Premier League Transfer News

13 May နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်တွေကနေ ဝေးကွာခဲ့မှုရလဒ်အဖြစ် ရာသီမကုန်သေးခင်မှာတင် အသင်းက ကစားသမားကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ခြိမ်းခြောက်ခံနေရပြီဖြစ်ပြီး အင်တာမီလန်အသင်းနည်းပြ အန်တိုနီယို ကွန်တီက သူ့ရဲ့ နွေရာသီဦးစားပေးပစ်မှတ်ဟာ သောမတ်စ် ပါတေးလို့ ထုတ်ဖော်ပြောကြားလာ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အကယ်ဒမီထွက်လူငယ် ဘူကာယို ဆာကာကို တစ်သင်းလုံးမှာ အချစ်ဆုံးဖြစ်ပေမယ့် မန်ချက်စတာစီးတီးရဲ့ ဖီးလ် ဖိုဒန်နဲ့ နှိုင်းယှဉ်ရင်တော့ တစ်တန်းတည်း မဖြစ်သေးဘဲ တစ်ဆင့်နိမ့်နေသေးကြောင်း ဝန်ခံမှုတွေရှိလာ။

– ပြီးခဲ့တဲ့ညက စမစ်ရိုးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ အူဘာမီယန်းရဲ့ ပေးပို့မှုဟာ ဖန်တီးမှုလို့ နာမည်တပ်ဖို့ မထိုက်တန်ဘူးလို့ အက်စတန်ဗီလာကစားသမားဟောင်း အဘွန်လဟော်ရဲ့ ဝေဖန်မှုကို လက်ရှိအသင်းခေါင်းဆောင် ဂရီးလစ်ရှ်က ကာကွယ်ပေးလိုက်ပြီး ဖန်တီးရတာဟာ ဂိုးသွင်းရတာထက် ခက်တဲ့အထဲမှာ ဒီဂိုးလည်း ပါဝင်ခဲ့တယ်လို့ အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ အင်္ဂလန်သားက ဆန့်ကျင်တုံ့ပြန်သွားခဲ့။

– မနေ့ကပွဲမှာ သူ့အနေနဲ့ တော်တော်လေး ပင်ပန်းခဲ့ရတယ်လို့ တစ်လုံးတည်းသော သွင်းဂိုးကို ရယူပေးခဲ့တဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးက ဝန်ခံခဲ့ပြီး ခံစစ်မှာ တစ်သင်းလုံး စုစည်းပြီး အနက်ရှိုင်းဆုံးနေရာအထိ ကာကွယ်နိုင်ခဲ့ကြလို့ နိုင်ပွဲရခဲ့တာလို့လည်း ဆိုသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်ကစားသမားတွေနဲ့ အနာဂတ်ကျန်ရှိသေးတဲ့ ကစားသမားတွေကိုပဲ စာချုပ်သစ်ကမ်းလှမ်းသွားမှာဖြစ်ပြီး တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်လို ရောင်းချသင့်နေပြီဖြစ်တဲ့ သက်ကြီးပိုင်း စီနီယာတွေကို အမ်းမရိတ်မှာ ထပ်မံချုပ်ဆိုတော့မှာ မဟုတ်ကြောင်း သိရ။

– အာဆင်နယ်ကစားသမားတွေအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုအချို့ ရရှိထားကြချိန်မှာ အသင်းရဲ့ နည်းပြဟာ ဘယ်သူဖြစ်လာမှာလဲဆိုတာနဲ့ အာတီတာ ဆက်ရှိမှာလားဆိုတဲ့ လာမယ့်ရာသီအနာဂတ်ကို ကွဲကွဲပြားပြား သိရမှ လက်မှတ်ထိုးနိုင်မယ်လို့ ဆိုနေကြ။

– ဂန်းနားတွေရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်က အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းနဲ့ နှစ်ရာသီဆက်တိုက် အငှားလာရောက်ကစားခဲ့တဲ့ ဒါနီ စီဘာယော့စ်ကို ခေါ်ယူပြီး အမှားမလုပ်သင့်ဘူးလို့ တားဆီးလိုက်ပြီး ဒီအသင်းမှာ စပိန်သားအနေနဲ့ ဆက်ရှိဖို့ မလုံလောက်ဘူးလို့ ဝေဖန်သွားခဲ့။

– အာဆင်နယ်ပရိသတ်တွေရဲ့ ချစ်ခြင်းမုန်းခြင်းတွေကြားထဲမှာ ရှင်သန်နေခဲ့တဲ့ ဘယ်နောက်ခံလူဟောင်း အက်ရှ်လီကိုးလ်က မြောက်လန်ဒန်အသင်းဟောင်းရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းဟာ သူ့နေရာမှာ လက်ရှိကစားနေတဲ့ ကီရန် တီယာနီ ပါမပါအပေါ်မှာ အများကြီး ပြောင်းလဲမှုရှိကြောင်းနဲ့ စကော့သားက ခေါင်းဆောင်ဟောင်းနဲ့ စစ်သည်တော်ကောင်းတစ်ဦးလို့ ချီးကျူးသွား။

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအနေအထားမှာ တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ဆန်ဒါ ဘာဂါကို ခေါ်ယူနိုင်ဖို့ မလွယ်ကူကြောင်းနဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့အတွက်လည်း နွေရာသီ အသုံးစရိတ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ေတြကေန ေဝးကြာခဲ့မႈရလဒ္အျဖစ္ ရာသီမကုန္ေသးခင္မွာတင္ အသင္းက ကစားသမားေကာင္းေတြကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ ၿခိမ္းေျခာက္ခံေနရၿပီျဖစ္ၿပီး အင္တာမီလန္အသင္းနည္းျပ အန္တိုနီယို ကြန္တီက သူ႔ရဲ႕ ေႏြရာသီဦးစားေပးပစ္မွတ္ဟာ ေသာမတ္စ္ ပါေတးလို႔ ထုတ္ေဖာ္ေျပာၾကားလာ။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ အကယ္ဒမီထြက္လူငယ္ ဘူကာယို ဆာကာကို တစ္သင္းလုံးမွာ အခ်စ္ဆုံးျဖစ္ေပမယ့္ မန္ခ်က္စတာစီးတီးရဲ႕ ဖီးလ္ ဖိုဒန္နဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ တစ္တန္းတည္း မျဖစ္ေသးဘဲ တစ္ဆင့္နိမ့္ေနေသးေၾကာင္း ဝန္ခံမႈေတြရွိလာ။

– ၿပီးခဲ့တဲ့ညက စမစ္႐ိုးရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ အူဘာမီယန္းရဲ႕ ေပးပို႔မႈဟာ ဖန္တီးမႈလို႔ နာမည္တပ္ဖို႔ မထိုက္တန္ဘူးလို႔ အက္စတန္ဗီလာကစားသမားေဟာင္း အဘြန္လေဟာ္ရဲ႕ ေဝဖန္မႈကို လက္ရွိအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္က ကာကြယ္ေပးလိုက္ၿပီး ဖန္တီးရတာဟာ ဂိုးသြင္းရတာထက္ ခက္တဲ့အထဲမွာ ဒီဂိုးလည္း ပါဝင္ခဲ့တယ္လို႔ အာဆင္နယ္နဲ႔ သတင္းထြက္ေနတဲ့ အဂၤလန္သားက ဆန႔္က်င္တုံ႔ျပန္သြားခဲ့။

– မေန႔ကပြဲမွာ သူ႔အေနနဲ႔ ေတာ္ေတာ္ေလး ပင္ပန္းခဲ့ရတယ္လို႔ တစ္လုံးတည္းေသာ သြင္းဂိုးကို ရယူေပးခဲ့တဲ့ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးက ဝန္ခံခဲ့ၿပီး ခံစစ္မွာ တစ္သင္းလုံး စုစည္းၿပီး အနက္ရႈိင္းဆုံးေနရာအထိ ကာကြယ္ႏိုင္ခဲ့ၾကလို႔ ႏိုင္ပြဲရခဲ့တာလို႔လည္း ဆိုသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ကစားသမားေတြနဲ႔ အနာဂတ္က်န္ရွိေသးတဲ့ ကစားသမားေတြကိုပဲ စာခ်ဳပ္သစ္ကမ္းလွမ္းသြားမွာျဖစ္ၿပီး တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္လို ေရာင္းခ်သင့္ေနၿပီျဖစ္တဲ့ သက္ႀကီးပိုင္း စီနီယာေတြကို အမ္းမရိတ္မွာ ထပ္မံခ်ဳပ္ဆိုေတာ့မွာ မဟုတ္ေၾကာင္း သိရ။

– အာဆင္နယ္ကစားသမားေတြအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈအခ်ိဳ႕ ရရွိထားၾကခ်ိန္မွာ အသင္းရဲ႕ နည္းျပဟာ ဘယ္သူျဖစ္လာမွာလဲဆိုတာနဲ႔ အာတီတာ ဆက္ရွိမွာလားဆိုတဲ့ လာမယ့္ရာသီအနာဂတ္ကို ကြဲကြဲျပားျပား သိရမွ လက္မွတ္ထိုးႏိုင္မယ္လို႔ ဆိုေနၾက။

– ဂန္းနားေတြရဲ႕ ဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္က အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ ႏွစ္ရာသီဆက္တိုက္ အငွားလာေရာက္ကစားခဲ့တဲ့ ဒါနီ စီဘာေယာ့စ္ကို ေခၚယူၿပီး အမွားမလုပ္သင့္ဘူးလို႔ တားဆီးလိုက္ၿပီး ဒီအသင္းမွာ စပိန္သားအေနနဲ႔ ဆက္ရွိဖို႔ မလုံေလာက္ဘူးလို႔ ေဝဖန္သြားခဲ့။

– အာဆင္နယ္ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းမုန္းျခင္းေတြၾကားထဲမွာ ရွင္သန္ေနခဲ့တဲ့ ဘယ္ေနာက္ခံလူေဟာင္း အက္ရွ္လီကိုးလ္က ေျမာက္လန္ဒန္အသင္းေဟာင္းရဲ႕ ကစားပုံနဲ႔ ရလဒ္ပိုင္းဟာ သူ႔ေနရာမွာ လက္ရွိကစားေနတဲ့ ကီရန္ တီယာနီ ပါမပါအေပၚမွာ အမ်ားႀကီး ေျပာင္းလဲမႈရွိေၾကာင္းနဲ႔ စေကာ့သားက ေခါင္းေဆာင္ေဟာင္းနဲ႔ စစ္သည္ေတာ္ေကာင္းတစ္ဦးလို႔ ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအေနအထားမွာ တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္ရဲ႕ ဆန္ဒါ ဘာဂါကို ေခၚယူႏိုင္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔အတြက္လည္း ေႏြရာသီ အသုံးစရိတ္ကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.