Article Ligue1 UCL&UEL

PSG တို့ ချန်ပီယံလိဂ်မှာ ကောင်းရှုံးကြီးဖြစ်ခဲ့တာ ဟုတ်မဟုတ်(PSG ဆောင်းပါး အဆက်-၂)

ပီအက်စ်ဂျီအသင်းကို သုံးသပ်တဲ့ ဆောင်းပါးရေးလိုက်တော့ A2Z Page ကို ကွန်ပလိန့်တွေ အများကြီး ရောက်လာပါတယ်။ ရှုံးမှ ဘလိမ်းတယ်၊ စဆရကလုပ်တယ်ပေါ့။ ဒါပေမယ့် တစ်ခုပဲပြောရရင် ပီအက်စ်ဂျီအသင်းဟာ ကာလို အန်ဆယ်လော့တီနဲ့ လိုရွန် ဘလွန့်စ်(လော့ရင့် ဘလန့်စ်)တို့နောက်ပိုင်းမှာ အသင်းကြီးတစ်သင်းဖြစ်ခဲ့သလားဆိုတာ ကြည့်ကြရအောင်ပါ။

အန်ဆယ်လော့တီလက်ထက်က အသင်းကြီးတွေနဲ့ တွေ့ဆုံမှုတွေမှာ တိုက်စစ်ကို အရမ်းဦးစားမပေးတဲ့ နည်းပြဖြစ်လို့ ဂိုးပြတ်နိုင်ပွဲမျိုး နည်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ အဆင့်မြင့်တဲ့ ကစားဟန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အန်ဆယ်လော့တီ ထွက်သွားခဲ့တော့ သူ့နေရာမှာ ဘလွန့်စ် ရောက်လာခဲ့ပြီး အသင်းပိုင်ရှင်တွေ ပိုကြိုက်တဲ့ တိုက်စစ်ကစားဟန်နဲ့ ကစားသမားကောင်းတွေကို စုဆောင်းခဲ့သလို တိုက်စစ်ကလည်း ပိုပြီး ကောင်းမွန်လာခဲ့တယ်။

၂၀၁၂ နွေမှာ ရောက်လာခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်၊ သီယာဂို ဆေးလ်ဗား၊ မော့တာ၊ လာဗက်ဇီ၊ ဗာရက်တီ၊ လူးကပ်စ် မော်ရာ၊ ဗန်ဒါဗီယယ်လ်တို့ဟာ အသင်းရဲ့ ကစားပုံနဲ့ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သလို လူခံတွေဖြစ်ကြတဲ့ ပတ်စတိုရီ၊ မာတွီဒီ၊ မက်စ်ဝဲလ်၊ ဂါမေးရိုး၊ ဆီရီဂူတို့လို ကစားသမားတွေနဲ့ ပေါင်းပြီး နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ အသင်းကောင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ရလဒ်ကတော့ ဘာစီလိုနာကို ၁၆ သင်းအဆင့်မှာ အဝေးဂိုးနဲ့ ရှုံးပြီး ပြုတ်တာပါ။

နောက်တစ်ရာသီဖြစ်တဲ့ ၂၀၁၃-၁၄ မှာ ကာဗာနီကို ဆက်ခေါ်တယ်။ ကွင်းလယ်မှာ ကာဘိုင်း၊ နောက်တန်းမှာ မားကင်ညော့စ်နဲ့ ဒီညီ ရောက်လာတယ်။ ပြန်ရှင်းထုတ်ခဲ့တဲ့ ကစားသမားတွေက လူဟောင်း ပြင်သစ်သားတွေနဲ့ ဂါမေးရိုးတို့လောက်ပဲ။ ကွင်းလယ်မှာ လူငယ် ရာဗျို ကစားခွင့် တော်တော်ရလာတဲ့ ဒီရာသီမှာတော့ ချဲလ်ဆီးကို အိမ်ကွင်းမှာ တစ်ဂိုးပေးခဲ့ရလို့ အဝေးဂိုးနဲ့ပဲ ချန်ပီယံလိဂ်ကွာတားက ပြုတ်ခဲ့ပြန်တယ်။

လိုရွန် ဘလွန့်စ်လက်ထက်မှာ အသင်းရဲ့ ကစားပုံက ဆွဲဆောင်မှုရှိပြီး တိုးတက်လာတာက ငြင်းမရဘူး။ ၂၀၁၄-၁၅ ရာသီမှာတော့ ပြည့်စုံမှုရှိနေတဲ့ လူစာရင်းကို ချဲလ်ဆီးကနေ ဒေးဗစ် လူးဝစ်ဇ်တစ်ယောက်ပဲ ထပ်ဖြည့်တယ်။ အခု စပါးစ်မှာ ကစားနေတဲ့ အော်ရီယေးကို တူးလူးစ်ကနေ အငှားနဲ့ စမ်းခေါ်တယ်။ မနှစ်က အနာပေးခဲ့တဲ့ ချဲလ်ဆီးကို အချိန်ပိုမှာ အဝေးဂိုးနဲ့နိုင်တယ်။ ဒါပေမယ့် ကွာတားမှာပဲ ဘာစီလိုနာကို မယှဉ်နိုင်ဘဲ လှည့်ပြန်ခဲ့ရပြန်တယ်။

၂၀၁၅-၁၆ မှာလည်း လူစာရင်းက အဖြည့်ချည်းပဲ၊ ကာဘိုင်းနဲ့ လာဗက်ဇီတို့လို အခန်းကဏ္ဍနည်းပြီး ခြေစွမ်းမကြိုက်သူတွေကို ထုတ်တယ်။ အခုထိ သက်တော်ရှည်နေတဲ့ ဒီမာရီယာ၊ ဂိုးသမား ထရက်ပ်၊ ကွင်းလယ်ရော ခံစစ်ပါရတဲ့ စတမ်ဘူလီ၊ မိုနာကိုမှာ ဟော့နေတဲ့ ကာဇာဝါတို့ကို အားဖြည့်တယ်။ တစ်နေရာမှာ ဒေါင်ဒေါင်မြည်နှစ်ယောက်နဲ့ စိတ်ကြိုက် အတင်အချလုပ်လို့ရတဲ့ အသင်းဖြစ်လာတယ်။ ဒါပေမယ့် ဘယ်လိုပြောရမလဲ၊ ထူးမခြားနား စတိုရီက ကွာတားမှာပဲ မန်စီးတီးကို ရှုံးပြီး ပြုတ်ပြန်တယ်။

၂၀၁၆-၁၇ မှာတော့ အပြောင်းအလဲတွေ ကြီးခဲ့တယ်။ နည်းပြ အမ်မရီရောက်လာပြီး အရှိန်အဝါမြင့်တဲ့ အီဘရာဟီမိုဗစ်ချ် ထွက်သွားတယ်၊ ဒေးဗစ် လူးဝစ်ဇ် ချဲလ်ဆီးပြန်ပြီး ဗန်ဒါဗီယယ်လ်၊ ဆီရီဂူ၊ စတမ်ဘူလီ၊ ဒီညီတို့ ထွက်သွားတယ်။ အသင်းနဲ့ အံမဝင်တဲ့ ခေါ်ယူမှုတွေ စလာတယ်။ ဆီဗီလာကနေ အမ်မရီခေါ်လာတဲ့ ခရာဟိုဗီယက်က အလုပ်မဖြစ်ဘူး၊ ရီးရဲလ်ဂျင်း ဟီဆေးကို ခံလိုက်ရတယ်၊ လိုဆဲလ်ဆို၊ ဒရက်ဆလာ၊ မူနီယေး၊ ဂွန်ဆာလို ဂေးဒက်စ်တို့ ရောက်လာတယ်။

ခရာဟိုဗီဟက်၊ ဟီဆေး၊ ဂေးဒက်စ်တို့ အံမဝင်ပေမယ့် ကာဗာနီရဲ့ ဂိုးသွင်းအား၊ ဒီမာရီယာရဲ့ ဖန်တီးမှု၊ မာတွီဒီ၊ မော့တာတို့ရဲ့ ကွင်းလယ်၊ ဟန်ချက်ညီတဲ့ ကစားပုံနဲ့ အမ်မရီတို့ အလုပ်ဖြစ်ခဲ့တယ်။ ဒရက်ဆလာကလည်း ဒဏ်ရာများပေမယ့် ခြေစွမ်းကောင်းခဲ့ပြီး ချန်ပီယံလိဂ်ရလဒ်ကတော့ ၁၆ သင်းအဆင့်မှာ ဘာစီလိုနာကို လေးဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်းမှာ နိုင်ပြီးမှ ဒိုင်ကူကူ ဘယ်လိုညစ်ညစ် ခြောက်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တဲ့ Good Ebening ရဲ့ ရလဒ်က အားလုံးပြောစရာဖြစ်ခဲ့တယ်။

၂၀၁၇-၁၈ မှာတော့ ယူရီဆိုတဲ့ ဘတ်စ်ကေးသားက တစ်ရာသီ လာလည်တယ်။ ဒန်နီယယ်လ် အဲလ်စ်ဗက်က အလွတ်နဲ့ ဂျူဗီက လာတယ်။ နေမာကို ယူရို ၂၂၂ သန်း လျော်ကြေးနဲ့ ခေါ်ပြီး အမ်ဘာပေကို အငှားနဲ့ စခေါ်တယ်။ ဒီရာသီမှာ ပြောရရင်တော့ အခုလို ပုံမလာ ပီအက်စ်ဂျီဖြစ်လာဖို့ အစပျိုးခဲ့တာပဲ။ ကွင်းလယ်လူတွေ တသီကြီး ထွက်သွားတယ်။ မာတွီဒီကို ထိန်းမထားနိုင်ဘူး။ ပတ်စတိုရီနဲ့ မော့တာတို့ ခြေကျလာတယ်။ ဂေးဒက်စ်ကို ရှင်းထုတ်နိုင်ခဲ့ပေမယ့် လူးကပ်စ် မော်ရာကို ရောင်းလိုက်တာက နည်းနည်းနာတယ်။ အမ်မရီရဲ့ ခရာဟိုဗီယက် သုံးမရလို့ ဝက်စ်ဘရွန်းကို ငှားခဲ့ရတယ်။

ဒီရာသီမှာတော့ ရော်နယ်လ်ဒို ကောင်းလွန်းနေတဲ့ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့လုံးရှုံးပြီး ပြိုင်ပွဲက ထွက်ရပြန်တယ်။ နေမာလား? အသင်းငယ်တွေနဲ့ဆို ခြေစွမ်းပြပေမယ့် ပွဲကြီးတွေမှာ ဘယ်ရောက်နေမှန်း မသိဘူး။ ကာဗာနီကိုပဲ အားကိုးနေရပြီး သူခြေစွမ်းမပြနိုင်ရင်၊ နာနေရင် အဆင်မပြေတဲ့ အသင်းကနေ ရာသီကုန်တော့ အမ်မရီ အထုတ်ခံလိုက်ရတယ်။

၂၀၁၈-၁၉ မှာ တူဟယ်လ်ရောက်လာတယ်။ အမ်ဘာပေကို အပြီးသတ်ဝယ်တယ်။ ဘယ်နားသုံးရမှန်းမသိတဲ့ ခယ်ရာ၊ အရွယ်လွန် ဘူဖွန်၊ ဆရာကြီးတွေကို အရန်ခုံ ပို့ပစ်တဲ့ ချိုပိုမိုတင်း၊ လီယန်ဒရို ပါရေးဒက်စ်တို့ကို ခေါ်တယ်။ အသင်းအတွက် တိုက်စစ်ခံစစ်မှာ အားကိုးရတဲ့ ဘားနတ်ကတော့ ဂွါဒီယိုလာလက်ထွက်မို့ အားကိုးလို့ရခဲ့တာပေါ့။ ပါရေးဒက်စ်ကတော့ Normal Pass ကလွဲရင် ဖြောင့်အောင် ပေးတတ်တဲ့သူ မဟုတ်ချိန်မှာ မော့တာ အနားယူပြီး ပတ်စတိုရီ၊ လိုဆဲလ်ဆိုတို့လို ဖန်တီးတတ်တဲ့ ကစားသမားတွေကို ရောင်းပစ်လိုက်တယ်။

ပီအက်စ်ဂျီရဲ့ ကွာလတီ ကျဆုံးခန်းက ဘယ်နေရာမှာ စသလဲဆိုရင် အဲ့ဒီမှာပါပဲ။ လုံးဝဖန်တီးမှု မရှိတဲ့ ကွင်းလယ်ဟာ တူဟယ်လ်ရဲ့ 3 Back System မှာတော့ လုပ်အားနှုန်းဦးစားပေးတဲ့ ကွင်းလယ်ကစားသမားတွေနဲ့ အထိုက်အလျောက်အဆင်ပြေခဲ့သေးသလို ဒီမာရီယာကလည်း အသက် အရမ်းမကြီးသေးဘူး။ ကာဗာနီလို တိုက်စစ်ကို ဦးဆောင်ပေးမယ့် ဝါရင့်၊ နေမာ၊ အမ်ဘာပေ၊ ကွင်းလယ်မှာ ရာဗျို၊ အန်ကွန်ကူး၊ ဒီယာဘီတို့နဲ့ အတော်လေး ဟုတ်သွားလိုက်သေးတယ်။ ဒါပေမယ့် အဲ့ဒီရာသီမှာ ချန်ပီယံလိဂ်ကနေ မန်ချက်စတာယူနိုက်တက်ကို ရှုံးပြီး ၁၆ သင်းအဆင့်မှာပဲ တာ့တာပြတယ်။

ဒီလိုနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၉-၂၀ ရာသီ ရောက်ခဲ့တယ်။ ကီလော် နာဗက်စ်၊ ဆာဂျီယို ရီကို၊ ဘက်ကာ၊ အက်ဘ်ဒူ ဂျယ်လို၊ ဟာရဲရား၊ ဂါနာ ဂယ်ယေး၊ အီကာဒီတို့ ဝင်လာတယ်။ ဖန်တီးမှုကို သတ်နေသလား မှတ်ရတဲ့ ပီအက်စ်ဂျီတာဝန်ရှိသူတွေကတော့ လိုဆဲလ်ဆိုကို အပြီးသတ်ရောင်း၊ ရာဗျိုကို မထိန်းနိုင်၊ ဒီယာဘီ၊ အွန်ကွန်ကူးတို့လို Creative အစွမ်းရှိသူတွေကိုလည်း ငွေဖော်ပစ်ခဲ့တယ်။ အဓိကကတော့ FFP မငြိအောင် လုပ်ရင်း အမ်ဘာပေ၊ နေမာတို့ရဲ့ ပြောင်းရွှေ့ကြေး ပိနေသမျှအတွက် ပြန်ဖြည့်တာပါပဲ။ ဒါက အသင်းရဲ့ အောင်မြင်နိုင်စွမ်းကို ထိခိုက်စေခဲ့တယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားကစလို့ ကိုဗစ်ကြောင့် တစ်ကျော့တည်းကစားပြီး လမ်းကြောင်းချောင်ချောင်နဲ့ ဖိုင်နယ်ကို တောင်မှန်းမြောက်မှန်းမသိ တက်သွားခဲ့တယ်။ ဘိုင်ယန်နဲ့ အတွေ့မှာတော့ အောက်ကချည်း ခံစစ်ပိတ်ကစားနေပြီး ကွင်းလယ်ကနေ ဘောလုံး ပြန်ထွက်မလာ၊ အမ်ဘာပေနဲ့ နေမာတို့ဆီ ဘောလုံးမရောက်တဲ့အခါ အရန်ခုံက ကာဗာနီနဲ့ အီကာဒီကို ငုတ်တုတ်ထားပြီး ချူပိုမိုတင်းကို ဦးစားပေးသုံးတဲ့ တူဟယ်လ်တစ်ယောက် ဘာမှမလုပ်နိုင်ဘဲ ပေါ်တူဂီကနေ လှည့်ပြန်ခဲ့ရတယ်။

အပြောင်းအရွှေ့တွေက ဒီရာသီမှာလည်း ထပ်လွဲတာပါပဲ။ ပိုဆိုးတာက တိုက်စစ်ရော ခံစစ်ပါရတဲ့ နောက်ခံလူတွေ ထွက်သွားတာပါ။ ပါဝါကောင်းလွန်းတဲ့ မူနီယေးက အလွတ်နဲ့ လစ်သွားပြီး သီယာဂို ဆေးလ်ဗား၊ ကာဗာနီ၊ ချူပိုမိုတင်း၊ ဟီဆေးတို့အတွက် တစ်ပြားမှ ပြန်မရခဲ့ဘူး။ ပြန်ခေါ်တဲ့သူတွေက အငှားနဲ့ အီကာဒီကို အပြီးသတ်၊ ဖန်တီးမှုဆိုတာ မကြားဖူးတဲ့ ရာဖင်ညာကို သူ့အစ်ကို မခေါ်နိုင်လို့ ဆွဲစိ၊ ရိုးမားရဲ့ တိုက်စစ်ကနေ ခံစစ်ကို ပြောင်းကစားပြီး အသားမကျသေးတဲ့ ဖလော်ရန်ဇီနဲ့ မသိဘူး ဖျက်မယ်ဆိုတဲ့ ပေါ်တိုက ဒါနီလို ပါရဲရားကို ခေါ်ပြီး ကျန်တာက ဘာမှ သေချာ အားမဖြည့်နိုင်ခဲ့တာပါ။ ဒီကြားထဲ ဖန်တီးမှုတော်တော်များများကို တာဝန်ခံပေးတဲ့ ဘားနတ်က ဒူးထိပြီး ခုထိ လစ်နေတုန်းပါ။

ဒီလိုနဲ့ ရာသီဝက်မှာ တူဟယ်လ်အထုတ်ခံလိုက်ရပြီး အသင်းကတော့ လက်ရှိအချိန်အထိ အမြဲတမ်းယူနေကျ ဖားမားစ်လိဂ်မှာ ပွဲစဉ် ၃၅ အထိ ဂဏန်းမငြိမ်သေးဘူး။ ချန်ပီယံလိဂ်မှာတော့ အဖက်ဖက်က ယိုင်နဲ့နေတဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်ဆိုတဲ့ နာမည်တွေကို အနိုင်ယူပြီး ဆီမီးအထိ တက်လာတော့ ဟုတ်ပြီထင်နေတုန်း မန်စီးတီးရှေ့မှာ ခေါင်းမဖော်နိုင်ခဲ့ဘူး။ ဝင်လာတဲ့ ပိုချက်တီနိုလည်း စပါးစ်လောက်တောင် ဟန်ချက်မညီတော့တဲ့ ဒီအသင်းကို ဘာမှ မတတ်နိုင်ဘဲ ပက်ပ်ဆီ အကြွေးပြန်ဆပ်လိုက်ရတယ်။

ကွင်းလယ်ဆိုတာ အသက်ဖြစ်နေတဲ့ ဒီနေ့ခေတ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ပြီး ကွင်းလယ်ကောင်းကို ပိုင်သွားတဲ့ တူဟယ်လ် ဘာဖြစ်သွားလဲ၊ ဖိုင်နယ်ရောက်သွားတယ်။ ဉာဏ်မရှိတဲ့ ကွင်းလယ်လူတွေနဲ့ ကျန်ခဲတဲ့ ပီအက်စ်ဂျီကတော့ နေမာနဲ့ အမ်ဘာပေတို့ ဘာမှ မလုပ်နိုင်ရင် ဒုက္ခရောက်သွားတယ်။ ဒါပါပဲ။ ပိတောက်တစ်မျက်နှာသီချင်း နားမထောင်ရပေမယ့် နှစ်ယောက်နှစ်မျက်နှာ ပါရီသားတွေကတော့ အလွယ်လိုက်ပြီး ဘာမှ နားမလည်တဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ဒီအတိုင်း ဆက်သွားလို့ မရဘူးဆိုတာကို ပြောပြချင်တာပါလေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းကို သုံးသပ္တဲ့ ေဆာင္းပါးေရးလိုက္ေတာ့ A2Z Page ကို ကြန္ပလိန႔္ေတြ အမ်ားႀကီး ေရာက္လာပါတယ္။ ရႈံးမွ ဘလိမ္းတယ္၊ စဆရကလုပ္တယ္ေပါ့။ ဒါေပမယ့္ တစ္ခုပဲေျပာရရင္ ပီအက္စ္ဂ်ီအသင္းဟာ ကာလို အန္ဆယ္ေလာ့တီနဲ႔ လို႐ြန္ ဘလြန႔္စ္(ေလာ့ရင့္ ဘလန႔္စ္)တို႔ေနာက္ပိုင္းမွာ အသင္းႀကီးတစ္သင္းျဖစ္ခဲ့သလားဆိုတာ ၾကည့္ၾကရေအာင္ပါ။

အန္ဆယ္ေလာ့တီလက္ထက္က အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမႈေတြမွာ တိုက္စစ္ကို အရမ္းဦးစားမေပးတဲ့ နည္းျပျဖစ္လို႔ ဂိုးျပတ္ႏိုင္ပြဲမ်ိဳး နည္းခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ အဆင့္ျမင့္တဲ့ ကစားဟန္ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ အန္ဆယ္ေလာ့တီ ထြက္သြားခဲ့ေတာ့ သူ႔ေနရာမွာ ဘလြန႔္စ္ ေရာက္လာခဲ့ၿပီး အသင္းပိုင္ရွင္ေတြ ပိုႀကိဳက္တဲ့ တိုက္စစ္ကစားဟန္နဲ႔ ကစားသမားေကာင္းေတြကို စုေဆာင္းခဲ့သလို တိုက္စစ္ကလည္း ပိုၿပီး ေကာင္းမြန္လာခဲ့တယ္။

၂၀၁၂ ေႏြမွာ ေရာက္လာခဲ့တဲ့ အီဘရာဟီမိုဗစ္ခ်္၊ သီယာဂို ေဆးလ္ဗား၊ ေမာ့တာ၊ လာဗက္ဇီ၊ ဗာရက္တီ၊ လူးကပ္စ္ ေမာ္ရာ၊ ဗန္ဒါဗီယယ္လ္တို႔ဟာ အသင္းရဲ႕ ကစားပုံနဲ႔ အဆင့္အတန္းကို ျမႇင့္တင္ေပးခဲ့သလို လူခံေတြျဖစ္ၾကတဲ့ ပတ္စတိုရီ၊ မာတြီဒီ၊ မက္စ္ဝဲလ္၊ ဂါေမး႐ိုး၊ ဆီရီဂူတို႔လို ကစားသမားေတြနဲ႔ ေပါင္းၿပီး နည္းစနစ္ပိုင္း ႂကြယ္ဝတဲ့ အသင္းေကာင္းတစ္သင္းျဖစ္လာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ရလဒ္ကေတာ့ ဘာစီလိုနာကို ၁၆ သင္းအဆင့္မွာ အေဝးဂိုးနဲ႔ ရႈံးၿပီး ျပဳတ္တာပါ။

ေနာက္တစ္ရာသီျဖစ္တဲ့ ၂၀၁၃-၁၄ မွာ ကာဗာနီကို ဆက္ေခၚတယ္။ ကြင္းလယ္မွာ ကာဘိုင္း၊ ေနာက္တန္းမွာ မားကင္ေညာ့စ္နဲ႔ ဒီညီ ေရာက္လာတယ္။ ျပန္ရွင္းထုတ္ခဲ့တဲ့ ကစားသမားေတြက လူေဟာင္း ျပင္သစ္သားေတြနဲ႔ ဂါေမး႐ိုးတို႔ေလာက္ပဲ။ ကြင္းလယ္မွာ လူငယ္ ရာဗ်ိဳ ကစားခြင့္ ေတာ္ေတာ္ရလာတဲ့ ဒီရာသီမွာေတာ့ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ တစ္ဂိုးေပးခဲ့ရလို႔ အေဝးဂိုးနဲ႔ပဲ ခ်န္ပီယံလိဂ္ကြာတားက ျပဳတ္ခဲ့ျပန္တယ္။

လို႐ြန္ ဘလြန႔္စ္လက္ထက္မွာ အသင္းရဲ႕ ကစားပုံက ဆြဲေဆာင္မႈရွိၿပီး တိုးတက္လာတာက ျငင္းမရဘူး။ ၂၀၁၄-၁၅ ရာသီမွာေတာ့ ျပည့္စုံမႈရွိေနတဲ့ လူစာရင္းကို ခ်ဲလ္ဆီးကေန ေဒးဗစ္ လူးဝစ္ဇ္တစ္ေယာက္ပဲ ထပ္ျဖည့္တယ္။ အခု စပါးစ္မွာ ကစားေနတဲ့ ေအာ္ရီေယးကို တူးလူးစ္ကေန အငွားနဲ႔ စမ္းေခၚတယ္။ မႏွစ္က အနာေပးခဲ့တဲ့ ခ်ဲလ္ဆီးကို အခ်ိန္ပိုမွာ အေဝးဂိုးနဲ႔ႏိုင္တယ္။ ဒါေပမယ့္ ကြာတားမွာပဲ ဘာစီလိုနာကို မယွဥ္ႏိုင္ဘဲ လွည့္ျပန္ခဲ့ရျပန္တယ္။

၂၀၁၅-၁၆ မွာလည္း လူစာရင္းက အျဖည့္ခ်ည္းပဲ၊ ကာဘိုင္းနဲ႔ လာဗက္ဇီတို႔လို အခန္းက႑နည္းၿပီး ေျခစြမ္းမႀကိဳက္သူေတြကို ထုတ္တယ္။ အခုထိ သက္ေတာ္ရွည္ေနတဲ့ ဒီမာရီယာ၊ ဂိုးသမား ထရက္ပ္၊ ကြင္းလယ္ေရာ ခံစစ္ပါရတဲ့ စတမ္ဘူလီ၊ မိုနာကိုမွာ ေဟာ့ေနတဲ့ ကာဇာဝါတို႔ကို အားျဖည့္တယ္။ တစ္ေနရာမွာ ေဒါင္ေဒါင္ျမည္ႏွစ္ေယာက္နဲ႔ စိတ္ႀကိဳက္ အတင္အခ်လုပ္လို႔ရတဲ့ အသင္းျဖစ္လာတယ္။ ဒါေပမယ့္ ဘယ္လိုေျပာရမလဲ၊ ထူးမျခားနား စတိုရီက ကြာတားမွာပဲ မန္စီးတီးကို ရႈံးၿပီး ျပဳတ္ျပန္တယ္။

၂၀၁၆-၁၇ မွာေတာ့ အေျပာင္းအလဲေတြ ႀကီးခဲ့တယ္။ နည္းျပ အမ္မရီေရာက္လာၿပီး အရွိန္အဝါျမင့္တဲ့ အီဘရာဟီမိုဗစ္ခ်္ ထြက္သြားတယ္၊ ေဒးဗစ္ လူးဝစ္ဇ္ ခ်ဲလ္ဆီးျပန္ၿပီး ဗန္ဒါဗီယယ္လ္၊ ဆီရီဂူ၊ စတမ္ဘူလီ၊ ဒီညီတို႔ ထြက္သြားတယ္။ အသင္းနဲ႔ အံမဝင္တဲ့ ေခၚယူမႈေတြ စလာတယ္။ ဆီဗီလာကေန အမ္မရီေခၚလာတဲ့ ခရာဟိုဗီယက္က အလုပ္မျဖစ္ဘူး၊ ရီးရဲလ္ဂ်င္း ဟီေဆးကို ခံလိုက္ရတယ္၊ လိုဆဲလ္ဆို၊ ဒရက္ဆလာ၊ မူနီေယး၊ ဂြန္ဆာလို ေဂးဒက္စ္တို႔ ေရာက္လာတယ္။

ခရာဟိုဗီဟက္၊ ဟီေဆး၊ ေဂးဒက္စ္တို႔ အံမဝင္ေပမယ့္ ကာဗာနီရဲ႕ ဂိုးသြင္းအား၊ ဒီမာရီယာရဲ႕ ဖန္တီးမႈ၊ မာတြီဒီ၊ ေမာ့တာတို႔ရဲ႕ ကြင္းလယ္၊ ဟန္ခ်က္ညီတဲ့ ကစားပုံနဲ႔ အမ္မရီတို႔ အလုပ္ျဖစ္ခဲ့တယ္။ ဒရက္ဆလာကလည္း ဒဏ္ရာမ်ားေပမယ့္ ေျခစြမ္းေကာင္းခဲ့ၿပီး ခ်န္ပီယံလိဂ္ရလဒ္ကေတာ့ ၁၆ သင္းအဆင့္မွာ ဘာစီလိုနာကို ေလးဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္းမွာ ႏိုင္ၿပီးမွ ဒိုင္ကူကူ ဘယ္လိုညစ္ညစ္ ေျခာက္ဂိုး-တစ္ဂိုးနဲ႔ ရႈံးခဲ့တဲ့ Good Ebening ရဲ႕ ရလဒ္က အားလုံးေျပာစရာျဖစ္ခဲ့တယ္။

၂၀၁၇-၁၈ မွာေတာ့ ယူရီဆိုတဲ့ ဘတ္စ္ေကးသားက တစ္ရာသီ လာလည္တယ္။ ဒန္နီယယ္လ္ အဲလ္စ္ဗက္က အလြတ္နဲ႔ ဂ်ဴဗီက လာတယ္။ ေနမာကို ယူ႐ို ၂၂၂ သန္း ေလ်ာ္ေၾကးနဲ႔ ေခၚၿပီး အမ္ဘာေပကို အငွားနဲ႔ စေခၚတယ္။ ဒီရာသီမွာ ေျပာရရင္ေတာ့ အခုလို ပုံမလာ ပီအက္စ္ဂ်ီျဖစ္လာဖို႔ အစပ်ိဳးခဲ့တာပဲ။ ကြင္းလယ္လူေတြ တသီႀကီး ထြက္သြားတယ္။ မာတြီဒီကို ထိန္းမထားႏိုင္ဘူး။ ပတ္စတိုရီနဲ႔ ေမာ့တာတို႔ ေျခက်လာတယ္။ ေဂးဒက္စ္ကို ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ လူးကပ္စ္ ေမာ္ရာကို ေရာင္းလိုက္တာက နည္းနည္းနာတယ္။ အမ္မရီရဲ႕ ခရာဟိုဗီယက္ သုံးမရလို႔ ဝက္စ္ဘ႐ြန္းကို ငွားခဲ့ရတယ္။

ဒီရာသီမွာေတာ့ ေရာ္နယ္လ္ဒို ေကာင္းလြန္းေနတဲ့ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္ကို ႏွစ္ေက်ာ့လုံးရႈံးၿပီး ၿပိဳင္ပြဲက ထြက္ရျပန္တယ္။ ေနမာလား? အသင္းငယ္ေတြနဲ႔ဆို ေျခစြမ္းျပေပမယ့္ ပြဲႀကီးေတြမွာ ဘယ္ေရာက္ေနမွန္း မသိဘူး။ ကာဗာနီကိုပဲ အားကိုးေနရၿပီး သူေျခစြမ္းမျပႏိုင္ရင္၊ နာေနရင္ အဆင္မေျပတဲ့ အသင္းကေန ရာသီကုန္ေတာ့ အမ္မရီ အထုတ္ခံလိုက္ရတယ္။

၂၀၁၈-၁၉ မွာ တူဟယ္လ္ေရာက္လာတယ္။ အမ္ဘာေပကို အၿပီးသတ္ဝယ္တယ္။ ဘယ္နားသုံးရမွန္းမသိတဲ့ ခယ္ရာ၊ အ႐ြယ္လြန္ ဘူဖြန္၊ ဆရာႀကီးေတြကို အရန္ခုံ ပို႔ပစ္တဲ့ ခ်ိဳပိုမိုတင္း၊ လီယန္ဒ႐ို ပါေရးဒက္စ္တို႔ကို ေခၚတယ္။ အသင္းအတြက္ တိုက္စစ္ခံစစ္မွာ အားကိုးရတဲ့ ဘားနတ္ကေတာ့ ဂြါဒီယိုလာလက္ထြက္မို႔ အားကိုးလို႔ရခဲ့တာေပါ့။ ပါေရးဒက္စ္ကေတာ့ Normal Pass ကလြဲရင္ ေျဖာင့္ေအာင္ ေပးတတ္တဲ့သူ မဟုတ္ခ်ိန္မွာ ေမာ့တာ အနားယူၿပီး ပတ္စတိုရီ၊ လိုဆဲလ္ဆိုတို႔လို ဖန္တီးတတ္တဲ့ ကစားသမားေတြကို ေရာင္းပစ္လိုက္တယ္။

ပီအက္စ္ဂ်ီရဲ႕ ကြာလတီ က်ဆုံးခန္းက ဘယ္ေနရာမွာ စသလဲဆိုရင္ အဲ့ဒီမွာပါပဲ။ လုံးဝဖန္တီးမႈ မရွိတဲ့ ကြင္းလယ္ဟာ တူဟယ္လ္ရဲ႕ 3 Back System မွာေတာ့ လုပ္အားႏႈန္းဦးစားေပးတဲ့ ကြင္းလယ္ကစားသမားေတြနဲ႔ အထိုက္အေလ်ာက္အဆင္ေျပခဲ့ေသးသလို ဒီမာရီယာကလည္း အသက္ အရမ္းမႀကီးေသးဘူး။ ကာဗာနီလို တိုက္စစ္ကို ဦးေဆာင္ေပးမယ့္ ဝါရင့္၊ ေနမာ၊ အမ္ဘာေပ၊ ကြင္းလယ္မွာ ရာဗ်ိဳ၊ အန္ကြန္ကူး၊ ဒီယာဘီတို႔နဲ႔ အေတာ္ေလး ဟုတ္သြားလိုက္ေသးတယ္။ ဒါေပမယ့္ အဲ့ဒီရာသီမွာ ခ်န္ပီယံလိဂ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးၿပီး ၁၆ သင္းအဆင့္မွာပဲ တာ့တာျပတယ္။

ဒီလိုနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉-၂၀ ရာသီ ေရာက္ခဲ့တယ္။ ကီေလာ္ နာဗက္စ္၊ ဆာဂ်ီယို ရီကို၊ ဘက္ကာ၊ အက္ဘ္ဒူ ဂ်ယ္လို၊ ဟာရဲရား၊ ဂါနာ ဂယ္ေယး၊ အီကာဒီတို႔ ဝင္လာတယ္။ ဖန္တီးမႈကို သတ္ေနသလား မွတ္ရတဲ့ ပီအက္စ္ဂ်ီတာဝန္ရွိသူေတြကေတာ့ လိုဆဲလ္ဆိုကို အၿပီးသတ္ေရာင္း၊ ရာဗ်ိဳကို မထိန္းႏိုင္၊ ဒီယာဘီ၊ အြန္ကြန္ကူးတို႔လို Creative အစြမ္းရွိသူေတြကိုလည္း ေငြေဖာ္ပစ္ခဲ့တယ္။ အဓိကကေတာ့ FFP မၿငိေအာင္ လုပ္ရင္း အမ္ဘာေပ၊ ေနမာတို႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ပိေနသမွ်အတြက္ ျပန္ျဖည့္တာပါပဲ။ ဒါက အသင္းရဲ႕ ေအာင္ျမင္ႏိုင္စြမ္းကို ထိခိုက္ေစခဲ့တယ္။

ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ ကြာတားကစလို႔ ကိုဗစ္ေၾကာင့္ တစ္ေက်ာ့တည္းကစားၿပီး လမ္းေၾကာင္းေခ်ာင္ေခ်ာင္နဲ႔ ဖိုင္နယ္ကို ေတာင္မွန္းေျမာက္မွန္းမသိ တက္သြားခဲ့တယ္။ ဘိုင္ယန္နဲ႔ အေတြ႕မွာေတာ့ ေအာက္ကခ်ည္း ခံစစ္ပိတ္ကစားေနၿပီး ကြင္းလယ္ကေန ေဘာလုံး ျပန္ထြက္မလာ၊ အမ္ဘာေပနဲ႔ ေနမာတို႔ဆီ ေဘာလုံးမေရာက္တဲ့အခါ အရန္ခုံက ကာဗာနီနဲ႔ အီကာဒီကို ငုတ္တုတ္ထားၿပီး ခ်ဴပိုမိုတင္းကို ဦးစားေပးသုံးတဲ့ တူဟယ္လ္တစ္ေယာက္ ဘာမွမလုပ္ႏိုင္ဘဲ ေပၚတူဂီကေန လွည့္ျပန္ခဲ့ရတယ္။

အေျပာင္းအေ႐ႊ႕ေတြက ဒီရာသီမွာလည္း ထပ္လြဲတာပါပဲ။ ပိုဆိုးတာက တိုက္စစ္ေရာ ခံစစ္ပါရတဲ့ ေနာက္ခံလူေတြ ထြက္သြားတာပါ။ ပါဝါေကာင္းလြန္းတဲ့ မူနီေယးက အလြတ္နဲ႔ လစ္သြားၿပီး သီယာဂို ေဆးလ္ဗား၊ ကာဗာနီ၊ ခ်ဴပိုမိုတင္း၊ ဟီေဆးတို႔အတြက္ တစ္ျပားမွ ျပန္မရခဲ့ဘူး။ ျပန္ေခၚတဲ့သူေတြက အငွားနဲ႔ အီကာဒီကို အၿပီးသတ္၊ ဖန္တီးမႈဆိုတာ မၾကားဖူးတဲ့ ရာဖင္ညာကို သူ႔အစ္ကို မေခၚႏိုင္လို႔ ဆြဲစိ၊ ႐ိုးမားရဲ႕ တိုက္စစ္ကေန ခံစစ္ကို ေျပာင္းကစားၿပီး အသားမက်ေသးတဲ့ ဖေလာ္ရန္ဇီနဲ႔ မသိဘူး ဖ်က္မယ္ဆိုတဲ့ ေပၚတိုက ဒါနီလို ပါရဲရားကို ေခၚၿပီး က်န္တာက ဘာမွ ေသခ်ာ အားမျဖည့္ႏိုင္ခဲ့တာပါ။ ဒီၾကားထဲ ဖန္တီးမႈေတာ္ေတာ္မ်ားမ်ားကို တာဝန္ခံေပးတဲ့ ဘားနတ္က ဒူးထိၿပီး ခုထိ လစ္ေနတုန္းပါ။

ဒီလိုနဲ႔ ရာသီဝက္မွာ တူဟယ္လ္အထုတ္ခံလိုက္ရၿပီး အသင္းကေတာ့ လက္ရွိအခ်ိန္အထိ အၿမဲတမ္းယူေနက် ဖားမားစ္လိဂ္မွာ ပြဲစဥ္ ၃၅ အထိ ဂဏန္းမၿငိမ္ေသးဘူး။ ခ်န္ပီယံလိဂ္မွာေတာ့ အဖက္ဖက္က ယိုင္နဲ႔ေနတဲ့ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္ဆိုတဲ့ နာမည္ေတြကို အႏိုင္ယူၿပီး ဆီမီးအထိ တက္လာေတာ့ ဟုတ္ၿပီထင္ေနတုန္း မန္စီးတီးေရွ႕မွာ ေခါင္းမေဖာ္ႏိုင္ခဲ့ဘူး။ ဝင္လာတဲ့ ပိုခ်က္တီႏိုလည္း စပါးစ္ေလာက္ေတာင္ ဟန္ခ်က္မညီေတာ့တဲ့ ဒီအသင္းကို ဘာမွ မတတ္ႏိုင္ဘဲ ပက္ပ္ဆီ အေႂကြးျပန္ဆပ္လိုက္ရတယ္။

ကြင္းလယ္ဆိုတာ အသက္ျဖစ္ေနတဲ့ ဒီေန႔ေခတ္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္ၿပီး ကြင္းလယ္ေကာင္းကို ပိုင္သြားတဲ့ တူဟယ္လ္ ဘာျဖစ္သြားလဲ၊ ဖိုင္နယ္ေရာက္သြားတယ္။ ဉာဏ္မရွိတဲ့ ကြင္းလယ္လူေတြနဲ႔ က်န္ခဲတဲ့ ပီအက္စ္ဂ်ီကေတာ့ ေနမာနဲ႔ အမ္ဘာေပတို႔ ဘာမွ မလုပ္ႏိုင္ရင္ ဒုကၡေရာက္သြားတယ္။ ဒါပါပဲ။ ပိေတာက္တစ္မ်က္ႏွာသီခ်င္း နားမေထာင္ရေပမယ့္ ႏွစ္ေယာက္ႏွစ္မ်က္ႏွာ ပါရီသားေတြကေတာ့ အလြယ္လိုက္ၿပီး ဘာမွ နားမလည္တဲ့ ကစားသမားေခၚယူမႈေတြနဲ႔ ဒီအတိုင္း ဆက္သြားလို႔ မရဘူးဆိုတာကို ေျပာျပခ်င္တာပါေလ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.