Premier League

PSG ဘယ်လောက်ကောင်းကောင်း မိမိအသင်းက ခပ်ပြင်းပြင်း အလဲထိုးနိုင်လိမ့်မယ်လို့ ဂွာဒီယိုလာ သတိပေး

မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက ဒီနေ့ည အီတီဟတ်ကွင်းမှာ လက်ခံကစားရမယ့် ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့မှာ သိပ်ကောင်းလှပါတယ်ဆိုတဲ့ ပီအက်စ်ဂျီ ကို မိမိအသင်းက ခပ်ကြမ်းကြမ်းအလဲထိုးသွားမယ်လို့ ပိုချက်တီနိုကို သတိပေးသွားခဲ့ပြီး သူ့ရဲ့အသင်းသားတွေကိုလည်း ” ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိဦးမလား ” လို့ လှုံ့ဆော်ပေးသွားခဲ့ပါတယ်။

ပထမအကျော့က ပါရီမှာ ဒုတိယပိုင်း တောက်ပလွန်းခဲ့တဲ့ မန်စီးတီးရဲ့ခြေစွမ်းက ပီအက်စ်ဂျီ ကို ကောင်းကောင်းဒုက္ခပေးခဲ့ပြီး ၇ မိနစ်အတွင်း ပွဲအလှည့်အပြောင်းကို ဖော်ဆောင်ပြီး Come Back နိုင်ပွဲကို ရယူခဲ့သလို အဖိုးတန် အဝေးဂိုး ၂ ဂိုးက ဂွာဒီယိုလာရဲ့ အားသာချက်လည်း ဖြစ်ခဲ့ရတယ်။

လာမယ့်ဘေး အမြန်ဆုံးပြေးတွေ့ချင်တဲ့ ဂွာဒီယိုလာက ယုံကြည်မှုပြည့်ဝနေတဲ့ သူ့အသင်းဟာ အခက်အခဲကို သတ္တိရှိရှိရင်ဆိုင်လိမ့်မယ်လို့ ဆိုသွားခဲ့ပြီး ဒီပွဲရဲ့ အဆုံးအဖြတ်က အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ဆိုတဲ့ မန်စီးတီးရဲ့မျှော်လင့်ချက်ခိုင်မာမှုလည်း ဖြစ်နေကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်အောင်​မြင်ထားတဲ့ ဂွာဒီယိုလာက ဒီပွဲက မပြီးသေးဘူးဆိုပေမယ့် မန်စီးတီးရဲ့ သမိုင်းလှစေဖို့ အားတက်မှုအပြည့်အဝရှိနေသလို အောင်မြင်မှုရဖို့ ကြိုတင်စိတ်ကူးထားပြီးဖြစ်တယ်လို့ ဆိုခဲ့တာပါ။

ပီအက်စ်ဂျီဟာ လက်ရှိချန်ပီယံလိဂ် အဝေးကွင်းတွေမှာ ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ နဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေကို အနိုင်ယူထားခဲ့လို့ အီတီဟတ်မှာ မာကျောတဲ့ပြိုင်ဘက်အဖြစ် ရောက်ရှိလာနိုင်ဖွယ်ရှိပေမယ့် တရာသီလုံးကစားပြခဲ့တဲ့ မိမိအသင်းရဲ့စွမ်းဆောင်မှုအစစ်နဲ့သာ ကစားနိုင်ခဲ့ရင် မဖြစ်နိုင်တာဘာမှမရှိဘူးလို့ ပပ်ကယုံကြည်နေပါတယ်။

” ကျွန်တော်ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး။ ပါးစပ်ရှေ့ရောက်မှ ပုတ်ချမခံနိုင်ဘူး။ ဒီပွဲက ရေကုန်ရေခန်း အပြိုင်ကြဲမယ့် တကယ့်ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ သိပ်ကိုကြီးမားတဲ့ပွဲဖြစ်လို့ တောင့်ခံနိုင်မှသာ ကျော်ဖြတ်နိုင်မယ်။ ကျွန်တော့်အသင်းက ကျွန်တော်ယုံကြည်တဲ့အတိုင်းပဲ အကောင်းဆုံးခြေစွမ်းပြသွားလိမ့်မယ်လို့ ကြိုတင်မြင်ယောင်နေပါတယ် ”

” ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ လို ကစားပုံအဆင့်ရှိတဲ့ အသင်းတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးပြီးပါပြီ။ တုန်လှုပ်နေစရာမရှိပါဘူး။ ကျွန်တော်တို့ ဘယ်လောက် အမြန်ကစားနိုင်မလဲ….ဘယ်ချက်ကောင်းကို ထိအောင် အလဲထိုးမလဲ…. ဒါတွေက အရေးကြီးပါတယ်။ ”

“ကျွန်တော့်အသင်းသားတွေကသာ တကယ်ဖြစ်လာအောင် လုပ်ပြနိုင်ခဲ့ရင် ကျွန်တော်တို့တဘဝလုံးအတွက် ထာဝရအမှတ်ရစရာ မှတ်တိုင်တခုဖြစ်လာပါလိမ့်မယ်။ ” လို့ သူက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြို ရင်ဖွင့်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးနည္းျပ ပပ္ ဂြာဒီယိုလာက ဒီေန႔ည အီတီဟတ္ကြင္းမွာ လက္ခံကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီး ဒုတိယအေက်ာ့မွာ သိပ္ေကာင္းလွပါတယ္ဆိုတဲ့ ပီအက္စ္ဂ်ီ ကို မိမိအသင္းက ခပ္ၾကမ္းၾကမ္းအလဲထိုးသြားမယ္လို႔ ပိုခ်က္တီႏိုကို သတိေပးသြားခဲ့ၿပီး သူ႔ရဲ႕အသင္းသားေတြကိုလည္း ” ခြင့္သာခိုက္မွ မလိုက္ခ်င္ရင္ အမိုက္နင့္ျပင္ရွိဦးမလား ” လို႔ လႈံ႕ေဆာ္ေပးသြားခဲ့ပါတယ္။

ပထမအေက်ာ့က ပါရီမွာ ဒုတိယပိုင္း ေတာက္ပလြန္းခဲ့တဲ့ မန္စီးတီးရဲ႕ေျခစြမ္းက ပီအက္စ္ဂ်ီ ကို ေကာင္းေကာင္းဒုကၡေပးခဲ့ၿပီး ၇ မိနစ္အတြင္း ပြဲအလွည့္အေျပာင္းကို ေဖာ္ေဆာင္ၿပီး Come Back ႏိုင္ပြဲကို ရယူခဲ့သလို အဖိုးတန္ အေဝးဂိုး ၂ ဂိုးက ဂြာဒီယိုလာရဲ႕ အားသာခ်က္လည္း ျဖစ္ခဲ့ရတယ္။

လာမယ့္ေဘး အျမန္ဆုံးေျပးေတြ႕ခ်င္တဲ့ ဂြာဒီယိုလာက ယုံၾကည္မႈျပည့္ဝေနတဲ့ သူ႔အသင္းဟာ အခက္အခဲကို သတၱိရွိရွိရင္ဆိုင္လိမ့္မယ္လို႔ ဆိုသြားခဲ့ၿပီး ဒီပြဲရဲ႕ အဆုံးအျဖတ္က အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ဆိုတဲ့ မန္စီးတီးရဲ႕ေမွ်ာ္လင့္ခ်က္ခိုင္မာမႈလည္း ျဖစ္ေနေၾကာင္း ေႂကြးေၾကာ္သြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ၂ ႀကိမ္ေအာင္​ျမင္ထားတဲ့ ဂြာဒီယိုလာက ဒီပြဲက မၿပီးေသးဘူးဆိုေပမယ့္ မန္စီးတီးရဲ႕ သမိုင္းလွေစဖို႔ အားတက္မႈအျပည့္အဝရွိေနသလို ေအာင္ျမင္မႈရဖို႔ ႀကိဳတင္စိတ္ကူးထားၿပီးျဖစ္တယ္လို႔ ဆိုခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ လက္ရွိခ်န္ပီယံလိဂ္ အေဝးကြင္းေတြမွာ ယူႏိုက္တက္၊ ဘိုင္ယန္ျမဴးနစ္၊ နဲ႔ ဘာစီလိုနာတို႔လို အသင္းႀကီးေတြကို အႏိုင္ယူထားခဲ့လို႔ အီတီဟတ္မွာ မာေက်ာတဲ့ၿပိဳင္ဘက္အျဖစ္ ေရာက္ရွိလာႏိုင္ဖြယ္ရွိေပမယ့္ တရာသီလုံးကစားျပခဲ့တဲ့ မိမိအသင္းရဲ႕စြမ္းေဆာင္မႈအစစ္နဲ႔သာ ကစားႏိုင္ခဲ့ရင္ မျဖစ္ႏိုင္တာဘာမွမရွိဘူးလို႔ ပပ္ကယုံၾကည္ေနပါတယ္။

” ကြၽန္ေတာ္ဒီအခြင့္အေရးကို လက္လႊတ္မခံႏိုင္ဘူး။ ပါးစပ္ေရွ႕ေရာက္မွ ပုတ္ခ်မခံႏိုင္ဘူး။ ဒီပြဲက ေရကုန္ေရခန္း အၿပိဳင္ႀကဲမယ့္ တကယ့္ပြဲႀကီးပြဲေကာင္းျဖစ္လာမွာပါ။ သိပ္ကိုႀကီးမားတဲ့ပြဲျဖစ္လို႔ ေတာင့္ခံႏိုင္မွသာ ေက်ာ္ျဖတ္ႏိုင္မယ္။ ကြၽန္ေတာ့္အသင္းက ကြၽန္ေတာ္ယုံၾကည္တဲ့အတိုင္းပဲ အေကာင္းဆုံးေျခစြမ္းျပသြားလိမ့္မယ္လို႔ ႀကိဳတင္ျမင္ေယာင္ေနပါတယ္ ”

” ခ်န္ပီယံလိဂ္ာ ပီအက္စ္ဂ်ီ လို ကစားပုံအဆင့္ရွိတဲ့ အသင္းေတြနဲ႔ ကြၽန္ေတာ္တို႔ ရင္ဆိုင္ခဲ့ဖူးၿပီးပါၿပီ။ တုန္လႈပ္ေနစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဘယ္ေလာက္ အျမန္ကစားႏိုင္မလဲ….ဘယ္ခ်က္ေကာင္းကို ထိေအာင္ အလဲထိုးမလဲ…. ဒါေတြက အေရးႀကီးပါတယ္။ ”

“ကြၽန္ေတာ့္အသင္းသားေတြကသာ တကယ္ျဖစ္လာေအာင္ လုပ္ျပႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔တဘဝလုံးအတြက္ ထာဝရအမွတ္ရစရာ မွတ္တိုင္တခုျဖစ္လာပါလိမ့္မယ္။ ” လို႔ သူက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲႀကိဳ ရင္ဖြင့္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.