Premier League Transfer News

11 May နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းကို ဦးဆောင်နိုင်မယ့်သူတစ်ဦးလို့ ရှုမြင်ခံထားရတဲ့ ပီအက်စ်ဂျီခံစစ်မှူး မားကင်ညော့စ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ်ခံစစ်မှူးဟောင်း ဂျိုလီယွန် လက်စကော့က တိုက်တွန်းလိုက်ပြီး ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်စေဖို့ အကြံပေးထား။

– ဒေါ့မွန်အသင်းကနေ နွေရာသီမှာ ရောက်ရှိလာဖို့များနေတဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ သူ့ကို ခေါ်ယူလိုတယ်လို့ဆိုပြီး ဈေးနှုန်းကပ်သပ်ဆစ်နေတဲ့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေကို ဒေါသထွက်နေပြီး လေးစားမှုထားဖို့ အလိုရှိနေ။

– ပြီးခဲ့တဲ့ အက်စတန်ဗီလာနဲ့ပွဲမှာ ခြေကျင်းဝတ်လည်တဲ့ ဒဏ်ရာ ရရှိသွားခဲ့တဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ လာမယ့် သူ့ရဲ့ အသင်းဟောင်း လက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက အတည်ပြုလိုက်ပြီး ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့အတွဲကို ပွဲထုတ်လာဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ အက်စတန်ဗီလာအသင်းနဲ့ ပွဲစဉ်ကို နောက်ဆုံးလူစာရင်း တင်သွင်းရာမှာ ကျန်ရှိခဲ့တဲ့ တောင်ပံကစားသမား အာမက် ဂျယ်လိုအနေနဲ့ လက်စတာစီးတီးနဲ့ ကစားမယ့် လူ ၂၀ စာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး အနားမရဘဲ ပွဲဆက်များနေတဲ့ အသင်းကြီးအတွက် ကစားခွင့် ရနိုင်မယ်လို့ ခန့်မှန်းနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့ကို စာချုပ်သစ်ချုပ်ဆိုချင်ရင် လက်ရှိတာဝန်တွေ ဖြစ်တဲ့ ကွင်းလယ်အထိဆင်းပြီး ကစားကွက်ပုံဖော်နေရမှုကို လျှော့ချပေးနိုင်မယ့် ကစားသမားသစ်နှစ်ဦး ခေါ်ယူပေးရမယ်လို့ တောင်းဆိုခဲ့ပြီး Ball Playing Defender တစ်ဦးနဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးကို နည်းပြ ဆိုးလ်ရှားဆီ ဆန္ဒပြုထား။

– လက်ရှိရင်ဆိုင်နေရတဲ့ ငါးရက်အတွင်း သုံးပွဲကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားဟာ သူတို့အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို နောက်နေလိုက်ပြီး ဖိအားပေးနိုင်ဖို့ ခက်ခဲစေတယ်လို့ နည်းပြ ဆိုးလ်ရှားက ဝန်ခံလိုက်ပြီး ချန်ပီယံဆုက သင်္ချာနည်းအရ ရှိနေသေးပေမယ့် လက်တွေ့မှာ ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးတယ်လို့လည်း ထုတ်ဖော်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ ကစားသမားနှစ်ဦးကို အဓိက စောင့်ကြည့်နေပြီး ဗီလာရီးရဲလ်အသင်းရဲ့ နောက်ခံလူ ပေါ်တောရက်စ်နဲ့ ကွင်းလယ်အဖျက်အတွက် ဒက်ကလန် ရိုက်စ်တို့ကို ပစ်မှတ်ထားနေ။

– ယူနိုက်တက်တို့အနေနဲ့ တိုက်စစ်ပိုင်းအတွက် ဝါရင့်ကစားသမား အက်ဒင်ဆန် ကာဗာနီကို သက်တမ်းတိုးခဲ့ပြီးမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ထက် ကာလကြာရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်ရဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခြေ ပိုမိုမြင့်မားလာခဲ့ပြီး ပေါင် ၇၇ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့။

– အထောင်တိုက်စစ်မှူးနေရာအတွက် အာလင်း ဟားလန်းနဲ့ ဟာရီကိန်းတို့ကို ခေါ်ယူတော့မယ်လို့ မျှော်လင့်ချက်တွေကို အက်ဒင်ဆန် ကာဗာနီကို သက်တမ်းတိုးလိုက်ခြင်းနဲ့ ဖျက်ဆီးလိုက်တာလားလို့ ယူနိုက်တက်ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ရွိုင်းကီးန်နဲ့ ရီယို ဖာဒီနန်တို့က မေးခွန်း ထုတ်လိုက်ပြီး သူတို့အနေနဲ့ ဥရုဂွေးသားကြီးကို ချစ်ပေမယ့် ဆုဖလားတွေ ရယူပေးနိုင်မယ့်သူမျိုး မဟုတ်ဘူးလို့ ထင်မြင်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းကို ဦးေဆာင္ႏိုင္မယ့္သူတစ္ဦးလို႔ ရႈျမင္ခံထားရတဲ့ ပီအက္စ္ဂ်ီခံစစ္မႉး မားကင္ေညာ့စ္ကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ ပရီးမီးယားလိဂ္ခံစစ္မႉးေဟာင္း ဂ်ိဳလီယြန္ လက္စေကာ့က တိုက္တြန္းလိုက္ၿပီး ဟာရီ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ေစဖို႔ အႀကံေပးထား။

– ေဒါ့မြန္အသင္းကေန ေႏြရာသီမွာ ေရာက္ရွိလာဖို႔မ်ားေနတဲ့ အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ သူ႔ကို ေခၚယူလိုတယ္လို႔ဆိုၿပီး ေဈးႏႈန္းကပ္သပ္ဆစ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြကို ေဒါသထြက္ေနၿပီး ေလးစားမႈထားဖို႔ အလိုရွိေန။

– ၿပီးခဲ့တဲ့ အက္စတန္ဗီလာနဲ႔ပြဲမွာ ေျခက်င္းဝတ္လည္တဲ့ ဒဏ္ရာ ရရွိသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ လာမယ့္ သူ႔ရဲ႕ အသင္းေဟာင္း လက္စတာစီးတီးအသင္းနဲ႔ ေတြ႕ဆုံတဲ့ ပြဲစဥ္ကို ပါဝင္ႏိုင္မွာ မဟုတ္ေၾကာင္း နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားက အတည္ျပဳလိုက္ၿပီး ဘိုင္လီနဲ႔ လင္ဒီေလာ့ဖ္တို႔အတြဲကို ပြဲထုတ္လာဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ အက္စတန္ဗီလာအသင္းနဲ႔ ပြဲစဥ္ကို ေနာက္ဆုံးလူစာရင္း တင္သြင္းရာမွာ က်န္ရွိခဲ့တဲ့ ေတာင္ပံကစားသမား အာမက္ ဂ်ယ္လိုအေနနဲ႔ လက္စတာစီးတီးနဲ႔ ကစားမယ့္ လူ ၂၀ စာရင္းမွာ ျပန္လည္ပါဝင္လာခဲ့ၿပီး အနားမရဘဲ ပြဲဆက္မ်ားေနတဲ့ အသင္းႀကီးအတြက္ ကစားခြင့္ ရႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္ရင္ လက္ရွိတာဝန္ေတြ ျဖစ္တဲ့ ကြင္းလယ္အထိဆင္းၿပီး ကစားကြက္ပုံေဖာ္ေနရမႈကို ေလွ်ာ့ခ်ေပးႏိုင္မယ့္ ကစားသမားသစ္ႏွစ္ဦး ေခၚယူေပးရမယ္လို႔ ေတာင္းဆိုခဲ့ၿပီး Ball Playing Defender တစ္ဦးနဲ႔ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးကို နည္းျပ ဆိုးလ္ရွားဆီ ဆႏၵျပဳထား။

– လက္ရွိရင္ဆိုင္ေနရတဲ့ ငါးရက္အတြင္း သုံးပြဲကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ဇယားဟာ သူတို႔အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းကို ေနာက္ေနလိုက္ၿပီး ဖိအားေပးႏိုင္ဖို႔ ခက္ခဲေစတယ္လို႔ နည္းျပ ဆိုးလ္ရွားက ဝန္ခံလိုက္ၿပီး ခ်န္ပီယံဆုက သခ်ၤာနည္းအရ ရွိေနေသးေပမယ့္ လက္ေတြ႕မွာ ျဖစ္ႏိုင္ေျခ မရွိသေလာက္ နည္းပါးတယ္လို႔လည္း ထုတ္ေဖာ္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းကို အားျဖည့္ဖို႔ ကစားသမားႏွစ္ဦးကို အဓိက ေစာင့္ၾကည့္ေနၿပီး ဗီလာရီးရဲလ္အသင္းရဲ႕ ေနာက္ခံလူ ေပၚေတာရက္စ္နဲ႔ ကြင္းလယ္အဖ်က္အတြက္ ဒက္ကလန္ ႐ိုက္စ္တို႔ကို ပစ္မွတ္ထားေန။

– ယူႏိုက္တက္တို႔အေနနဲ႔ တိုက္စစ္ပိုင္းအတြက္ ဝါရင့္ကစားသမား အက္ဒင္ဆန္ ကာဗာနီကို သက္တမ္းတိုးခဲ့ၿပီးမွာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ထက္ ကာလၾကာရွည္ပစ္မွတ္ျဖစ္တဲ့ ေဒါ့မြန္ရဲ႕ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ေျခ ပိုမိုျမင့္မားလာခဲ့ၿပီး ေပါင္ ၇၇ သန္းနဲ႔ ေခၚယူႏိုင္ေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့။

– အေထာင္တိုက္စစ္မႉးေနရာအတြက္ အာလင္း ဟားလန္းနဲ႔ ဟာရီကိန္းတို႔ကို ေခၚယူေတာ့မယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြကို အက္ဒင္ဆန္ ကာဗာနီကို သက္တမ္းတိုးလိုက္ျခင္းနဲ႔ ဖ်က္ဆီးလိုက္တာလားလို႔ ယူႏိုက္တက္ဂႏၴဝင္ႏွစ္ဦးျဖစ္တဲ့ ႐ြိဳင္းကီးန္နဲ႔ ရီယို ဖာဒီနန္တို႔က ေမးခြန္း ထုတ္လိုက္ၿပီး သူတို႔အေနနဲ႔ ဥ႐ုေဂြးသားႀကီးကို ခ်စ္ေပမယ့္ ဆုဖလားေတြ ရယူေပးႏိုင္မယ့္သူမ်ိဳး မဟုတ္ဘူးလို႔ ထင္ျမင္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.