Premier League Serie A Transfer News

BREAKING NEWS: ရိုးမားနည်းပြသစ်အဖြစ် လက်ခံလိုက်တဲ့ မော်ရင်ညို

ပြီးခဲ့တဲ့ ဧပြီလအတွင်းကမှ တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ မြောက်လန်ဒန်ကနေ ထွက်ခွာလာခဲ့ပြီး နှစ်ပတ်အကြာမှာပဲ အီတလီ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် ပေါ်တူဂီသားနည်းပြကြီးကို အလိုရှိနေခဲ့ကြတဲ့ သူ့ရဲ့နိုင်ငံအသင်းအပါအဝင် တခြားသုံးလေးသင်းကို စိတ်ဝင်စားကြောင်း နာမည်မထွက်ခဲ့ဖူးတဲ့ ရိုးမားအသင်းက နောက်ကောက်ချပြီး ခေါ်ယူနိုင်လိုက်တာဖြစ်ပြီး သုံးနှစ်စာချုပ်ချုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မော်ရင်ညိုအနေနဲ့ ရောမကလပ်ရဲ့ စတေဒီယို အိုလံပီကိုဆီကို ဒီရာသီမှာ နည်းပြအနေနဲ့ ဝင်ရောက်ဦးမှာမဟုတ်ဘဲ သူနဲ့ တစ်နိုင်ငံတည်းသား ပေါ်လို ဖွန်ဆီကာကို လက်ကျန် ၄ ပွဲမှာ ဆက်လက်ကိုင်တွယ်စေဦးမှာဖြစ်ပြီး ၂၀၂၁-၂၂ ရာသီသစ်မှာမှ တရားဝင်ဆက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

စပါးစ်အသင်းနဲ့ ပြဿနာများခဲ့ပြီး ထွက်ခွာခဲ့ရတဲ့ မော်ရင်ညိုအနေနဲ့တော့ ဒီလိုနည်းပြအလုပ်မျိုးကို ဘယ်မှာရှာရှာ ချက်ချင်းရနိုင်တယ်လို့ အမောက်ထောင်ပြနိုင်လိုက်တာလည်းဖြစ်သလို သူ့ရဲ့ ခံစစ်ကစားဟန်နဲ့ လမိုင်းကပ်တဲ့ စီးရီးအေမှာ အင်တာမီလန်တုန်းက အောင်မြင်မှုမျိုးကို ထပ်တူ ရယူနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အရေးအပါဆုံးနေရာကနေ ဆောင်ရွက်ခဲ့တဲ့ အမှုဆောင်ချုပ် တီယာဂို ပင်တိုကိုတော့ မော်ရင်ညိုက ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပြောကြားခဲ့သလို ပေါ်တူဂီသားတွေရဲ့ ပူးပေါင်းမှုမှာ အပွဲပွဲနွှဲလာတဲ့ Special One ကြီး ဘာတွေ ထုတ်ပြစရာ ကျန်သေးသလဲဆိုတာ အားလုံးသိချင်နေကြဦးမှာပဲဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ဧၿပီလအတြင္းကမွ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳဟာ ေျမာက္လန္ဒန္ကေန ထြက္ခြာလာခဲ့ၿပီး ႏွစ္ပတ္အၾကာမွာပဲ အီတလီ စီးရီးေအကလပ္ ႐ိုးမားအသင္းရဲ႕ နည္းျပသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရတယ္လို႔ ေနာက္ဆုံးသတင္းေတြအရ သိရပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ ေပၚတူဂီသားနည္းျပႀကီးကို အလိုရွိေနခဲ့ၾကတဲ့ သူ႔ရဲ႕ႏိုင္ငံအသင္းအပါအဝင္ တျခားသုံးေလးသင္းကို စိတ္ဝင္စားေၾကာင္း နာမည္မထြက္ခဲ့ဖူးတဲ့ ႐ိုးမားအသင္းက ေနာက္ေကာက္ခ်ၿပီး ေခၚယူႏိုင္လိုက္တာျဖစ္ၿပီး သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေမာ္ရင္ညိဳအေနနဲ႔ ေရာမကလပ္ရဲ႕ စေတဒီယို အိုလံပီကိုဆီကို ဒီရာသီမွာ နည္းျပအေနနဲ႔ ဝင္ေရာက္ဦးမွာမဟုတ္ဘဲ သူနဲ႔ တစ္ႏိုင္ငံတည္းသား ေပၚလို ဖြန္ဆီကာကို လက္က်န္ ၄ ပြဲမွာ ဆက္လက္ကိုင္တြယ္ေစဦးမွာျဖစ္ၿပီး ၂၀၂၁-၂၂ ရာသီသစ္မွာမွ တရားဝင္ဆက္ခံမွာျဖစ္တယ္လို႔ ဆိုပါတယ္။

စပါးစ္အသင္းနဲ႔ ျပႆနာမ်ားခဲ့ၿပီး ထြက္ခြာခဲ့ရတဲ့ ေမာ္ရင္ညိဳအေနနဲ႔ေတာ့ ဒီလိုနည္းျပအလုပ္မ်ိဳးကို ဘယ္မွာရွာရွာ ခ်က္ခ်င္းရႏိုင္တယ္လို႔ အေမာက္ေထာင္ျပႏိုင္လိုက္တာလည္းျဖစ္သလို သူ႔ရဲ႕ ခံစစ္ကစားဟန္နဲ႔ လမိုင္းကပ္တဲ့ စီးရီးေအမွာ အင္တာမီလန္တုန္းက ေအာင္ျမင္မႈမ်ိဳးကို ထပ္တူ ရယူႏိုင္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

႐ိုးမားအသင္းရဲ႕ နည္းျပသစ္ျဖစ္လာဖို႔ အေရးအပါဆုံးေနရာကေန ေဆာင္႐ြက္ခဲ့တဲ့ အမႈေဆာင္ခ်ဳပ္ တီယာဂို ပင္တိုကိုေတာ့ ေမာ္ရင္ညိဳက ေက်းဇူးတင္စကား ေျပာၾကားသြားခဲ့ၿပီး ႀကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ေျပာၾကားခဲ့သလို ေပၚတူဂီသားေတြရဲ႕ ပူးေပါင္းမႈမွာ အပြဲပြဲႏႊဲလာတဲ့ Special One ႀကီး ဘာေတြ ထုတ္ျပစရာ က်န္ေသးသလဲဆိုတာ အားလုံးသိခ်င္ေနၾကဦးမွာပဲျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.