Premier League

ပရီးမီးယားလိဂ်ရဲ့ HALL of FAMEစာရင်းမှာ အပယ်ခံဘဝရောက်ခဲ့လို့ ယမ်းပုံမီးကျပေါက်ကွဲနေတဲ့ ရိုင်ယန်ဂစ်

အမျိုးသမီးနှစ်ဦးကို လက်ရောက်မှု၊ အလိုမတူခိုင်းစေမှု၊ ရိုက်နှက်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရိုင်ယန်ဂစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံးကစားသမားစာရင်းပြတိုက်မှာ လူရာအသွင်းမခံခဲ့ရလို့ ယမ်းပုံမီးကျပေါက်ကွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က အမှု ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီးဂစ်ဟာ အလန်ရှီးယားရားနဲ့အတူ Hall of Fame မှာ ကနဦး ၂ဦးအဖြစ် ထည့်သွင်းရွေးချယ်ခံခဲ့ရပေမယ့် နောက်ဆုံးမိနစ်မှာမှ သီယာရီအွန်နရီနဲ့ အစားထိုးခံလိုက်ရတာဖြစ်ကြောင်း သိရပါတယ်။

အများအမြင်မှာတော့ ကွင်းတွင်းမှာ တည်ငြိမ်အေးဆေးပြီး အောင်မြင်မှုတွေနဲ့ ကြီးမြတ်သလိုရှိနေတဲ့ ဂစ်ဟာ ကွင်းပြင်ပမှာတော့ အမျိုးသမီးတွေကို နှိပ်စက်မှုနဲ့ နာမည်ပျက်တွေရှိနေတဲ့ ပြစ်ချက်ကြောင့် ပရိသတ်တွေက မဲပေးရွေးချယ်ခွင့်ရမယ့် Hall of Fame ဆန်ခါတင်လူစာရင်း၂၃ ဦးထဲကပါ ဖယ်ရှားခြင်းခံခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ လုံးအပါအဝင် ဖလား ၃၅ လုံးသိမ်းပိုက်ခဲ့တဲ့ ဂစ်ဟာ အခုဖြစ်ရပ်မှာ သူ့ရဲ့သမိုင်းကြောင်းကို တံတွေးနဲ့အထွေးခံရတယ်လို့ ခံစားခဲ့ရပြီး ယမ်းပုံမီးကျ ပေါက်ကွဲနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

တဖက်မှာတော့ ဂစ်အနေနဲ့ တရားရုံးမှာ စစ်ဆေးခံရနေဆဲ အနေအထားဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်စီရင်မှုမရှိသေးတာကြောင့် အခုလိုမျိုး သူ့ကို ပရီးမီးယားလိဂ်သမိုင်းရဲ့ အမဲစက်တခုအနေနဲ့ လူရာမသွင်းခဲ့တာက မတရားဘူးလို့ ထောက်ပြသူတွေလည်း ရှိနေတာကို တွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂစ်အနေနဲ့ အခုလိုမျိုး အမျိုးသမီးတွေကို အနိုင်ကျင့်နှိပ်စက်မှုကြောင့် တရားစွဲဆိုခံခဲ့ရတာကြောင့် သူဟာ ယူရိုပြိုင်ပွဲမှာ ဝေးလ်အသင်းကို ကိုင်တွယ် နည်းပြခွင့်ရတော့မှာ မဟုတ်သလို ညီဖြစ်သူရဲ့ဇနီးကို ကြာခိုခဲ့ဖူးလို့ အပုပ်နံ့ ထထောင်းထောင်းထွက်ခဲ့ဖူးတဲ့ သူ့ရဲ့လူမှုရေးဘဝအရှုပ်ထုပ်ကြောင့် အဆိုပါ ခမ်းနားကြီးကျယ်လှတဲ့ Hall of Fame ထဲမှာ မြင်နေသူတွေလည်းရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ပြီးရင် ပရီးမီးယားလိဂ်ဖလားမှာ ၁၃ ကြိမ်နဲ့ အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ယူနိုက်တက်ရဲ့ ပွဲအများဆုံး ၆၇၂ ပွဲကစားထားတဲ့ စံချိန်ရှင်လည်းဖြစ်နေတဲ့ ဂစ်က Hall of Fame စာရင်းဆန်ခါတင်မှာ ပါဝင်လာခဲ့တဲ့ ရွှေရောင်မျိုးဆက်က ယူနိုက်တက်အသင်းဖော် ရွိုင်ကိန်း၊ ပေါလ်စခိုးလ်၊ ဒေးဗစ်ဘက်ခမ်းတို့ကြား ဂုဏ်ငယ်ခဲ့ရပြီလို့လည်း ဆိုနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
အမ်ိဳးသမီးႏွစ္ဦးကို လက္ေရာက္မႈ၊ အလိုမတူခိုင္းေစမႈ၊ ႐ိုက္ႏွက္မႈတို႔နဲ႔ တရားစြဲဆိုခံထားရတဲ့ ႐ိုင္ယန္ဂစ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အႀကီးက်ယ္ဆုံးကစားသမားစာရင္းျပတိုက္မွာ လူရာအသြင္းမခံခဲ့ရလို႔ ယမ္းပုံမီးက်ေပါက္ကြဲေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့အပတ္က အမႈ ၃ ခုနဲ႔ တရားစြဲဆိုခံထားရတဲ့ ယူႏိုက္တက္ ဂႏၲဝင္ကစားသမားႀကီးဂစ္ဟာ အလန္ရွီးယားရားနဲ႔အတူ Hall of Fame မွာ ကနဦး ၂ဦးအျဖစ္ ထည့္သြင္းေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ ေနာက္ဆုံးမိနစ္မွာမွ သီယာရီအြန္နရီနဲ႔ အစားထိုးခံလိုက္ရတာျဖစ္ေၾကာင္း သိရပါတယ္။

အမ်ားအျမင္မွာေတာ့ ကြင္းတြင္းမွာ တည္ၿငိမ္ေအးေဆးၿပီး ေအာင္ျမင္မႈေတြနဲ႔ ႀကီးျမတ္သလိုရွိေနတဲ့ ဂစ္ဟာ ကြင္းျပင္ပမွာေတာ့ အမ်ိဳးသမီးေတြကို ႏွိပ္စက္မႈနဲ႔ နာမည္ပ်က္ေတြရွိေနတဲ့ ျပစ္ခ်က္ေၾကာင့္ ပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္ခြင့္ရမယ့္ Hall of Fame ဆန္ခါတင္လူစာရင္း၂၃ ဦးထဲကပါ ဖယ္ရွားျခင္းခံခဲ့ရၿပီလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၁၃ လုံးအပါအဝင္ ဖလား ၃၅ လုံးသိမ္းပိုက္ခဲ့တဲ့ ဂစ္ဟာ အခုျဖစ္ရပ္မွာ သူ႔ရဲ႕သမိုင္းေၾကာင္းကို တံေတြးနဲ႔အေထြးခံရတယ္လို႔ ခံစားခဲ့ရၿပီး ယမ္းပုံမီးက် ေပါက္ကြဲေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

တဖက္မွာေတာ့ ဂစ္အေနနဲ႔ တရား႐ုံးမွာ စစ္ေဆးခံရေနဆဲ အေနအထားျဖစ္ၿပီး ျပစ္မႈထင္ရွားေၾကာင္း ဆုံးျဖတ္စီရင္မႈမရွိေသးတာေၾကာင့္ အခုလိုမ်ိဳး သူ႔ကို ပရီးမီးယားလိဂ္သမိုင္းရဲ႕ အမဲစက္တခုအေနနဲ႔ လူရာမသြင္းခဲ့တာက မတရားဘူးလို႔ ေထာက္ျပသူေတြလည္း ရွိေနတာကို ေတြ႕ရတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဂစ္အေနနဲ႔ အခုလိုမ်ိဳး အမ်ိဳးသမီးေတြကို အႏိုင္က်င့္ႏွိပ္စက္မႈေၾကာင့္ တရားစြဲဆိုခံခဲ့ရတာေၾကာင့္ သူဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေဝးလ္အသင္းကို ကိုင္တြယ္ နည္းျပခြင့္ရေတာ့မွာ မဟုတ္သလို ညီျဖစ္သူရဲ႕ဇနီးကို ၾကာခိုခဲ့ဖူးလို႔ အပုပ္နံ႔ ထေထာင္းေထာင္းထြက္ခဲ့ဖူးတဲ့ သူ႔ရဲ႕လူမႈေရးဘဝအရႈပ္ထုပ္ေၾကာင့္ အဆိုပါ ခမ္းနားႀကီးက်ယ္လွတဲ့ Hall of Fame ထဲမွာ ျမင္ေနသူေတြလည္းရွိေနေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

လီဗာပူးလ္နဲ႔ ယူႏိုက္တက္အသင္းတို႔ၿပီးရင္ ပရီးမီးယားလိဂ္ဖလားမွာ ၁၃ ႀကိမ္နဲ႔ အေအာင္ျမင္ဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလို ယူႏိုက္တက္ရဲ႕ ပြဲအမ်ားဆုံး ၆၇၂ ပြဲကစားထားတဲ့ စံခ်ိန္ရွင္လည္းျဖစ္ေနတဲ့ ဂစ္က Hall of Fame စာရင္းဆန္ခါတင္မွာ ပါဝင္လာခဲ့တဲ့ ေ႐ႊေရာင္မ်ိဳးဆက္က ယူႏိုက္တက္အသင္းေဖာ္ ႐ြိဳင္ကိန္း၊ ေပါလ္စခိုးလ္၊ ေဒးဗစ္ဘက္ခမ္းတို႔ၾကား ဂုဏ္ငယ္ခဲ့ရၿပီလို႔လည္း ဆိုႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z