Premier League

ယူနိုက်တက်ဆီက အနိုင် ၃ မှတ်ကို မယူဘူးလို့ သဘောထားကြီးပြလိုက်တဲ့ လီဗာပူးလ်

ပြီးခဲ့တဲ့ရက်က ယူနိုက်တက်ပရိသတ်တွေရဲ့ ဂလေဇာမိသားစုကို ဆန္ဒပြမှုနဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲကို စီးနင်းဝင်ရောက်ပြီး အုံကြွမှုပြုလုပ်ခဲ့လို လုံခြုံရေးအရ ပွဲဖျက်သိမ်းခဲ့ရပြီး ဒီပွဲကို ပြန်လည်ကစားဖို့ ရွှေ့ဆိုင်းခဲ့ရတဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်ပွဲစဥ်ဟာ လီဗာပူးလ်အတွက် အခွင့်အရေးကောင်းတခု ရှိနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ယူနိုက်တက်အသင်းပရိသတ်တွေရဲ့စနက်ကြောင့် ပွဲပျက်ခဲ့တာဟာ အနိုင် ၃ မှတ်ကို တောင်းဆိုခွင့်ရှိနေပြီး FA ရဲ့စည်းမျဥ်းအရ ” အသင်းတသင်း သို့ ထိုအသင်းပရိသတ်တွေရဲ့ စနက်ကြောင့် ပွဲပျက်ခဲ့သည်ရှိသော် ” ပြိုင်ဘက်အသင်းကို အနိုင် ၃ မှတ်ပေးဖို့ ဆုံးဖြတ်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ကတော့ ဒီအခွင့်အရေးကို ​စိတ်ဝင်စားခြင်းမရှိသလို ရှောင်လွှဲသွားမှာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးကာ ဒီပွဲကို ပြန်ကစားဖို့ နှစ်ဖက်အသင်းအတွက် သင့်တော်တဲ့ အချိန်နေ့ရက်တခုကို သတ်မှတ်သွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ လာမယ့် ကြသာပတေးညမှာ ယူရိုပါလိဂ်ဆီမီးပွဲစဥ်ကလည်း စောင့်ကြိုနေပြီး ဒါပြီးရင်တော့ ပရီးမီးယားလိဂ်ပွဲစဥ်တွေအဖြစ် ကြားရက်မှာကစားရမယ့် လက်စတာနဲ့ ဖူလ်ဟမ် နှစ်ပွဲဆက်ရှိနေတာကြောင့် နေ့ရက်အရ မေ ၁၅ ရက်နေ့ဝန်းကျင်အထိ ပွဲကို ရွှေ့ဆိုင်းထားရဦးမှာပါ။

ကလော့ပ်ရဲ့အသင်းက မေ ၁၅ ရက်နေ့မှာ ပွဲကစားဖို့ မရှိဘဲ အားနေတာကြောင့် မေ ၁၆ မှာ ကစားမယ့် ဝက်စ်ဘရွမ်းနဲ့ပွဲစဥ်၊ ဒီပွဲအပြီး ကြားရက် မေ ၁၉ ဝန်းကျင်မှာ ကစားရဖွယ်ရှိတဲ့ ဘန်လေနဲ့ပွဲစဥ်တို့ကို ယူနိုက်တက်နဲ့ကစားဖို့ ရက်အနည်းငယ်အပြောင်းအလဲလုပ်လာရဖွယ်လည်း ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ၃ ရက်အတွင်း ၂ ပွဲကစားရနိုင်တဲ့ အနေအထားမှာလည်း ဆိုက်ရောက်နေပြီး ​ကြားရက် မေ ၁၂ မှာ ကစားရမယ့် လက်စတာနဲ့ပွဲကို ကစားရချိန်မှာ လီဗာပူးလ်က အနားရနေလို့ အတိုးအလျှော့ပြုလုပ်ထားတဲ့ ရက်တွေကြားထဲ ပွဲကိုညှပ်ထည့်ပြီး ကစားရဖို့လည်း ရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ရက္က ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ဂေလဇာမိသားစုကို ဆႏၵျပမႈနဲ႔ အိုးထရက္ဖို႔ဒ္ကြင္းထဲကို စီးနင္းဝင္ေရာက္ၿပီး အုံႂကြမႈျပဳလုပ္ခဲ့လို လုံၿခဳံေရးအရ ပြဲဖ်က္သိမ္းခဲ့ရၿပီး ဒီပြဲကို ျပန္လည္ကစားဖို႔ ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ယူႏိုက္တက္နဲ႔ လီဗာပူးလ္ပြဲစဥ္ဟာ လီဗာပူးလ္အတြက္ အခြင့္အေရးေကာင္းတခု ရွိေနပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ယူႏိုက္တက္အသင္းပရိသတ္ေတြရဲ႕စနက္ေၾကာင့္ ပြဲပ်က္ခဲ့တာဟာ အႏိုင္ ၃ မွတ္ကို ေတာင္းဆိုခြင့္ရွိေနၿပီး FA ရဲ႕စည္းမ်ဥ္းအရ ”အသင္းတသင္း သို႔ ထိုအသင္းပရိသတ္ေတြရဲ႕ စနက္ေၾကာင့္ ပြဲပ်က္ခဲ့သည္ရွိေသာ္” ၿပိဳင္ဘက္အသင္းကို အႏိုင္ ၃ မွတ္ေပးဖို႔ ဆုံးျဖတ္ခြင့္ရွိေနတာလည္း ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ကေတာ့ ဒီအခြင့္အေရးကို ​စိတ္ဝင္စားျခင္းမရွိသလို ေရွာင္လႊဲသြားမွာျဖစ္ၿပီး ယူႏိုက္တက္အသင္းနဲ႔ ညႇိႏႈိင္းေဆြးေႏြးကာ ဒီပြဲကို ျပန္ကစားဖို႔ ႏွစ္ဖက္အသင္းအတြက္ သင့္ေတာ္တဲ့ အခ်ိန္ေန႔ရက္တခုကို သတ္မွတ္သြားမယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အေနနဲ႔ လာမယ့္ ၾကသာပေတးညမွာ ယူ႐ိုပါလိဂ္ဆီမီးပြဲစဥ္ကလည္း ေစာင့္ႀကိဳေနၿပီး ဒါၿပီးရင္ေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျဖစ္ ၾကားရက္မွာကစားရမယ့္ လက္စတာနဲ႔ ဖူလ္ဟမ္ ႏွစ္ပြဲဆက္ရွိေနတာေၾကာင့္ ေန႔ရက္အရ ေမ ၁၅ ရက္ေန႔ဝန္းက်င္အထိ ပြဲကို ေ႐ႊ႕ဆိုင္းထားရဦးမွာပါ။

ကေလာ့ပ္ရဲ႕အသင္းက ေမ ၁၅ ရက္ေန႔မွာ ပြဲကစားဖို႔ မရွိဘဲ အားေနတာေၾကာင့္ ေမ ၁၆ မွာ ကစားမယ့္ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲစဥ္၊ ဒီပြဲအၿပီး ၾကားရက္ ေမ ၁၉ ဝန္းက်င္မွာ ကစားရဖြယ္ရွိတဲ့ ဘန္ေလနဲ႔ပြဲစဥ္တို႔ကို ယူႏိုက္တက္နဲ႔ကစားဖို႔ ရက္အနည္းငယ္အေျပာင္းအလဲလုပ္လာရဖြယ္လည္း ရွိေနပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အေနနဲ႔ ၃ ရက္အတြင္း ၂ ပြဲကစားရႏိုင္တဲ့ အေနအထားမွာလည္း ဆိုက္ေရာက္ေနၿပီး ​ၾကားရက္ ေမ ၁၂ မွာ ကစားရမယ့္ လက္စတာနဲ႔ပြဲကို ကစားရခ်ိန္မွာ လီဗာပူးလ္က အနားရေနလို႔ အတိုးအေလွ်ာ့ျပဳလုပ္ထားတဲ့ ရက္ေတြၾကားထဲ ပြဲကိုညႇပ္ထည့္ၿပီး ကစားရဖို႔လည္း ရွိေနေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.