Premier League

အထုတ်ခံရဖို့ ကြေးအမြင့်ဆုံးဖွင့်ခံထားရတဲ့ အာတီတာ အပေါ်ထားရှိတဲ့ အာဆင်နယ်ဘုတ်အဖွဲ့ရဲ့ သဘောထား

လာမယ့်ရာသီမှာ ဥရောပတန်းဝင်နိုင်ဖို့အတွက် အာဆင်နယ်ရဲ့ တခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖျာလိပ်ခဲ့ရပြီးချိန်မှာ ပရိသတ်တွေရဲ့သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားခဲ့ပြီး အသင်းနည်းပြအာတီတာရဲ့ ထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဆင့်ရပ်တည်မှုအရပါ ယူရိုပါဝင်ခွင့်ကိုလည်း ကျဆုံးဖို့များနေလို့ နောက်နှစ်မှာ ဥရောပကိုဝင်တိုးဖို့ မဖြစ်နိုင်တော့ချိန်မှာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်မရခြင်းက အာဆင်နယ်ကို ဝင်ငွေအရပါ နစ်နာစေတော့မှာဖြစ်လို့ အသင်းဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိလာတော့မှာ ဖြစ်ပါတယ်။

အထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးနည်းပြအဖြစ် ဘွတ်ကီဒိုင်တွေက အာတီတာကို ကြေးအမြင့်ဆုံးဖွင့်ထားကြသလို တပြိုင်နက်တည်းမှာတော့ သူဟာ အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဒူးနဲ့ ပိုင်ရှင်ခရွန်ကီတို့ရဲ့ ယုံကြည်မှုရှိစွာ ထောက်ခံမှုကို ဆက်လက်ခံစားနေရတယ်လို့ သိရပါတယ်။

ကွင်းတွင်းခြေစွမ်းတင်မက ပရိသတ်တွေရဲ့ထောက်ခံမှုအရပါ အဘက်ဘက်ကကျဆုံး​နေတဲ့ အာဆင်နယ်ကို အကောင်းဘက်ရောက်လာအောင် အာတီတာက တွန်းယူသွားနိုင်လိမ့်မယ်လို့ သူက လက်ရှိအသင်းအတွက် အမှန်ကန်ဆုံးလူအဖြစ် အခိုင်အမာသတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ သတင်းကဆိုပါတယ်။

ဒါပေမယ့် သူ့ကို သည်းခံနိုင်စွမ်းဟာ ၂၀၂၁ ခုနှစ်အကုန်အထိသာဖြစ််တယ်လို့ အာဆင်နယ်ဘက်က အချိန်တိတိကျကျသတ်မှတ်ပေးထါးတာဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့မှာ လူအင်အားဖြည့်တင်းပြီးချိန်မှ ဇယားအထက်ကို တက်မလာရင်တော့ နည်းပြနေရာက ဖယ်ရှားဖို့ ရှိနေတာပါ။

လူအင်အားမတောင့်တင်းမှုက လက်ရှိအချိန်ထိ အာတီတာကိုထောက်ကန်ပေးထားတဲ့ ဆင်ခြေတခုအဖြစ် ရပ်တည်နေပေမယ့် ရုန်းကန်နေတဲ့ အာဆင်နယ်ကို မှန်ကန်တဲ့ လူဖြည့်တင်းမှုတွေ ပြုလုပ်ပြီး စပိန်သားကို စောင့်ကြည့်သွားကြဖို့ စီစဥ်ထားကြတာပါ။

၂၀၂၁ အကုန်မှာတော့ အချိန်အတိုင်းအတာတခုလုံလောက်ခဲ့ပြီလို့ သတ်မှတ်ထားတာကြောင့် လက်ရှိအာတီတာရဲ့ ကစားကွက်အုတ်မြစ်တွေ စိမ့်ဝင်နေပြီဖြစ်တဲ့ ဂန်းနားတို့ဆီ ကစားသမားသစ်တွေ ရောက်ရှိလာပြီး အာဆင်နယ်က ဂငယ်ကွေ့လို တဆစ်ချိုးပြောင်းလဲသွားမှာလား၊ မျှော်လင့်ထားတဲ့ ခရီးမှာ အောင်မြင်မှုအသီးအပွင့်တွေဆီ ရောက်လုနီးမှ အာဆင်နယ် လက်ပန်းကျပြီး အာတီတာကန်ထုတ်ခံရမှာလားဆိုကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: