La Liga Match Report Premier League UCL&UEL

ဖုန်းဆက်လိုက်ရင် ကြေးစားအသည်းခွဲပေးတဲ့ အမ်မရီရဲ့ အာဆင်နယ်ကို ကြေကွဲစေခဲ့တဲ့ပွဲ

အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် ဒီနေ့မှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရင် ဖိုင်နယ်ကို တက်ဖို့ သေချာနိုင်မှာဖြစ်လို့ တိုက်စစ်ကို ဖိကစားခဲ့ပေမယ့် ခံစစ်ကိုလည်း တာဝန်ယူနိုင်မယ့် လူစာရင်းနဲ့ ထုတ်သုံးလာခဲ့ပြီး ပွဲကြိုလူစာရင်းထုတ်ပြန်မှုမှာ မပါတဲ့ တီယာနီကလည်း အရန်ခုံက မစောင့်ဘဲ ချာကာအစား ပွဲထွက်လာခဲ့ပါတယ်။

ကွင်းလယ်မှာ ပါတေးတစ်ယောက်တည်းကို Single Pivot အဖြစ် သုံးစွဲပြီး အထိုင်ပြောင်းခဲ့သလို ရှေ့က တိုက်စစ်ပိုင်းမှာတော့ အော်ဒီဂွါဒ်၊ စမစ်ရိုး၊ ပေပေ၊ ဆာကာတို့က တိုက်စစ်ကစားခဲ့ကြပြီး အထောင်တိုက်စစ်မှူးနေရာမှာ ပြီးခဲ့တဲ့ အကျော့မှာ လူစားဝင်ကစားသမားအဖြစ်ပဲ ပွဲထွက်ခွင့်ရခဲ့တဲ့ အူဘာမီယန်းက ကစားခဲ့ပါတယ်။

ဗီလာရီးရဲလ်ရဲ့ နှေးကွေးနဲ့ ခံစစ်နဲ့ Space တွေကို လျင်မြန်တဲ့ အာဆင်နယ်တိုက်စစ်က ထိုးနှက်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ဒီနေ့ပွဲမှာ အူနိုင်း အမ်မရီအနေနဲ့ ခပ်စိပ်စိပ်ကစားပုံနဲ့ Channel တွေကို တတ်နိုင်သမျှ ကျဉ်းပစ်ခဲ့သလို ဂန်းနားဟောင်း ကိုကလင်ကိုလည်း ပွဲထုတ်ခဲ့ပြီး သူကလည်း အဓိက ခြေစွမ်းပြနိုင်ခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက ဗီလာရီးရဲလ်တို့က အလစ်ချောင်းကစားရာကနေ အဝေးဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ညာတောင်ပံက ချုခ်ဝူဇီရဲ့ ဘယ်ခြေကန်ချက်ကို လီနိုက ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ကွင်းလယ်လူ ပါရီဟိုရဲ့ ဖရီးကစ်ကန်ချက်က လှပခဲ့ပေမယ့် ဂိုးဘားပေါ်က အနည်းငယ် ကပ်ပြီး ကျော်သွားခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ အာဆင်နယ်ကပ္ပတိန် အူဘာမီယန်းရဲ့ ကန်ချက်က နည်းစနစ်ပိုင်းအရ ကောင်းခဲ့ပေမယ့် တိုင်ဘေးက ပွတ်ထွက်သွားခဲ့ပြီး ဒီပွဲရဲ့ အလွဲကောင်းတစ်ခုအဖြစ်တော့ ပွဲချိန် မိနစ် ၃၀ မှာ ဒဏ်ရာသွားခဲ့တဲ့ ချုခ်ဝူဇီအစား ပီနို ဝင်လာခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ညာသန် တောင်ပံကစားသမားက နိုင်ဂျီးရီးယားသားထက် အသင်းလိုက်စုဖွဲ့ကစားမှုကို ပိုပြီး ပေးစွမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ ဘယ်ခြမ်းက အူဘာမီယန်းရဲ့ ကန်ချက်ကို ဗီလာရီးရဲလ်ဂိုးသမား ရူလီ လွတ်ကျပြီး ပေါင်ကြားကပါ ဂိုးဘက်ကို လိမ့်ထွက်လာခဲ့ပေမယ့် အချိန်မီ ပြန်လည်ဖမ်းဆီးနိုင်ခဲ့လို့ အာဆင်နယ်တို့ ကံမကောင်းခဲ့ဘဲ ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပဲ စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင်မှာ ပေပေရဲ့ ဘယ်ခြမ်းက ကန်ချက် တိုင်ဘေးကပဲ ထွက်သွားခဲ့သလို ဂိုးသမား ပုတ်ပြီး လွတ်ကျတဲ့ ဘောလုံးကို စမစ်ရိုးက ပါးပါးနပ်နပ်ကန်ဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြီး ဒီနေ့ပွဲမှာ အာဆင်နယ်တို့ရဲ့ အဆုံးသတ်ပိုင်းကတော့ ၁၄ ကြိမ်ကန်ရာမှာ ၂ ကြိမ် ဂိုးပေါက်တည့်မှုနဲ့ ဆိုးရွားနေခဲ့ချိန်မှာ ပွဲချိန် ၆၆ မိနစ်မှာတော့ အော်ဒီဂွါဒ်အစား မာတီနယ်လီ ဝင်ကစားလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ ဟိုးလ်ဒင်းရဲ့ အလွတ်ခေါင်းတိုက်ချက်နှစ်ကြိမ်က ဂိုးနဲ့ မဆိုင်ဘဲ လွဲခဲ့ပြန်ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်အပျက်ရဆုံးဖြစ်ရပ်အနေနဲ့ ဘယ်လာရင်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို အူဘာမီယန်းရဲ့ ခေါင်းတိုက်ချက်က တိုင်ထိပြီး ပြန်ထွက်ခဲ့ရာမှာ ဗီလာရီးရဲလ်နောက်ခံလူ အယ်လ်ဘီယိုလ်က ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အူဘာမီယန်းအစား လာကာဇက်၊ တီယာနီအစား ဝီလီယန်၊ ဘယ်လာရင်အစား နကီးတီးယားတို့ကို ထည့်ပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အင်္ဂလန်ယူ-၂၁ ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကတော့ ဒိုင်လူကြီးသာ မညှာခဲ့ရင် နှစ်ဝါတစ်နီတောင် ထိသွားနိုင်တဲ့ အစွမ်းကိုပဲ ပြသနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ အူနိုင်း အမ်မရီတစ်ယောက် သူ့ကို စိတ်မရှည်ခဲ့တဲ့ အသင်းဟောင်းကို လက်စားချေနိုင်ခဲ့ပါတယ်။

ဒီပွဲကို ရှုံးနိမ့်ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်တို့အတွက်တော့ လာမယ့်ရာသီမှာ ၂၅ နှစ်အတွင်း ဥရောပပြိုင်ပွဲဆိုလို့ မူးလို့တောင် ရှူစရာမရှိတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ရပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် တော်တော်လေးဆိုးရွားခဲ့တဲ့ မှတ်တမ်းဆိုးတွေ ပြည့်နှက်နေတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရချိန်မှာ ပရိသတ်တွေရဲ့ ဒေါသတွေကတော့ အမြင့်ဆုံးဆီကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ထားခဲ့တာေၾကာင့္ ဒီေန႔မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရင္ ဖိုင္နယ္ကို တက္ဖို႔ ေသခ်ာႏိုင္မွာျဖစ္လို႔ တိုက္စစ္ကို ဖိကစားခဲ့ေပမယ့္ ခံစစ္ကိုလည္း တာဝန္ယူႏိုင္မယ့္ လူစာရင္းနဲ႔ ထုတ္သုံးလာခဲ့ၿပီး ပြဲႀကိဳလူစာရင္းထုတ္ျပန္မႈမွာ မပါတဲ့ တီယာနီကလည္း အရန္ခုံက မေစာင့္ဘဲ ခ်ာကာအစား ပြဲထြက္လာခဲ့ပါတယ္။

ကြင္းလယ္မွာ ပါေတးတစ္ေယာက္တည္းကို Single Pivot အျဖစ္ သုံးစြဲၿပီး အထိုင္ေျပာင္းခဲ့သလို ေရွ႕က တိုက္စစ္ပိုင္းမွာေတာ့ ေအာ္ဒီဂြါဒ္၊ စမစ္႐ိုး၊ ေပေပ၊ ဆာကာတို႔က တိုက္စစ္ကစားခဲ့ၾကၿပီး အေထာင္တိုက္စစ္မႉးေနရာမွာ ၿပီးခဲ့တဲ့ အေက်ာ့မွာ လူစားဝင္ကစားသမားအျဖစ္ပဲ ပြဲထြက္ခြင့္ရခဲ့တဲ့ အူဘာမီယန္းက ကစားခဲ့ပါတယ္။

ဗီလာရီးရဲလ္ရဲ႕ ေႏွးေကြးနဲ႔ ခံစစ္နဲ႔ Space ေတြကို လ်င္ျမန္တဲ့ အာဆင္နယ္တိုက္စစ္က ထိုးႏွက္ႏိုင္လိမ့္မယ္လို႔ ထင္ထားခဲ့ေပမယ့္ ဒီေန႔ပြဲမွာ အူႏိုင္း အမ္မရီအေနနဲ႔ ခပ္စိပ္စိပ္ကစားပုံနဲ႔ Channel ေတြကို တတ္ႏိုင္သမွ် က်ဥ္းပစ္ခဲ့သလို ဂန္းနားေဟာင္း ကိုကလင္ကိုလည္း ပြဲထုတ္ခဲ့ၿပီး သူကလည္း အဓိက ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ဗီလာရီးရဲလ္တို႔က အလစ္ေခ်ာင္းကစားရာကေန အေဝးဂိုးရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ညာေတာင္ပံက ခ်ဳခ္ဝူဇီရဲ႕ ဘယ္ေျခကန္ခ်က္ကို လီႏိုက ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ကြင္းလယ္လူ ပါရီဟိုရဲ႕ ဖရီးကစ္ကန္ခ်က္က လွပခဲ့ေပမယ့္ ဂိုးဘားေပၚက အနည္းငယ္ ကပ္ၿပီး ေက်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ အာဆင္နယ္ကပၸတိန္ အူဘာမီယန္းရဲ႕ ကန္ခ်က္က နည္းစနစ္ပိုင္းအရ ေကာင္းခဲ့ေပမယ့္ တိုင္ေဘးက ပြတ္ထြက္သြားခဲ့ၿပီး ဒီပြဲရဲ႕ အလြဲေကာင္းတစ္ခုအျဖစ္ေတာ့ ပြဲခ်ိန္ မိနစ္ ၃၀ မွာ ဒဏ္ရာသြားခဲ့တဲ့ ခ်ဳခ္ဝူဇီအစား ပီႏို ဝင္လာခဲ့တာျဖစ္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ ညာသန္ ေတာင္ပံကစားသမားက ႏိုင္ဂ်ီးရီးယားသားထက္ အသင္းလိုက္စုဖြဲ႕ကစားမႈကို ပိုၿပီး ေပးစြမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဘယ္ျခမ္းက အူဘာမီယန္းရဲ႕ ကန္ခ်က္ကို ဗီလာရီးရဲလ္ဂိုးသမား ႐ူလီ လြတ္က်ၿပီး ေပါင္ၾကားကပါ ဂိုးဘက္ကို လိမ့္ထြက္လာခဲ့ေပမယ့္ အခ်ိန္မီ ျပန္လည္ဖမ္းဆီးႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ကံမေကာင္းခဲ့ဘဲ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရနဲ႔ပဲ စိတ္ပ်က္စရာျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး မၾကာခင္မွာ ေပေပရဲ႕ ဘယ္ျခမ္းက ကန္ခ်က္ တိုင္ေဘးကပဲ ထြက္သြားခဲ့သလို ဂိုးသမား ပုတ္ၿပီး လြတ္က်တဲ့ ေဘာလုံးကို စမစ္႐ိုးက ပါးပါးနပ္နပ္ကန္ဖို႔ ႀကိဳးစားေပမယ့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့ၿပီး ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ရဲ႕ အဆုံးသတ္ပိုင္းကေတာ့ ၁၄ ႀကိမ္ကန္ရာမွာ ၂ ႀကိမ္ ဂိုးေပါက္တည့္မႈနဲ႔ ဆိုး႐ြားေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္အစား မာတီနယ္လီ ဝင္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာေတာ့ ဟိုးလ္ဒင္းရဲ႕ အလြတ္ေခါင္းတိုက္ခ်က္ႏွစ္ႀကိမ္က ဂိုးနဲ႔ မဆိုင္ဘဲ လြဲခဲ့ျပန္ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ စိတ္အပ်က္ရဆုံးျဖစ္ရပ္အေနနဲ႔ ဘယ္လာရင္ရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကို အူဘာမီယန္းရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိၿပီး ျပန္ထြက္ခဲ့ရာမွာ ဗီလာရီးရဲလ္ေနာက္ခံလူ အယ္လ္ဘီယိုလ္က ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အူဘာမီယန္းအစား လာကာဇက္၊ တီယာနီအစား ဝီလီယန္၊ ဘယ္လာရင္အစား နကီးတီးယားတို႔ကို ထည့္ၿပီး ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အဂၤလန္ယူ-၂၁ ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ကေတာ့ ဒိုင္လူႀကီးသာ မညႇာခဲ့ရင္ ႏွစ္ဝါတစ္နီေတာင္ ထိသြားႏိုင္တဲ့ အစြမ္းကိုပဲ ျပသႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ အူႏိုင္း အမ္မရီတစ္ေယာက္ သူ႔ကို စိတ္မရွည္ခဲ့တဲ့ အသင္းေဟာင္းကို လက္စားေခ်ႏိုင္ခဲ့ပါတယ္။

ဒီပြဲကို ရႈံးနိမ့္ထြက္ခြာခဲ့ရတဲ့ အာဆင္နယ္တို႔အတြက္ေတာ့ လာမယ့္ရာသီမွာ ၂၅ ႏွစ္အတြင္း ဥေရာပၿပိဳင္ပြဲဆိုလို႔ မူးလို႔ေတာင္ ရႉစရာမရွိတဲ့ အျဖစ္မ်ိဳးနဲ႔ ႀကဳံခဲ့ရၿပီျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ေတာ္ေတာ္ေလးဆိုး႐ြားခဲ့တဲ့ မွတ္တမ္းဆိုးေတြ ျပည့္ႏွက္ေနတဲ့ ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရခ်ိန္မွာ ပရိသတ္ေတြရဲ႕ ေဒါသေတြကေတာ့ အျမင့္ဆုံးဆီကို ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.