Premier League

ဥရောပအသင်းကြီးတွေကိုမှ ကျွန်တော်တို့ကဖြုတ်ချင်သလို မန်စီးတီးပေးတဲ့အားနဲ့ မန်စီးတီးကို UCLမှာ ဖြိုချမယ်

ချယ်လ်ဆီးနည်းပြတူဟယ်လ်က ရီးရဲလ်မက်ဒရစ်အသင်းကို သာသာယာယာကျော်ဖြတ်ခဲ့တဲ့ မိမိအသင်းသားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ဂုဏ်ယူမိကြောင်း ပြောဆိုသွားချိန်မှာ မန်စီးတီးကို အလဲထိုးခဲ့တဲ့ FA ဖလားနိုင်ပွဲရဲ့တွန်းအားကြောင့် ယုံကြည်မှုမြင့်တက်ခဲ့ပြီး အခုလို ချန်ပီယံလိဂ် ဖိုင်နယ်ကစားဖို့ အစ္စတန်ဘူလ်ကို ရောက်ရှိလာခြင်းဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

တူဟယ်လ်အနေနဲ့ ချန်ပီယံလ်ဂ်ဖိုင်နယ်မှာ အင်္ဂလန်အသင်းအချင်းချင်းဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် all-English Final ကို ဖော်ဆောင်နိုင်စွမ်းရှိခဲ့လို့ ကျေနပ်နေသလို ဒီမီးတောက်ဟာ မန်စီးတီးကို အလဲထိုးခဲ့တဲ့ FA ဖလားဆီမီးပွဲရဲ့ ခွန်အားအဖြစ် ရရှိခဲ့တာလို့ ဆိုသွားခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးကို ရောက်ရှိလာတဲ့ ရာသီဝက်တာကာလအတွင်း FA နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ဗိုလ်လုပွဲမှာ ဖလားနှစ်ကြောင်းအထိ ပို့ဆောင်ပေးနိုင်စွမ်းခဲ့တာဖြစ်သလို လက်ရှိရာသီသိမ်းမှာလည်း ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် အနိမ့်ဆုံး အဆင့် ၄ ကနေ အဆင့် ၃ အထိ ဆွဲတင်နိုင်ဖို့လည်း သေချာသလောက်လည်း ရှိနေပါတယ်။

” မန်ချက်စတာစီးတီးကို နိုင်ခဲ့တာ သိပ်ကိုကောင်းတဲ့ခံစားချက်ပါ။ ကျွန်တော်တို့ရဲ့ယုံကြည်မှုက အထွတ်အထိပ်ထိ ရောက်သွားခဲ့တယ်။ ဒီခွန်အားကို ဆက်ပြီးအသုံးချနိုင်ခဲ့ပါတယ်။ ဥရောပအသင်းကြီးဆိုတာတွေကိုမှ ကျွန်တော်တို့က ဖြုတ်ချင်တာပါ ”

” အစ္စတန်ဘူလ်ကို ကျွန်တော်တို့က ခေါင်းမော့ရင်ကော့ပြီးသွားမှာဖြစ်တယ်။ ဗိုလ်လုပွဲရဲ့အဖြည့်ခံအသင်းတသင်းအဖြစ် သွားကစားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အနိုင်တိုက်ဖို့ သွားမှာပါ။ ”

” ရီးရဲလ်မက်ဒရစ်ကို နိုင်တဲ့ပွဲကို ခင်ဗျားတို့ကြည့်ရင် ကျွန်တော်တို့ အခွင့်အရေးကောင်းတွေကို တလွဲလုပ်ပစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်ပြောတာ အထင်မမှားနဲ့။ တလွဲတွေလုပ်ပစ်ခဲ့ပြီးချိန်မှာတောင် ကျွန်တော်တို့ စိတ်ဓာတ်မကျသွားဘဲ တောင့်ခံပြီးဆက်တိုက်ခဲ့တာဖြစ်တယ် ”

” တဂိုးရပြီးတော့ နောက်တဂိုးရဖို့ ဆက်တိုက်တယ်။ ရီးရဲလ်မက်ဒရစ်ကို ဂိုးပြန်မပေးရဖို့ တပြိုင်တည်းမှာ ပြင်းပြင်းထန်ထန် အားထုတ်ရတယ်။ အဆုံးမသတ်နိုင်တာတောင် ပေါက်ပေါက်ကွဲကွဲနဲ့ ဆက်ကစားခဲ့တယ်။ နိုင်လိုစိတ်ပြင်းပြလွန်းခဲ့တယ် ”

” ဒီလိုစိတ်ဓာတ်ခိုင်မာမှုကို ပြသခဲ့တဲ့ ကျွန်တော့်အသင်းသားတွေကို အကြီးအကျယ်ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်လိုချင်တာ အဲဒါပါ။ အဲဒီလိုစိတ်ဓာတ်ပါ။ ဒါဟာ ကျွန်တော့်အသင်းရဲ့ အောင်စိတ်ပါ။ ချန်ပီယံစိတ်ဓာတ်ပါ။ ” လို့ တူဟယ်လ်က ပြောဆိုပြီး မန်စီးတီးပေးတဲ့အားနဲ့ မန်ချက်စတာစီးတီးကို ဖြိုချမယ်လို့ ဗိုလ်လုပွဲအတွက် ​ကြိုတင်စိန်ခေါ်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က ရီးရဲလ္မက္ဒရစ္အသင္းကို သာသာယာယာေက်ာ္ျဖတ္ခဲ့တဲ့ မိမိအသင္းသားေတြရဲ႕ စိတ္ဓာတ္ခြန္အားကို ဂုဏ္ယူမိေၾကာင္း ေျပာဆိုသြားခ်ိန္မွာ မန္စီးတီးကို အလဲထိုးခဲ့တဲ့ FA ဖလားႏိုင္ပြဲရဲ႕တြန္းအားေၾကာင့္ ယုံၾကည္မႈျမင့္တက္ခဲ့ၿပီး အခုလို ခ်န္ပီယံလိဂ္ ဖိုင္နယ္ကစားဖို႔ အစၥတန္ဘူလ္ကို ေရာက္ရွိလာျခင္းျဖစ္တယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။

တူဟယ္လ္အေနနဲ႔ ခ်န္ပီယံလ္ဂ္ဖိုင္နယ္မွာ အဂၤလန္အသင္းအခ်င္းခ်င္းျဖစ္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ရမယ့္ all-English Final ကို ေဖာ္ေဆာင္ႏိုင္စြမ္းရွိခဲ့လို႔ ေက်နပ္ေနသလို ဒီမီးေတာက္ဟာ မန္စီးတီးကို အလဲထိုးခဲ့တဲ့ FA ဖလားဆီမီးပြဲရဲ႕ ခြန္အားအျဖစ္ ရရွိခဲ့တာလို႔ ဆိုသြားခဲ့ပါတယ္။

သူဟာ ခ်ယ္လ္ဆီးကို ေရာက္ရွိလာတဲ့ ရာသီဝက္တာကာလအတြင္း FA နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ဗိုလ္လုပြဲမွာ ဖလားႏွစ္ေၾကာင္းအထိ ပို႔ေဆာင္ေပးႏိုင္စြမ္းခဲ့တာျဖစ္သလို လက္ရွိရာသီသိမ္းမွာလည္း ခ်ယ္လ္ဆီးအသင္းကို ပရီးမီးယားလိဂ္ အနိမ့္ဆုံး အဆင့္ ၄ ကေန အဆင့္ ၃ အထိ ဆြဲတင္ႏိုင္ဖို႔လည္း ေသခ်ာသေလာက္လည္း ရွိေနပါတယ္။

” မန္ခ်က္စတာစီးတီးကို ႏိုင္ခဲ့တာ သိပ္ကိုေကာင္းတဲ့ခံစားခ်က္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ယုံၾကည္မႈက အထြတ္အထိပ္ထိ ေရာက္သြားခဲ့တယ္။ ဒီခြန္အားကို ဆက္ၿပီးအသုံးခ်ႏိုင္ခဲ့ပါတယ္။ ဥေရာပအသင္းႀကီးဆိုတာေတြကိုမွ ကြၽန္ေတာ္တို႔က ျဖဳတ္ခ်င္တာပါ ”

” အစၥတန္ဘူလ္ကို ကြၽန္ေတာ္တို႔က ေခါင္းေမာ့ရင္ေကာ့ၿပီးသြားမွာျဖစ္တယ္။ ဗိုလ္လုပြဲရဲ႕အျဖည့္ခံအသင္းတသင္းအျဖစ္ သြားကစားမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား အႏိုင္တိုက္ဖို႔ သြားမွာပါ။ ”

” ရီးရဲလ္မက္ဒရစ္ကို ႏိုင္တဲ့ပြဲကို ခင္ဗ်ားတို႔ၾကည့္ရင္ ကြၽန္ေတာ္တို႔ အခြင့္အေရးေကာင္းေတြကို တလြဲလုပ္ပစ္ခဲ့ၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေျပာတာ အထင္မမွားနဲ႔။ တလြဲေတြလုပ္ပစ္ခဲ့ၿပီးခ်ိန္မွာေတာင္ ကြၽန္ေတာ္တို႔ စိတ္ဓာတ္မက်သြားဘဲ ေတာင့္ခံၿပီးဆက္တိုက္ခဲ့တာျဖစ္တယ္ ”

” တဂိုးရၿပီးေတာ့ ေနာက္တဂိုးရဖို႔ ဆက္တိုက္တယ္။ ရီးရဲလ္မက္ဒရစ္ကို ဂိုးျပန္မေပးရဖို႔ တၿပိဳင္တည္းမွာ ျပင္းျပင္းထန္ထန္ အားထုတ္ရတယ္။ အဆုံးမသတ္ႏိုင္တာေတာင္ ေပါက္ေပါက္ကြဲကြဲနဲ႔ ဆက္ကစားခဲ့တယ္။ ႏိုင္လိုစိတ္ျပင္းျပလြန္းခဲ့တယ္ ”

” ဒီလိုစိတ္ဓာတ္ခိုင္မာမႈကို ျပသခဲ့တဲ့ ကြၽန္ေတာ့္အသင္းသားေတြကို အႀကီးအက်ယ္ဂုဏ္ျပဳခ်င္ပါတယ္။ ကြၽန္ေတာ္လိုခ်င္တာ အဲဒါပါ။ အဲဒီလိုစိတ္ဓာတ္ပါ။ ဒါဟာ ကြၽန္ေတာ့္အသင္းရဲ႕ ေအာင္စိတ္ပါ။ ခ်န္ပီယံစိတ္ဓာတ္ပါ။ ” လို႔ တူဟယ္လ္က ေျပာဆိုၿပီး မန္စီးတီးေပးတဲ့အားနဲ႔ မန္ခ်က္စတာစီးတီးကို ၿဖိဳခ်မယ္လို႔ ဗိုလ္လုပြဲအတြက္ ​ႀကိဳတင္စိန္ေခၚသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.