Bundesliga Premier League

မန္ခ်က္စတာစီးတီးအတြက္ ဆာေနးကို လက္လႊတ္ႏိုင္ေအာင္ ဘုိင္ယန္ျမဴးနစ္ကမ္းလွမ္းမည္

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေျခစြမ္းထက္ျမက္တဲ့ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ လီရြဳိင္း ဆာေနးကို ေက်ေက်နပ္နပ္ လက္လႊတ္ႏိုင္မယ့္ ကမ္းလွမ္းမွဳမ်ဳိးျဖစ္တဲ့ ေဒးဗစ္ အလာဘာအျပင္ ေငြသား ေပါင္သန္း ၅၀ ကို အလိုက္ေပးၿပီး စတင္ကမ္းလွမ္းသြားဖို႔ ဘုိင္ယန္ျမဴးနစ္က စီစဥ္ေနပါတယ္။

ဆီနီေဂါႏြယ္ဖြား ဂ်ာမန္ေတာင္ပံကစားသမားကို ဘုိင္ယန္ျမဴးနစ္ကေတာ့ အေသရရ အရွင္ရရဆုိတဲ့ ပုံစံမ်ဳိးနဲ႔ အလိုရွိေနတာျဖစ္ၿပီး သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္မွာ ဆာ့ဂ်္ ဂနာဘရီနဲ႔အတူ လက္ေရြးစင္တုိက္စစ္နဲ႔ ဘယ္ညာေတာင္ပံေတြကို အဆင္ေျပသလို ဗ်ဴဟာေျပာင္းလဲႏိုင္ဖို႔နဲ႔ ဘြန္ဒက္စ္လီဂါကို ျပန္လည္စိုးမိုးဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာအတြက္ေတာ့ သူနဲ႔ ဘုိင္ယန္ျမဴးနစ္မွာ လက္တြဲခဲ့ဖူးၿပီး တုိက္စစ္မွာေရာ ခံစစ္မွာပါ ကူညီၿပီး ကစားကြက္ကို လိုအပ္သလို အေျပာင္းအလဲလုပ္ႏုိင္ေစမယ့္ အလာဘာဟာ မျငင္းႏုိင္တဲ့ ကမ္းလွမ္းမွဳတစ္ခုျဖစ္ေနႏုိင္ၿပီး ေပါင္သန္း ၁၃၀ သတ္မွတ္ထားတဲ့ ဆားေနးအတြက္ေတာ့ ေနာက္ထပ္ ေပါင္သန္း ၅၀ ထက္ ပုိမိုရရွိေအာင္ ထပ္မံညႇိႏွဳိင္းႏုိင္ခဲ့ရင္ေတာ့ အခ်ဳိေပၚ သကာေလာင္းတဲ့အတုိင္း ျဖစ္ေနမွာပါ။

ကြင္းလယ္ကေန ေဒးဗစ္ ေဆးလ္ဗားထြက္ခြာသြားမယ့္ ကြက္လပ္၊ ဘယ္ေနာက္ခံလူေတြျဖစ္တဲ့ ေတာင္ပံလူ ဇင္ခ်န္ကို၊ ေနာက္ခံလူစစ္စစ္ မန္ဒီတုိ႔ကို ကြင္းလယ္လူတစ္ပုိင္းျဖစ္တဲ့ Inverted Full Back ရဲ႕ ေရြ႕လ်ားမွဳေတြအတြက္ လက္ပူတုိက္သင္ေပးေနရတာ၊ ဆာေနးအတြက္ လစ္လပ္မယ့္ ေတာင္ပံေနရာ ဒီသုံးမ်ဳိးစလုံးကို ျဖည့္ဆည္းႏုိင္စြမ္းရွိတဲ့ အလာဘာကေတာ့ မန္စီးတီးအတြက္ လိုအပ္ခ်က္ေတြကို တစ္ၿပဳိင္တည္းျဖည့္ဆည္းႏုိင္ဖို႔ ရွိေနပါတယ္။

ဂြါဒီယိုလာအေနနဲ႔ သူ႕ကိုင္တြယ္ခဲ့တဲ့ အသင္းေတြမွာ ထုတ္ေဖာ္ခဲ့တဲ့ ညာျခမ္းက Inverted Full Back ေတြျဖစ္တဲ့ ဆာဂ်ီ ေရာ္ဘတ္တို၊ ဂ်ဳိရွဴအာ ကင္းမစ္ခ်္တုိ႔ရဲ႕ အခန္းက႑ကို မန္စီးတီးရဲ႕ ဘယ္ျခမ္းကို သြတ္သြင္းဖို႔ ႀကဳိးစားေနရာမွာ အလာဘာကိုသာ ရရွိခဲ့ရင္ေတာ့ ဘယ္ျခမ္းက လာေပါ့တ္နဲ႔ အတြဲအဖက္က ေတာ္ေတာ္ႀကီးကို ထက္ျမက္လာေတာ့မွာျဖစ္ၿပီး လီဗာပူးလ္ေနာက္ကို ေလွ်ာက်ခဲ့ရတဲ့ အေျခအေနကို ျပန္လည္ ျမႇင့္တင္ရာမွာ ဆာေနးရဲ႕ အေျပာင္းအေရႊ႕ကေန အမ်ားႀကီး အက်ဳိးရွိႏုိင္ေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းထက်မြက်တဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ လီရွိုင်း ဆာနေးကို ကျေကျေနပ်နပ် လက်လွှတ်နိုင်မယ့် ကမ်းလှမ်းမှုမျိုးဖြစ်တဲ့ ဒေးဗစ် အလာဘာအပြင် ငွေသား ပေါင်သန်း ၅၀ ကို အလိုက်ပေးပြီး စတင်ကမ်းလှမ်းသွားဖို့ ဘိုင်ယန်မြူးနစ်က စီစဉ်နေပါတယ်။

ဆီနီဂေါနွယ်ဖွား ဂျာမန်တောင်ပံကစားသမားကို ဘိုင်ယန်မြူးနစ်ကတော့ အသေရရ အရှင်ရရဆိုတဲ့ ပုံစံမျိုးနဲ့ အလိုရှိနေတာဖြစ်ပြီး သူတို့ရဲ့ တောင်ပံတိုက်စစ်မှာ ဆာ့ဂျ် ဂနာဘရီနဲ့အတူ လက်ရွေးစင်တိုက်စစ်နဲ့ ဘယ်ညာတောင်ပံတွေကို အဆင်ပြေသလို ဗျူဟာပြောင်းလဲနိုင်ဖို့နဲ့ ဘွန်ဒက်စ်လီဂါကို ပြန်လည်စိုးမိုးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာအတွက်တော့ သူနဲ့ ဘိုင်ယန်မြူးနစ်မှာ လက်တွဲခဲ့ဖူးပြီး တိုက်စစ်မှာရော ခံစစ်မှာပါ ကူညီပြီး ကစားကွက်ကို လိုအပ်သလို အပြောင်းအလဲလုပ်နိုင်စေမယ့် အလာဘာဟာ မငြင်းနိုင်တဲ့ ကမ်းလှမ်းမှုတစ်ခုဖြစ်နေနိုင်ပြီး ပေါင်သန်း ၁၃၀ သတ်မှတ်ထားတဲ့ ဆားနေးအတွက်တော့ နောက်ထပ် ပေါင်သန်း ၅၀ ထက် ပိုမိုရရှိအောင် ထပ်မံညှိနှိုင်းနိုင်ခဲ့ရင်တော့ အချိုပေါ် သကာလောင်းတဲ့အတိုင်း ဖြစ်နေမှာပါ။

ကွင်းလယ်ကနေ ဒေးဗစ် ဆေးလ်ဗားထွက်ခွာသွားမယ့် ကွက်လပ်၊ ဘယ်နောက်ခံလူတွေဖြစ်တဲ့ တောင်ပံလူ ဇင်ချန်ကို၊ နောက်ခံလူစစ်စစ် မန်ဒီတို့ကို ကွင်းလယ်လူတစ်ပိုင်းဖြစ်တဲ့ Inverted Full Back ရဲ့ ရွေ့လျားမှုတွေအတွက် လက်ပူတိုက်သင်ပေးနေရတာ၊ ဆာနေးအတွက် လစ်လပ်မယ့် တောင်ပံနေရာ ဒီသုံးမျိုးစလုံးကို ဖြည့်ဆည်းနိုင်စွမ်းရှိတဲ့ အလာဘာကတော့ မန်စီးတီးအတွက် လိုအပ်ချက်တွေကို တစ်ပြိုင်တည်းဖြည့်ဆည်းနိုင်ဖို့ ရှိနေပါတယ်။

ဂွါဒီယိုလာအနေနဲ့ သူ့ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ထုတ်ဖော်ခဲ့တဲ့ ညာခြမ်းက Inverted Full Back တွေဖြစ်တဲ့ ဆာဂျီ ရော်ဘတ်တို၊ ဂျိုရှူအာ ကင်းမစ်ချ်တို့ရဲ့ အခန်းကဏ္ဍကို မန်စီးတီးရဲ့ ဘယ်ခြမ်းကို သွတ်သွင်းဖို့ ကြိုးစားနေရာမှာ အလာဘာကိုသာ ရရှိခဲ့ရင်တော့ ဘယ်ခြမ်းက လာပေါ့တ်နဲ့ အတွဲအဖက်က တော်တော်ကြီးကို ထက်မြက်လာတော့မှာဖြစ်ပြီး လီဗာပူးလ်နောက်ကို လျှောကျခဲ့ရတဲ့ အခြေအနေကို ပြန်လည် မြှင့်တင်ရာမှာ ဆာနေးရဲ့ အပြောင်းအရွှေ့ကနေ အများကြီး အကျိုးရှိနိုင်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.