Premier League

ရီးရဲလ်နဲ့ပွဲမှာ လန်းဆန်းနေဖို့ ဖူလ်ဟမ်နဲ့ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးမယ့် တူဟယ်လ်

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ တန်းဆင်းဇုန် အဆင့် ၁၈ က ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒါက ထင်ထားတာထက် ပိုကျပ်တည်းတဲ့ပွဲလည်း ဖြစ်လာဖို့ ရှိနေတယ်။ အဆင့် ၄ တိုက်ပွဲက အထွဋ်အထိပ်ကို ရောက်နေချိန်လည်းဖြစ်တယ်။

ပရီးမီးယားလိဂ်နောက်ဆုံးပွဲ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်လုရမယ့် အဆင့် ၄ နေရာအတွက် တစက်ကလေးမှ အမှားမခံတော့လို့ ကိုယ့်အသင်းခြေချော်တာနဲ့ ​ကောက်စားခံရမယ့် အနေအထားမှာ ရီးရဲလ်နဲ့နွှဲရဦးမယ့် တူဟယ်လ်က ပွဲကျပ်ထဲရောက်နေတယ်လို့ ဆိုရမယ်။

နောက်ဆုံး ၁၀ ပွဲမှာ ပရီးမီးယားလိဂ် ၂ ပွဲသာ အနိုင်ရထားတဲ့ ဖူလ်ဟမ်ကို ရင်ဆိုင်ဖို့ တောဘုရင်ဆိုတာ ဘယ်အသင်းကိုမဆို တူညီတဲ့ခွန်အားမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်းသားတွေရဲ့အာရုံက ပွဲကြီးပွဲကောင်းအတွက်သာ ​စိတ်လောနေမှာဖြစ်တာက ဖူလ်ဟမ်ဘက်က အမြတ်ထုတ်စရာရှိနေလို့ ရုန်းအားတခုနဲ့ အခက်တွေ့လာစေနိုင်တာကို တူဟယ်လ်က သဘောပေါက်ပြီးဖြစ်လိမ့်မယ်။

တူဟယ်လ်အနေနဲ့ ရီးရဲလ်နဲ့ပွဲမှာ လန်းဆန်းနေဖို့ လိုအပ်ကြောင်းကိုလည်း အနားလည်နိုင်ဆုံးသူဖြစ်နေလို့ ဖူလ်ဟမ်ကိုလည်းကျော်ဖြတ်ဖို့၊ ရီးရဲလ်ကိုလည်း ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ် အဆင့် ၄နဲ့ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်မှာ ဟန်ချက်ညီမှုကို တည်ဆောက်ဖို့ လိုလာပါလိမ့်မယ်။

တူဟယ်လ်အနေနဲ့ ဝက်စ်ဟမ်းနဲ့ ရီးရဲလ် နှစ်ပွဲဆက်တိုက် တူညီတဲ့လူစာရင်းကိုသာ ထုတ်သုံးခဲ့တာက သူ့ရဲ့ချယ်လ်ဆီးနည်းပြဘဝသက်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသလို ဒါကို ဖူလ်ဟမ်နဲ့ပွဲမှာတော့ လူစာရင်းအလှည့်အပြောင်းနဲ့ချဥ်းကပ်ပြီး အနိုင် ၃ မှတ်ကိုပါ အိတ်ကပ်ထဲထည့်လာဖို့ တာဝန်ရှိနေတယ်။

သူ့အနေနဲ့ ချန်ပီယံလိဂ်မှာ ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးဆိုရင် ရီးရဲလ်ကို ရင်ဆိုင်ဖို့ လက်ရွေးစင်လူစာရင်းကို ရွေးထုတ်ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ အနားပေးလါဖို့လည်း ရှိနေသလို ကတ်ဇူးမား၊ ဇီးယက်ရှ်၊ အိုဒွိုင်းနဲ့ တန်မီ အေဘရာဟမ်တို့ကို အရန်လူစာရင်းကို ကျေကျေနပ်နပ်ကြီး နေရာပေးလါဖို့လည်း ရှိနေတယ်။

ချယ်လ်ဆီးအသင်းရဲ့လူစာရင်းမှာ ဂိုးသမားနေရာကို ဖယ်ကြည့်ရင် မေဆန်မောင့်ကလွဲပြီး ဘယ်သူပွဲထွက်လာမယ်ဆိုတာကို အင်မတန်ခန့်မှန်းရခက်ပြီး ဒါက တူဟယ်လ်ရဲ့လှည့်စားမှုလို့လည်းဆိုနိုင်သလို ဘယ်လိုဖြစ်ဖြစ် လက်ရှိပွဲသည်သာ အရေးကြီးဆုံးဆိုတာ ချယ်လ်ဆီးအသင်းက မမေ့ဘဲလိုပြီး ရလဒ်ကောင်းကို ရအောင်ယူဖို့ လိုအပ်ပါတယ်။

ဒီနေ့ညကစားမယ့် ချယ်လ်ဆီးနဲ့ဖူလ်ဟမ်ပွဲမှာ ချယ်လ်ဆီးအနေနဲ့ အခက်အခဲမရှိဘဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရယူသွားလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းသွားခဲ့ပြီး ဖူလ်ဟမ်က အံ့အားသင့်စရာတွေ လုပ်ပြတတ်ပေမယ့် ရလဒ်အရ ချယ်လ်ဆီးက ၂-၀ နဲ့နိုင်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းဟာ ဒီေန႔ညမွာေတာ့ တန္းဆင္းဇုန္ အဆင့္ ၁၈ က ဖူလ္ဟမ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ဒါက ထင္ထားတာထက္ ပိုက်ပ္တည္းတဲ့ပြဲလည္း ျဖစ္လာဖို႔ ရွိေနတယ္။ အဆင့္ ၄ တိုက္ပြဲက အထြဋ္အထိပ္ကို ေရာက္ေနခ်ိန္လည္းျဖစ္တယ္။

ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲ ေနာက္ဆုံးမိနစ္အထိ အႀကိတ္အနယ္လုရမယ့္ အဆင့္ ၄ ေနရာအတြက္ တစက္ကေလးမွ အမွားမခံေတာ့လို႔ ကိုယ့္အသင္းေျခေခ်ာ္တာနဲ႔ ​ေကာက္စားခံရမယ့္ အေနအထားမွာ ရီးရဲလ္နဲ႔ႏႊဲရဦးမယ့္ တူဟယ္လ္က ပြဲက်ပ္ထဲေရာက္ေနတယ္လို႔ ဆိုရမယ္။

ေနာက္ဆုံး ၁၀ ပြဲမွာ ပရီးမီးယားလိဂ္ ၂ ပြဲသာ အႏိုင္ရထားတဲ့ ဖူလ္ဟမ္ကို ရင္ဆိုင္ဖို႔ ေတာဘုရင္ဆိုတာ ဘယ္အသင္းကိုမဆို တူညီတဲ့ခြန္အားမ်ိဳးနဲ႔ ရင္ဆိုင္ရတယ္ဆိုေပမယ့္ ခ်ယ္လ္ဆီးအသင္းသားေတြရဲ႕အာ႐ုံက ပြဲႀကီးပြဲေကာင္းအတြက္သာ ​စိတ္ေလာေနမွာျဖစ္တာက ဖူလ္ဟမ္ဘက္က အျမတ္ထုတ္စရာရွိေနလို႔ ႐ုန္းအားတခုနဲ႔ အခက္ေတြ႕လာေစႏိုင္တာကို တူဟယ္လ္က သေဘာေပါက္ၿပီးျဖစ္လိမ့္မယ္။

တူဟယ္လ္အေနနဲ႔ ရီးရဲလ္နဲ႔ပြဲမွာ လန္းဆန္းေနဖို႔ လိုအပ္ေၾကာင္းကိုလည္း အနားလည္ႏိုင္ဆုံးသူျဖစ္ေနလို႔ ဖူလ္ဟမ္ကိုလည္းေက်ာ္ျဖတ္ဖို႔၊ ရီးရဲလ္ကိုလည္း ရင္ဆိုင္ဖို႔ ပရီးမီးယားလိဂ္ အဆင့္ ၄နဲ႔ ခ်န္ပီယံလိဂ္ဖလားေမွ်ာ္လင့္ခ်က္မွာ ဟန္ခ်က္ညီမႈကို တည္ေဆာက္ဖို႔ လိုလာပါလိမ့္မယ္။

တူဟယ္လ္အေနနဲ႔ ဝက္စ္ဟမ္းနဲ႔ ရီးရဲလ္ ႏွစ္ပြဲဆက္တိုက္ တူညီတဲ့လူစာရင္းကိုသာ ထုတ္သုံးခဲ့တာက သူ႔ရဲ႕ခ်ယ္လ္ဆီးနည္းျပဘဝသက္တမ္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ျမင္ေတြ႕ခဲ့ရသလို ဒါကို ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ လူစာရင္းအလွည့္အေျပာင္းနဲ႔ခ်ဥ္းကပ္ၿပီး အႏိုင္ ၃ မွတ္ကိုပါ အိတ္ကပ္ထဲထည့္လာဖို႔ တာဝန္ရွိေနတယ္။

သူ႔အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ဘယ္သူ႔ကိုမွ ဗိုလ္မထားဘူးဆိုရင္ ရီးရဲလ္ကို ရင္ဆိုင္ဖို႔ လက္ေ႐ြးစင္လူစာရင္းကို ေ႐ြးထုတ္ၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာ အနားေပးလါဖို႔လည္း ရွိေနသလို ကတ္ဇူးမား၊ ဇီးယက္ရွ္၊ အိုဒြိဳင္းနဲ႔ တန္မီ ေအဘရာဟမ္တို႔ကို အရန္လူစာရင္းကို ေက်ေက်နပ္နပ္ႀကီး ေနရာေပးလါဖို႔လည္း ရွိေနတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕လူစာရင္းမွာ ဂိုးသမားေနရာကို ဖယ္ၾကည့္ရင္ ေမဆန္ေမာင့္ကလြဲၿပီး ဘယ္သူပြဲထြက္လာမယ္ဆိုတာကို အင္မတန္ခန္႔မွန္းရခက္ၿပီး ဒါက တူဟယ္လ္ရဲ႕လွည့္စားမႈလို႔လည္းဆိုႏိုင္သလို ဘယ္လိုျဖစ္ျဖစ္ လက္ရွိပြဲသည္သာ အေရးႀကီးဆုံးဆိုတာ ခ်ယ္လ္ဆီးအသင္းက မေမ့ဘဲလိုၿပီး ရလဒ္ေကာင္းကို ရေအာင္ယူဖို႔ လိုအပ္ပါတယ္။

ဒီေန႔ညကစားမယ့္ ခ်ယ္လ္ဆီးနဲ႔ဖူလ္ဟမ္ပြဲမွာ ခ်ယ္လ္ဆီးအေနနဲ႔ အခက္အခဲမရွိဘဲ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႏိုင္ပြဲရယူသြားလိမ့္မယ္လို႔ မိုက္ကယ္အိုဝင္က ခန္႔မွန္းသြားခဲ့ၿပီး ဖူလ္ဟမ္က အံ့အားသင့္စရာေတြ လုပ္ျပတတ္ေပမယ့္ ရလဒ္အရ ခ်ယ္လ္ဆီးက ၂-၀ နဲ႔ႏိုင္မယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.