Serie A UCL&UEL

ပီယာလိုပဲ ဒလန်ဖြစ်နေသလားမသိတဲ့ ဂျူဗီနဲ့ ရော်နယ်လ်ဒိုတို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတော့မလား

ပြီးခဲတဲ့ညက ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန်ကို ၃ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရပြီးနောက်မှာတော့ အဆင့် ၅ နေရာကို ဆင်းပေးခဲ့ရပြီး စီးရီးအေးလက်ကျန် ၃ ပွဲသာ ကစားဖို့ ကျန်ရှိနေချိန်မှာ ရော်နယ်လ်ဒိုဦးဆောင်တဲ့ အိုးလ်လေဒီကလပ်ဟာ အိမ်နိမ့်စံရတော့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်။

ဂျူဗီဟာ စိတ်ပျက်စရာရလဒ်ထက်ကို ဒီပွဲမှာ မိနစ်ကိုးဆယ်အတွင်း ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာက ပိုဆိုးရွားတဲ့ အခြေအနေဖြစ်ခဲ့ပြီး ရာသီသိမ်းခရီးက စိတ်မချစရာဖြစ်လာတယ်။ စကူဒတ်တိုဖလားကို စိန်ခေါ်နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုသာ အာရုံစိုက်နေရင်း ထင်မှတ်မထားတဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကိုသာ ရရှိသွားနိုင်ခြေကိုလည်း တွေ့ရတယ်။

အဆင့် ၄ အသင်းသာ တမှတ်သာ ကွာဟတယ်ဆိုပေမယ့် လက်ကျန်ပွဲတွေက အမှားမခံတော့တဲ့ အရေးကြီးမှုမှာ ခြေပျက်နေတဲ့ ရော်နယ်လ်ဒိုကိုယ်တိုင်က ဂျူဗီကို ချန်ပီယံလိဂ်ဝင်ရပါစေ့မယ်ဆိုတဲ့ သူပေးထါးတဲ့ကတိ ကျိုးပေါက်ပြီး ယူရိုပါလိဂ်နဲ့သာ အရှက်ရဖွယ် အဆုံးသတ်သွားနိုင်တဲ့ သတင်းဆိုးက မကြားချင်စရာလည်းဖြစ်တယ်။

လာမယ့်ပွဲမှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမယ့်အရေးက ရော်နယ်လ်ဒိုဘာလုပ်နိုင်မလဲဆိုတဲ့ ပခုံးထမ်းတာဝန်က ရောက်ရှိနေတာဖြစ်ပြီး ကံဆိုးလွန်းနေချိန်မှာ သူ့ရဲ့ခြေစွမ်းပြဿနာအပြင် ကွင်းပြင်ပလှုမှုအရှုပ်အထွေးကိုပါ ရင်ဆိုင်နေရတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ဒီကြားထဲမှာ ကစားသမားဘဝ အနားယူခါနီးမှာ ဖလားတွေကို ကိုင်မြှောက်ဖို့ အေစီမီလန်ကနေ ရောက်လာခဲ့ပြီး လက်ရှိမှာ နည်းပြဖြစ်လာခဲ့တဲ့ ပီယာလိုကလည်း ဟန်ချက်မညီတဲ့ လူစာရင်းတွေကို မကြာခဏ ထုတ်သုံးနေသလို အသင်းဟောင်းနဲ့ပွဲမှာ ကွင်းလယ်ညာတောင်ပံသမားစစ်စစ်ကို မသုံးခဲ့တာကလည်း ပိုမိုဆိုးရွားစေခဲ့ပါတယ်။

မိုရာတာနဲ့အတူ တိုက်စစ်မှာ အထီးကျန်နေခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ ကွင်းထဲမှာ ခြေစွမ်းမပြနိုင်ရင် သူများတွေထက် အပြောအဆို ခံနေရချိန်မှာ လမ်းပတ်၊ အာတီတာတို့နောက် လိုက်ဖို့ ပြင်နေပြီး မတတ်ရင် မတတ်သလို ရိုးရိုးသားသားလုပ်တတ်တဲ့ ဆိုးလ်ရှားလိုမျိုး မလိမ္မာခဲ့တဲ့ ပီယာလိုက ထောက်ပံ့မပေးနိုင်ခဲ့ရင်တော့ ရာသီကုန်အနာဂတ်က တော်တော်လေး ဆိုးရွားသွားဦးမှာပါ။

အိုင်းယတ်စ်၊ လိုင်ယွန်၊ ပေါ်တိုအသင်းတွေကို လက်မြှောက်ခဲ့ရပြီး ချန်ပီယံလိဂ်ကနေ ဝမ်းနည်းပက်လက် ၃ နှစ်ဆက်ထွက်ခွာခဲ့ရမှုက ရော်နယ်လ်ဒိုကို တူရင်ကလပ်နဲ့ လမ်းခွဲဖို့ တွန်းပို့လာခဲ့ပြီး ကိုပါအီတာလီယာဖလားရခဲ့ရင်တောင်မှ ဒါက ဖြေသိမ့်စရာ မရှိနိုင်ပါဘူး။

၉ နှစ်ဆက်သိမ်းပိုက်လာတဲ့ စကူဒတ်တို ချန်ပီယံဘွဲ့ကိုပါ ဒီနှစ်မှာ ကျဆုံးခဲ့ရတာက တပူ ပေါ် တပူဆင့်သွားခဲ့တဲ့ ဂျူဗီဥက္ကဌ အန်ဒရီးယား အက်ဂ်နယ်လီရဲ့ဆုံးဖြတ်ချက်ကို သက်ရောက်လာတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှူံးမယ်ဆိုရင် ဝင်ငွေအရ သေချာပေါက်ထိခိုက်တော့မှာပါ။

ဒီအခြေအနေမှာတော့ ရော်နယ်လ်ဒိုကို တူရင်မြေမှာ ဆက်ထိန်းထားနိုင်စရာ မရှိနိုင်တော့ဘဲ သူနဲ့ တူရင်ရဲ့ အကောင်းဆုံးလမ်းခွဲနည်းကတော့ ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ အသင်းနဲ့အတူ ၉၉ ဂိုးကနေ ရာပြည့်ဂိုးမှတ်တိုင်ကို စိုက်ထူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် စွမ်းဆောင်ပေးခဲ့ရင်း ကိုပါအီတာလီယာဖလားနဲ့ ချွေးသိပ်ပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ခဲ့ရင်တော့ မက်ဆီနဲ့ နှိုင်းယှဉ်ခံရမယ့် သူ့ရဲ့နေဝင်ချိန်သမိုင်းကလည်း လှပလာဖို့ မရှိတော့ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲတဲ့ညက ဂ်ဴဗင္တပ္စ္အသင္းဟာ ေအစီမီလန္ကို ၃ ဂိုးျပတ္နဲ႔ ဒူးေထာက္ခဲ့ရၿပီးေနာက္မွာေတာ့ အဆင့္ ၅ ေနရာကို ဆင္းေပးခဲ့ရၿပီး စီးရီးေအးလက္က်န္ ၃ ပြဲသာ ကစားဖို႔ က်န္ရွိေနခ်ိန္မွာ ေရာ္နယ္လ္ဒိုဦးေဆာင္တဲ့ အိုးလ္ေလဒီကလပ္ဟာ အိမ္နိမ့္စံရေတာ့မလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့တယ္။

ဂ်ဴဗီဟာ စိတ္ပ်က္စရာရလဒ္ထက္ကို ဒီပြဲမွာ မိနစ္ကိုးဆယ္အတြင္း ဂိုးေပါက္တည့္မႈ ၁ ႀကိမ္သာ ရွိခဲ့တာက ပိုဆိုး႐ြားတဲ့ အေျခအေနျဖစ္ခဲ့ၿပီး ရာသီသိမ္းခရီးက စိတ္မခ်စရာျဖစ္လာတယ္။ စကူဒတ္တိုဖလားကို စိန္ေခၚေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲကိုသာ အာ႐ုံစိုက္ေနရင္း ထင္မွတ္မထားတဲ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ကိုသာ ရရွိသြားႏိုင္ေျခကိုလည္း ေတြ႕ရတယ္။

အဆင့္ ၄ အသင္းသာ တမွတ္သာ ကြာဟတယ္ဆိုေပမယ့္ လက္က်န္ပြဲေတြက အမွားမခံေတာ့တဲ့ အေရးႀကီးမႈမွာ ေျခပ်က္ေနတဲ့ ေရာ္နယ္လ္ဒိုကိုယ္တိုင္က ဂ်ဴဗီကို ခ်န္ပီယံလိဂ္ဝင္ရပါေစ့မယ္ဆိုတဲ့ သူေပးထါးတဲ့ကတိ က်ိဳးေပါက္ၿပီး ယူ႐ိုပါလိဂ္နဲ႔သာ အရွက္ရဖြယ္ အဆုံးသတ္သြားႏိုင္တဲ့ သတင္းဆိုးက မၾကားခ်င္စရာလည္းျဖစ္တယ္။

လာမယ့္ပြဲမွာ အင္တာမီလန္အသင္းနဲ႔ ရင္ဆိုင္ရမယ့္အေရးက ေရာ္နယ္လ္ဒိုဘာလုပ္ႏိုင္မလဲဆိုတဲ့ ပခုံးထမ္းတာဝန္က ေရာက္ရွိေနတာျဖစ္ၿပီး ကံဆိုးလြန္းေနခ်ိန္မွာ သူ႔ရဲ႕ေျခစြမ္းျပႆနာအျပင္ ကြင္းျပင္ပလႈမႈအရႈပ္အေထြးကိုပါ ရင္ဆိုင္ေနရတယ္လို႔လည္း သတင္းေတြအရ သိရပါတယ္။

ဒီၾကားထဲမွာ ကစားသမားဘဝ အနားယူခါနီးမွာ ဖလားေတြကို ကိုင္ေျမႇာက္ဖို႔ ေအစီမီလန္ကေန ေရာက္လာခဲ့ၿပီး လက္ရွိမွာ နည္းျပျဖစ္လာခဲ့တဲ့ ပီယာလိုကလည္း ဟန္ခ်က္မညီတဲ့ လူစာရင္းေတြကို မၾကာခဏ ထုတ္သုံးေနသလို အသင္းေဟာင္းနဲ႔ပြဲမွာ ကြင္းလယ္ညာေတာင္ပံသမားစစ္စစ္ကို မသုံးခဲ့တာကလည္း ပိုမိုဆိုး႐ြားေစခဲ့ပါတယ္။

မိုရာတာနဲ႔အတူ တိုက္စစ္မွာ အထီးက်န္ေနခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ကြင္းထဲမွာ ေျခစြမ္းမျပႏိုင္ရင္ သူမ်ားေတြထက္ အေျပာအဆို ခံေနရခ်ိန္မွာ လမ္းပတ္၊ အာတီတာတို႔ေနာက္ လိုက္ဖို႔ ျပင္ေနၿပီး မတတ္ရင္ မတတ္သလို ႐ိုး႐ိုးသားသားလုပ္တတ္တဲ့ ဆိုးလ္ရွားလိုမ်ိဳး မလိမၼာခဲ့တဲ့ ပီယာလိုက ေထာက္ပံ့မေပးႏိုင္ခဲ့ရင္ေတာ့ ရာသီကုန္အနာဂတ္က ေတာ္ေတာ္ေလး ဆိုး႐ြားသြားဦးမွာပါ။

အိုင္းယတ္စ္၊ လိုင္ယြန္၊ ေပၚတိုအသင္းေတြကို လက္ေျမႇာက္ခဲ့ရၿပီး ခ်န္ပီယံလိဂ္ကေန ဝမ္းနည္းပက္လက္ ၃ ႏွစ္ဆက္ထြက္ခြာခဲ့ရမႈက ေရာ္နယ္လ္ဒိုကို တူရင္ကလပ္နဲ႔ လမ္းခြဲဖို႔ တြန္းပို႔လာခဲ့ၿပီး ကိုပါအီတာလီယာဖလားရခဲ့ရင္ေတာင္မွ ဒါက ေျဖသိမ့္စရာ မရွိႏိုင္ပါဘူး။

၉ ႏွစ္ဆက္သိမ္းပိုက္လာတဲ့ စကူဒတ္တို ခ်န္ပီယံဘြဲ႕ကိုပါ ဒီႏွစ္မွာ က်ဆုံးခဲ့ရတာက တပူ ေပၚ တပူဆင့္သြားခဲ့တဲ့ ဂ်ဴဗီဥကၠဌ အန္ဒရီးယား အက္ဂ္နယ္လီရဲ႕ဆုံးျဖတ္ခ်က္ကို သက္ေရာက္လာေတာ့မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ ဆုံးရႉံးမယ္ဆိုရင္ ဝင္ေငြအရ ေသခ်ာေပါက္ထိခိုက္ေတာ့မွာပါ။

ဒီအေျခအေနမွာေတာ့ ေရာ္နယ္လ္ဒိုကို တူရင္ေျမမွာ ဆက္ထိန္းထားႏိုင္စရာ မရွိႏိုင္ေတာ့ဘဲ သူနဲ႔ တူရင္ရဲ႕ အေကာင္းဆုံးလမ္းခြဲနည္းကေတာ့ ေပၚတူဂီတိုက္စစ္မႉးအေနနဲ႔ အသင္းနဲ႔အတူ ၉၉ ဂိုးကေန ရာျပည့္ဂိုးမွတ္တိုင္ကို စိုက္ထူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေသခ်ာေပါက္ စြမ္းေဆာင္ေပးခဲ့ရင္း ကိုပါအီတာလီယာဖလားနဲ႔ ေခြၽးသိပ္ေပးႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ၿပီး ဒီလိုမွမဟုတ္ခဲ့ရင္ေတာ့ မက္ဆီနဲ႔ ႏႈိင္းယွဥ္ခံရမယ့္ သူ႔ရဲ႕ေနဝင္ခ်ိန္သမိုင္းကလည္း လွပလာဖို႔ မရွိေတာ့ေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.