္ေပါက္နဲ႔ အနည္းငယ္ လမ္းေၾကာင္း လႊဲေပးႏိုင္ခဲ့တာေၾကာင့္ ဟန္ဒါဆန္ ဘာမွ မတတ္ႏိုင္ခဲ့ဘဲ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဒဏ္ရာေၾကာင့္ လဲက်ေနတဲ့ ဖာနန္ဒက္စ္ကို ကယ္တင္ဖို႔ ေပါ့ဘာ က်ဴးလြန္လိုက္တဲ့ ဖရီးကစ္ကေန ယူႏိုက္တက္တို႔ ကံဆိုးခဲ့ၿပီး အလက္ဇန္းဒါး အာႏိုးလ္ဒ္က ျဖတ္တင္ေပးခဲ့တာကို ဘယ္ျခမ္းက ရွိေနတဲ့ ဖာမီႏိုက လူကြၽံေဘာမျဖစ္ေအာင္ တိတိက်က် ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းယူခဲ့ရာမွာ လီဗာပူးလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြရဲ႕ အမွားသုံးႀကိမ္ဆက္ က်ဴးလြန္မႈကေန ဧည့္သည္ေတြက တတိယဂိုး သြင္းယူႏိုင္ခဲ့သလို ဖရက္ဒ္နဲ႔ လုခ္ေရွာတို႔ ႏွစ္ႀကိမ္ဆက္တိုက္ လူေပးမွားရာကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရသြားၿပီး ကန္တဲ့ ကန္ခ်က္ကို ဟန္ဒါဆန္ ဖမ္းတာ မေသသပ္တာကေန ဖာမီႏိုကပဲ အနီးကပ္ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဖရက္ဒ္အစား ဂရင္းဝုဒ္ဝင္လာခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ တန္ျပန္ထိုးေဖာက္လာခဲ့ရာကေန ကာဗာနီရဲ႕ လွပတဲ့ ေပးပို႔မႈကို ရက္ရွ္ဖို႔ဒ္က လီဗာပူးလ္ေနာက္ခံလူႏွစ္ဦးၾကားက ေျပးထြက္ၿပီး အယ္လစ္ဆန္နဲ႔အလြတ္ အေဝးတိုင္ဘက္ကို Slotting အသာအယာ ကန္သြင္းယူႏိုင္ခဲ့လို႔ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ရွင္သန္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၉၀ မွာေတာ့ လီဗာပူးလ္ကြင္းတစ္ဝက္အထိ ဖိကစားေနတဲ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးမရဘဲ ဒုကၡေရာက္ခဲ့ရၿပီး မာတစ္ခ်္ ေဘာလုံးပ်က္ရာကေန ကားတစ္ဂ်ဳံးစ္က တိုက္စစ္အတြက္ ျပန္လည္စတင္ခဲ့ၿပီး လင္ဒီေလာ့ဖ္နဲ႔ မက္ေတာ္မီေနးတို႔ၾကားကေန ေျပးထြက္သြားခဲ့တဲ့ ဆာလားက ကြင္းတစ္ျခမ္းေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမား ဟန္ဒါဆန္နဲ႔အေတြ႕မွာ လြယ္လြယ္ကူကူပဲ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္က ပြဲၿပီးဆုံးခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အမွားအယြင္းလုပ္မယ့္ အသင္းေတြဆီကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ျပန္လည္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွင္သန္လာခဲ့သလို ယူႏိုက္တက္တို႔ကေတာ့ ခ်န္ပီယံလိဂ္တစ္ေနရာအတြက္ စိတ္ခ်ရေပမယ့္ အဆင့္ ၄ ေနရာအထိ က်ဆင္းမသြားေအာင္ေတာ့ ဂုဏ္သိကၡာထိန္းရဦးမွာျဖစ္ပါတယ္။

လက္စတာနဲ႔ပြဲကို စြန႔္လႊတ္တာထက္စာရင္ ႏွစ္ဆမက ခက္ခဲတဲ့ ဒီေန႔ပြဲကို ပိုမိုစြန႔္လႊတ္သင့္တဲ့ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ မွားယြင္းခဲ့ၿပီး လြယ္ကူတဲ့ ပြဲမွာ လက္ထဲက သုံးမွတ္တန္ ေျမေခြးတစ္ေကာင္ကို တန္ဖိုးမထားခဲ့ခ်ိန္မွာ ႀကိဳးၾကာလို႔ ေခၚေနၾကတဲ့ ဒဏၰာရီလာ လိုက္ဗာ တင္က်ီးငွက္ေတြကိုပါ ထပ္မံအရႈံးေပးခဲ့ရၿပီး ႏွစ္ပြဲဆက္ အမွတ္လက္မဲ့ ျဖစ္ခဲ့ရသလို ပြဲဆက္မ်ားေနတဲ့ ကစားသမားေတြအတြက္ေတာ့ ဖိအားေတြကို တိုးျမင့္ေစခဲ့ၿပီပဲျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.