Premier League

၂၀၁၀ က ဘယ်လွန်ဒေါဆုကို အင်နီယေစတာနဲ့ ဇာဗီတို့ထံ ပေးအပ်ခဲ့တဲ့ မက်ဆီ

မက်ဆီက ကမ္ဘာပေါ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဘယ်လွန်ဒေါဆုကို အကြိမ်အရေအတွက်အများဆုံးဆွတ်ခူးထားတဲ့ မှော်ဝင်ကစားသမားဆိုတာ ဘယ်သူကမှ ငြင်းလို့မရပါဘူး။ ဘယ်လွန်ဒေါ ၆ ကြိမ်ရရှိထားတဲ့ သူ့ကို ဘယ်သူမှလိုက်မမီသေးတာပါ။

မက်ဆီဟာ သူ့ရဲ့ ပထမဆုံး ဘလွန်းဒီအောဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ၂၀၁၂ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ဘယ်လွန်ဒေါဆုရှင်ဟာ မက်ဆီသာလျှင်ဖြစ်လာခဲ့ပြီး သူ့ကိုကျော်ဖြတ်နိုင်သူ တဦးမှ မရှိခဲ့တာကိုတွေ့ရတယ်။

ကမ္ဘာ့ဘောလုံးပါရမီအထူးဆုံးလို့ သတ်မှတ်ခံထားရပြီး မက်ဆီက လူသားမဟုတ်ဘဲ ဂြိုဟ်သားဖြစ်ရမယ်ဆိုသည်အထိ ဝိဂြိုဟ်ပြုခံရထားတဲ့ သူက ဘယ်လွန်ဒေါ နောက်ဆုံး ၃ဦး ဆန်ခါတင်စာရင်းမှာ တနေရာစာကို အပိုင်ဖက်တွယ်ထားနိုင်ခဲ့တာကို တွေ့ရတယ်။

ဒီနေရာမှာတော့ ၂၀၁၀ ခုနှစ်က မက်ဆီရခဲ့တဲ့ ဘယ်လွန်ဒေါဆုဟာ မတရားဘူးလို့ ဝေဖန်သံတွေ ဆူညံခဲ့ပြီး သူ့ထက်ပိုပြီးသာလွန်စွာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်ကို ဗိုလ်စွဲစေခဲ့တဲ့ အင်နီယေစတာနဲ့ ဇာဗီတို့က ဒီဆုနဲ့ပိုပြီးထိုက်တန်ကြောင်း ဆိုခဲ့ကြတယ်။

ဒီထက်ပိုတဲ့ အငြင်းပွားဖွယ်ရာအနေနဲ့ အဲဒီနှစ်က ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဖြုတ်ချခဲ့တဲ့ အင်တာမီလန်အသင်းနဲ့အတူ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဝက်စ်လေ ရှနိုက်ဒါရဲ့ခြေစွမ်းကလည်း စွဲမက်စရာရှိခဲ့တယ်။

မော်ရင်ညိုနဲ့အတူ ခူးဆွတ်ခဲ့တဲ့ အဆိုပါအသီးအပွင့်အပြင် သူက နယ်သာလန်အသင်းကိုပါ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်တဲ့အထိ ဦးဆောင်ခဲ့တာကြောင့် ၂၀၁၀ ဘယ်လွန်ဒေါဆုက သူနဲ့အထိုက်တန်ဆုံးနှစ်ဖြစ်ခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ဝေဆါခဲ့ပါသေးတယ်။

မက်ဆီကတော့ ၂၀၁၀ ခုနှစ်မှာ သူတို့ ၃ ဦးစလုံးကို ကျ်ောဖြတ်ပြီး မဲရလဒ်အများဆုံး ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး ဘလွန်းဒီအောစင်မြင့်ထက်မှာ မက်ဆီက နှိမ့်နှိမ့်ချချနဲ့ အခုလိုဆိုခဲ့ဖူးတာက သူ့ကိုလူချစ်လူခင်များစေတဲ့ အကြောင်းရင်းအဖြစ် ထင်ရှားခဲ့တာကိုလည်း တွေ့ရတယ်။

” ဒီဆုကို ကျွန်​တော်ရခဲ့ပေမယ့် ဆုနဲ့ တကယ်ထိုက်တန်တဲ့သူတွေက အင်နီယေစတာနဲ့ ဇာဗီတို့ပါ။ ဒါကြောင့် သူတို့အတွက် ကျွန်တော်ဆုလာယူတာပါ” လို့ မက်ဆီက ပြောကြားခဲ့တာဖြစ်ပြီး ၂၀၁၀ က ဘလွန်းဒီအောဆုကို အင်နီယေစတာနဲ့ ဇာဗီတို့ကသာ ရသင့်ကြောင်း ထုတ်ဖော်ခဲ့တာက ဒီနေ့ဒီအချိန်မှာ မက်ဆီအဖြစ် ပီပီသသရပ်တည်နိုင်ခဲ့တဲ့အချက်လည်း ဖြစ်ခဲ့ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: