Premier League

ပီကေးရဲ့” ဟေ့ ဖက်တီးဖိုးဝကြီး မင်းတော်လောက်ပြီ ” လို့ အအော်ခံလိုက်ရတဲ့ ဆွာရက်ဇ်

တနေ့ညက ဘာစီလိုနာနဲ့ တီကိုတို့ရဲ့ကစားပွဲမှာ ပြီးခဲ့တဲ့​နွေက ဘာစီလိုနာကို ကျောခိုင်းခဲ့ရတဲ့ လူးဝစ္စဇ် ဆွာရက်ဇ်ဟာ အက်တလီကိုမက်ဒရစ် ကစားသမားဘဝနဲ့ နူးကမ့်မြေကို ပထမဆုံး တကျော့ပြန်ခြေချခဲ့ရပြီး လာလီဂါဖလားလုတိုက်ပွဲကို ဆင်နွှဲခဲ့ရတယ်။

နှစ်သင်းကြား ၂ မှတ်သာ ကွာဟနေလို့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေပေးမယ့်ပွဲလို့ ယူဆခဲ့ကြပေမယ့် အဖျားရှူးခဲ့ပြီး ဂိုးမရှိသရေပွဲနဲ့ အက်တလီကိုမက်ဒရစ်က အဆင့် ၁ နေရာကို ဆက်ထိန်းသွားတဲ့နောက်မှာ အသင်းဖော်ဟောင်းအချင်းချင်း ပြန်လည်ထိပ်တိုက်တွေ့ခဲ့တဲ့ ပီကေးနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်ပွဲကလည်း လူပြောချင်စရာဖြစ်ခဲ့တယ်။

ခြေစွမ်းသိပ်ကောင်းပေမယ့် ကွင်းထဲမှာ ဘောလုံးကစားတိုင်း ဟန်ဆောင်မှုနဲ့ ညစ်ပတ်မှုတွေကို သူ့ရဲ့ကိုယ်ပိုင်စတိုင်လ်တခုလို ပြုလုပ်လေ့ရှိတဲ့ ဆွာရက်ဇ်က ဒီနေ့ပွဲမှာလည်း ဘာစီလိုနာကို အထာမထားဘဲ ပင်နယ်တီဧရိယာထဲ ဟန်ဆောင်လှဲချခဲ့ရာမှာ ပီကေးရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြန်တယ်။

အဲဒီပွဲတလျှောက်မှာ ပီကေးနဲ့ ဆွာရက်ဇ်တို့ဟာ ခဏခဏရန်စောင်ခဲ့ကြသလို ဥရုဂွေးသားရဲ့ ပထမပိုင်းပွဲချိန်က လုပ်ရပ်ကို ဘာစီလိုနာ တသင်းလုံးက မနှစ်မြို့ဟန်ပြသခဲ့ကြတယ်။ ဘာစီလိုနာ ဂိုးသမား တာစတီဂျန်နဲ့ ထိခိုက်မိခဲ့တယ်လို့ ဟန်ဆောင်လီဆယ်ပြီး သူက ပင်နယ်တီတောင်းခဲ့တာပါ။

ဆွာရက်ဇ်ရဲ့အထာကိုနပ်နေတဲ့ ပီကေးက ” ဟေ့ ဖက်တီးဖိုးဝကြီး မင်းတော်လောက်ပြီ။ ရုပ်ရှင်လာရိုက်မနေနဲ့ ” လို့ အော်ဟစ်ဆဲဆိုခဲ့တယ်လို့ သိရသလို တာစတီဂျန်ကလည်း သိပ်အိုက်တင်ပိုမ​နေနဲ့လို့ ထပ်မံမာန်မဲခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ကြောင်း သတင်းအရ သိရပါတယ်။

ဘာစီလိုနာအဝတ်လဲခန်းထဲက ဆွာရက်ဇ်ရဲ့ နာမည်ပြောင်က ” ဖက်တီးဖိုးဝကြီး” ဖြစ်တယ်လို့ သိရသလို မက်ဆီနဲ့ ပွဲအပြီးမှာ အလွမ်းသယ်ခဲ့တဲ့ ဆွာရက်ဇ်ဟာလည်း ဟန်ဆောင်လှဲချမှုအတွက် အဝါကတ်မထိခဲ့ဘဲ အပြစ်ဒဏ်လွတ်သွားခဲ့ပြီး ဘာစီလိုနာအတွက် ကံကောင်းခဲ့တာက ကွင်းလယ်ဒိုင်က ပင်နယ်တီခွင့်မပြုခဲ့ပါဘူး။

လက်ရှိမှာ လာလီဂါဖလားရဲ့ အားပြိုင်မှုဟာ အပြင်းထန်ဆုံးနဲ့ အသည်းယားစရာအကောင်းဆုံး အခြေအနေကို ရောက်ရှိနေပြီး တဖက်ပွဲမှာလည်း ရီးရဲလ်က လိုပက်တယ်ဟီရဲ့ ဆီဗီလားကို သရေကျသွားခဲ့လို့ လက်ကျန်သုံးပွဲသာ ကျန်ရှိတော့ချိန်မှာ အက်တလီကိုမက်ဒရစ် ဗိုလ်ဝင်ခံဖို့ အခြေအနေအကောင်းဆုံးနဲ့ နီးစပ်လာတာကိုလည်း တွေ့ပါတယ်။

အက်တလီကိုမက်ဒရစ်ရဲ့ နောက်မှာ ၂ မှတ်သာကွာဟတဲ့ ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရရစ်တို့က ဘာမဆိုအလှည့်အပြောင်းလုပ်သွားနိုင်ခြေကလည်း ရှိနေလို့ စိတ်ဝင်စားစရာအမြင့်ဆုံးအဆင့်ကို ရောက်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တေန႔ညက ဘာစီလိုနာနဲ႔ တီကိုတို႔ရဲ႕ကစားပြဲမွာ ၿပီးခဲ့တဲ့​ေႏြက ဘာစီလိုနာကို ေက်ာခိုင္းခဲ့ရတဲ့ လူးဝစၥဇ္ ဆြာရက္ဇ္ဟာ အက္တလီကိုမက္ဒရစ္ ကစားသမားဘဝနဲ႔ ႏူးကမ့္ေျမကို ပထမဆုံး တေက်ာ့ျပန္ေျခခ်ခဲ့ရၿပီး လာလီဂါဖလားလုတိုက္ပြဲကို ဆင္ႏႊဲခဲ့ရတယ္။

ႏွစ္သင္းၾကား ၂ မွတ္သာ ကြာဟေနလို႔ ရင္ခုန္စိတ္လႈပ္ရွားမႈေတြေပးမယ့္ပြဲလို႔ ယူဆခဲ့ၾကေပမယ့္ အဖ်ားရႉးခဲ့ၿပီး ဂိုးမရွိသေရပြဲနဲ႔ အက္တလီကိုမက္ဒရစ္က အဆင့္ ၁ ေနရာကို ဆက္ထိန္းသြားတဲ့ေနာက္မွာ အသင္းေဖာ္ေဟာင္းအခ်င္းခ်င္း ျပန္လည္ထိပ္တိုက္ေတြ႕ခဲ့တဲ့ ပီေကးနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ တိုက္ပြဲကလည္း လူေျပာခ်င္စရာျဖစ္ခဲ့တယ္။

ေျခစြမ္းသိပ္ေကာင္းေပမယ့္ ကြင္းထဲမွာ ေဘာလုံးကစားတိုင္း ဟန္ေဆာင္မႈနဲ႔ ညစ္ပတ္မႈေတြကို သူ႔ရဲ႕ကိုယ္ပိုင္စတိုင္လ္တခုလို ျပဳလုပ္ေလ့ရွိတဲ့ ဆြာရက္ဇ္က ဒီေန႔ပြဲမွာလည္း ဘာစီလိုနာကို အထာမထားဘဲ ပင္နယ္တီဧရိယာထဲ ဟန္ေဆာင္လွဲခ်ခဲ့ရာမွာ ပီေကးရဲ႕တိုက္ခိုက္မႈကို ခံခဲ့ရျပန္တယ္။

အဲဒီပြဲတေလွ်ာက္မွာ ပီေကးနဲ႔ ဆြာရက္ဇ္တို႔ဟာ ခဏခဏရန္ေစာင္ခဲ့ၾကသလို ဥ႐ုေဂြးသားရဲ႕ ပထမပိုင္းပြဲခ်ိန္က လုပ္ရပ္ကို ဘာစီလိုနာ တသင္းလုံးက မႏွစ္ၿမိဳ႕ဟန္ျပသခဲ့ၾကတယ္။ ဘာစီလိုနာ ဂိုးသမား တာစတီဂ်န္နဲ႔ ထိခိုက္မိခဲ့တယ္လို႔ ဟန္ေဆာင္လီဆယ္ၿပီး သူက ပင္နယ္တီေတာင္းခဲ့တာပါ။

ဆြာရက္ဇ္ရဲ႕အထာကိုနပ္ေနတဲ့ ပီေကးက ” ေဟ့ ဖက္တီးဖိုးဝႀကီး မင္းေတာ္ေလာက္ၿပီ။ ႐ုပ္ရွင္လာ႐ိုက္မေနနဲ႔ ” လို႔ ေအာ္ဟစ္ဆဲဆိုခဲ့တယ္လို႔ သိရသလို တာစတီဂ်န္ကလည္း သိပ္အိုက္တင္ပိုမ​ေနနဲ႔လို႔ ထပ္မံမာန္မဲခဲ့တယ္ဆိုတဲ့ ေျပာဆိုမႈေတြရွိခဲ့ေၾကာင္း သတင္းအရ သိရပါတယ္။

ဘာစီလိုနာအဝတ္လဲခန္းထဲက ဆြာရက္ဇ္ရဲ႕ နာမည္ေျပာင္က ” ဖက္တီးဖိုးဝႀကီး” ျဖစ္တယ္လို႔ သိရသလို မက္ဆီနဲ႔ ပြဲအၿပီးမွာ အလြမ္းသယ္ခဲ့တဲ့ ဆြာရက္ဇ္ဟာလည္း ဟန္ေဆာင္လွဲခ်မႈအတြက္ အဝါကတ္မထိခဲ့ဘဲ အျပစ္ဒဏ္လြတ္သြားခဲ့ၿပီး ဘာစီလိုနာအတြက္ ကံေကာင္းခဲ့တာက ကြင္းလယ္ဒိုင္က ပင္နယ္တီခြင့္မျပဳခဲ့ပါဘူး။

လက္ရွိမွာ လာလီဂါဖလားရဲ႕ အားၿပိဳင္မႈဟာ အျပင္းထန္ဆုံးနဲ႔ အသည္းယားစရာအေကာင္းဆုံး အေျခအေနကို ေရာက္ရွိေနၿပီး တဖက္ပြဲမွာလည္း ရီးရဲလ္က လိုပက္တယ္ဟီရဲ႕ ဆီဗီလားကို သေရက်သြားခဲ့လို႔ လက္က်န္သုံးပြဲသာ က်န္ရွိေတာ့ခ်ိန္မွာ အက္တလီကိုမက္ဒရစ္ ဗိုလ္ဝင္ခံဖို႔ အေျခအေနအေကာင္းဆုံးနဲ႔ နီးစပ္လာတာကိုလည္း ေတြ႕ပါတယ္။

အက္တလီကိုမက္ဒရစ္ရဲ႕ ေနာက္မွာ ၂ မွတ္သာကြာဟတဲ့ ဘာစီလိုနာနဲ႔ရီးရဲလ္မက္ဒရရစ္တို႔က ဘာမဆိုအလွည့္အေျပာင္းလုပ္သြားႏိုင္ေျခကလည္း ရွိေနလို႔ စိတ္ဝင္စားစရာအျမင့္ဆုံးအဆင့္ကို ေရာက္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.