Premier League

ရွန်နီကို ကျော်ဖြတ်ပြီးနောက်မှာ ရည်မှန်းချက်မြင့်မြင့်မားမား ထပ်မံထားလိုက်တဲ့ ဂရင်းဝုဒ်

ယူနိုက်တက်အသင်းရဲ့ ထာဝရဂိုးအများဆုံးတိုက်စစ်မှူးကြီးဖြစ်တဲ့ ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဆယ်ကျော်သက်တိုက်စစ်မှူးအဖြစ် ဂိုးအများဆုံးသွင်းထားသူဖြစ်လာတဲ့ ဂရင်းဝုဒ်ရဲ့မှတ်တမ်းက အစမ်းသပ်ခံလူငယ်ခြေစွမ်းကို ကောင်းကောင်းသက်သေပြခဲ့တာပါ။

သူ့အနေနဲ့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားတဲ့ ဆယ်ကျော်သက်အဖြစ် ရပ်တည်နေတဲ့ ရွန်နီကို ဒုတိယနေရာကို ပို့လိုက်တာဖြစ်ပြီး ဒီအရွယ်မှာ သူ့ရဲ့ပရီးမီးယားလိဂ်ဂိုး ၁၆ ဂိုးအထိ ရှိလာခဲ့ပါပြီ။

မန်ချက်စတာယူနိုက်တက်၏ ဂိုးသွင်းအများဆုံး စံချိန်ရှင် ဝိန်းရွန်နီအနေနဲ့ ယခု ဂရင်းဝုဒ်ရောက်နေတဲ့ အသက် ၂၀ အရွယ်မှာ ၁၅ ဂိုးထိသာ သွင်းယူနိုင်ခဲ့ပြီး ဝိန်းရွန်နီတင်ထားတဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဆယ်ကျော်သက်အရွယ် ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ကို ဂရင်းဝုဒ်က ကျော်ဖြတ်ပြီး စံချိန်သစ်တင်လိုက်နိုင်တာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာမှာ အသက် ၂၀ တင်းတင်းပြည့်မယ့် အင်္ဂလန်သားက ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ Come Back ဦးဆောင်ဂိုးကို ​သေသပ်လှပစွာနဲ့ သွင်းယူခဲ့ပုံက မှင်သက်စရာဖြစ်ခဲ့သလို လူငယ်သွေးသစ်ဂိုးမုဆိုးပျောက်ဆုံးနေတဲ့ ယူနိုက်တက်မှာ ထိပ်သီးဖြစ်လာဖို့ မျှော်လင့်ခံလာရတယ်။

” တိုင်ရွန်မင်းစ်က ကျွန်တော့်ကို အနောက်ကနေ အသေကပ်တော့မယ်ဆိုတာ ကြိုသိခဲ့ပြီး ရွေ့လျားမှုလေး တချက်လုပ်လိုက်တာနဲ့ ဂိုးကန်သွင်းဖို့ ကိုက်တဝက်စာလောက် နေရာခိုးနိုင်ခဲ့တယ်။ ဒီဂိုးကို ကျွန်တော် သေ​သေသပ်သပ်အဆုံးသတ်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။” လို့ ဂရင်းဝုဒ်က ပြီးခဲ့တဲ့ဗီလာနဲ့ပွဲက သူ့သွင်းဂိုးကို ရှင်းပြခဲ့တာပါ။

” ကျွန်တော့်ဘက်က ဒီထက်ပိုလုပ်ပြမှာတွေကို ခင်ဗျားတို့ မျှော်လင့်ထားကြပါ။ အများကြီးလာပါဦးမယ်။ ဘယ်သူမှ လိုက်မမီတဲ့ ဂိုးသွင်းစံချိန်ရှင်အဖြစ် အနာဂတ်မှာ ရပ်တည်လိုပါတယ်။ ဂိုးတွေသွင်းရတာကို သိပ်ပျော်ပါတယ် ” လို့ ရည်မှန်းချက်မြင့်မားပြီး မြင့်မြင့်ကြံလိုတဲ့ သူ့ဆုံးဖြတ်ချက်ကလည်း ခိုင်မာနေတာကို တွေ့ရတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းယူခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် ၁၀ ဂိုးရခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၁၁ ဂိုးရရှိထားပါတယ်။ ဒါ့အပြင် သူ့ကို လမ်းပြဆရာ ကာဗာနီဆီက သင်ယူရမှုတွေကိုလည်း အခုလိုဖွင့်ဟခဲ့တယ်။

” သူဘာလုပ်မလဲဆိုတာ လူတိုင်းသိနေတာတောင် သူ့ကို ခင်ဗျား မရပ်တန့်နိုင်ဘူး။ အဲဒါ သူ့ရဲ့သမ္ဘာပါပဲ။ အရန်ခုံက​နေ ကာဗာနီထလာတိုင်း ကျွန်တော်တို့ အားတက်ရပါတယ်။ ကျွန်တော်ရယ်၊ ရက်ရှီနဲ့ အာမက်တို့ဟာ သူ့ဆီက​နေ ပညာအများကြီးသင်ယူခွင့်ရနေတာပါ ” လို့ ၁၉ နှစ်သားက ပြောသွားခဲ့ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္အသင္းရဲ႕ ထာဝရဂိုးအမ်ားဆုံးတိုက္စစ္မႉးႀကီးျဖစ္တဲ့ ဝိန္း႐ြန္နီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ဆယ္ေက်ာ္သက္တိုက္စစ္မႉးအျဖစ္ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္လာတဲ့ ဂရင္းဝုဒ္ရဲ႕မွတ္တမ္းက အစမ္းသပ္ခံလူငယ္ေျခစြမ္းကို ေကာင္းေကာင္းသက္သျပခဲ့တာပါ။

သူ႔အေနနဲ႔ ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ ဆယ္ေက်ာ္သက္အျဖစ္ ရပ္တည္ေနတဲ့ ႐ြန္နီကို ဒုတိယေနရာကို ပို႔လိုက္တာျဖစ္ၿပီး ဒီအ႐ြယ္မွာ သူ႔ရဲ႕ပရီးမီးယားလိဂ္ဂိုး ၁၆ ဂိုးအထိ ရွိလာခဲ့ပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္၏ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္ရွင္ ဝိန္း႐ြန္နီအေနနဲ႔ ယခု ဂရင္းဝုဒ္ေရာက္ေနတဲ့ အသက္ ၂၀ အ႐ြယ္မွာ ၁၅ ဂိုးထိသာ သြင္းယူႏိုင္ခဲ့ၿပီး ဝိန္း႐ြန္နီတင္ထားတဲ့ ပရီးမီးယားလိဂ္သမိုင္းမွာ ဆယ္ေက်ာ္သက္အ႐ြယ္ ဂိုးသြင္းအမ်ားဆုံးဆိုတဲ့ စံခ်ိန္ကို ဂရင္းဝုဒ္က ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္လိုက္ႏိုင္တာျဖစ္ပါတယ္။

လာမယ့္ ေအာက္တိုဘာမွာ အသက္ ၂၀ တင္းတင္းျပည့္မယ့္ အဂၤလန္သားက ၿပီးခဲ့တဲ့ ဗီလာနဲ႔ပြဲမွာ ယူႏိုက္တက္ရဲ႕ Come Back ဦးေဆာင္ဂိုးကို ​ေသသပ္လွပစြာနဲ႔ သြင္းယူခဲ့ပုံက မွင္သက္စရာျဖစ္ခဲ့သလို လူငယ္ေသြးသစ္ဂိုးမုဆိုးေပ်ာက္ဆုံးေနတဲ့ ယူႏိုက္တက္မွာ ထိပ္သီးျဖစ္လာဖို႔ ေမွ်ာ္လင့္ခံလာရတယ္။

” တိုင္႐ြန္မင္းစ္က ကြၽန္ေတာ့္ကို အေနာက္ကေန အေသကပ္ေတာ့မယ္ဆိုတာ ႀကိဳသိခဲ့ၿပီး ေ႐ြ႕လ်ားမႈေလး တခ်က္လုပ္လိုက္တာနဲ႔ ဂိုးကန္သြင္းဖို႔ ကိုက္တဝက္စာေလာက္ ေနရာခိုးႏိုင္ခဲ့တယ္။ ဒီဂိုးကို ကြၽန္ေတာ္ ေသ​ေသသပ္သပ္အဆုံးသတ္ႏိုင္ခဲ့လို႔ အရမ္းေပ်ာ္ပါတယ္။” လို႔ ဂရင္းဝုဒ္က ၿပီးခဲ့တဲ့ဗီလာနဲ႔ပြဲက သူ႔သြင္းဂိုးကို ရွင္းျပခဲ့တာပါ။

” ကြၽန္ေတာ့္ဘက္က ဒီထက္ပိုလုပ္ျပမွာေတြကို ခင္ဗ်ားတို႔ ေမွ်ာ္လင့္ထားၾကပါ။ အမ်ားႀကီးလာပါဦးမယ္။ ဘယ္သူမွ လိုက္မမီတဲ့ ဂိုးသြင္းစံခ်ိန္ရွင္အျဖစ္ အနာဂတ္မွာ ရပ္တည္လိုပါတယ္။ ဂိုးေတြသြင္းရတာကို သိပ္ေပ်ာ္ပါတယ္ ” လို႔ ရည္မွန္းခ်က္ျမင့္မားၿပီး ျမင့္ျမင့္ႀကံလိုတဲ့ သူ႔ဆုံးျဖတ္ခ်က္ကလည္း ခိုင္မာေနတာကို ေတြ႕ရတယ္။

ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၁၇ ဂိုးသြင္းယူခဲ့တဲ့ ဂရင္းဝုဒ္ဟာ ပရီးမီးယားလိဂ္ ၁၀ ဂိုးရခဲ့တာျဖစ္ၿပီး ဒီရာသီမွာေတာ့ ၿပိဳင္ပြဲစုံ ၁၁ ဂိုးရရွိထားပါတယ္။ ဒါ့အျပင္ သူ႔ကို လမ္းျပဆရာ ကာဗာနီဆီက သင္ယူရမႈေတြကိုလည္း အခုလိုဖြင့္ဟခဲ့တယ္။

” သူဘာလုပ္မလဲဆိုတာ လူတိုင္းသိေနတာေတာင္ သူ႔ကို ခင္ဗ်ား မရပ္တန္႔ႏိုင္ဘူး။ အဲဒါ သူ႔ရဲ႕သမာၻပါပဲ။ အရန္ခုံက​ေန ကာဗာနီထလာတိုင္း ကြၽန္ေတာ္တို႔ အားတက္ရပါတယ္။ ကြၽန္ေတာ္ရယ္၊ ရက္ရွီနဲ႔ အာမက္တို႔ဟာ သူ႔ဆီက​ေန ပညာအမ်ားႀကီးသင္ယူခြင့္ရေနတာပါ ” လို႔ ၁၉ ႏွစ္သားက ေျပာသြားခဲ့ေၾကာင္း တင္ဆက္ေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.