La Liga Match Report Premier League UCL&UEL

အမ်မရီနဲ့ အာတီတာ အညံ့ပြိုင်ပွဲမှာ မျှော်လင့်ချက်တချို့ အိမ်ပြန်ပါလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာက ပြန်ကောင်းနေပြီလို့ သတင်းရတဲ့ ကစားသမားသုံးဦးထဲက တီယာနီနဲ့ လာကာဇက်တို့ကို အရန်ခုံမှာတောင် ခေါ်မလာခဲ့ဘဲ အူဘာမီယန်းတစ်ယောက်တည်း စပိန်ကို လိုက်လာခဲ့သလို တစ်ခါမှ မမြင်ဖူးတဲ့ ၃-၇-၀ ဆန်ဆန် ကစားကွက်အဆန်းကြီးနဲ့ အဝေးကွင်းမှာ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်ကတော့ ၄-၄-၂ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး အူနိုင်း အမ်မရီကတော့ ပုံသေကားကျဆန်တဲ့ ချဉ်းကပ်မှုနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့သလို ဒါက သူ့အသင်းအတွက်တော့ လွတ်လပ်စွာ ဖန်တီးခွင့် Creative Freedom ကို လျော့ကျစေခဲ့ပြီး ဒီနေ့ပွဲမှာ ကစားကြတဲ့ နှစ်သင်းစလုံး အနေနဲ့ ဖိုင်နယ်ကို တစ်ဖက်က တက်လာမယ့် အသင်းတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် ပုံစံလည်း ရှိနေခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာတော့ အိမ်ရှင် ဗီလာရီးရဲလ်တို့ ဂိုးစရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ စပါးစ်ကစားသမားဟောင်း ဖွိုက်သ်ရဲ့ ပေးပို့မှုကနေ ချုခ်ဝူဇီက အတွင်းကို ဆွဲဝင်ခဲ့ပြီး ဘောလုံးပျက်ရာမှာ နောက်က လိုက်ပါလာတဲ့ မာနူ ထရီဂေးရို့စ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား လီနို မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် အာဆင်နယ်တို့ကတော့ ဘယ်သူက အထောင်ကစားမှန်း မသိဘဲ ဝေ့လည်နေတဲ့ ကစားကွက်မှာ ရုန်းကန်နေခဲ့ရပြီး မာတီနယ်လီကို မထည့်ရဲတဲ့ အာတီတာအတွက် ပေပေရဲ့ ပင်နယ်တီ အခွင့်အရေးကလည်း လက်ထိဘောနဲ့ ပယ်ဖျက်ခံခဲ့ရပြီး စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ထောင့်ကန်ဘောကနေ ဒါနီ ပါရီဟို ကန်ပို့တဲ့ ဘောလုံးကို တစ်ပွဲလုံး ဖြုန်းနေတဲ့ ဂျရတ် မိုရီနိုရဲ့ ပထမ ခေါင်းတိုက်ချက်က ဂိုးပေါက်နဲ့ လွဲခဲ့ပေမယ့် နောက်က ပါလာခဲ့တဲ့ ရာအူး အယ်လ်ဘီယိုလ်က ပိတ်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဗီလာရီးရဲလ်ရဲ့ ကစားပုံက သူတို့ရဲ့ တောင်ပံတွေကို အစွမ်းမပြနိုင်ဘဲ ချုပ်ထားသလိုဖြစ်ခဲ့ပြီး အမ်မရီဟာ တောင်ပံတွေမှာ Inverted ကစားသမားတွေကို သုံးစွဲရင် ထိရောက်မှုနည်းခဲ့တာကို နီကိုလာ ပေပေနဲ့ အာဆင်နယ်မှာ တွေ့မြင်ရဖူးသလို ဒီနေ့ပွဲမှာလည်း သူ့ရဲ့ ညာတောင်ပံက ဘယ်သန် ချုခ်ဝူဇီဟာ ဘောလုံးပိုင်ဆိုင်မှု မကြာခဏရနေခဲ့ပေမယ့် လုပ်တတ်ကိုင်တတ်မရှိလှတာက ဧည့်သည်တွေကို သက်သာရရစေခဲ့တာပါ။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တဲ့ ဒုတိယပိုင်းမှာ ဗီလာရီးရဲလ်တို့ တိုက်စစ်မှူး အယ်လ်ကာဆာကို ထုတ်ပြီး ကိုကလင်နဲ့ ထိန်းကစားခဲ့တာက အမ်မရီရဲ့ ညံ့ကွက်ဖြစ်ခဲ့ပြီး ဒီအချိန်မှာ အာဆင်နယ်တို့ Tempo မြှင့်ခဲ့ပေမယ့် ဒီပုံစံရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် အလျင်အမြန် ဝင်ထွက်နေတဲ့ ဒါနီ စီဘာယော့စ်ကို ပွဲချိန် ၅၇ မိနစ်မှာ စာအုပ်ကြီးဒိုင်က ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး အာဆင်နယ်တို့ ၁၀ ယောက်နဲ့ ကစားခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာတီနယ်လီကို အော်ဒီဂွါဒ်အစား ထည့်သွင်းလိုက်တဲ့ အာဆင်နယ်တို့ နည်းနည်း ပိုလှုပ်လာနိုင်ခဲ့သလို ဗီလာရီးရဲလ်ရဲ့ အာရုံများလာခဲ့တဲ့ ပွဲချိန် ၇၃ မိနစ်မှာ ဂိုးဧရိယာထဲကို ဆွဲဝင်သွားခဲ့တဲ့ ဆာကာကို သုံးလေးယောက် ဝိုင်းဝန်း ဖျက်ထုတ်ခံခဲ့လို့ ပင်နယ်တီ ပြန်ရခဲ့ပြီး ပေပေက ဂိုးသမားကို ဘေးဘက် ဒိုက်ပစ်စေရင်း အလယ်ကို ကန်သွင်းချေပခဲ့ပါတယ်။

အမ်မရီအနေနဲ့ သူ့ရဲ့ တိုက်စစ်မှာ ဖြုန်းတီးနေတဲ့ မိုရီနိုကို ဘယ်လို ကူရမလဲ မသိတာက ဘာမှ သိပ်မလုပ်တတ်တဲ့ အာတီတာအတွက် သက်သာရာရစေခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ ဘာမှ မဟုတ်ဘဲ ဘောလုံးယူရင်း အဝါပြခံထားရတဲ့ ကာပူးရဲ့ မိနစ် ၈၀ မှာ ဆာကာကို ဖျက်ရင်း အပြခံခဲ့ရတဲ့ ဒုတိယအဝါက ဒီနေ့ပွဲရဲ့ ဒုတိယ အနီကတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အာဆင်နယ်တို့ ဒီနောက်ပိုင်းမှာ အူဘာမီယန်းကို ထပ်ထည့်ပေမယ့် ဂိုးမရဘဲ အဝါသာရခဲ့သလို ပရိသတ်တွေအတွက်တော့ အားမလိုအားမရ ဖြစ်ခဲ့မှုတွေသာ အဖတ်တင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ Good Ebening တစ်ယောက် မပြတ်သားတဲ့ အနိုင်နဲ့ စိတ်ပျက်ခဲ့ရချိန်မှာ Trust the Process ကတော့ အဝေးဂိုးတစ်ဂိုးနဲ့ မျှော်လင့်ချက်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းအနေနဲ့ ဒီနေ့ကစားပုံကို အမ်းမရိတ်ဆီ ယူဆောင်လာဦးမယ်ဆိုရင်တော့ အာဆင်နယ်တို့အတွက် အိမ်ကွင်းမှာ လျင်လျင် မြန်မြန်ကစားပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေခဲ့သလို နည်းပြ အာတီတာအတွက်တော့ ပထမအကျော့အမှားကို ချေဖျက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး နှစ်သင်းစလုံးရဲ့ ပရိသတ်တွေအနေနဲ့ ခြေစွမ်းနဲ့ နည်းစနစ်ပိုင်းကို စိတ်ပျက်ခဲ့ကြရတဲ့ ပွဲတစ်ပွဲပဲ ဖြစ်ခဲ့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဒဏ္ရာက ျပန္ေကာင္းေနၿပီလို႔ သတင္းရတဲ့ ကစားသမားသုံးဦးထဲက တီယာနီနဲ႔ လာကာဇက္တို႔ကို အရန္ခုံမွာေတာင္ ေခၚမလာခဲ့ဘဲ အူဘာမီယန္းတစ္ေယာက္တည္း စပိန္ကို လိုက္လာခဲ့သလို တစ္ခါမွ မျမင္ဖူးတဲ့ ၃-၇-၀ ဆန္ဆန္ ကစားကြက္အဆန္းႀကီးနဲ႔ အေဝးကြင္းမွာ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

ဗီလာရီးရဲလ္ကေတာ့ ၄-၄-၂ ကစားကြက္ကိုပဲ အသုံးျပဳခဲ့ၿပီး အူႏိုင္း အမ္မရီကေတာ့ ပုံေသကားက်ဆန္တဲ့ ခ်ဥ္းကပ္မႈနဲ႔ အိမ္ကြင္းမွာ ရင္ဆိုင္ခဲ့သလို ဒါက သူ႔အသင္းအတြက္ေတာ့ လြတ္လပ္စြာ ဖန္တီးခြင့္ Creative Freedom ကို ေလ်ာ့က်ေစခဲ့ၿပီး ဒီေန႔ပြဲမွာ ကစားၾကတဲ့ ႏွစ္သင္းစလုံး အေနနဲ႔ ဖိုင္နယ္ကို တစ္ဖက္က တက္လာမယ့္ အသင္းေတြကို ခက္ခက္ခဲခဲ ရင္ဆိုင္ရမယ့္ ပုံစံလည္း ရွိေနခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ အိမ္ရွင္ ဗီလာရီးရဲလ္တို႔ ဂိုးစရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန စပါးစ္ကစားသမားေဟာင္း ဖြိဳက္သ္ရဲ႕ ေပးပို႔မႈကေန ခ်ဳခ္ဝူဇီက အတြင္းကို ဆြဲဝင္ခဲ့ၿပီး ေဘာလုံးပ်က္ရာမွာ ေနာက္က လိုက္ပါလာတဲ့ မာႏူ ထရီေဂး႐ို႕စ္က အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား လီႏို မကာကြယ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ အာဆင္နယ္တို႔ကေတာ့ ဘယ္သူက အေထာင္ကစားမွန္း မသိဘဲ ေဝ့လည္ေနတဲ့ ကစားကြက္မွာ ႐ုန္းကန္ေနခဲ့ရၿပီး မာတီနယ္လီကို မထည့္ရဲတဲ့ အာတီတာအတြက္ ေပေပရဲ႕ ပင္နယ္တီ အခြင့္အေရးကလည္း လက္ထိေဘာနဲ႔ ပယ္ဖ်က္ခံခဲ့ရၿပီး စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဗီလာရီးရဲလ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ေထာင့္ကန္ေဘာကေန ဒါနီ ပါရီဟို ကန္ပို႔တဲ့ ေဘာလုံးကို တစ္ပြဲလုံး ျဖဳန္းေနတဲ့ ဂ်ရတ္ မိုရီႏိုရဲ႕ ပထမ ေခါင္းတိုက္ခ်က္က ဂိုးေပါက္နဲ႔ လြဲခဲ့ေပမယ့္ ေနာက္က ပါလာခဲ့တဲ့ ရာအူး အယ္လ္ဘီယိုလ္က ပိတ္သြင္းယူႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဗီလာရီးရဲလ္ရဲ႕ ကစားပုံက သူတို႔ရဲ႕ ေတာင္ပံေတြကို အစြမ္းမျပႏိုင္ဘဲ ခ်ဳပ္ထားသလိုျဖစ္ခဲ့ၿပီး အမ္မရီဟာ ေတာင္ပံေတြမွာ Inverted ကစားသမားေတြကို သုံးစြဲရင္ ထိေရာက္မႈနည္းခဲ့တာကို နီကိုလာ ေပေပနဲ႔ အာဆင္နယ္မွာ ေတြ႕ျမင္ရဖူးသလို ဒီေန႔ပြဲမွာလည္း သူ႔ရဲ႕ ညာေတာင္ပံက ဘယ္သန္ ခ်ဳခ္ဝူဇီဟာ ေဘာလုံးပိုင္ဆိုင္မႈ မၾကာခဏရေနခဲ့ေပမယ့္ လုပ္တတ္ကိုင္တတ္မရွိလွတာက ဧည့္သည္ေတြကို သက္သာရရေစခဲ့တာပါ။

ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တဲ့ ဒုတိယပိုင္းမွာ ဗီလာရီးရဲလ္တို႔ တိုက္စစ္မႉး အယ္လ္ကာဆာကို ထုတ္ၿပီး ကိုကလင္နဲ႔ ထိန္းကစားခဲ့တာက အမ္မရီရဲ႕ ညံ့ကြက္ျဖစ္ခဲ့ၿပီး ဒီအခ်ိန္မွာ အာဆင္နယ္တို႔ Tempo ျမႇင့္ခဲ့ေပမယ့္ ဒီပုံစံရဲ႕ ေဘးထြက္ ဆိုးက်ိဳးအျဖစ္ အလ်င္အျမန္ ဝင္ထြက္ေနတဲ့ ဒါနီ စီဘာေယာ့စ္ကို ပြဲခ်ိန္ ၅၇ မိနစ္မွာ စာအုပ္ႀကီးဒိုင္က ဒုတိယအဝါကတ္နဲ႔ ထုတ္ပယ္ခဲ့ၿပီး အာဆင္နယ္တို႔ ၁၀ ေယာက္နဲ႔ ကစားခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မာတီနယ္လီကို ေအာ္ဒီဂြါဒ္အစား ထည့္သြင္းလိုက္တဲ့ အာဆင္နယ္တို႔ နည္းနည္း ပိုလႈပ္လာႏိုင္ခဲ့သလို ဗီလာရီးရဲလ္ရဲ႕ အာ႐ုံမ်ားလာခဲ့တဲ့ ပြဲခ်ိန္ ၇၃ မိနစ္မွာ ဂိုးဧရိယာထဲကို ဆြဲဝင္သြားခဲ့တဲ့ ဆာကာကို သုံးေလးေယာက္ ဝိုင္းဝန္း ဖ်က္ထုတ္ခံခဲ့လို႔ ပင္နယ္တီ ျပန္ရခဲ့ၿပီး ေပေပက ဂိုးသမားကို ေဘးဘက္ ဒိုက္ပစ္ေစရင္း အလယ္ကို ကန္သြင္းေခ်ပခဲ့ပါတယ္။

အမ္မရီအေနနဲ႔ သူ႔ရဲ႕ တိုက္စစ္မွာ ျဖဳန္းတီးေနတဲ့ မိုရီႏိုကို ဘယ္လို ကူရမလဲ မသိတာက ဘာမွ သိပ္မလုပ္တတ္တဲ့ အာတီတာအတြက္ သက္သာရာရေစခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာ ဘာမွ မဟုတ္ဘဲ ေဘာလုံးယူရင္း အဝါျပခံထားရတဲ့ ကာပူးရဲ႕ မိနစ္ ၈၀ မွာ ဆာကာကို ဖ်က္ရင္း အျပခံခဲ့ရတဲ့ ဒုတိယအဝါက ဒီေန႔ပြဲရဲ႕ ဒုတိယ အနီကတ္ကို ျဖစ္ေပၚေစခဲ့ပါတယ္။

အာဆင္နယ္တို႔ ဒီေနာက္ပိုင္းမွာ အူဘာမီယန္းကို ထပ္ထည့္ေပမယ့္ ဂိုးမရဘဲ အဝါသာရခဲ့သလို ပရိသတ္ေတြအတြက္ေတာ့ အားမလိုအားမရ ျဖစ္ခဲ့မႈေတြသာ အဖတ္တင္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ Good Ebening တစ္ေယာက္ မျပတ္သားတဲ့ အႏိုင္နဲ႔ စိတ္ပ်က္ခဲ့ရခ်ိန္မွာ Trust the Process ကေတာ့ အေဝးဂိုးတစ္ဂိုးနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဗီလာရီးရဲလ္အသင္းအေနနဲ႔ ဒီေန႔ကစားပုံကို အမ္းမရိတ္ဆီ ယူေဆာင္လာဦးမယ္ဆိုရင္ေတာ့ အာဆင္နယ္တို႔အတြက္ အိမ္ကြင္းမွာ လ်င္လ်င္ ျမန္ျမန္ကစားၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိေနခဲ့သလို နည္းျပ အာတီတာအတြက္ေတာ့ ပထမအေက်ာ့အမွားကို ေခ်ဖ်က္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ႏွစ္သင္းစလုံးရဲ႕ ပရိသတ္ေတြအေနနဲ႔ ေျခစြမ္းနဲ႔ နည္းစနစ္ပိုင္းကို စိတ္ပ်က္ခဲ့ၾကရတဲ့ ပြဲတစ္ပြဲပဲ ျဖစ္ခဲ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.