Premier League

PSG နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်မီ နေမာ၊အမ်ဘာပေတို့ကြောင့် ညည အိပ်မပျော်ဘူးလို့ ပပ်ပြောင်ပြောင်ကြီးဝန်ခံ

မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက မိမိအနေနဲ့ ချန်ပီယံလိဂ်မှာ အထိနာခဲ့တဲ့ အမှားတွေကို ပြန်လည်သင်ယူနေပြီး ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးမှာ ရင်ဆိုင်ရမယ့် နေမာ၊ အမ်ဘာပေတို့ကြောင့် ညညဆို အိပ်မပျော်ဘူးလို့ ပြောင်ပြောင်တင်းတင်း ဝန်ခံသွားခဲ့ပါတယ်။

ပပ်ဟာ ဘာဆာနဲ့ ချန်ပီယံလိဂ်မှာ ဘုရင်ဖြစ်ခဲ့ပေမယ့် မန်စီးတီးကို ကိုင်တွယ်ပြီးနောက်ပိုင်းမှာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်က သူ့ရဲ့အမှားတွေကို ပြန်လည်ဆင်ခြင်ရင်း ဒီနှစ်ချန်ပီယံလိဂ်ဘုရင်ဖြစ်ဖို့က အရေးအပါဆုံးအခြေအနေဖြစ်နေတာပါ။

မန်စီးတီးဟာ ဖလား ၃ လုံးလမ်းကြောင်းထဲက မျှော်လင့်ချက်မှာ ကာရာဘောင်းကို ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ်ဖလားက အနီးစပ်ဆုံး လက်တကမ်းကိုရောက်ရှိနေတာကြောင့် ဒီနေ့ညကစားမယ့် PSG နဲ့ပွဲက မန်စီးတီးနဲ့သူ့ရဲ့ ချန်ပီယံလိဂ်သမိုင်းကြောင်းကို လှပလာစေဖို့ အထူးအလေးထားနေတဲ့ ခြေလှမ်းတခုလည်းဖြစ်တယ်။

သူ့အနေနဲ့ မန်စီးတီးရဲ့ဖူးယောင်နေတဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို ဒီနှစ်မှာတော့ အတောက်ပဆုံး ခြယ်သသွားမှာဖြစ်တယ်လို့ ကတိပေးခဲ့သလို နေမာ၊ အမ်ဘာပေတို့ကို ထိန်းချုပ်စရာနည်းလမ်း ရှာမတွေ့လို့ အရမ်းကြောက်ရွံ့မိကြောင်းလည်း ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

” နေမာနဲ့ အမ်ဘာပေကို ထိန်းချုပ်နိုင်ဖို့ ဘယ်လို ခံစစ်နည်းဗျူဟာနဲ့မှ မတတ်နိုင်ပါဘူး။ သူတို့က ကြောက်စရာကောင်းအောင် ထက်မြက်လွန်းပါတယ်။ ကျွန်တော် ညက အိပ်ပျော်ဖို့ကြိုးစားပေမယ့် သူတို့အကြောင်းကို ခေါင်းထဲက မထုတ်နိုင်ခဲ့ဘူး ”

” ပီအက်စ်ဂျီအသင်းက လက်နက်အပြည့်အစုံပိုင်ဆိုင်ထားတဲ့အသင်းပါ။ သူတို့ကို အနိုင်တိုက်ဖို့ဆိုရင်တော့ ကျွန်တော်တို့ ဒီကစားပွဲကို အသာစီးက ကြီးစိုးပြီး ကစားရလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ဘောလုံးကိုင်ထားမှာပါ ”

” ဘာလို့လဲဆိုတော့ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကိုသာ ခွင့်ပြုခဲ့ရရင် နေမာ၊အမ်ဘာပေ၊ ဒီမာရီယာတို့အတွဲကို ထိန်းဖို့ မဖြစ်နိုင်ဘူး။ ” လို့ ဆိုသွားခဲ့တဲ့ ဂွါဒီယိုလာက သူဟာ အတိတ်တုန်းက လွဲချော်ခဲ့တဲ့ ချန်ပီယံလိဂ်သင်ခန်းစာတွေကို ကောင်းကောင်းသင်ယူပြီးဖြစ်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဒီနေ့ညမှာ ကစားမယ့် မန်စီးတီးနဲ့ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မန်စီးတီးက PSG ကို အနိုင်မယူနိုင်ပဲ ရှုံးနိမ့်လိမ့်မယ်လို့ မြို့ခံပြိုင်ဘက်ဟောင်း ဖာဒီနန်က ခန့်မှန်းသွားခဲ့ပြီး မန်စီးတီးအနေနဲ့ မနှစ်က ဗိုလ်လုပွဲကိုရောက်ခဲ့ပြီး သူတို့ထက် ချန်ပီယံလိဂ်အတွေ့အကြုံမြင့်မားတဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ဖိုင်နယ်တက်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z