Analysis Article Ligue1 UCL&UEL

နေမာ၊အမ်ဘာပေကလွဲပြီး အာပလာ PSG (သို့) ထိုအသင်းအား တစ်စစီဖြုတ်စစ်ကြည့်ခြင်း

ပီအက်စ်ဂျီအသင်းအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သလို ပြင်သစ်လီဂူးဝမ်းနဲ့ ပြည်တွင်းဖလားတွေ ရယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ လူအင်အားနဲ့ ကစားသမားစုဆောင်းမှုပိုင်းမှာ တကယ်တမ်း လုံလောက်တဲ့ အရည်အသွေးကို စုဆောင်းနိုင်ခဲ့သလားဆိုတာ ပွဲကြည့်နေကျ ပရိသတ်တွေအတွက် သံသယဝင်စရာဖြစ်လာခဲ့ပါတယ်။

ရေနံမှိုင်းနဲ့ ကောင်းကင်ပေါ်တက်တဲ့ ပါရီမီးပုံးပျံအတွက် ဘာစီလိုနာကနေ ယူရို ၂၂၂ သန်း (ပေါင် ၁၉၈ သန်း) ပေးခေါ်ခဲ့တဲ့ နေမာနဲ့ မိုနာကိုကနေ ယူရို ၁၄၅ သန်း (ပေါင် ၁၂၅ သန်း)ကျသင့်ခဲ့တဲ့ ခိုင်လျန် အမ်ဘာပေတို့နှစ်ဦးဟာ ပုံရိပ်မြင့်မားလွန်းတဲ့ တိုက်စစ်ကစားသမားတွေအဖြစ် ရှိနေချိန်မှာ ပီအက်စ်ဂျီလူစာရင်းက မတောင့်တင်းဘူးလို့ ပြောမိသူဟာ အချက်အလက်မပါရင် အရူးဖြစ်သွားနိုင်တာပါ။

ဒါပေမယ့် အရူးဖြစ်နိုင်ခြေကို ကိုင်စွဲထားပြီး စက်တစ်လုံးကို တစ်စစီ ဖြုတ်စစ်ကြည့်သလိုမျိုး အပြစ်အနာအဆာတွေကို ရှာဖွေလိုက်မယ်ဆိုရင်တော့ ပီအက်စ်ဂျီအသင်းမှာ ကွင်းထဲက ၁၁ နေရာစလုံးကို လုံလောက်အောင် အင်အားဖြည့်တင်းမထားနိုင်ဘဲ အားနည်းချက်တွေနဲ့ ပြည့်နေတာကို မြင်ရမှာဖြစ်ပြီး ဒီလိုအတွင်းက နောက်ချေးခံကို နေမာ၊ အမ်ဘာပေ ရွှေမှုန်ကြဲပြီး ဖုံးအုပ်ထားတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

မော်ဒန်ဘောလုံးအသင်းတစ်သင်းမှာ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားဆိုပြီး ဒီလေးနေရာမှာ ဝင်ကစားမယ့်သူ ၁၁ ယောက်နဲ့ ဒီထက်ပိုတဲ့ အင်အားကို ပိုင်ဆိုင်ထားကြမှာဖြစ်ပေမယ့် သူတို့တွေရဲ့ အခန်းကဏ္ဍကတော့ ကွင်းထဲ ထည့်လို့ရရင်ပြီးရော မဟုတ်ဘဲ နည်းဗျူဟာရော နည်းစနစ်ပါ တိတိကျကျဖြစ်နေဖို့ လိုပါတယ်။

ဥပမာအားဖြင့် အကြမ်းဖျင်း ပြောရရင် ဘောလုံးပေးတတ်၊ တက်ဖျက်တတ်တဲ့ Sweeper Keeper, ဗဟိုခံစစ်က Ball Playing Defender နဲ့ Stopper, ခံစစ်တောင်ပံရဲ့ Attacking Full Back or Wing Back တွေ၊ ကွင်းလယ်အဖျက် နံပါတ် ၆ အပေါက်မှာ ထိုင်ကစားမယ့် Anchorman or Deep-Lying Playmaker or Regista, ကွင်းလယ်မှာ နံပါတ် ၈ တွေထဲက Box to Box or Mezzala or Advanced Playmaker or Attacking Midfielder ၊ No.10 မသုံးချင်ရင် ချန်ထားပြီး တောင်ပံတွေမှာ ကစားမယ့် Inverted Winger နဲ့ Inside Forward တွေ၊ တိုက်စစ်မှာ Deep-Lying Forward, Target Man, False 9 စတဲ့ များပြားလွန်းတဲ့ အခန်းကဏ္ဍတွေဟာ သူတို့ကို Att, Mid, Def, Gk လို့ စာလေးတွေ မြင်ရုံနဲ့ မပြည့်စုံဘူးဆိုတာတော့ သေချာစေမှာပါ။

ဒီလောက် ပြောပြီးရင်တော့ ပီအက်စ်ဂျီအသင်းကို ခွဲခြမ်းစိတ်ဖြာပြလို့ဖြစ်ပါပြီ။ ဂိုးသမားဌာနမှာ ကီလော် နာဗက်စ်ဟာ အသက်အရွယ် အနည်းငယ်ထောက်လာတာကလွဲလို့ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပြီး ဆာဂျီယို ရီကိုကတော့ အရန်အဖြစ် ကစားနိုင်တာမို့လို့ ဒီနေရာအတွက် အများကြီး စဉ်းစားစရာတော့ မရှိလှပါဘူး။ ဒါပေမယ့် ခံစစ်ပိုင်းမှာ အခန်းကဏ္ဍမစုံတဲ့ ပြဿနာကို စတွေ့ရမှာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မားကင်ညော့စ်ကစပြီး ရေတွက်ရရင် ကင်ပမ်ဘီ၊ ခါရာ၊ ဂျယ်လို၊ ပမ်ဘီလီတို့ဟာ ဗဟိုခံစစ်သမားတွေအဖြစ် ရှိနေပြီး ဘက်ကာ၊ ဘားနတ်၊ ကာဇာဝါ၊ ဖလော်ရန်ဇီ၊ ဒက်ဂ်ဘာတို့ကတော့ ခံစစ်အစွန်လူတွေအဖြစ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းကို ခံစစ်သုံးယောက်တန်း အဖြစ် သုံးစွဲစဉ်မှာ ဒီအစုအဖွဲ့ဟာ ပြဿနာမရှိပေမယ့် ငါးယောက်ခံစစ်မှာ လေးယောက်နဲ့ ပြည့်အောင်ဖြည့်ရမယ့်နေရာမှာတော့ သူတို့တွေဟာ လုံလောက်တဲ့ အခန်းကဏ္ဍ မရှိတာကို တွေ့ရပါတယ်။

မားကင်ညော့စ်ဟာ Ball Playing Defender ဆိုရင် တွဲဖက် စီနီယာအကျဆုံး ကင်ပမ်ဘီဟာ အတည်ငြိမ်ဆုံး Stopper ဖြစ်ရမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်နှေးမှုတွေက အသင်းကို နစ်နာစေပြီး ခံစစ်ရော တိုက်စစ်ပါ နှစ်မျိုးစလုံး သန်ရမယ့် လေးယောက်တန်း အစွန်လူနေရာတွေမှာ ဘယ်ကစားသမားကမှ ခံစစ်မကောင်းတာ တွေ့ရပြီး ညာအစွန်မှာ ကစားနိုင်တဲ့ ခါရာနဲ့ ဘယ်အစွန်မှာ ကစားနိုင်တဲ့ ဂျယ်လိုကတော့ တိုက်စစ်ကို ပံ့ပိုးမှု အားနည်းနေတာဖြစ်ပါတယ်။ တကယ်တော့ အားလုံးက ကိုယ့်တာဝန် ကိုယ်မပိုင်တဲ့အတွက် ဟန်ချက်လည်း ပျက်သလိုဖြစ်နေတာပါ။

ကွင်းလယ်ကို ကြည့်လိုက်ရင်တော့ ဗာရက်တီ၊ ဒါနီလို ပါရဲရား၊ ပါရေးဒက်စ်၊ ဟာရဲရား၊ ဂယ်ယေး၊ ဒရက်ဆလာတို့က အလယ်ကြောက ကစားသမားတွေအဖြစ် ရှိနေပြီး ဗဟိုမှာ ဒီလူအင်အားဟာ တောင့်တင်းတယ်ထင်ရပေမယ့် ငယ်စဉ်ကလို မဟုတ်ဘဲ ဘောလုံးမခင်းတတ်တော့တဲ့ ဗာရက်တီ၊ ကွင်းလယ်တိုက်စစ်လိုလို တောင်ပံလိုလို Jack of All Trades ဖြစ်နေတဲ့ ဒရက်ဆလာတို့ဟာ စာရွက်ပေါ်က နာမည်တွေလောက် ကွင်းထဲမှာ အလုပ်မဖြစ်တော့တဲ့သူတွေလည်းဖြစ်ပါတယ်။

ဂါနာ ဂယ်ယေးနဲ့ ပါရဲရားက အဖျက်သက်သက် နံပါတ် ၆၊ ဟာရဲရားနဲ့ ပါရေးဒက်စ်က ဦးနှောက်မသုံးဘဲ Pressing သက်သက်သာ အသုံးဝင်တဲ့ Box to Box နံပါတ် ၈ တွေဖြစ်နေချိန်မှာ ဗာရက်တီနဲ့ ဒရက်ဆလာတို့ မဖန်တီးတတ်တဲ့ ပီအက်စ်ဂျီကွင်းလယ်ဟာ တိုက်စစ်ဆီကို ဘောလုံး ကောင်းကောင်း ထုတ်မပေးနိုင်တော့တာ အနည်းဆုံး နှစ်နှစ်နဲ့အထက် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှာတော့ ဈေးနှုန်းတစ်နင့်တစ်ပိုးနဲ့ နေမာနဲ့ အမ်ဘာပေ၊ အင်တာကို ပေါင်သန်း ၄၀ ကျော်ပေးလိုက်တဲ့ အီကာဒီ၊ အဲဗာတန်က အငှား ခေါ်ထားတဲ့ မွိုက်စ်ကီးန်တို့ ရှိနေပြီး ပြည်တွင်း Farmer’s League မှာ ကျယ်နိုင်ကြပေမယ့် ဥရောပအသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တွေမှာ ရုန်းကန်နေကြရတာပါ။ တောင်ပံတွေမှာတော့ ဒီမာရီယာ၊ ရာဖင်ညာနဲ့ ဆာရားဘီးယားတို့ ရှိနေပါတယ်။

အထောင်တိုက်စစ်အတွက် အခန်းကဏ္ဍမှာ အီကာဒီနဲ့ မွိုက်စ်ကီးန်တို့ အိမ်ပြည့်ပေမယ့် သုံးယောက်တိုက်စစ်ကို ကစားတဲ့အချိန်မှာ Winger တွေရဲ့ အခန်းကဏ္ဍက လိုလာပြီး ကွင်းလယ်ရော တောင်ပံမှာပါ ထည့်သွင်းရေတွက်ရမယ့် ဒီမာရီယာနဲ့အတူ နေမာနဲ့ အမ်ဘာပေတို့ဟာ စုဖွဲ့မှု၊ နည်းစနစ်ပိုင်းနဲ့ Final Decision တွေမှာ နည်းပြတွေကို ပြဿနာ ခပ်ကြီးကြီး ပေးစွမ်းနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီမာရီယာဟာ ဘယ်ညာ ကြိုက်သလို သုံးနိုင်ပေမယ့် အသက်အရွယ်က ပြဿနာဖြစ်လာခဲ့ပြီး နေမာကတော့ ဘာစီလိုနာမှာလိုမျိုး မက်ဆီနဲ့ စပိန်သားအဖွဲ့ကို မကြောက်ရတော့ဘဲ ဆရာကြီးလုပ်နိုင်ချိန်မှာ ထိထိရောက်ရောက် ပေးပို့ရမယ့်အချိန်တွေမှာ ဘောလုံးအကိုင်လွန်နေပြီး တိုက်စစ်ကို သေဆုံးသွားစေပါတယ်။ အမ်ဘာပေပါရင် သူ့ရဲ့ အလုပ်မဖြစ်မှုကို လျော့ချပေးနိုင်ပေမယ့် သူ့ကိုသာ တည်ကစားရရင်တော့ ဘောလုံးက အနှေးနဲ့ အမြန် ပျက်ပြီး အသင်းကစားကွက်လည်း သဲထဲရေသွန်ဖြစ်ရတော့မှာပါ။

Big Game Player မဖြစ်ခဲ့တဲ့ နေမာဟာ အသင်းကို ဦးဆောင်ဖို့တော့ ဝေလာဝေးပဲဖြစ်နေပြီး သူဟာ ဘယ်တောင်ပံတိုက်စစ်မှာ Inside Forward တစ်ယောက်အဖြစ် ကစားနိုင်ပေမယ့် မင်းသားဖြစ်ချင်စိတ်က သူ့ကို ဖျက်ဆီးနေပြီး လိုတိုရှင်း No Nonsense ကစားပုံကို မပြောင်းမချင်း အကောင်းဆုံးတွေနောက်က ကစားသမားတစ်ယောက်အဖြစ်သာ ရှိနေနိုင်သူပါ။ နေမာ၊ အမ်ဘာပေ၊ ဒီမာရီယာကို တိုက်စစ်မှာ အထိုင်ချပြီး အဆင်မပြေလို့ ဒါကို အပြောင်းအလဲလုပ်ချင်ရင် နည်းပြတွေအနေနဲ့ ဖိအားဒဏ်ခံပြီး ကိုင်တွယ်ရဲဖို့ ခက်ခဲနိုင်တာလည်းဖြစ်ပါတယ်။

ဆာရားဘီးယားနဲ့ ရာဖင်ညာတို့ကို နည်းဗျူဟာပိုင်းအတွက် မသုံးရဲတာဟာ တူဟယ်လ်ရော ပိုချက်တီနိုကိုပါ ကြီးမားတဲ့ အားနည်းချက်ဖြစ်စေပြီး အဆင်သင့်မဖြစ်ကြသူတွေနဲ့ ပွဲထွက်ဝေဝါးဝါး တောင်ပံသမားတွေဟာ ခံစစ်အစွန်လူတွေနဲ့ ချိတ်ဆက်ပြီး တိုက်စစ်ကို ဖော်ဆောင်တာမျိုးပါ အားနည်းစေသလို ပရီးမီးယားလိဂ်အသင်းတွေမှာ မြင်နေကျ ပုံစံတွေကတော့ သူတို့အသင်းမှာ ရှားပါးနေခဲ့တာပါ။

ဒီလောက်ဆိုရင် ပီအက်စ်ဂျီအသင်းဟာ လူများပြီး ပွဲမစည်တဲ့ အသင်းတစ်သင်းသာဖြစ်တဲ့အကြောင်း သိသာလောက်ပြီဖြစ်ပြီး ခံစစ် အစွန်လူနေရာမှာ အာဆင်နယ်ရဲ့ အကောင်းကြီး မဟုတ်လှတဲ့ ဘယ်လာရင်ကို ဘာကြောင့် အလိုရှိနေသလဲဆိုတဲ့ မေးခွန်းကိုလည်း ဖြေစရာ မလိုသလို ကွင်းလယ်ပိုင်းမှာတော့ ဘာလုပ်ကြရမယ်မှန်းမသိတဲ့ ဗာရက်တီ၊ ပါရေးဒက်စ်တို့ အုပ်စုက မဖန်တီးနိုင်သမျှ နေမာလုပ်ချင်သလိုလုပ်ဖို့ ဆင်ခြေတွေသာ ဖြစ်သွားတော့မှာဖြစ်ပါတယ်။

အသင်းရဲ့ ကစားသမားခေါ်ယူရေးပိုင်းနဲ့ စီမံခန့်ခွဲမှု၊ မူဝါဒချမှတ်မှုအပိုင်းတွေမှာ အားနည်းခဲ့ပြီး ကစားသမားဘဝမှာ သိပ်အထူးချွန်ကြီး မဟုတ်ခဲ့တဲ့ ကွင်းလယ်လူဟောင်း လီယိုနာဒိုလက်ထဲကို အရာရာ အပ်နှံထားခဲ့တာဟာ လမ်းတစ်ဝက် ကျဆုံးမှုတွေရဲ့ တရားခံလည်းဖြစ်နေပြီး လက်ရှိ အချိန်အထိ ကစားသမားဘဝအလွန်မှာ နည်းပြ၊ စီမံခန့်ခွဲရေးပိုင်းတွေမှာ လောက်လောက်လားလား မစွမ်းဆောင်နိုင်သေးတာကလည်း ပြဿနာတစ်ခု ဖြစ်နေပါတယ်။

ဒါကြောင့် ငွေကလွဲပြီး ဘာမှမရှိတဲ့ ပီအက်စ်ဂျီတို့ လီဂူးဝမ်းမှာ ဗိုလ်လုပ်နိုင်ပေမယ့် ဒီနှစ်မှာ ရုန်းကန်နေရတာ၊ ချန်ပီယံလိဂ်မှာ ဘိုင်ယန်၊ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့ရတာတွေဟာ တိုက်ဆိုင်မှုတော့ မဟုတ်ဘဲ လူများပြီး ပွဲမစည်တာနဲ့ အရည်အသွေးမြင့်မားတဲ့ စီမံအုပ်ချုပ်သူတွေ မရှိတာကို အဓိက သတ္တုချ အပြစ်တင်ရမှာဖြစ်သလို တစ်စစီ ဖြုတ်ကြည့်ချိန်မှာတော့ နေမာ၊ အမ်ဘာပေ နှစ်မျက်နှာကလွဲလို့ ဘာမှ မဟုတ်ပါလားဆိုတာကို အရှိအတိုင်း သိမြင်ကြစေဖို့ သုံးသပ်ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ေနာက္ပိုင္းႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ တက္လွမ္းႏိုင္ခဲ့သလို ျပင္သစ္လီဂူးဝမ္းနဲ႔ ျပည္တြင္းဖလားေတြ ရယူႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕ လူအင္အားနဲ႔ ကစားသမားစုေဆာင္းမႈပိုင္းမွာ တကယ္တမ္း လုံေလာက္တဲ့ အရည္အေသြးကို စုေဆာင္းႏိုင္ခဲ့သလားဆိုတာ ပြဲၾကည့္ေနက် ပရိသတ္ေတြအတြက္ သံသယဝင္စရာျဖစ္လာခဲ့ပါတယ္။

ေရနံမႈိင္းနဲ႔ ေကာင္းကင္ေပၚတက္တဲ့ ပါရီမီးပုံးပ်ံအတြက္ ဘာစီလိုနာကေန ယူ႐ို ၂၂၂ သန္း (ေပါင္ ၁၉၈ သန္း) ေပးေခၚခဲ့တဲ့ ေနမာနဲ႔ မိုနာကိုကေန ယူ႐ို ၁၄၅ သန္း (ေပါင္ ၁၂၅ သန္း)က်သင့္ခဲ့တဲ့ ခိုင္လ်န္ အမ္ဘာေပတို႔ႏွစ္ဦးဟာ ပုံရိပ္ျမင့္မားလြန္းတဲ့ တိုက္စစ္ကစားသမားေတြအျဖစ္ ရွိေနခ်ိန္မွာ ပီအက္စ္ဂ်ီလူစာရင္းက မေတာင့္တင္းဘူးလို႔ ေျပာမိသူဟာ အခ်က္အလက္မပါရင္ အ႐ူးျဖစ္သြားႏိုင္တာပါ။

ဒါေပမယ့္ အ႐ူးျဖစ္ႏိုင္ေျခကို ကိုင္စြဲထားၿပီး စက္တစ္လုံးကို တစ္စစီ ျဖဳတ္စစ္ၾကည့္သလိုမ်ိဳး အျပစ္အနာအဆာေတြကို ရွာေဖြလိုက္မယ္ဆိုရင္ေတာ့ ပီအက္စ္ဂ်ီအသင္းမွာ ကြင္းထဲက ၁၁ ေနရာစလုံးကို လုံေလာက္ေအာင္ အင္အားျဖည့္တင္းမထားႏိုင္ဘဲ အားနည္းခ်က္ေတြနဲ႔ ျပည့္ေနတာကို ျမင္ရမွာျဖစ္ၿပီး ဒီလိုအတြင္းက ေနာက္ေခ်းခံကို ေနမာ၊ အမ္ဘာေပ ေ႐ႊမႈန္ႀကဲၿပီး ဖုံးအုပ္ထားတယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ေမာ္ဒန္ေဘာလုံးအသင္းတစ္သင္းမွာ ေရွ႕တန္း၊ အလယ္တန္း၊ ေနာက္တန္း၊ ဂိုးသမားဆိုၿပီး ဒီေလးေနရာမွာ ဝင္ကစားမယ့္သူ ၁၁ ေယာက္နဲ႔ ဒီထက္ပိုတဲ့ အင္အားကို ပိုင္ဆိုင္ထားၾကမွာျဖစ္ေပမယ့္ သူတို႔ေတြရဲ႕ အခန္းက႑ကေတာ့ ကြင္းထဲ ထည့္လို႔ရရင္ၿပီးေရာ မဟုတ္ဘဲ နည္းဗ်ဴဟာေရာ နည္းစနစ္ပါ တိတိက်က်ျဖစ္ေနဖို႔ လိုပါတယ္။

ဥပမာအားျဖင့္ အၾကမ္းဖ်င္း ေျပာရရင္ ေဘာလုံးေပးတတ္၊ တက္ဖ်က္တတ္တဲ့ Sweeper Keeper, ဗဟိုခံစစ္က Ball Playing Defender နဲ႔ Stopper, ခံစစ္ေတာင္ပံရဲ႕ Attacking Full Back or Wing Back ေတြ၊ ကြင္းလယ္အဖ်က္ နံပါတ္ ၆ အေပါက္မွာ ထိုင္ကစားမယ့္ Anchorman or Deep-Lying Playmaker or Regista, ကြင္းလယ္မွာ နံပါတ္ ၈ ေတြထဲက Box to Box or Mezzala or Advanced Playmaker or Attacking Midfielder, No.10 မသုံးခ်င္ရင္ ခ်န္ထားၿပီး ေတာင္ပံေတြမွာ ကစားမယ့္ Inverted Winger နဲ႔ Inside Forward ေတြ၊ တိုက္စစ္မွာ Deep-Lying Forward, Target Man, False 9 စတဲ့ မ်ားျပားလြန္းတဲ့ အခန္းက႑ေတြဟာ သူတို႔ကို Att, Mid, Def, Gk လို႔ စာေလးေတြ ျမင္႐ုံနဲ႔ မျပည့္စုံဘူးဆိုတာေတာ့ ေသခ်ာေစမွာပါ။

ဒီေလာက္ ေျပာၿပီးရင္ေတာ့ ပီအက္စ္ဂ်ီအသင္းကို ခြဲျခမ္းစိတ္ျဖာျပလို႔ျဖစ္ပါၿပီ။ ဂိုးသမားဌာနမွာ ကီေလာ္ နာဗက္စ္ဟာ အသက္အ႐ြယ္ အနည္းငယ္ေထာက္လာတာကလြဲလို႔ ထိပ္တန္းအဆင့္မွာ ရွိေနဆဲျဖစ္ၿပီး ဆာဂ်ီယို ရီကိုကေတာ့ အရန္အျဖစ္ ကစားႏိုင္တာမို႔လို႔ ဒီေနရာအတြက္ အမ်ားႀကီး စဥ္းစားစရာေတာ့ မရွိလွပါဘူး။ ဒါေပမယ့္ ခံစစ္ပိုင္းမွာ အခန္းက႑မစုံတဲ့ ျပႆနာကို စေတြ႕ရမွာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ မားကင္ေညာ့စ္ကစၿပီး ေရတြက္ရရင္ ကင္ပမ္ဘီ၊ ခါရာ၊ ဂ်ယ္လို၊ ပမ္ဘီလီတို႔ဟာ ဗဟိုခံစစ္သမားေတြအျဖစ္ ရွိေနၿပီး ဘက္ကာ၊ ဘားနတ္၊ ကာဇာဝါ၊ ဖေလာ္ရန္ဇီ၊ ဒက္ဂ္ဘာတို႔ကေတာ့ ခံစစ္အစြန္လူေတြအျဖစ္ ရွိေနပါတယ္။ ပီအက္စ္ဂ်ီအသင္းကို ခံစစ္သုံးေယာက္တန္း အျဖစ္ သုံးစြဲစဥ္မွာ ဒီအစုအဖြဲ႕ဟာ ျပႆနာမရွိေပမယ့္ ငါးေယာက္ခံစစ္မွာ ေလးေယာက္နဲ႔ ျပည့္ေအာင္ျဖည့္ရမယ့္ေနရာမွာေတာ့ သူတို႔ေတြဟာ လုံေလာက္တဲ့ အခန္းက႑ မရွိတာကို ေတြ႕ရပါတယ္။

မားကင္ေညာ့စ္ဟာ Ball Playing Defender ဆိုရင္ တြဲဖက္ စီနီယာအက်ဆုံး ကင္ပမ္ဘီဟာ အတည္ၿငိမ္ဆုံး Stopper ျဖစ္ရမွာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေႏွးမႈေတြက အသင္းကို နစ္နာေစၿပီး ခံစစ္ေရာ တိုက္စစ္ပါ ႏွစ္မ်ိဳးစလုံး သန္ရမယ့္ ေလးေယာက္တန္း အစြန္လူေနရာေတြမွာ ဘယ္ကစားသမားကမွ ခံစစ္မေကာင္းတာ ေတြ႕ရၿပီး ညာအစြန္မွာ ကစားႏိုင္တဲ့ ခါရာနဲ႔ ဘယ္အစြန္မွာ ကစားႏိုင္တဲ့ ဂ်ယ္လိုကေတာ့ တိုက္စစ္ကို ပံ့ပိုးမႈ အားနည္းေနတာျဖစ္ပါတယ္။ တကယ္ေတာ့ အားလုံးက ကိုယ့္တာဝန္ ကိုယ္မပိုင္တဲ့အတြက္ ဟန္ခ်က္လည္း ပ်က္သလိုျဖစ္ေနတာပါ။

ကြင္းလယ္ကို ၾကည့္လိုက္ရင္ေတာ့ ဗာရက္တီ၊ ဒါနီလို ပါရဲရား၊ ပါေရးဒက္စ္၊ ဟာရဲရား၊ ဂယ္ေယး၊ ဒရက္ဆလာတို႔က အလယ္ေၾကာက ကစားသမားေတြအျဖစ္ ရွိေနၿပီး ဗဟိုမွာ ဒီလူအင္အားဟာ ေတာင့္တင္းတယ္ထင္ရေပမယ့္ ငယ္စဥ္ကလို မဟုတ္ဘဲ ေဘာလုံးမခင္းတတ္ေတာ့တဲ့ ဗာရက္တီ၊ ကြင္းလယ္တိုက္စစ္လိုလို ေတာင္ပံလိုလို Jack of All Trades ျဖစ္ေနတဲ့ ဒရက္ဆလာတို႔ဟာ စာ႐ြက္ေပၚက နာမည္ေတြေလာက္ ကြင္းထဲမွာ အလုပ္မျဖစ္ေတာ့တဲ့သူေတြလည္းျဖစ္ပါတယ္။

ဂါနာ ဂယ္ေယးနဲ႔ ပါရဲရားက အဖ်က္သက္သက္ နံပါတ္ ၆၊ ဟာရဲရားနဲ႔ ပါေရးဒက္စ္က ဦးေႏွာက္မသုံးဘဲ Pressing သက္သက္သာ အသုံးဝင္တဲ့ Box to Box နံပါတ္ ၈ ေတြျဖစ္ေနခ်ိန္မွာ ဗာရက္တီနဲ႔ ဒရက္ဆလာတို႔ မဖန္တီးတတ္တဲ့ ပီအက္စ္ဂ်ီကြင္းလယ္ဟာ တိုက္စစ္ဆီကို ေဘာလုံး ေကာင္းေကာင္း ထုတ္မေပးႏိုင္ေတာ့တာ အနည္းဆုံး ႏွစ္ႏွစ္နဲ႔အထက္ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

တိုက္စစ္မွာေတာ့ ေဈးႏႈန္းတစ္နင့္တစ္ပိုးနဲ႔ ေနမာနဲ႔ အမ္ဘာေပ၊ အင္တာကို ေပါင္သန္း ၄၀ ေက်ာ္ေပးလိုက္တဲ့ အီကာဒီ၊ အဲဗာတန္က အငွား ေခၚထားတဲ့ မြိဳက္စ္ကီးန္တို႔ ရွိေနၿပီး ျပည္တြင္း Farmer’s League မွာ က်ယ္ႏိုင္ၾကေပမယ့္ ဥေရာပအသင္းႀကီးေတြနဲ႔ ေတြ႕ဆုံခ်ိန္ေတြမွာ ႐ုန္းကန္ေနၾကရတာပါ။ ေတာင္ပံေတြမွာေတာ့ ဒီမာရီယာ၊ ရာဖင္ညာနဲ႔ ဆာရားဘီးယားတို႔ ရွိေနပါတယ္။

အေထာင္တိုက္စစ္အတြက္ အခန္းက႑မွာ အီကာဒီနဲ႔ မြိဳက္စ္ကီးန္တို႔ အိမ္ျပည့္ေပမယ့္ သုံးေယာက္တိုက္စစ္ကို ကစားတဲ့အခ်ိန္မွာ Winger ေတြရဲ႕ အခန္းက႑က လိုလာၿပီး ကြင္းလယ္ေရာ ေတာင္ပံမွာပါ ထည့္သြင္းေရတြက္ရမယ့္ ဒီမာရီယာနဲ႔အတူ ေနမာနဲ႔ အမ္ဘာေပတို႔ဟာ စုဖြဲ႕မႈ၊ နည္းစနစ္ပိုင္းနဲ႔ Final Decision ေတြမွာ နည္းျပေတြကို ျပႆနာ ခပ္ႀကီးႀကီး ေပးစြမ္းႏိုင္ၾကသူေတြျဖစ္ပါတယ္။

ဒီမာရီယာဟာ ဘယ္ညာ ႀကိဳက္သလို သုံးႏိုင္ေပမယ့္ အသက္အ႐ြယ္က ျပႆနာျဖစ္လာခဲ့ၿပီး ေနမာကေတာ့ ဘာစီလိုနာမွာလိုမ်ိဳး မက္ဆီနဲ႔ စပိန္သားအဖြဲ႕ကို မေၾကာက္ရေတာ့ဘဲ ဆရာႀကီးလုပ္ႏိုင္ခ်ိန္မွာ ထိထိေရာက္ေရာက္ ေပးပို႔ရမယ့္အခ်ိန္ေတြမွာ ေဘာလုံးအကိုင္လြန္ေနၿပီး တိုက္စစ္ကို ေသဆုံးသြားေစပါတယ္။ အမ္ဘာေပပါရင္ သူ႔ရဲ႕ အလုပ္မျဖစ္မႈကို ေလ်ာ့ခ်ေပးႏိုင္ေပမယ့္ သူ႔ကိုသာ တည္ကစားရရင္ေတာ့ ေဘာလုံးက အေႏွးနဲ႔ အျမန္ ပ်က္ၿပီး အသင္းကစားကြက္လည္း သဲထဲေရသြန္ျဖစ္ရေတာ့မွာပါ။

Big Game Player မျဖစ္ခဲ့တဲ့ ေနမာဟာ အသင္းကို ဦးေဆာင္ဖို႔ေတာ့ ေဝလာေဝးပဲျဖစ္ေနၿပီး သူဟာ ဘယ္ေတာင္ပံတိုက္စစ္မွာ Inside Forward တစ္ေယာက္အျဖစ္ ကစားႏိုင္ေပမယ့္ မင္းသားျဖစ္ခ်င္စိတ္က သူ႔ကို ဖ်က္ဆီးေနၿပီး လိုတိုရွင္း No Nonsense ကစားပုံကို မေျပာင္းမခ်င္း အေကာင္းဆုံးေတြေနာက္က ကစားသမားတစ္ေယာက္အျဖစ္သာ ရွိေနႏိုင္သူပါ။ ေနမာ၊ အမ္ဘာေပ၊ ဒီမာရီယာကို တိုက္စစ္မွာ အထိုင္ခ်ၿပီး အဆင္မေျပလို႔ ဒါကို အေျပာင္းအလဲလုပ္ခ်င္ရင္ နည္းျပေတြအေနနဲ႔ ဖိအားဒဏ္ခံၿပီး ကိုင္တြယ္ရဲဖို႔ ခက္ခဲႏိုင္တာလည္းျဖစ္ပါတယ္။

ဆာရားဘီးယားနဲ႔ ရာဖင္ညာတို႔ကို နည္းဗ်ဴဟာပိုင္းအတြက္ မသုံးရဲတာဟာ တူဟယ္လ္ေရာ ပိုခ်က္တီႏိုကိုပါ ႀကီးမားတဲ့ အားနည္းခ်က္ျဖစ္ေစၿပီး အဆင္သင့္မျဖစ္ၾကသူေတြနဲ႔ ပြဲထြက္ေဝဝါးဝါး ေတာင္ပံသမားေတြဟာ ခံစစ္အစြန္လူေတြနဲ႔ ခ်ိတ္ဆက္ၿပီး တိုက္စစ္ကို ေဖာ္ေဆာင္တာမ်ိဳးပါ အားနည္းေစသလို ပရီးမီးယားလိဂ္အသင္းေတြမွာ ျမင္ေနက် ပုံစံေတြကေတာ့ သူတို႔အသင္းမွာ ရွားပါးေနခဲ့တာပါ။

ဒီေလာက္ဆိုရင္ ပီအက္စ္ဂ်ီအသင္းဟာ လူမ်ားၿပီး ပြဲမစည္တဲ့ အသင္းတစ္သင္းသာျဖစ္တဲ့အေၾကာင္း သိသာေလာက္ၿပီျဖစ္ၿပီး ခံစစ္ အစြန္လူေနရာမွာ အာဆင္နယ္ရဲ႕ အေကာင္းႀကီး မဟုတ္လွတဲ့ ဘယ္လာရင္ကို ဘာေၾကာင့္ အလိုရွိေနသလဲဆိုတဲ့ ေမးခြန္းကိုလည္း ေျဖစရာ မလိုသလို ကြင္းလယ္ပိုင္းမွာေတာ့ ဘာလုပ္ၾကရမယ္မွန္းမသိတဲ့ ဗာရက္တီ၊ ပါေရးဒက္စ္တို႔ အုပ္စုက မဖန္တီးႏိုင္သမွ် ေနမာလုပ္ခ်င္သလိုလုပ္ဖို႔ ဆင္ေျခေတြသာ ျဖစ္သြားေတာ့မွာျဖစ္ပါတယ္။

အသင္းရဲ႕ ကစားသမားေခၚယူေရးပိုင္းနဲ႔ စီမံခန႔္ခြဲမႈ၊ မူဝါဒခ်မွတ္မႈအပိုင္းေတြမွာ အားနည္းခဲ့ၿပီး ကစားသမားဘဝမွာ သိပ္အထူးခြၽန္ႀကီး မဟုတ္ခဲ့တဲ့ ကြင္းလယ္လူေဟာင္း လီယိုနာဒိုလက္ထဲကို အရာရာ အပ္ႏွံထားခဲ့တာဟာ လမ္းတစ္ဝက္ က်ဆုံးမႈေတြရဲ႕ တရားခံလည္းျဖစ္ေနၿပီး လက္ရွိ အခ်ိန္အထိ ကစားသမားဘဝအလြန္မွာ နည္းျပ၊ စီမံခန႔္ခြဲေရးပိုင္းေတြမွာ ေလာက္ေလာက္လားလား မစြမ္းေဆာင္ႏိုင္ေသးတာကလည္း ျပႆနာတစ္ခု ျဖစ္ေနပါတယ္။

ဒါေၾကာင့္ ေငြကလြဲၿပီး ဘာမွမရွိတဲ့ ပီအက္စ္ဂ်ီတို႔ လီဂူးဝမ္းမွာ ဗိုလ္လုပ္ႏိုင္ေပမယ့္ ဒီႏွစ္မွာ ႐ုန္းကန္ေနရတာ၊ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္၊ မန္စီးတီးတို႔ကို ရႈံးနိမ့္ခဲ့ရတာေတြဟာ တိုက္ဆိုင္မႈေတာ့ မဟုတ္ဘဲ လူမ်ားၿပီး ပြဲမစည္တာနဲ႔ အရည္အေသြးျမင့္မားတဲ့ စီမံအုပ္ခ်ဳပ္သူေတြ မရွိတာကို အဓိက သတၱဳခ် အျပစ္တင္ရမွာျဖစ္သလို တစ္စစီ ျဖဳတ္ၾကည့္ခ်ိန္မွာေတာ့ ေနမာ၊ အမ္ဘာေပ ႏွစ္မ်က္ႏွာကလြဲလို႔ ဘာမွ မဟုတ္ပါလားဆိုတာကို အရွိအတိုင္း သိျမင္ၾကေစဖို႔ သုံးသပ္ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.