Premier League

ဆိုးလ်ရှားရဲ့ ယူရိုပါဆီမီးကိုက်ခဲမှုကို ကုသနိုင်သွားတဲ့ ရိုးမား ၃-၂ ယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7 ချက်

ယူရိုပါဆီမီးကိုက်ခဲမှုကို ကုသနိုင်သွားတဲ့ ဆိုးလ်ရှား
လန်ဒလော့ဖ်၊ တော်မီနေး၊ ရက်ရှ်ဖို့ဒ်တို့ကလွဲရင် ရှိသမျှ ပထမလူစာရင်းအကုန် ထုတ်သုံးခဲ့တဲ့ ဆိုးလ်ရှားက ဒီပွဲကို အတော်လေးရည်မှန်းခဲ့ပုံပါ။ ခက်ခဲပြီး ကျော်ဖြတ်ရခက်ဦးမယ့် ၅ ရက်အတွင်း ၃ ပွဲကစားရမယ့် ဗီလာ၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ တိုက်ပွဲကို မမှုတော့လောက် ၄ ဂိုးအကျောရထားတဲ့ ပွဲမှာ လူစုံထုတ်သုံးခဲ့ပြီး ယူရိုပါဆီမီးကိုက်ခဲမှုကို ကုသခဲ့တာကို တွေ့ရတယ်။

လေထဲတိုက်အိမ်ဆောက်ခဲ့တဲ့ ရောမ
ယူနိုက်တက်က လူစာရင်းတောင့်တင်းခဲ့သော်ငြား တကယ်တမ်း ဒီပွဲကို သိမ်းပိုက်သွားသူက ရိုးမားအသင်းဖြစ်ခဲ့ပြီး အိုလံပီကိုကွင်းမှာ တောက်ပခဲ့တယ်။ ပက်ဒရိုနဲ့ ပယ်လီဂရနီတို့က ဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ဒဟဲယားရဲ့ လက်စွမ်းကသာ စိတ်ချလက်ချ​ဖြစ်ခဲ့ပြီး ယူနိက်တက်ကို ကျော်ဖြတ်ဖို့ဆိုတာ ရိုးမားတို့အတွက် လေထဲတိုက်အိမ်ဆောက်သလို ဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ လေးဂိုးသွင်းပြီး ငယ်မူပြန်တဲ့ကာဗာနီ
ကာဗာနီက ပထမအကျော့မှာ ၂ ဂိုးသွင်းခဲ့တယ်။ အခုပွဲမှာလည်း ရိုးမားကို ဟက်ထရစ်သွင်းယူနိုင်ခြေအထိ ရှိခဲ့ပေမယ့် ပထမပိုင်းက အခွင့်အရေးတကြိမ် လွဲချော်ပြီးနောက်မှာတော့ ဖရက်ဒ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဖန်တီးမှုတွေကနေတဆင့် ယူနိုက်တက်ရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို တကိုယ်တော်သွင်းယူသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြဘဝမှာ ဦးဦးဖျားဖျားဖိုင်နယ်
ဆိုးလ်ရှားအတွက်တော့ ဒီနေ့ပွဲက အတော်လေးချိုမြိန်ခဲ့သလို ဒီဆီမီးဖိုင်နယ်အဆင့်က သူ့အတွက် သမိုင်းလှစေဖို့လည်း အဆုံးအဖြတ်တခု ပေးသွားခဲ့တယ်။ ပထမအကျော့မှာ ဂိုးဒါဇင်ဝက်သွင်းထားလို့ အခုပွဲအတွက် သိပ်စိတ်ပူစရာမရှိခဲ့ပေမယ့် ယူနိုက်တက်နဲ့ တနှစ်အတွင်း ဆီမီးဖိုင်နယ် ၄ ကြိမ်အထိ တက်ခဲ့ပေမယ့် အခုတကြိမ်မှာတော့ ယူနိုက်တက်နည်းပြဘဝမှာ ဦးဦးဖျားဖျား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ။

မူလလက်စွမ်းနဲ့ အားလုံးကို ပြန်သတိပေးလိုက်တဲ့ ဒဟဲယား
ဒီနေ့မှာ ယူနိုက်တက်က ၃ ဂိုးပေးရပြီး ရှုံးနိမ့်ခဲ့ရပေမယ့် ဒဟဲယားရဲ့ မူလလက်စွမ်းက ပြန်လည်အမှတ်ရစရာဖြစ်စေခဲ့ပြီး ပွဲချိန်အစောပိုင်းမှာ ဂိုးလိုနေလို့ တောက်လျှောက်ဖိထားတဲ့ ရိုးမားရဲ့အခွင့်အရေးတွေကို သူက ကောင်းကောင်းကြီး တားဆီးကာကွယ်နိုင်ခဲ့လို့သာ ဆိုးလ်ရှားတို့အဖွဲ့ မျက်နှာပန်းလှလာဖို့လည်း ဖြစ်လာခဲ့တာပါ။

ဆိုးလ်ရှားမသိဘူးဆိုတဲ့ ရိုးမားရဲ့ပေါက်ကွဲမှု
ရိုးမားအသင်းကို မသိပါဘူးဆိုတဲ့ ဆိုးလ်ရှားရဲ့ ပြောဆိုမှုက အခုတကြိမ်မှာတော့ ရောမမြို့ရဲ့ ပေါက်ကွဲမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး ရိုးမားတို့က တပွဲလုံး ဖိဖိစီးစီးကစားသွားခဲ့တာကို တွေ့ရချိန်မှာ ရိုးမားပရိသတ်တွေရဲ့ ပေါက်ကွဲမှုကို အဖတ်ဆယ်ဖို့ ကောင်းကောင်းအားထုတ်ခဲ့တယ်။

အလှမ်းကွာလွန်းနေတဲ့ ဘာကာကို ၄-၁ ရလဒ်နဲ့ ​ပြောင်းပြန်လှန်ခဲ့ပြီး နောက်တဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ်သမိုင်းကို အခုပွဲမှာ အသစ်ရေးဖို့ ကြိုးစားခဲ့ပေမယ့် အမီလိုက်ဖို့ မဖြစ်နိုင်တဲ့ ဂိုးကွာခြားချက်ကပဲ ဒီပွဲရဲ့အ​ဖြေဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ ယူရိုပါဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွင်းလယ်ဗိုလ်ချုပ်ဘဝကနေ အပယ်ခံဘဝအဖြစ် သံချေးတက်ခဲ့သူ
နယ်သာလန်သား ဗန်ဒဘိခ်က စိတ်ချလက်ချ ကစားရမယ့်ပွဲမှာ ယူနိုက်တက်လူစာရင်းကို ဝင်ရောက်အားဖြည့်ခဲ့ပေမယ့် ပွဲအရှိန်လိုနေသေးသလို အိုင်းယတ်စ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ်အဖြစ်ကနေ ယူနိုက်တက်ရဲ့သံချေးတက်ဘဝကို ရောက်နေခဲ့တာကို ကျဆင်းသွားတဲ့ သူ့ခြေစွမ်းတွေက ဖော်ပြနေခဲ့တယ်။

ဒီနေ့မှာ ရှားရှားပါးပါး ယူနိုက်တက်ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ဘောလုံးကိုင်နိုင်တာကလွဲရင် ဖန်တီးမှုအပိုင်းမှာတော့ အားရစရာမရှိခဲ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူ႐ိုပါဆီမီးကိုက္ခဲမႈကို ကုသႏိုင္သြားတဲ့ ဆိုးလ္ရွား
လန္ဒေလာ့ဖ္၊ ေတာ္မီေနး၊ ရက္ရွ္ဖို႔ဒ္တို႔ကလြဲရင္ ရွိသမွ် ပထမလူစာရင္းအကုန္ ထုတ္သုံးခဲ့တဲ့ ဆိုးလ္ရွားက ဒီပြဲကို အေတာ္ေလးရည္မွန္းခဲ့ပုံပါ။ ခက္ခဲၿပီး ေက်ာ္ျဖတ္ရခက္ဦးမယ့္ ၅ ရက္အတြင္း ၃ ပြဲကစားရမယ့္ ဗီလာ၊ လက္စတာ၊ လီဗာပူးလ္တို႔နဲ႔ တိုက္ပြဲကို မမႈေတာ့ေလာက္ ၄ ဂိုးအေက်ာရထားတဲ့ ပြဲမွာ လူစုံထုတ္သုံးခဲ့ၿပီး ယူ႐ိုပါဆီမီးကိုက္ခဲမႈကို ကုသခဲ့တာကို ေတြ႕ရတယ္။

ေလထဲတိုက္အိမ္ေဆာက္ခဲ့တဲ့ ေရာမ
ယူႏိုက္တက္က လူစာရင္းေတာင့္တင္းခဲ့ေသာ္ျငား တကယ္တမ္း ဒီပြဲကို သိမ္းပိုက္သြားသူက ႐ိုးမားအသင္းျဖစ္ခဲ့ၿပီး အိုလံပီကိုကြင္းမွာ ေတာက္ပခဲ့တယ္။ ပက္ဒ႐ိုနဲ႔ ပယ္လီဂရနီတို႔က ဂိုးရဖို႔ အားထုတ္ခဲ့ေပမယ့္ ဒဟဲယားရဲ႕ လက္စြမ္းကသာ စိတ္ခ်လက္ခ်​ျဖစ္ခဲ့ၿပီး ယူနိက္တက္ကို ေက်ာ္ျဖတ္ဖို႔ဆိုတာ ႐ိုးမားတို႔အတြက္ ေလထဲတိုက္အိမ္ေဆာက္သလို ျဖစ္ခဲ့ပါတယ္။

ဆီမီးဖိုင္နယ္မွာ ေလးဂိုးသြင္းၿပီး ငယ္မူျပန္တဲ့ကာဗာနီ
ကာဗာနီက ပထမအေက်ာ့မွာ ၂ ဂိုးသြင္းခဲ့တယ္။ အခုပြဲမွာလည္း ႐ိုးမားကို ဟက္ထရစ္သြင္းယူႏိုင္ေျခအထိ ရွိခဲ့ေပမယ့္ ပထမပိုင္းက အခြင့္အေရးတႀကိမ္ လြဲေခ်ာ္ၿပီးေနာက္မွာေတာ့ ဖရက္ဒ္နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ဖန္တီးမႈေတြကေနတဆင့္ ယူႏိုက္တက္ရဲ႕ သြင္းဂိုးႏွစ္ဂိုးစလုံးကို တကိုယ္ေတာ္သြင္းယူသြားခဲ့တာပါ။

ယူႏိုက္တက္နည္းျပဘဝမွာ ဦးဦးဖ်ားဖ်ားဖိုင္နယ္
ဆိုးလ္ရွားအတြက္ေတာ့ ဒီေန႔ပြဲက အေတာ္ေလးခ်ိဳၿမိန္ခဲ့သလို ဒီဆီမီးဖိုင္နယ္အဆင့္က သူ႔အတြက္ သမိုင္းလွေစဖို႔လည္း အဆုံးအျဖတ္တခု ေပးသြားခဲ့တယ္။ ပထမအေက်ာ့မွာ ဂိုးဒါဇင္ဝက္သြင္းထားလို႔ အခုပြဲအတြက္ သိပ္စိတ္ပူစရာမရွိခဲ့ေပမယ့္ ယူႏိုက္တက္နဲ႔ တႏွစ္အတြင္း ဆီမီးဖိုင္နယ္ ၄ ႀကိမ္အထိ တက္ခဲ့ေပမယ့္ အခုတႀကိမ္မွာေတာ့ ယူႏိုက္တက္နည္းျပဘဝမွာ ဦးဦးဖ်ားဖ်ား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ပါၿပီ။

မူလလက္စြမ္းနဲ႔ အားလုံးကို ျပန္သတိေပးလိုက္တဲ့ ဒဟဲယား
ဒီေန႔မွာ ယူႏိုက္တက္က ၃ ဂိုးေပးရၿပီး ရႈံးနိမ့္ခဲ့ရေပမယ့္ ဒဟဲယားရဲ႕ မူလလက္စြမ္းက ျပန္လည္အမွတ္ရစရာျဖစ္ေစခဲ့ၿပီး ပြဲခ်ိန္အေစာပိုင္းမွာ ဂိုးလိုေနလို႔ ေတာက္ေလွ်ာက္ဖိထားတဲ့ ႐ိုးမားရဲ႕အခြင့္အေရးေတြကို သူက ေကာင္းေကာင္းႀကီး တားဆီးကာကြယ္ႏိုင္ခဲ့လို႔သာ ဆိုးလ္ရွားတို႔အဖြဲ႕ မ်က္ႏွာပန္းလွလာဖို႔လည္း ျဖစ္လာခဲ့တာပါ။

ဆိုးလ္ရွားမသိဘူးဆိုတဲ့ ႐ိုးမားရဲ႕ေပါက္ကြဲမႈ
႐ိုးမားအသင္းကို မသိပါဘူးဆိုတဲ့ ဆိုးလ္ရွားရဲ႕ ေျပာဆိုမႈက အခုတႀကိမ္မွာေတာ့ ေရာမၿမိဳ႕ရဲ႕ ေပါက္ကြဲမႈအျဖစ္ အသြင္ေျပာင္းသြားခဲ့ၿပီး ႐ိုးမားတို႔က တပြဲလုံး ဖိဖိစီးစီးကစားသြားခဲ့တာကို ေတြ႕ရခ်ိန္မွာ ႐ိုးမားပရိသတ္ေတြရဲ႕ ေပါက္ကြဲမႈကို အဖတ္ဆယ္ဖို႔ ေကာင္းေကာင္းအားထုတ္ခဲ့တယ္။

အလွမ္းကြာလြန္းေနတဲ့ ဘာကာကို ၄-၁ ရလဒ္နဲ႔ ​ေျပာင္းျပန္လွန္ခဲ့ၿပီး ေနာက္တဆင့္တက္ခဲ့တဲ့ ခ်န္ပီယံလိဂ္သမိုင္းကို အခုပြဲမွာ အသစ္ေရးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အမီလိုက္ဖို႔ မျဖစ္ႏိုင္တဲ့ ဂိုးကြာျခားခ်က္ကပဲ ဒီပြဲရဲ႕အ​ေျဖျဖစ္ခဲ့ၿပီး ယူႏိုက္တက္တို႔ ယူ႐ိုပါဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ကြင္းလယ္ဗိုလ္ခ်ဳပ္ဘဝကေန အပယ္ခံဘဝအျဖစ္ သံေခ်းတက္ခဲ့သူ
နယ္သာလန္သား ဗန္ဒဘိခ္က စိတ္ခ်လက္ခ် ကစားရမယ့္ပြဲမွာ ယူႏိုက္တက္လူစာရင္းကို ဝင္ေရာက္အားျဖည့္ခဲ့ေပမယ့္ ပြဲအရွိန္လိုေနေသးသလို အိုင္းယတ္စ္ရဲ႕ ကြင္းလယ္ဗိုလ္ခ်ဳပ္အျဖစ္ကေန ယူႏိုက္တက္ရဲ႕သံေခ်းတက္ဘဝကို ေရာက္ေနခဲ့တာကို က်ဆင္းသြားတဲ့ သူ႔ေျခစြမ္းေတြက ေဖာ္ျပေနခဲ့တယ္။

ဒီေန႔မွာ ရွားရွားပါးပါး ယူႏိုက္တက္ပြဲထြက္လူစာရင္းထဲ ပါဝင္ခဲ့ေပမယ့္ ေဘာလုံးကိုင္ႏိုင္တာကလြဲရင္ ဖန္တီးမႈအပိုင္းမွာေတာ့ အားရစရာမရွိခဲ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.