Match Report Premier League Serie A UCL&UEL

အိုလံပီကိုမှာ ရိုးမားတို့ အနိုင်ရခဲ့ပေမယ့် အေးအေးဆေးဆေး ဖိုင်နယ်တက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အီတလီမြေ အိုလံပီကိုကွင်းမှာ ရိုးမားကို ပထမအကျော့က ဂိုးပြတ်နိုင်ပွဲအပြီးမှာ ယုံကြည်မှုရှိရှိနဲ့ သက်တောင့်သက်သာကစားဖို့ ပြင်ဆင်လာနိုင်ခဲ့ပြီး အရန်ခုံက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဗန်ဒဘိခ်နဲ့ ဘိုင်လီတို့ကို သုံးစွဲပြီး အင်အားချွေတာခဲ့သလို ဂိုးမှာတော့ ပိုမိုယုံကြည်နိုင်တဲ့ ဒဟေးယားကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ ဂျန်လူကာ မန်ချီနီရဲ့ အနီးကပ်ကန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရပြီး ဒီကရတဲ့ ထောင့်ကန်ဘောကို ယူနိုက်တက်ကစားသမားဟောင်း မစ်ခီတာရီယန် ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘေးကနေပဲ ပိုက်ကို ထိထွက်သွားခဲ့ပါတယ်။

လေးဂိုး-ဂိုးမရှိနဲ့ နိုင်မှ နောက်တစ်ဆင့်တက်မှာဖြစ်လို့ ရိုးမားတို့ ကြိုးစားခဲ့ကြပေမယ့် ဂိုးပေါက်နဲ့ပဲ လွဲနေခဲ့ပြီး ဂျက်ကိုရဲ့ ကန်ချက်ကို ခံစစ်က ပိတ်ဆို့ခဲ့ချိန်မှာ ပြန်ထွက်လာတဲ့ ဘောလုံးကို ပယ်လီဂရီနီ ကန်ရာမှာလည်း ဂိုးသမား ဒဟေးယားက တားဆီးနိုင်ခဲ့သလို ဖရီးကစ်ကနေ မန်ချီနီရဲ့ နောက်ထပ်တစ်ကြိမ် ခေါင်းတိုက်ချက်ကိုလည်း အမိဖမ်းသွားခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မြားဦးကနေ ဖိုက်တာဆန်ဆန် ကစားပြနေတဲ့ ကာဗာနီက ဖရက်ဒ်ပေးတဲ့ ဘောလုံးနဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အပြင်းကန်သွင်းရာမှာ သူ့ရဲ့ ၂၅ မိနစ်ကန်ချက်ကို ပိတ်ဆို့ထားနိုင်ခဲ့တဲ့ ဂိုးသမား မီရန်တီ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့နေရာမှာ ဘရန်ဒန် ဝီလီယမ်စ်နဲ့ အဲလက်စ် တဲလက်စ်တို့ကို လူစားလဲခဲ့ပြီး ရိုးမားရဲ့ ထိုးဖောက်မှုတွေကို ဒဟေးယားတစ်ယောက် သုံးကြိမ်ထက်မနည်း ကာကွယ်ခဲ့ရသလို ပွဲချိန် ၅၇ မိနစ်မှာတော့ မစ်ခီတာရီယန်ရဲ့ ဖြတ်တင်ဘောကို ပက်ဒရိုက ထပ်ဆင့် မြေထောက်ကန်ပြီး ပြန်ချိုးပေးရာမှာ တိုက်စစ်မှူး ဂျက်ကိုက အနီးကပ် ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်လည် ရယူသွားခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန်မိနစ် ၆၀ မှာတော့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ရဲ့ ဘောလုံးပျက်တာကနေ ရသွားခဲ့တဲ့ ကွင်းလယ်လူ ပယ်လီဂရီနီက ထိုးပေးခဲ့တာကို ဘရိုင်ယန် ခရစ္စတန်တီက ထောင့်ဖြတ်ကန်သွင်းပြီး ဒဟေးယားကို ထပ်ပြီး အနိုင်ယူသွားခဲ့လို့ ရိုးမားတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ ကံမကောင်းတဲ့ ရိုးမားရဲ့ အနီးကပ် ပိတ်သွင်းချက်တွေကို နောက်တန်းနဲ့ ဂိုးသမား ဒဟေးယားတို့ နှစ်ကြိမ်ဆက် ကာကွယ်ခဲ့ရပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက်ကိုတော့ မီရန်တီ ကာကွယ်ခဲ့သလို ဂရင်းဝုဒ်ကတော့ အခွင့်အရေးတစ်ခုကို ဘေးချော်ကန်သွားခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ သူ့ကို အရွယ်လွန်နေပြီလို့ထင်ပြီး အေးဆေးလုပ်တဲ့ ရိုးမားနောက်တန်းတွေကို ကာဗာနီက ငါမအိုသေးကြောင်း ထပ်မံပြသခဲ့ပြန်ပြီး ဖာနန်ဒက်စ် မ,ပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကြားကနေ ဖောက်ထွက်ပြီး အနီးကပ် ပြေးဝင်ခေါင်းတိုက်ခဲ့တာက ယူနိုက်တက်တို့အတွက် သရေဂိုးဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ မစ်ခီတာရီယန်ရဲ့ ကန်ချက် တိုင်ထိခဲ့သလို ပက်ဒရိုရဲ့ ဖြတ်တင်ဘောကိုတော့ ဂျက်ကိုက ဂိုးဘားပေါ်ကျော်အောင် ခေါင်းတိုက်ခဲ့ပြီး ၈၃ မိနစ်မှာတော့ ဘယ်နောက်ခံလူ ဆန်တန်ရဲ့ ဖြတ်တင်ဘောကနေ လူစားဝင်လူငယ်တိုက်စစ်မှူး ဇာလက်ဗ်စကီးက Volley ကန်ချက်နဲ့ တတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ပွဲကို ထိန်းကစားသွားခဲ့ပြီး သုံးဂိုး-နှစ်ဂိုးရလဒ်နဲ့ ပြီးဆုံးခဲ့သလို နှစ်ပွဲပေါင်းရလဒ်မှာ ပြတ်ပြတ်သားသား ဖြစ်ခဲ့တဲ့ ရှစ်ဂိုး-ငါးဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားအတွက်တော့ ဆီမီးဖိုင်နယ်ကျိန်စာကို ကျော်ဖြတ်နိုင်ခဲ့သလို တစ်ဖက်က တက်လာတဲ့ ယူရိုပါလိဂ်ဘုရင်နည်းပြ အမ်မရီရဲ့ ဗီလာရီးရဲလ်နဲ့ မေလ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ဗိုလ်လုရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အီတလီေျမ အိုလံပီကိုကြင္းမွာ ႐ိုးမားကို ပထမအေက်ာ့က ဂိုးျပတ္ႏိုင္ပြဲအၿပီးမွာ ယုံၾကည္မႈရွိရွိနဲ႔ သက္ေတာင့္သက္သာကစားဖို႔ ျပင္ဆင္လာႏိုင္ခဲ့ၿပီး အရန္ခုံက ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ဗန္ဒဘိခ္နဲ႔ ဘိုင္လီတို႔ကို သုံးစြဲၿပီး အင္အားေခြၽတာခဲ့သလို ဂိုးမွာေတာ့ ပိုမိုယုံၾကည္ႏိုင္တဲ့ ဒေဟးယားကိုပဲ ပြဲထုတ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းခဲ့တဲ့ ဂ်န္လူကာ မန္ခ်ီနီရဲ႕ အနီးကပ္ကန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရၿပီး ဒီကရတဲ့ ေထာင့္ကန္ေဘာကို ယူႏိုက္တက္ကစားသမားေဟာင္း မစ္ခီတာရီယန္ ေခါင္းတိုက္ခဲ့ေပမယ့္ ဂိုးေဘးကေနပဲ ပိုက္ကို ထိထြက္သြားခဲ့ပါတယ္။

ေလးဂိုး-ဂိုးမရွိနဲ႔ ႏိုင္မွ ေနာက္တစ္ဆင့္တက္မွာျဖစ္လို႔ ႐ိုးမားတို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ဂိုးေပါက္နဲ႔ပဲ လြဲေနခဲ့ၿပီး ဂ်က္ကိုရဲ႕ ကန္ခ်က္ကို ခံစစ္က ပိတ္ဆို႔ခဲ့ခ်ိန္မွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို ပယ္လီဂရီနီ ကန္ရာမွာလည္း ဂိုးသမား ဒေဟးယားက တားဆီးႏိုင္ခဲ့သလို ဖရီးကစ္ကေန မန္ခ်ီနီရဲ႕ ေနာက္ထပ္တစ္ႀကိမ္ ေခါင္းတိုက္ခ်က္ကိုလည္း အမိဖမ္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုးရခဲ့ၿပီး တိုက္စစ္ျမားဦးကေန ဖိုက္တာဆန္ဆန္ ကစားျပေနတဲ့ ကာဗာနီက ဖရက္ဒ္ေပးတဲ့ ေဘာလုံးနဲ႔ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး အျပင္းကန္သြင္းရာမွာ သူ႔ရဲ႕ ၂၅ မိနစ္ကန္ခ်က္ကို ပိတ္ဆို႔ထားႏိုင္ခဲ့တဲ့ ဂိုးသမား မီရန္တီ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရၿပီး ပထမပိုင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ေနရာမွာ ဘရန္ဒန္ ဝီလီယမ္စ္နဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို လူစားလဲခဲ့ၿပီး ႐ိုးမားရဲ႕ ထိုးေဖာက္မႈေတြကို ဒေဟးယားတစ္ေယာက္ သုံးႀကိမ္ထက္မနည္း ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မစ္ခီတာရီယန္ရဲ႕ ျဖတ္တင္ေဘာကို ပက္ဒ႐ိုက ထပ္ဆင့္ ေျမေထာက္ကန္ၿပီး ျပန္ခ်ိဳးေပးရာမွာ တိုက္စစ္မႉး ဂ်က္ကိုက အနီးကပ္ ေခါင္းတိုက္ၿပီး ေခ်ပဂိုးတစ္ဂိုး ျပန္လည္ ရယူသြားခဲ့ပါတယ္။

သုံးမိနစ္အၾကာ ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ ေဘာလုံးပ်က္တာကေန ရသြားခဲ့တဲ့ ကြင္းလယ္လူ ပယ္လီဂရီနီက ထိုးေပးခဲ့တာကို ဘ႐ိုင္ယန္ ခရစၥတန္တီက ေထာင့္ျဖတ္ကန္သြင္းၿပီး ဒေဟးယားကို ထပ္ၿပီး အႏိုင္ယူသြားခဲ့လို႔ ႐ိုးမားတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္နဲ႔ ၆၂ မိနစ္ေတြမွာ ကံမေကာင္းတဲ့ ႐ိုးမားရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ေတြကို ေနာက္တန္းနဲ႔ ဂိုးသမား ဒေဟးယားတို႔ ႏွစ္ႀကိမ္ဆက္ ကာကြယ္ခဲ့ရၿပီး ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္ကိုေတာ့ မီရန္တီ ကာကြယ္ခဲ့သလို ဂရင္းဝုဒ္ကေတာ့ အခြင့္အေရးတစ္ခုကို ေဘးေခ်ာ္ကန္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ သူ႔ကို အ႐ြယ္လြန္ေနၿပီလို႔ထင္ၿပီး ေအးေဆးလုပ္တဲ့ ႐ိုးမားေနာက္တန္းေတြကို ကာဗာနီက ငါမအိုေသးေၾကာင္း ထပ္မံျပသခဲ့ျပန္ၿပီး ဖာနန္ဒက္စ္ မ,ေပးလိုက္တဲ့ ေဘာလုံးကို လူကြၽံေထာင္ေခ်ာက္ၾကားကေန ေဖာက္ထြက္ၿပီး အနီးကပ္ ေျပးဝင္ေခါင္းတိုက္ခဲ့တာက ယူႏိုက္တက္တို႔အတြက္ သေရဂိုးျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ မစ္ခီတာရီယန္ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့သလို ပက္ဒ႐ိုရဲ႕ ျဖတ္တင္ေဘာကိုေတာ့ ဂ်က္ကိုက ဂိုးဘားေပၚေက်ာ္ေအာင္ ေခါင္းတိုက္ခဲ့ၿပီး ၈၃ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ ဆန္တန္ရဲ႕ ျဖတ္တင္ေဘာကေန လူစားဝင္လူငယ္တိုက္စစ္မႉး ဇာလက္ဗ္စကီးက Volley ကန္ခ်က္နဲ႔ တတိယေျမာက္ဂိုးကို သြင္းယူခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပြဲကို ထိန္းကစားသြားခဲ့ၿပီး သုံးဂိုး-ႏွစ္ဂိုးရလဒ္နဲ႔ ၿပီးဆုံးခဲ့သလို ႏွစ္ပြဲေပါင္းရလဒ္မွာ ျပတ္ျပတ္သားသား ျဖစ္ခဲ့တဲ့ ရွစ္ဂိုး-ငါးဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ ဆီမီးဖိုင္နယ္က်ိန္စာကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို တစ္ဖက္က တက္လာတဲ့ ယူ႐ိုပါလိဂ္ဘုရင္နည္းျပ အမ္မရီရဲ႕ ဗီလာရီးရဲလ္နဲ႔ ေမလ ၂၆ ရက္ေန႔မွာ ယွဥ္ၿပိဳင္ဗိုလ္လုရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.