Premier League

အာတီတာနဲ့ အာဆင်နယ်ဟာ နတ်ဖက်တဲ့စုံတွဲလို့ ချီးကျူးလိုက်ပြီး ဘယ်လို ခံစားချက်နဲ့ရင်ဆိုင်မလဲဆိုတာ အူနိုင်းပြော

အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီက လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အာဆင်နယ်ရိုးရာပုံစံ​ဖြစ်တဲ့ ဆွဲဆောင်မှုရှိတဲ့ကစားဟန်ကို လက်ရာဖန််တီးနေတယ်လို့ ချီးကျူးသွားခဲ့ပြီး အာဆင်ဝင်းဂါးရဲ့အမွေခံတပည့် အာတီတာနဲ့ အာဆင်နယ်ဟာ နတ်ဖက်တဲ့စုံတွဲဖြစ်တယ်လို့ တင်စားသွားခဲ့ပါတယ်။

လာမယ့် ကြာသာပတေးညမှာတော့ အာတီတာဦးဆောင်လာမယ့် အာဆင်နယ်အသင်းနဲ့ အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းတို့ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်သတ်ပုတ်ကြမှာဖြစ်ပြီး အမ်မရီကတော့ သူ့နေရာကိုဆက်ခံခဲ့တဲ့ အာတီတာအပေါ် ကောင်းမွန်တဲ့အမြင်တွေကို ပြောပြသွားခဲ့တာပါ။

ဒါ့အပြင် ၂၀၁၉ မှာ အာဆင်နယ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ဖူးတဲ့ အမ်မရီအနေနဲ့ သူ့ရဲ့ဗီလာရီးရ်လ်အသင်းဟာ အာဆင်နယ်ကိုဖြုတ်ချပြီး ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်မှုတွေ ပြည့်ဝနေကြောင်း ပြောဆိုကာ အာတီတာကို သွေးတိုးစမ်းသွားခဲ့ပါသေးတယ်။

အာတီတာအနေနဲ့လည်း ပရီးမီးယားလိဂ်မှာ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ အဆင့် ၁၀ မှာ ရပ်တည်နေရတာကြောင့် ယူရိုပါလိဂ်ဖလားကိုသာ မဖြစ်မနေမသိမ်းပိုက်နိုင်ခဲ့ရင် အာဆင်နယ်အသင်းက ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်လွဲချော်တော့မယ့် ခါးသီးတဲ့ရင်ဆိုင်မှုကို ရှောင်လွှဲဖို့ လိုအပ်နေတာကြောင့် စပိန်သားနည်းပြနှစ်ဦးရဲ့ ဥာဏ်ကစားမှုဟာ အတော်လေးကြည့်ကောင်းမယ့် ပွဲစဥ်တခုကိုလည်း တင်ဆက်ပေးလါဖို့ ရှိနေတာပါ။

” အာဆင်နယ်သာ ပုံစံကောင်းရနေရင် သူတို့ကစားပုံက ထိပ်သီးအသင်းတသင်းဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပဲ။ အာတီတာက ဆွဲဆောင်မှုရှိလှတဲ့ အာဆင်နယ်ရဲ့ရိုးရာကစားဟန်ကို လက်ရာမြောက်ထုဆစ်နေတယ်။ သူက အာဆင်ဝင်းဂါးရဲ့ တပည့်အဖြစ် ဘောလုံးအမွေလည်း ရထားသူဖြစ်လို့ အာဆင်နယ်နဲ့ အာတီတာပေါင်းစပ်မှုဟာ တကယ့်ကို နတ်ဖက်ထားတဲ့စုံတွဲပါပဲ ”

“အာဆင်နယ်နဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်တွေကို ဘေးချိတ်ထားပြီး ကျွန်တော်ကတော့ ဒီပွဲမှာ ကျွန်တော့်အသင်းအတွက် အနိုင်ကစားဖို့သာ အာရုံစိုက်နေတယ်။ ကျွန်တော့်စိတ်​က ပြိုင်ဆိုင်မှုပြင်းထန်တယ်။ အနီအသင်းကို ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီ ပို့ဆောင်ခဲ့ပြီးပြီ။ ဒီတခေါက်တော့ အဝါအသင်းအလှည့်ပေါ့ဗျာ။ အဝါရောင်ရေငုပ်သဘော် (ဗီလာရီးရဲလ်) က ဂန်းနားအမြှောက်တပ်ကို ဖြုတ်ချသွားမှာပါ ” လို့ အူနိုင်း အမ်မရီက စကားကြွယ်ကြွယ်နဲ့ ပြောသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီက လက္ရွိအာဆင္နယ္အသင္းနည္းျပ အာတီတာဟာ အာဆင္နယ္႐ိုးရာပုံစံ​ျဖစ္တဲ့ ဆြဲေဆာင္မႈရွိတဲ့ကစားဟန္ကို လက္ရာဖန္္တီးေနတယ္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး အာဆင္ဝင္းဂါးရဲ႕အေမြခံတပည့္ အာတီတာနဲ႔ အာဆင္နယ္ဟာ နတ္ဖက္တဲ့စုံတြဲျဖစ္တယ္လို႔ တင္စားသြားခဲ့ပါတယ္။

လာမယ့္ ၾကာသာပေတးညမွာေတာ့ အာတီတာဦးေဆာင္လာမယ့္ အာဆင္နယ္အသင္းနဲ႔ အူႏိုင္း အမ္မရီရဲ႕ ဗီလာရီးရဲလ္အသင္းတို႔ဟာ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ထိပ္တိုက္သတ္ပုတ္ၾကမွာျဖစ္ၿပီး အမ္မရီကေတာ့ သူ႔ေနရာကိုဆက္ခံခဲ့တဲ့ အာတီတာအေပၚ ေကာင္းမြန္တဲ့အျမင္ေတြကို ေျပာျပသြားခဲ့တာပါ။

ဒါ့အျပင္ ၂၀၁၉ မွာ အာဆင္နယ္ကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးခဲ့ဖူးတဲ့ အမ္မရီအေနနဲ႔ သူ႔ရဲ႕ဗီလာရီးရ္လ္အသင္းဟာ အာဆင္နယ္ကိုျဖဳတ္ခ်ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ္လို႔ ယုံၾကည္မႈေတြ ျပည့္ဝေနေၾကာင္း ေျပာဆိုကာ အာတီတာကို ေသြးတိုးစမ္းသြားခဲ့ပါေသးတယ္။

အာတီတာအေနနဲ႔လည္း ပရီးမီးယားလိဂ္မွာ လက္ရွိ အမွတ္ေပးဇယား ရပ္တည္မႈအရ အဆင့္ ၁၀ မွာ ရပ္တည္ေနရတာေၾကာင့္ ယူ႐ိုပါလိဂ္ဖလားကိုသာ မျဖစ္မေနမသိမ္းပိုက္ႏိုင္ခဲ့ရင္ အာဆင္နယ္အသင္းက ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဝင္ခြင့္လြဲေခ်ာ္ေတာ့မယ့္ ခါးသီးတဲ့ရင္ဆိုင္မႈကို ေရွာင္လႊဲဖို႔ လိုအပ္ေနတာေၾကာင့္ စပိန္သားနည္းျပႏွစ္ဦးရဲ႕ ဥာဏ္ကစားမႈဟာ အေတာ္ေလးၾကည့္ေကာင္းမယ့္ ပြဲစဥ္တခုကိုလည္း တင္ဆက္ေပးလါဖို႔ ရွိေနတာပါ။

” အာဆင္နယ္သာ ပုံစံေကာင္းရေနရင္ သူတို႔ကစားပုံက ထိပ္သီးအသင္းတသင္းဆိုတာ ခင္ဗ်ားတို႔ ျမင္ေတြ႕ရမွာပဲ။ အာတီတာက ဆြဲေဆာင္မႈရွိလွတဲ့ အာဆင္နယ္ရဲ႕႐ိုးရာကစားဟန္ကို လက္ရာေျမာက္ထုဆစ္ေနတယ္။ သူက အာဆင္ဝင္းဂါးရဲ႕ တပည့္အျဖစ္ ေဘာလုံးအေမြလည္း ရထားသူျဖစ္လို႔ အာဆင္နယ္နဲ႔ အာတီတာေပါင္းစပ္မႈဟာ တကယ့္ကို နတ္ဖက္ထားတဲ့စုံတြဲပါပဲ ”

“အာဆင္နယ္နဲ႔ပတ္သက္တဲ့ ကြၽန္ေတာ့္ခံစားခ်က္ေတြကို ေဘးခ်ိတ္ထားၿပီး ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ ကြၽန္ေတာ့္အသင္းအတြက္ အႏိုင္ကစားဖို႔သာ အာ႐ုံစိုက္ေနတယ္။ ကြၽန္ေတာ့္စိတ္​က ၿပိဳင္ဆိုင္မႈျပင္းထန္တယ္။ အနီအသင္းကို ဒီၿပိဳင္ပြဲရဲ႕ ဖိုင္နယ္ဆီ ပို႔ေဆာင္ခဲ့ၿပီးၿပီ။ ဒီတေခါက္ေတာ့ အဝါအသင္းအလွည့္ေပါ့ဗ်ာ။ အဝါေရာင္ေရငုပ္သေဘာ္ (ဗီလာရီးရဲလ္) က ဂန္းနားအေျမႇာက္တပ္ကို ျဖဳတ္ခ်သြားမွာပါ ” လို႔ အူႏိုင္း အမ္မရီက စကားႂကြယ္ႂကြယ္နဲ႔ ေျပာသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z