Match Report Premier League

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်ဝင်ခံဖို့ အသင့်ဖြစ်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ဆဲလ်ဟာ့စ်ပါ့ခ်မှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ဒီတစ်ပတ်မှာတောင် ဖြစ်နိုင်နေပြီမို့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနဲ့အတူ မျှတဲ့ လူစာရင်းကို သုံးစွဲလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲရလဒ်ကို အကောင်းဆုံးနေရာက စောင့်စားကြည့်ရှုနိုင်ဖို့ ဟန်ချက်ညီညီ ပြင်ဆင်လာခဲ့ပါတယ်။

အဂွေရိုကို အကူအညီ ပိုရစေပြီး ပိုဖန်တီးပေးနိုင်ဖို့ ညာခြမ်းမှာ ကစားခိုင်းခဲ့တဲ့ ဖယ်ရန် တောရက်စ်က မာရက်ဇ်၊ ဘာနာဒိုတို့လို Inverted Winger/ Inside Forward အဖြစ် အသုံးတော် မခံနိုင်တာကတော့ စီးတီးရဲ့ ကစားနေကျ တိုက်စစ်လမ်းကြောင်းတွေကို အားနည်းစေပြီး ဒီနေ့ ကစားတဲ့ ၄-၄-၂ ပုံစံက ထင်သလောက် အကောင်းကြီးတော့ မဟုတ်ခဲ့တာပါ။

ပထမပိုင်းမှာ အဂွေရိုနဲ့ စတာလင်တို့ အခွင့်အရေးတွေ လွဲချော်နေခဲ့သလို ဖာနန်ဒင်ညိုနဲ့ ကစားအားမကောင်းတဲ့ ခံစစ်အစုအဖွဲ့က ရုန်းကန်နေခဲ့ရပြီး ဘန်တီကီတို့ရဲ့ ပဲလေ့စ်တိုက်စစ်ကတောင် ပိုရင်ခုန်အောင် လုပ်နိုင်ခဲ့သလို ဂျေဆူးစ်ရဲ့ အနီးကပ် ပိတ်သွင်းချက် လူကျွံနေတာကတော့ စီးတီးပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး ၄၅ မိနစ်အပြီးမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပထမပိုင်းကလိုမျိုး ဂွန်ဒိုးဝမ်၊ ဘာနာဒို၊ ဒီဘရိုင်းနားတို့ မပါတဲ့ ကွင်းလယ်ကနေ စတင်တဲ့ တိုက်စစ်ထက် ခံစစ်ဗဟိုက Ball Playing Defender တွေနဲ့ တောင်ပံတွေ တိုက်ရိုက်ချိတ်ဆက်ပြီး Channel တွေနဲ့ Space တွေဆီ ပိုတိုးကစားတဲ့ ပုံစံကို ပြောင်းလဲခဲ့တဲ့ ဂွါဒီယိုလာရဲ့ နည်းစနစ်က အကျိုးဖြစ်ထွန်းစေခဲ့ပြီး အနိုင်ရလဒ်ဘက် ဦးတည်စေခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ သာမန် Tempo နဲ့ ကစားနေတဲ့ စီးတီးတို့ရဲ့ လျှပ်တစ်ပြက် ထိုးနှက်မှုက ပဲလေ့စ်ကို အငိုက်မိစေခဲ့ပြီး ဘယ်ခြမ်းက လာပေါ့တ် ပေးတဲ့ ဘောလုံးကို မန်ဒီက အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ အဂွေရိုက တိကျတဲ့ ထိန်းသိမ်းမှုနဲ့အတူ တစ်ဖက်ခံစစ် နှစ်ယောက်ကြားက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး ဂိုးသမား ဂွိုင်တာကို အနိုင်ယူနိုင်ခဲ့ပါတယ်။

နှစ်မိနစ်အကြာမှာတော့ ခံစစ်မှာ ဘောလုံးကို သေချာရှင်းမထုတ်နိုင်ဘဲ ဗျာများနေတဲ့ ပဲလေ့စ်နောက်တန်းတွေကြားကို စတာလင် ပေးရာက ငြိကျန်ခဲ့တဲ့ ဘောလုံးကို နောက်ကလိုက်လာခဲ့တဲ့ ဖယ်ရန် တောရက်စ်က ဘယ်ခြေကန်ချက်နဲ့ အဝေးကနေ ကံစမ်းခဲ့ရာမှာ ဂိုးသမား အမြင်မရှင်းခဲ့လို့ မကာကွယ်နိုင်ဘဲ အနိုင်ပြတ်သားစေမယ့် ဂိုးကို ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဗျူဟာမှန်သွားတဲ့ စီးတီးတို့ ပိုကောင်းလာခဲ့ပေမယ် စတာလင်ရဲ့ အဆုံးသတ်ချက် တိုင်ထိသွားခဲ့တာ၊ အဂွေရိုး နှေးနေတာတွေနဲ့ လှပတဲ့ တွဲလုံးတွေမှာ အဆုံးသတ်ဂိုးသွင်းသူတွေ မကောင်းတာတွေကြောင့် ဂိုးထပ်မရခဲ့သလို ပဲလေ့စ်ရဲ့ ဂိုးပေါက်ကန်ချက် ခပ်ပျော့ပျော့တွေကိုတော့ အီဒါဆန် လွယ်လွယ်ကူကူပဲ ကာကွယ်သွားခဲ့တာပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့တာပါ။

ဂိုးပေါက်နဲ့ ရန်ဖြစ်ထားခဲ့တဲ့ စတာလင်ကတော့ ပရိသတ်တွေကို ဒီနေ့ပွဲမှာ စိတ်ပျက်စေခဲ့ပေမယ့် တစ်သင်းလုံးအတွက် ကောင်းမွန်ခဲ့တဲ့ ရလဒ်မှာတော့ သူ့ရဲ့ ဖြုန်းတီးမှုတွေကို ပြန်ပြောဖို့ ဆန္ဒမရှိကြတော့ချိန်မှာ စီးတီးတို့အနေနဲ့ မနက်ဖြန်ကန်မယ့် ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက်တွေ အနိုင်မရရင် ၁၈ ဂိုးကွာခြားနေတဲ့ ဂိုးကွာခြားချက်နဲ့ကို အောင်ပွဲခံနိုင်ဖို့ ရှိနေပြီဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ဆဲလ္ဟာ့စ္ပါ့ခ္မွာ အႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ ဒီတစ္ပတ္မွာေတာင္ ျဖစ္ႏိုင္ေနၿပီမို႔ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုနဲ႔အတူ မွ်တဲ့ လူစာရင္းကို သုံးစြဲလာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲရလဒ္ကို အေကာင္းဆုံးေနရာက ေစာင့္စားၾကည့္ရႈႏိုင္ဖို႔ ဟန္ခ်က္ညီညီ ျပင္ဆင္လာခဲ့ပါတယ္။

အေဂြ႐ိုကို အကူအညီ ပိုရေစၿပီး ပိုဖန္တီးေပးႏိုင္ဖို႔ ညာျခမ္းမွာ ကစားခိုင္းခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က မာရက္ဇ္၊ ဘာနာဒိုတို႔လို Inverted Winger/ Inside Forward အျဖစ္ အသုံးေတာ္ မခံႏိုင္တာကေတာ့ စီးတီးရဲ႕ ကစားေနက် တိုက္စစ္လမ္းေၾကာင္းေတြကို အားနည္းေစၿပီး ဒီေန႔ ကစားတဲ့ ၄-၄-၂ ပုံစံက ထင္သေလာက္ အေကာင္းႀကီးေတာ့ မဟုတ္ခဲ့တာပါ။

ပထမပိုင္းမွာ အေဂြ႐ိုနဲ႔ စတာလင္တို႔ အခြင့္အေရးေတြ လြဲေခ်ာ္ေနခဲ့သလို ဖာနန္ဒင္ညိဳနဲ႔ ကစားအားမေကာင္းတဲ့ ခံစစ္အစုအဖြဲ႕က ႐ုန္းကန္ေနခဲ့ရၿပီး ဘန္တီကီတို႔ရဲ႕ ပဲေလ့စ္တိုက္စစ္ကေတာင္ ပိုရင္ခုန္ေအာင္ လုပ္ႏိုင္ခဲ့သလို ေဂ်ဆူးစ္ရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ လူကြၽံေနတာကေတာ့ စီးတီးပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး ၄၅ မိနစ္အၿပီးမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပထမပိုင္းကလိုမ်ိဳး ဂြန္ဒိုးဝမ္၊ ဘာနာဒို၊ ဒီဘ႐ိုင္းနားတို႔ မပါတဲ့ ကြင္းလယ္ကေန စတင္တဲ့ တိုက္စစ္ထက္ ခံစစ္ဗဟိုက Ball Playing Defender ေတြနဲ႔ ေတာင္ပံေတြ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး Channel ေတြနဲ႔ Space ေတြဆီ ပိုတိုးကစားတဲ့ ပုံစံကို ေျပာင္းလဲခဲ့တဲ့ ဂြါဒီယိုလာရဲ႕ နည္းစနစ္က အက်ိဳးျဖစ္ထြန္းေစခဲ့ၿပီး အႏိုင္ရလဒ္ဘက္ ဦးတည္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ သာမန္ Tempo နဲ႔ ကစားေနတဲ့ စီးတီးတို႔ရဲ႕ လွ်ပ္တစ္ျပက္ ထိုးႏွက္မႈက ပဲေလ့စ္ကို အငိုက္မိေစခဲ့ၿပီး ဘယ္ျခမ္းက လာေပါ့တ္ ေပးတဲ့ ေဘာလုံးကို မန္ဒီက အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ အေဂြ႐ိုက တိက်တဲ့ ထိန္းသိမ္းမႈနဲ႔အတူ တစ္ဖက္ခံစစ္ ႏွစ္ေယာက္ၾကားက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းၿပီး ဂိုးသမား ဂြိဳင္တာကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ ခံစစ္မွာ ေဘာလုံးကို ေသခ်ာရွင္းမထုတ္ႏိုင္ဘဲ ဗ်ာမ်ားေနတဲ့ ပဲေလ့စ္ေနာက္တန္းေတြၾကားကို စတာလင္ ေပးရာက ၿငိက်န္ခဲ့တဲ့ ေဘာလုံးကို ေနာက္ကလိုက္လာခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က ဘယ္ေျခကန္ခ်က္နဲ႔ အေဝးကေန ကံစမ္းခဲ့ရာမွာ ဂိုးသမား အျမင္မရွင္းခဲ့လို႔ မကာကြယ္ႏိုင္ဘဲ အႏိုင္ျပတ္သားေစမယ့္ ဂိုးကို ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဗ်ဴဟာမွန္သြားတဲ့ စီးတီးတို႔ ပိုေကာင္းလာခဲ့ေပမယ္ စတာလင္ရဲ႕ အဆုံးသတ္ခ်က္ တိုင္ထိသြားခဲ့တာ၊ အေဂြ႐ိုး ေႏွးေနတာေတြနဲ႔ လွပတဲ့ တြဲလုံးေတြမွာ အဆုံးသတ္ဂိုးသြင္းသူေတြ မေကာင္းတာေတြေၾကာင့္ ဂိုးထပ္မရခဲ့သလို ပဲေလ့စ္ရဲ႕ ဂိုးေပါက္ကန္ခ်က္ ခပ္ေပ်ာ့ေပ်ာ့ေတြကိုေတာ့ အီဒါဆန္ လြယ္လြယ္ကူကူပဲ ကာကြယ္သြားခဲ့တာၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးခဲ့တာပါ။

ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားခဲ့တဲ့ စတာလင္ကေတာ့ ပရိသတ္ေတြကို ဒီေန႔ပြဲမွာ စိတ္ပ်က္ေစခဲ့ေပမယ့္ တစ္သင္းလုံးအတြက္ ေကာင္းမြန္ခဲ့တဲ့ ရလဒ္မွာေတာ့ သူ႔ရဲ႕ ျဖဳန္းတီးမႈေတြကို ျပန္ေျပာဖို႔ ဆႏၵမရွိၾကေတာ့ခ်ိန္မွာ စီးတီးတို႔အေနနဲ႔ မနက္ျဖန္ကန္မယ့္ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြ အႏိုင္မရရင္ ၁၈ ဂိုးကြာျခားေနတဲ့ ဂိုးကြာျခားခ်က္နဲ႔ကို ေအာင္ပြဲခံႏိုင္ဖို႔ ရွိေနၿပီျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.