Premier League

အထက်စီးကတံခွန်ထူရမယ့်ပွဲမှာ သရေနဲ့လမ်းဆုံးခဲ့တဲ့ တူဟယ်လ်- ရီးရဲလ် 1:1 ချဲလ်ဆီး ပွဲအပြီး ထုတ်နုတ်ပြောစရာ 7 ချက်

မိုက်လုံးကြီးပြီး ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းလာတဲ့ တီမိုဗာနာ
ဗာနာက တော်ရုံလူမလွဲရဲတဲ့ အဖိုးတန် အပိုင်အခွင့်အရေးကြီးကို မိုက်လုံးကြီးပြီး လွဲချော်ခဲ့တယ်။ ဒီနေ့ပွဲမှာ တူဟယ်လ်ရဲ့အသင်းက ရီးရဲလ်မက်ဒရစ်မှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့သလို ချယ်လ်ဆီးက ပိုအထင်ကြီးစရာကောင်းခဲ့တာပါ။ ဗာနာရဲ့နေရာမှာ ရီးရဲလ်မက်ဒရစ်ရဲ့ချေပဂိုးကို သွင်းယူခဲ့တဲ့ ဘန်ဇီမာသာဆိုရင် ချယ်လ်ဆီးက မစို့မပို့သွင်းဂိုးနဲ့ တင်းတိမ်ရမှာမဟုတ်ဘဲ နောက်တဆင့်တက်ဖို့တောင် သေချာသလောက်ရှိခဲ့မှာပါ။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းဖူးတဲ့ ပထမဦးဆုံးလင်းယုန်
အမေရိကန်သား ပူလီရှစ်ချ်က ချယ်လ်ဆီးရဲ့ ဦးဆောင်ဂိုးကို သွင်းယူပြီး ပွဲတလျှောက်ခြေစွမ်းပြခဲ့သလို သူက ချန်ပီယံလိဂ်ဆီမီးအဆင့်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး အမေရိကန်သားဖြစ်လာခဲ့တဲ့နောက် ချယ်လ်ဆီးရဲ့တောက်ပနေတဲ့ ခြေစွမ်းအရဆိုရင် သူကချန်ပီယံလိဂ်ဖိုင်နယ်မှာပါ ဂိုးသွင်းယူဦးမယ့်သူလို့ မှန်းဆလို့ရစေတယ်။

မစွံလှတဲ့ဟာဇက်
ချယ်လ်ဆီးက ဟာဇက်နဲ့ ရီးရဲလ်မက်ဒရစ်က ဟာဇက်ကို တန်းညှိဖို့တောင် အတော်လေးခက်သွားပါပြီ။ ဟာဇက်ရဲ့ခြေစွမ်းက အဲဒီလောက်ထိ ထိုးကျသွားတာဖြစ်ပြီး ချယ်လ်ဆီးက ရွှေရောင်နေ့ရက်တွေကို ရီးရဲလ်ရဲ့အရန်ခုံကနေ တိတ်တဆိတ် လွမ်းဆွတ်နေရဦးမှာပါ။ ဒီနေ့ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့် ဟာဇက်ရဲ့ခြေစွမ်းက ထင်သလောက်မပေါက်ခဲ့တာပါ။

ရော်နယ်လ်ဒိုရဲ့လောင်းရိပ်အောက်က လွတ်မြောက်လာတဲ့ ဘန်ဇီမာ
ဘန်ဇီမာရဲ့ ချေပဂိုးက ဇီဒန်းကို အသက်ရှုချောင်စေခဲ့ပြီး အတော့်ကိုအဖိုးတန်ခဲ့တယ်။ အသင်းလိုက်စုစည်းမှုအားနည်းနေတဲ့ ရီးရဲလ်မှာ ဘန်ဇီမာတဦးတည်းသာ အားကိုးစရာရှိခဲ့သလို သူသာ ချယ်လ်ဆီးဘက်ကဆိုရင် ရီးရဲလ်မက်ဒရစ်က ဖျာလိပ်ပြန်ရဖို့များသွားမှာပါ။ ဘန်ဇီမာပေးတဲ့ အသက်ပဲရှိခဲ့တယ်လို့ ဆိုရမယ်။

ရော်နယ်လ်ဒိုရဲ့လောင်းရိပ်အောက်က လွတ်မြောက်လာတဲ့ ဘန်ဇီမာကို ရှင်းပြတ်စွာ မြင်တွေ့နေရချိန်မှာ ရော်နယ်လ်ဒိုရဲ့ ဂျုဗင်တပ်စ်သက်တမ်း ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်က ဘန်ဇီမာထက် လျော့နည်းနေတာက သူ့ရဲ့တန်ဖိုးက နှစ်ချို့ဝိုင်လို ပိုထင်ရှားလာနေတယ်။

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကို ကြီးစိုးခဲ့ပြီး ဘယ်သူကဘုရင်လဲလို့ မေးခွန်းထုတ်ခဲ့တဲ့ အန်ဂိုလို ကွန်တေ
ကွန်တေက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လို့ သတ်မှတ်ရမယ့် လက်ရှိချန်ပီယံလိဂ်သမ္ဘာ့အရင့်ဆုံး ခရူးစ်၊ မိုဒရစ်၊ ကက်စ်မဲရိုးတို့အုပ်စုကို ဂျော်ဂျင်ဟိုနဲ့ ပူးပေါင်းပြီး ကြီးစိုးခဲ့တယ်။ ဘယ်သူကဘုရင်လဲလို့ မေးခွန်းထုတ်နေတဲ့ ခြေစွမ်းကို ရီးရဲလ်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။ အဆုတ်ပေါက်ကွဲမတတ် တရစပ် မရပ်မနားပြေးလွှားမှုတွေနဲ့ ဘောလုံးလုယူမှုတွေက ကွန်တေရဲ့ချယ်လ်ဆီးကို တဆင့်မြင့်စေခဲ့တယ်။

ရာမို့စ်မပါလို့ လူရာအသွင်းမခံရတဲ့ ရီးရဲလ်မက်ဒရစ်
ရာမို့စ်သာ ကစားနိုင်ရင် တူဟယ်လ်ခွင်းတဲ့ မြှားတွေအောက်မှာ ကြောင်ပျောက်နေတဲ့ ဇီဒန်းအတွက် အားကိုးစရာရှိခဲ့မှာဖြစ်ခဲ့သလို တကယ့်မိုးထဲရေထဲမှာတော့ ဒဏ်ရာရလူစာရင်းက ရီးရဲလ်မက်ဒရစ်ကို အထိနာစေခဲ့တယ်။

ချန်ပီယံလိဂ်ဘီလူးကြီးက တခါမှ အတူတွဲမကစားဖူးတဲ့ နာချို၊ ဗာရန်း၊ ကာဗာဟယ်လ်၊ မီလီတောင်၊ မာဆယ်လိုတို့ ခံစစ်လူ ၅ ဦးကို တွဲဖက်ခဲ့တာက ဇီဒန်းမှာ ရွေးစရာဘယ်လောက်နည်းနေသလဲဆိုတာအပြင် ဒီအဖွဲ့ကလည်း ချယ်လ်ဆီးပြုသမျှနုခဲ့ရတာက ဇီဒန်းရဲ့သိက္ခာကို အထိနာစေခဲ့တယ်။

အထက်စီးကတံခွန်ထူရမယ့်ပွဲမှာ သရေနဲ့လမ်းဆုံးခဲ့တဲ့ တူဟယ်လ်
ဇီဒန်းကို နှိပ်ကွပ်ဖို့ ပြင်ဆင်ခဲ့တဲ့ တူဟယ်လ်ရဲ့အကြံအစည်တွေက အောင်မြင်ခဲ့တယ်။ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ အထက်စီးက တံခွန်ထူရမယ့် စွမ်းဆောင်ရည်မျိုးပြသပြီး ကစားသွားခဲ့တဲ့ ချယ်လ်ဆီးက သရေနဲ့လမ်းဆုံးခဲ့တာတော့ တူဟယ်လ်အတွက် မချိတင်ကဲဖြစ်စရာပါ။ နောက်တပတ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကလူတွေ ပြန်ကစားနိုင်ချိန်မှာ ဒီနေ့ပွဲက ဗာနာဦးဆောင်ပြီး မိုက်လုံးကြီးခဲ့တဲ့ လွဲချော်မှုတွေဟာ ချယ်လ်ဆီးအတွက် နောင်တရစရာတွေ ဖြစ်ပေါ်လာမှာလားဆိုတာကတော့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

မိုက္လုံးႀကီးၿပီး ကိုယ္ရည္ကိုယ္ေသြးညံ့ဖ်င္းလာတဲ့ တီမိုဗာနာ
ဗာနာက ေတာ္႐ုံလူမလြဲရဲတဲ့ အဖိုးတန္ အပိုင္အခြင့္အေရးႀကီးကို မိုက္လုံးႀကီးၿပီး လြဲေခ်ာ္ခဲ့တယ္။ ဒီေန႔ပြဲမွာ တူဟယ္လ္ရဲ႕အသင္းက ရီးရဲလ္မက္ဒရစ္မွာ ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့သလို ခ်ယ္လ္ဆီးက ပိုအထင္ႀကီးစရာေကာင္းခဲ့တာပါ။ ဗာနာရဲ႕ေနရာမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ေခ်ပဂိုးကို သြင္းယူခဲ့တဲ့ ဘန္ဇီမာသာဆိုရင္ ခ်ယ္လ္ဆီးက မစို႔မပို႔သြင္းဂိုးနဲ႔ တင္းတိမ္ရမွာမဟုတ္ဘဲ ေနာက္တဆင့္တက္ဖို႔ေတာင္ ေသခ်ာသေလာက္ရွိခဲ့မွာပါ။

ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဂိုးသြင္းဖူးတဲ့ ပထမဦးဆုံးလင္းယုန္
အေမရိကန္သား ပူလီရွစ္ခ်္က ခ်ယ္လ္ဆီးရဲ႕ ဦးေဆာင္ဂိုးကို သြင္းယူၿပီး ပြဲတေလွ်ာက္ေျခစြမ္းျပခဲ့သလို သူက ခ်န္ပီယံလိဂ္ဆီမီးအဆင့္မွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဦးဆုံး အေမရိကန္သားျဖစ္လာခဲ့တဲ့ေနာက္ ခ်ယ္လ္ဆီးရဲ႕ေတာက္ပေနတဲ့ ေျခစြမ္းအရဆိုရင္ သူကခ်န္ပီယံလိဂ္ဖိုင္နယ္မွာပါ ဂိုးသြင္းယူဦးမယ့္သူလို႔ မွန္းဆလို႔ရေစတယ္။

မစြံလွတဲ့ဟာဇက္
ခ်ယ္လ္ဆီးက ဟာဇက္နဲ႔ ရီးရဲလ္မက္ဒရစ္က ဟာဇက္ကို တန္းညႇိဖို႔ေတာင္ အေတာ္ေလးခက္သြားပါၿပီ။ ဟာဇက္ရဲ႕ေျခစြမ္းက အဲဒီေလာက္ထိ ထိုးက်သြားတာျဖစ္ၿပီး ခ်ယ္လ္ဆီးက ေ႐ႊေရာင္ေန႔ရက္ေတြကို ရီးရဲလ္ရဲ႕အရန္ခုံကေန တိတ္တဆိတ္ လြမ္းဆြတ္ေနရဦးမွာပါ။ ဒီေန႔ပြဲမွာ လူစားဝင္ကစားခဲ့ေပမယ့္ ဟာဇက္ရဲ႕ေျခစြမ္းက ထင္သေလာက္မေပါက္ခဲ့တာပါ။

ေရာ္နယ္လ္ဒိုရဲ႕ေလာင္းရိပ္ေအာက္က လြတ္ေျမာက္လာတဲ့ ဘန္ဇီမာ
ဘန္ဇီမာရဲ႕ ေခ်ပဂိုးက ဇီဒန္းကို အသက္ရႈေခ်ာင္ေစခဲ့ၿပီး အေတာ့္ကိုအဖိုးတန္ခဲ့တယ္။ အသင္းလိုက္စုစည္းမႈအားနည္းေနတဲ့ ရီးရဲလ္မွာ ဘန္ဇီမာတဦးတည္းသာ အားကိုးစရာရွိခဲ့သလို သူသာ ခ်ယ္လ္ဆီးဘက္ကဆိုရင္ ရီးရဲလ္မက္ဒရစ္က ဖ်ာလိပ္ျပန္ရဖို႔မ်ားသြားမွာပါ။ ဘန္ဇီမာေပးတဲ့ အသက္ပဲရွိခဲ့တယ္လို႔ ဆိုရမယ္။

ေရာ္နယ္လ္ဒိုရဲ႕ေလာင္းရိပ္ေအာက္က လြတ္ေျမာက္လာတဲ့ ဘန္ဇီမာကို ရွင္းျပတ္စြာ ျမင္ေတြ႕ေနရခ်ိန္မွာ ေရာ္နယ္လ္ဒိုရဲ႕ ဂ်ဳဗင္တပ္စ္သက္တမ္း ခ်န္ပီယံလိဂ္သြင္းဂိုးအေရအတြက္က ဘန္ဇီမာထက္ ေလ်ာ့နည္းေနတာက သူ႔ရဲ႕တန္ဖိုးက ႏွစ္ခ်ိဳ႕ဝိုင္လို ပိုထင္ရွားလာေနတယ္။

ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကို ႀကီးစိုးခဲ့ၿပီး ဘယ္သူကဘုရင္လဲလို႔ ေမးခြန္းထုတ္ခဲ့တဲ့ အန္ဂိုလို ကြန္ေတ
ကြန္ေတက ကမာၻ႔အေကာင္းဆုံးကြင္းလယ္လို႔ သတ္မွတ္ရမယ့္ လက္ရွိခ်န္ပီယံလိဂ္သမာၻ႔အရင့္ဆုံး ခ႐ူးစ္၊ မိုဒရစ္၊ ကက္စ္မဲ႐ိုးတို႔အုပ္စုကို ေဂ်ာ္ဂ်င္ဟိုနဲ႔ ပူးေပါင္းၿပီး ႀကီးစိုးခဲ့တယ္။ ဘယ္သူကဘုရင္လဲလို႔ ေမးခြန္းထုတ္ေနတဲ့ ေျခစြမ္းကို ရီးရဲလ္တို႔ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတယ္။ အဆုတ္ေပါက္ကြဲမတတ္ တရစပ္ မရပ္မနားေျပးလႊားမႈေတြနဲ႔ ေဘာလုံးလုယူမႈေတြက ကြန္ေတရဲ႕ခ်ယ္လ္ဆီးကို တဆင့္ျမင့္ေစခဲ့တယ္။

ရာမို႔စ္မပါလို႔ လူရာအသြင္းမခံရတဲ့ ရီးရဲလ္မက္ဒရစ္
ရာမို႔စ္သာ ကစားႏိုင္ရင္ တူဟယ္လ္ခြင္းတဲ့ ျမႇားေတြေအာက္မွာ ေၾကာင္ေပ်ာက္ေနတဲ့ ဇီဒန္းအတြက္ အားကိုးစရာရွိခဲ့မွာျဖစ္ခဲ့သလို တကယ့္မိုးထဲေရထဲမွာေတာ့ ဒဏ္ရာရလူစာရင္းက ရီးရဲလ္မက္ဒရစ္ကို အထိနာေစခဲ့တယ္။

ခ်န္ပီယံလိဂ္ဘီလူးႀကီးက တခါမွ အတူတြဲမကစားဖူးတဲ့ နာခ်ိဳ၊ ဗာရန္း၊ ကာဗာဟယ္လ္၊ မီလီေတာင္၊ မာဆယ္လိုတို႔ ခံစစ္လူ ၅ ဦးကို တြဲဖက္ခဲ့တာက ဇီဒန္းမွာ ေ႐ြးစရာဘယ္ေလာက္နည္းေနသလဲဆိုတာအျပင္ ဒီအဖြဲ႕ကလည္း ခ်ယ္လ္ဆီးျပဳသမွ်ႏုခဲ့ရတာက ဇီဒန္းရဲ႕သိကၡာကို အထိနာေစခဲ့တယ္။

အထက္စီးကတံခြန္ထူရမယ့္ပြဲမွာ သေရနဲ႔လမ္းဆုံးခဲ့တဲ့ တူဟယ္လ္
ဇီဒန္းကို ႏွိပ္ကြပ္ဖို႔ ျပင္ဆင္ခဲ့တဲ့ တူဟယ္လ္ရဲ႕အႀကံအစည္ေတြက ေအာင္ျမင္ခဲ့တယ္။ ၂၃ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈမွာ အထက္စီးက တံခြန္ထူရမယ့္ စြမ္းေဆာင္ရည္မ်ိဳးျပသၿပီး ကစားသြားခဲ့တဲ့ ခ်ယ္လ္ဆီးက သေရနဲ႔လမ္းဆုံးခဲ့တာေတာ့ တူဟယ္လ္အတြက္ မခ်ိတင္ကဲျဖစ္စရာပါ။ ေနာက္တပတ္မွာ ရီးရဲလ္မက္ဒရစ္ရဲ႕အဓိကလူေတြ ျပန္ကစားႏိုင္ခ်ိန္မွာ ဒီေန႔ပြဲက ဗာနာဦးေဆာင္ၿပီး မိုက္လုံးႀကီးခဲ့တဲ့ လြဲေခ်ာ္မႈေတြဟာ ခ်ယ္လ္ဆီးအတြက္ ေနာင္တရစရာေတြ ျဖစ္ေပၚလာမွာလားဆိုတာကေတာ့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z