Premier League

ဂျူဗင်တပ်စ်မှာ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးခံနေရတဲ့ ရော်နယ်ဒို အိုးထရက်ဖို့ဒ်မြေကို ပြန်နင်းဖို့ရှိနေ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒီရာသီဂျူဗင်တပ်စ်အသင်းအတွက် တိုက်စစ်ပိုင်းမှာတော့ တဦးကောင်းအနေနဲ့ ဂိုးသွင်းခြေမြူးခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ နမော်နမဲ့နိုင်တဲ့ ခံစစ်ပိုင်းအမှားတွေကြောင့် တူရင်ကလပ်ရဲ့ပေးဆပ်မှုတွေ ကြီးမားခဲ့ရတာဆိုတဲ့ လတ်တလောဝေဖန်မှုတွေက အတော်လေး မြင့်တက်နေပါတယ်။

၃၆ နှစ်သားဟာ အိုးလေဒီကလပ်အတွက် အခုရာသီမှာ ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူထားတဲ့မှတ်တမ်းက သူ့ရဲ့ပုံမှန်အနေအထားတခုအဖြစ် အပြစ်ဆိုစရာ မရှိခဲ့ပေမယ့် ဂိုးရလိုဇောများလွန်းလို့ အသင်းဖော်တွေနဲ့ ပြဿနာတက်လွန်းခဲ့တဲ့ ဖြစ်ရပ်တွေကလည်း အကြိမ်ကြိမ် ရှိနေခဲ့တာပါ။

ဒါဟာ ရော်နယ်လ်ဒိုနဲ့ ကျန်အသင်းဖော်တွေကြားထဲက အဝတ်လဲခန်းတွင်း စည်းလုံးမှုကို ပြိုကွဲစေသလို အသင်းနိုင်ရင်တောင်မှ ကိုယ်တိုင်ဂိုးမသွင်းရလို့ တသင်းလုံးကို အပြစ်ဖို့တတ်ခြင်းကနေ အခုအခါမှာတော့ ရော်နယ်လ်ဒိုဟာ ကိုယ့်အပြစ်ကိုယ်တော့ ဖုံးကွယ်ထားတဲ့ ကြောင်သူတော်အဖြစ် ဖော်ပြခံလာရတယ်။

ရော်နယ်လ်ဒိုက အသင်းလိုက် တာဝန်ကျေပြီး စုစည်းကစားရတဲ့ ဘောလုံးပွဲမှာ ခံစစ်ပိုင်းကို လက်လွတ်စပယ်ပဲ ပစ်ထားလေ့ရှိသလို ကိုယ်နဲ့မဆိုင်သလို ကစားတတ်ခြင်းက ခံယူချက်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့တယ်။

ထင်ရှားစွာထွက်ပေါ်လာခဲ့တဲ့ ဗွီဒီယိုသက်သေအရ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပေါ်တိုနဲ့ပွဲမှာ ဖရီးကစ်လူကာတံတိုင်းမှာ သူ့ရဲ့အမှားကြောင့် ဂျူဗင်တပ်စ်က ဂိုးပေးခဲ့ရာကတဆင့် ဒီအဆင့်နဲ့ ပြုတ်ခဲ့ရသလို ပါးမားနဲ့ပွဲမှာလည်း ဖရီးကစ်ဘောလုံးကို ငုံ့ရှောင်ခဲ့လို့ အသင်းကဂိုးပေးခဲ့ရတာက လူပြောချင်စရာဖြစ်ခဲ့တယ်။

ဂျူဗင်တပ်စ်ဟာ လက်ရှိမှာ စကူဒတ်တိုဖလားကို အင်တာမီလန်အသင်းဆီ လွှဲအပ်ခဲ့ရပြီဖြစ်သလို ဥရောပတနေရာဝင်ခွင့်အဖြစ် ချန်ပီယံလိဂ်တနေရာစာက စိတ်မချရသေးဘဲ ယူရိုပါလိဂ်အထိ အရှက်ရစရာ ဆင်းကစားရဖွယ်အရေးကိုရင်ဆိုင်နေရတာလည်းဖြစ်တယ်။

ဒါဟာ ရော်နယ်လ်ဒိုရဲ့ ပေါ့ပေါ့တန်တန်သဘောထားနဲ့ မပေးဆပ်ခဲ့မှုတွေကြောင့်လားလို့ ထိုးနှက်ခံရချိန်မှာတော့ ပေါ်တူဂီသားဟာ မစွံလှတဲ့ ဂျူဗင်တပ်စ်ခံစစ်ကြောင်းရဲ့ အပြစ်ဖို့လက်ညှိုးထိုးရာသာဖြစ်နေတယ်ဆိုတဲ့ တွစ်တာက ပရိသတ်တွေကလည်းဆိုနေကြတာပါ။

တကယ်တမ်းမှာတော့ သူ့ကိုစိတ်ဓာတ်ကျစေခဲ့တာက အသင်းရဲ့ခံစစ်ပိုင်းချို့ယွင်းမှုဖြစ်နေကြောင်းနဲ့ ဂိုးပေးရဖို့ လွယ်ကူလွန်းနေတဲ့ ခံစစ်မတည်ငြိမ်မှုကသာ ဒီရာသီ ကျဆုံးခဲ့တဲ့ ဂျူဗင်တပ်စ်အတွ​က် အဓိကတရားခံအဖြစ် ပရိသတ်တွေရဲ့ မှတ်ချက်ပြုခံထားရတာကိုလည်း တွေ့ရပါတယ်။

ခံစစ်အမှားတွေနဲ့ ရုန်းကန်နေရတဲ့ တူရင်ကို စွန့်ခွာဖို့ သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကလည်း လောနေတာကို တွေ့ရပြီး ယူနိုက်တက်ကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မလားလို့ ကမ်းလှမ်းလိုက်ကြောင်းလည်း သတင်းကဖော်ပြသွားခဲ့ရာမှာ တနှစ်ကို ပေါင်သန်း ၂၀ လစာပေးချေဖို့ ယူနိုက်တက်ဘက်ကလည်း အခက်အခဲရှိမနေလို့ အပြောင်းအရွှေ့တိုးတက်မှုတွေကို မြင်တွေ့နေရကြောင်း ဖော်ပြနေကြတာပါ။

REF: TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဒီရာသီဂ်ဴဗင္တပ္စ္အသင္းအတြက္ တိုက္စစ္ပိုင္းမွာေတာ့ တဦးေကာင္းအေနနဲ႔ ဂိုးသြင္းေျချမဴးခဲ့တာ ျဖစ္ေပမယ့္ သူ႔ရဲ႕ နေမာ္နမဲ့ႏိုင္တဲ့ ခံစစ္ပိုင္းအမွားေတြေၾကာင့္ တူရင္ကလပ္ရဲ႕ေပးဆပ္မႈေတြ ႀကီးမားခဲ့ရတာဆိုတဲ့ လတ္တေလာေဝဖန္မႈေတြက အေတာ္ေလး ျမင့္တက္ေနပါတယ္။

၃၆ ႏွစ္သားဟာ အိုးေလဒီကလပ္အတြက္ အခုရာသီမွာ ၿပိဳင္ပြဲစုံ ၄၁ ပြဲကစားၿပီး ၃၄ ဂိုးသြင္းယူထားတဲ့မွတ္တမ္းက သူ႔ရဲ႕ပုံမွန္အေနအထားတခုအျဖစ္ အျပစ္ဆိုစရာ မရွိခဲ့ေပမယ့္ ဂိုးရလိုေဇာမ်ားလြန္းလို႔ အသင္းေဖာ္ေတြနဲ႔ ျပႆနာတက္လြန္းခဲ့တဲ့ ျဖစ္ရပ္ေတြကလည္း အႀကိမ္ႀကိမ္ ရွိေနခဲ့တာပါ။

ဒါဟာ ေရာ္နယ္လ္ဒိုနဲ႔ က်န္အသင္းေဖာ္ေတြၾကားထဲက အဝတ္လဲခန္းတြင္း စည္းလုံးမႈကို ၿပိဳကြဲေစသလို အသင္းႏိုင္ရင္ေတာင္မွ ကိုယ္တိုင္ဂိုးမသြင္းရလို႔ တသင္းလုံးကို အျပစ္ဖို႔တတ္ျခင္းကေန အခုအခါမွာေတာ့ ေရာ္နယ္လ္ဒိုဟာ ကိုယ့္အျပစ္ကိုယ္ေတာ့ ဖုံးကြယ္ထားတဲ့ ေၾကာင္သူေတာ္အျဖစ္ ေဖာ္ျပခံလာရတယ္။

ေရာ္နယ္လ္ဒိုက အသင္းလိုက္ တာဝန္ေက်ၿပီး စုစည္းကစားရတဲ့ ေဘာလုံးပြဲမွာ ခံစစ္ပိုင္းကို လက္လြတ္စပယ္ပဲ ပစ္ထားေလ့ရွိသလို ကိုယ္နဲ႔မဆိုင္သလို ကစားတတ္ျခင္းက ခံယူခ်က္ပိုင္းဆိုင္ရာအရ ေမးခြန္းထုတ္စရာေတြ ျဖစ္ခဲ့တယ္။

ထင္ရွားစြာထြက္ေပၚလာခဲ့တဲ့ ဗြီဒီယိုသက္ေသအရ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ေပၚတိုနဲ႔ပြဲမွာ ဖရီးကစ္လူကာတံတိုင္းမွာ သူ႔ရဲ႕အမွားေၾကာင့္ ဂ်ဴဗင္တပ္စ္က ဂိုးေပးခဲ့ရာကတဆင့္ ဒီအဆင့္နဲ႔ ျပဳတ္ခဲ့ရသလို ပါးမားနဲ႔ပြဲမွာလည္း ဖရီးကစ္ေဘာလုံးကို ငုံ႔ေရွာင္ခဲ့လို႔ အသင္းကဂိုးေပးခဲ့ရတာက လူေျပာခ်င္စရာျဖစ္ခဲ့တယ္။

ဂ်ဴဗင္တပ္စ္ဟာ လက္ရွိမွာ စကူဒတ္တိုဖလားကို အင္တာမီလန္အသင္းဆီ လႊဲအပ္ခဲ့ရၿပီျဖစ္သလို ဥေရာပတေနရာဝင္ခြင့္အျဖစ္ ခ်န္ပီယံလိဂ္တေနရာစာက စိတ္မခ်ရေသးဘဲ ယူ႐ိုပါလိဂ္အထိ အရွက္ရစရာ ဆင္းကစားရဖြယ္အေရးကိုရင္ဆိုင္ေနရတာလည္းျဖစ္တယ္။

ဒါဟာ ေရာ္နယ္လ္ဒိုရဲ႕ ေပါ့ေပါ့တန္တန္သေဘာထားနဲ႔ မေပးဆပ္ခဲ့မႈေတြေၾကာင့္လားလို႔ ထိုးႏွက္ခံရခ်ိန္မွာေတာ့ ေပၚတူဂီသားဟာ မစြံလွတဲ့ ဂ်ဴဗင္တပ္စ္ခံစစ္ေၾကာင္းရဲ႕ အျပစ္ဖို႔လက္ညႇိဳးထိုးရာသာျဖစ္ေနတယ္ဆိုတဲ့ တြစ္တာက ပရိသတ္ေတြကလည္းဆိုေနၾကတာပါ။

တကယ္တမ္းမွာေတာ့ သူ႔ကိုစိတ္ဓာတ္က်ေစခဲ့တာက အသင္းရဲ႕ခံစစ္ပိုင္းခ်ိဳ႕ယြင္းမႈျဖစ္ေနေၾကာင္းနဲ႔ ဂိုးေပးရဖို႔ လြယ္ကူလြန္းေနတဲ့ ခံစစ္မတည္ၿငိမ္မႈကသာ ဒီရာသီ က်ဆုံးခဲ့တဲ့ ဂ်ဴဗင္တပ္စ္အတြ​က္ အဓိကတရားခံအျဖစ္ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ျပဳခံထားရတာကိုလည္း ေတြ႕ရပါတယ္။

ခံစစ္အမွားေတြနဲ႔ ႐ုန္းကန္ေနရတဲ့ တူရင္ကို စြန္႔ခြာဖို႔ သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္ကလည္း ေလာေနတာကို ေတြ႕ရၿပီး ယူႏိုက္တက္ကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕မလားလို႔ ကမ္းလွမ္းလိုက္ေၾကာင္းလည္း သတင္းကေဖာ္ျပသြားခဲ့ရာမွာ တႏွစ္ကို ေပါင္သန္း ၂၀ လစာေပးေခ်ဖို႔ ယူႏိုက္တက္ဘက္ကလည္း အခက္အခဲရွိမေနလို႔ အေျပာင္းအေ႐ႊ႕တိုးတက္မႈေတြကို ျမင္ေတြ႕ေနရေၾကာင္း ေဖာ္ျပေနၾကတာပါ။

REF: TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.