Premier League Transfer News

12 May နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့ ဖလားပွဲတွေကနေ ထွက်ခွာခဲ့ရမှုတွေကြောင့် အပြစ်တင်ခံနေရတဲ့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းရဲ့ ကစားသမားတချို့ကြောင့် စိတ်ပျက်ရတယ်လို့ ထုတ်ဖော်လိုက်ပြီး သူတို့တွေဟာ အသင်းအတွက် အပြည့်အဝ ပေးဆပ်ကစားခြင်းမရှိဘူးလို့ လက်ညှိုးထိုးသွားခဲ့။

– ပြီးခဲ့တဲ့ တနင်္လာနေ့ညက ပရီးမီးယားလိဂ်ရဲ့ တတိယမြောက်အသင်းအဖြစ် တန်းဆင်းသွားခဲ့တဲ့ ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်လူ ဇမ်ဘို အန်ဂီးဆာကို ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့အပြိုင် အာဆင်နယ်တို့ ကြိုးပမ်းဖွယ်ရှိနေပြီး ကင်းမရွန်းသားအတွက် ပေါင်သန်း ၂၀ ကျသင့်ဖွယ်ရှိနေ။

– စီးရီးအေကလပ် ဂျူဗင်တပ်စ်ကို သွားရောက်ကစားခဲ့ပြီး နှစ်ရာသီအကြာမှာ တူရင်မြို့နဲ့ ပျော်ရွှင်မှု မရရှိတော့တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ချင်နေပြီဖြစ်ပေမယ့် အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ တစ်စုံတစ်ရာ ဆက်သွယ်ဆွေးနွေးမှု ရှိမထားဘူးလို့ ဖာဘရီဇီယို ရိုမာနို ဖော်ပြသွား။

– အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ အမ်းမရိတ်မှာသာ ဆက်နေဖွယ်ရှိပြီး ဥရောပဝင်ခွင့်မရတဲ့ အသင်းကို ကူညီသွားဖို့ ရှိနေကြောင်းနဲ့ သူ့အသက်အရွယ်နဲ့ လစာငွေကိုလည်း လက်ရှိအသင်းမှာလို ပေးချေမယ့်အသင်းမျိုး မရှိဘူးလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ဂိုးသမား ဘန်းဒ် လီနို၊ နောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ ဒေးဗစ် လူးဝစ်ဇ်၊ ကွင်းလယ်လူ ဂရာနစ် ချာကာနဲ့ ဝီလီယန်တို့ဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ ဥရောပပြိုင်ပွဲတွေ ကစားခွင့်မရတဲ့ အခြေအနေကြောင့် ထွက်ခွာတော့မှာဖြစ်ကြောင်း အက်သလက်တစ်က ဖော်ပြခဲ့ပြီး ပရိသတ်တွေရဲ့ အပြောင်းအလဲလုပ်ချင်တဲ့ ဆန္ဒအတွက်တော့ အကြိုက်ဖြစ်လာ။

– အသင်းရဲ့ လက်စွမ်းလက်စရှိတဲ့ လူငယ်ဂိုးသမား အာသာ အိုကွန်ကဝိုအနေနဲ့ လူငယ်အသင်းဖော် ဖိုလာရင် ဘာလိုဂွန်ရဲ့ လမ်းစဉ်ကိုပဲ လိုက်ဖွယ်ရှိနေပြီး ပြင်သစ်နဲ့ ပေါ်တူဂီလိဂ်တွေက ကမ်းလှမ်းမှုတွေကို ရရှိထားခဲ့ပေမယ့် အမ်းမရိတ်မှာ ဆက်နေဖို့ တာဝန်ရှိသူတွေနဲ့ မကြာခင် ဆွေးနွေးသွားဖို့ရှိနေ။

– ဖူလ်ဟမ်အသင်းကို အငှားနဲ့ လာရောက်ကစားပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီဖွယ်ရှိတယ်လို့ မူလက အသံထွက်နေခဲ့တဲ့ နောက်ခံလူ ဂျိုအာခင်မ် အန်ဒါဆန်ရဲ့ သဘောထားကတော့ အသင်းတန်းဆင်းရချိန်မှာ ပြောင်းလဲသွားဖွယ်ရှိနေပြီး ဆွီဒင်သား Ball Playing Defender ကို ညာအတွင်းလူတစ်ဦး လိုအပ်နေတဲ့ အာဆင်နယ်အသင်းက ပေါင်သန်း ၂၀ နဲ့ ကြားဝင်ဆွေးနွေးဖို့ ရှိလာ။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ နောက်ခံလူ ကီရန် တီယာနီရဲ့ ထောက်ခံချက်ပေးထားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဆဲလ်တစ်အသင်းဖော်ဟောင်း မူဆာ ဒမ်ဘီလီကို လီယွန်ကနေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ပြင်သစ်ကလပ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရမရကိုတော့ စောင့်ကြည့်ရဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှ ချိတ်ဆက်ခဲ့ဖူးတဲ့ ဆောက်သမ်တန်အသင်းရဲ့ ဝါရင့်နောက်ခံလူ ရိုင်ယန် ဘာထရန်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းအနေနဲ့ ထပ်မံကြိုးစားသွားဖွယ်ရှိနေပြီး ချန်ပီယံလိဂ်ဆုရှင်ဟောင်း အင်္ဂလန်သားအတွက် အတွေ့အကြုံနဲ့ ငယ်မွေးခြံပေါက်အဖြစ် သတ်မှတ်ခံရမှုတွေက စိတ်ဝင်စားစရာဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ရလဒ္ဆိုးေတြနဲ႔ ဖလားပြဲေတြကေန ထြက္ခြာခဲ့ရမႈေတြေၾကာင့္ အျပစ္တင္ခံေနရတဲ့ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းရဲ႕ ကစားသမားတခ်ိဳ႕ေၾကာင့္ စိတ္ပ်က္ရတယ္လို႔ ထုတ္ေဖာ္လိုက္ၿပီး သူတို႔ေတြဟာ အသင္းအတြက္ အျပည့္အဝ ေပးဆပ္ကစားျခင္းမရွိဘူးလို႔ လက္ညႇိဳးထိုးသြားခဲ့။

– ၿပီးခဲ့တဲ့ တနလၤာေန႔ညက ပရီးမီးယားလိဂ္ရဲ႕ တတိယေျမာက္အသင္းအျဖစ္ တန္းဆင္းသြားခဲ့တဲ့ ဖူလ္ဟမ္အသင္းရဲ႕ ကြင္းလယ္လူ ဇမ္ဘို အန္ဂီးဆာကို ေခၚယူဖို႔ အဲဗာတန္အသင္းနဲ႔အၿပိဳင္ အာဆင္နယ္တို႔ ႀကိဳးပမ္းဖြယ္ရွိေနၿပီး ကင္းမ႐ြန္းသားအတြက္ ေပါင္သန္း ၂၀ က်သင့္ဖြယ္ရွိေန။

– စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္ကို သြားေရာက္ကစားခဲ့ၿပီး ႏွစ္ရာသီအၾကာမွာ တူရင္ၿမိဳ႕နဲ႔ ေပ်ာ္႐ႊင္မႈ မရရွိေတာ့တဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္ခ်င္ေနၿပီျဖစ္ေပမယ့္ အသင္းေဟာင္း အာဆင္နယ္အသင္းနဲ႔ တစ္စုံတစ္ရာ ဆက္သြယ္ေဆြးေႏြးမႈ ရွိမထားဘူးလို႔ ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပသြား။

– အာဆင္နယ္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ေနခဲ့တဲ့ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ အမ္းမရိတ္မွာသာ ဆက္ေနဖြယ္ရွိၿပီး ဥေရာပဝင္ခြင့္မရတဲ့ အသင္းကို ကူညီသြားဖို႔ ရွိေနေၾကာင္းနဲ႔ သူ႔အသက္အ႐ြယ္နဲ႔ လစာေငြကိုလည္း လက္ရွိအသင္းမွာလို ေပးေခ်မယ့္အသင္းမ်ိဳး မရွိဘူးလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– ဂိုးသမား ဘန္းဒ္ လီႏို၊ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္၊ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာနဲ႔ ဝီလီယန္တို႔ဟာ လာမယ့္ ေႏြရာသီမွာ အသင္းရဲ႕ ဥေရာပၿပိဳင္ပြဲေတြ ကစားခြင့္မရတဲ့ အေျခအေနေၾကာင့္ ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း အက္သလက္တစ္က ေဖာ္ျပခဲ့ၿပီး ပရိသတ္ေတြရဲ႕ အေျပာင္းအလဲလုပ္ခ်င္တဲ့ ဆႏၵအတြက္ေတာ့ အႀကိဳက္ျဖစ္လာ။

– အသင္းရဲ႕ လက္စြမ္းလက္စရွိတဲ့ လူငယ္ဂိုးသမား အာသာ အိုကြန္ကဝိုအေနနဲ႔ လူငယ္အသင္းေဖာ္ ဖိုလာရင္ ဘာလိုဂြန္ရဲ႕ လမ္းစဥ္ကိုပဲ လိုက္ဖြယ္ရွိေနၿပီး ျပင္သစ္နဲ႔ ေပၚတူဂီလိဂ္ေတြက ကမ္းလွမ္းမႈေတြကို ရရွိထားခဲ့ေပမယ့္ အမ္းမရိတ္မွာ ဆက္ေနဖို႔ တာဝန္ရွိသူေတြနဲ႔ မၾကာခင္ ေဆြးေႏြးသြားဖို႔ရွိေန။

– ဖူလ္ဟမ္အသင္းကို အငွားနဲ႔ လာေရာက္ကစားၿပီး အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီဖြယ္ရွိတယ္လို႔ မူလက အသံထြက္ေနခဲ့တဲ့ ေနာက္ခံလူ ဂ်ိဳအာခင္မ္ အန္ဒါဆန္ရဲ႕ သေဘာထားကေတာ့ အသင္းတန္းဆင္းရခ်ိန္မွာ ေျပာင္းလဲသြားဖြယ္ရွိေနၿပီး ဆြီဒင္သား Ball Playing Defender ကို ညာအတြင္းလူတစ္ဦး လိုအပ္ေနတဲ့ အာဆင္နယ္အသင္းက ေပါင္သန္း ၂၀ နဲ႔ ၾကားဝင္ေဆြးေႏြးဖို႔ ရွိလာ။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ ေထာက္ခံခ်က္ေပးထားခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ဆဲလ္တစ္အသင္းေဖာ္ေဟာင္း မူဆာ ဒမ္ဘီလီကို လီယြန္ကေန ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး ျပင္သစ္ကလပ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမရကိုေတာ့ ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလမွ ခ်ိတ္ဆက္ခဲ့ဖူးတဲ့ ေဆာက္သမ္တန္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ကို လာမယ့္ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ အာဆင္နယ္အသင္းအေနနဲ႔ ထပ္မံႀကိဳးစားသြားဖြယ္ရွိေနၿပီး ခ်န္ပီယံလိဂ္ဆုရွင္ေဟာင္း အဂၤလန္သားအတြက္ အေတြ႕အႀကဳံနဲ႔ ငယ္ေမြးၿခံေပါက္အျဖစ္ သတ္မွတ္ခံရမႈေတြက စိတ္ဝင္စားစရာျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.