Premier League

အာဆင်နယ်သတိထားရမယ့် ဗီလာရီးရဲလ်ကစားသမားနဲ့ အာတီတာက အသင်းအတွက် ဘာကြောင့် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို ကာဇိုလာ ပြောသွား

ဗီလာရီးရဲလ်အသင်းမှာလည်း နှစ်ပေါင်းများစွာ ကစားခဲ့ဖူးပြီး အာဆင်နယ်ကစားသမားဟောင်းတဦးလည်းဖြစ်တဲ့ ကာဇိုလာက ယူရိုပါလိဂ်ဆီမီးမှာ အာဆင်နယ်သတိထားရမယ့် ဗီလာရီးရဲလ်ကစားသမားအကြောင်းကို သတိပေးခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်ဝင်းဂါးခေတ်လွန်မှာ ဘာကြောင့် အသင်းအတွက် အသင့်တော်ဆုံးဖြစ်သလဲဆိုတဲ့အကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ကြာသာပတေးညမှာ ဗီလာရီးရဲလ်နဲ့ နွှဲရမယ့် ယူရိုပါလိဂ်ဆီမီး ဒုတိယအကျော့ဟာ အာတီတာအတွက် အကြီးမားဆုံး အလှည့်အပြောင်းကို ယူဆောင်လာမယ့်ပွဲလို့ မှတ်ချက်ချရမှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်လွဲချော်မှုကို ရှောင်လွှဲဖို့ အားတခုအဖြစ် ဆွဲတင်နိုင်မှာလားလို့ စောင့်ကြည့်ရမှာပါ။

” ကျွန်တော့်စိတ်ထင်အရ အာတီတာက အာဆင်နယ်အသင်းအတွက် လူမှန်၊ နေရာမှန်အဖြစ်ဆုံးပါ။ အသင်းရဲ့အနာဂတ်ကို သူဦးဆောင်သွားပါလိမ့်မယ်။ အာဆင်ဝင်းဂါးရဲ့အချိန်အခါကလို တထပ်တည်းခြေရာနင်းဖို့တော့ ခက်ခဲတာပေါ့လေ ”

” ဒီအသင်းက ဘောလုံးကို စတိုင်လ်နောက်တမျိုးပြောင်းပြီး ကစားရတော့မယ်။ ဘောလုံးဒဿနအသစ်၊ ဘောလုံးအမြင်သစ်နဲ့ ရှေ့ဆက်ရတော့မှာပါ။ ဒီအတွက် အာတီတာကို လိုပါတယ်။ သူ့အသင်းကို ဘယ်လိုကစားစေချင်သလဲဆိုတာကို သူကကောင်းကောင်းသိပြီး ရှင်းလင်းတဲ့အမြင်နဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်ထားတယ်။ ”

” ကျွန်တော်နဲ့သူနဲ့က မိတ်ဆွေကောင်းတွေပါ။ သူ့အတွက် အာဆင်နယ်အတွက်ရော ကောင်းသောအရာတွေ ဖြစ်လာလေ ကျွန်တော်က ပျော်ရွှင်လေပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဂန်းနားတယောက်ပါ။ ” လို့ အာဆင်နယ်အသင်းနဲ့ အတွင်းသိအဆင်းသိဖြစ်တဲ့ ကာဇိုလာက သူ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် ဗီလာရီးရဲလ်ကို ရင်ဆိုင်ရာမှာ အာဆင်နယ်အနေနဲ့ ကောင်းကောင်းသတိထားရမယ့်သူက ဂျရတ် မိုရီနိုဖြစ်ပြီး စပိန်ကလပ်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပြီး ၃၅ ဂိုးသွင်းထားတဲ့ စပိန်တိုက်စစ်မှူးဟာ ဒီပွဲမှာ အန္တရာယ်အကြီးဆုံးသူဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

“သူက စပိန်မှာ လက်ရှိ အကောင်းဆုံးတိုက်စစ်မှူးပါ။ ဂိုးသွင်းရုံတင်မကပါဘူး။ သူသွင်းထားတဲ့ဂိုးတွေအပြင်ကို ဧရိယာအပြင်ဘက်က သူ့ရဲ့လုပ်ဆောင်မှုတွေကနေ ဗီလာရီးရဲလ်ကို ခြားနားမှုတွေ ဖြစ်စေသူပါ။ သူက ယုံကြည်မှုအမြင့်မားဆုံးအချိန်ကို ရောက်နေလို့လည်း အာတီတာက သူ့ကို သေချာအစီအစဥ်ဆွဲပြီး ထိန်းချုပ်ရပါလိမ့်မယ် ” လို့ သူက ဆက်လက်သုံးသပ်ခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဗီလာရီးရဲလ္အသင္းမွာလည္း ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ဖူးၿပီး အာဆင္နယ္ကစားသမားေဟာင္းတဦးလည္းျဖစ္တဲ့ ကာဇိုလာက ယူ႐ိုပါလိဂ္ဆီမီးမွာ အာဆင္နယ္သတိထားရမယ့္ ဗီလာရီးရဲလ္ကစားသမားအေၾကာင္းကို သတိေပးခဲ့ၿပီး အာဆင္နယ္နည္းျပ အာတီတာဟာ အာဆင္ဝင္းဂါးေခတ္လြန္မွာာ ဘာေၾကာင့္ အသင္းအတြက္ အသင့္ေတာ္ဆုံးျဖစ္သလဲဆိုတဲ့အေၾကာင္း ေဆြးေႏြးသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ၾကာသာပေတးညမွာ ဗီလာရီးရဲလ္နဲ႔ ႏႊဲရမယ့္ ယူ႐ိုပါလိဂ္ဆီမီး ဒုတိယအေက်ာ့ဟာ အာတီတာအတြက္ အႀကီးမားဆုံး အလွည့္အေျပာင္းကို ယူေဆာင္လာမယ့္ပြဲလို႔ မွတ္ခ်က္ခ်ရမွာျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ဥေရာပဝင္ခြင့္လြဲေခ်ာ္မႈကို ေရွာင္လႊဲဖို႔ အားတခုအျဖစ္ ဆြဲတင္ႏိုင္မွာလားလို႔ ေစာင့္ၾကည့္ရမွာပါ။

” ကြၽန္ေတာ့္စိတ္ထင္အရ အာတီတာက အာဆင္နယ္အသင္းအတြက္ လူမွန္၊ ေနရာမွန္အျဖစ္ဆုံးပါ။ အသင္းရဲ႕အနာဂတ္ကို သူဦးေဆာင္သြားပါလိမ့္မယ္။ အာဆင္ဝင္းဂါးရဲ႕အခ်ိန္အခါကလို တထပ္တည္းေျခရာနင္းဖို႔ေတာ့ ခက္ခဲတာေပါ့ေလ ”

” ဒီအသင္းက ေဘာလုံးကို စတိုင္လ္ေနာက္တမ်ိဳးေျပာင္းၿပီး ကစားရေတာ့မယ္။ ေဘာလုံးဒႆနအသစ္၊ ေဘာလုံးအျမင္သစ္နဲ႔ ေရွ႕ဆက္ရေတာ့မွာပါ။ ဒီအတြက္ အာတီတာကို လိုပါတယ္။ သူ႔အသင္းကို ဘယ္လိုကစားေစခ်င္သလဲဆိုတာကို သူကေကာင္းေကာင္းသိၿပီး ရွင္းလင္းတဲ့အျမင္နဲ႔ စိတ္ကူးစိတ္သန္းေတြ ပိုင္ဆိုင္ထားတယ္။ ”

” ကြၽန္ေတာ္နဲ႔သူနဲ႔က မိတ္ေဆြေကာင္းေတြပါ။ သူ႔အတြက္ အာဆင္နယ္အတြက္ေရာ ေကာင္းေသာအရာေတြ ျဖစ္လာေလ ကြၽန္ေတာ္က ေပ်ာ္႐ႊင္ေလပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ဂန္းနားတေယာက္ပါ။ ” လို႔ အာဆင္နယ္အသင္းနဲ႔ အတြင္းသိအဆင္းသိျဖစ္တဲ့ ကာဇိုလာက သူ႔အျမင္ကို ေျပာျပသြားခဲ့ပါတယ္။

ဒါ့အျပင္ ဗီလာရီးရဲလ္ကို ရင္ဆိုင္ရာမွာ အာဆင္နယ္အေနနဲ႔ ေကာင္းေကာင္းသတိထားရမယ့္သူက ဂ်ရတ္ မိုရီႏိုျဖစ္ၿပီး စပိန္ကလပ္အတြက္ ၿပိဳင္ပြဲစုံ ပြဲ ၄၀ ကစားၿပီး ၃၅ ဂိုးသြင္းထားတဲ့ စပိန္တိုက္စစ္မႉးဟာ ဒီပြဲမွာ အႏၲရာယ္အႀကီးဆုံးသူျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

“သူက စပိန္မွာ လက္ရွိ အေကာင္းဆုံးတိုက္စစ္မႉးပါ။ ဂိုးသြင္း႐ုံတင္မကပါဘူး။ သူသြင္းထားတဲ့ဂိုးေတြအျပင္ကို ဧရိယာအျပင္ဘက္က သူ႔ရဲ႕လုပ္ေဆာင္မႈေတြကေန ဗီလာရီးရဲလ္ကို ျခားနားမႈေတြ ျဖစ္ေစသူပါ။ သူက ယုံၾကည္မႈအျမင့္မားဆုံးအခ်ိန္ကို ေရာက္ေနလို႔လည္း အာတီတာက သူ႔ကို ေသခ်ာအစီအစဥ္ဆြဲၿပီး ထိန္းခ်ဳပ္ရပါလိမ့္မယ္ ” လို႔ သူက ဆက္လက္သုံးသပ္ခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.