Analysis Premier League UCL&UEL

ပေါက်ကွဲမနေနဲ့၊ လူတွေ ဒီထက် ခက်ခဲနေကြတယ်လို့ တူဟယ်လ်အပြောကို ခံလိုက်ရတဲ့ ဗာနာ

ချဲလ်ဆီးအသင်းက နစ်မြုပ်လုဆဲဆဲ ဂျာမန်လှေနှစ်စင်းဖြစ်တဲ့ တီမို ဗာနာနဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ကယ်တင်ဖို့အတွက် ဖရန့် လမ်းပတ်အစား အပြောင်းအလဲလုပ်ပြီး ခန့်အပ်လိုက်တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ကွင်းလယ်လူကိုသာ ဆယ်ယူရရှိနိုင်ပြီး တိုက်စစ်မှူးအတွက် လက်လွှတ် သွားမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပွဲအများစုမှာ အခွင့်အရေးတွေကို ဒိုင်ခံဖြုန်းတီးပေးခဲ့တဲ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာလည်း အချိုးမပြေတဲ့ ကစားပုံကိုပဲ ပိုင်ဆိုင်ခဲ့တဲ့ တီမို ဗာနာဟာ ပွဲချိန် ၁၀ မိနစ်မှာ ရရှိတဲ့ အပိုင်လုံးကို ဂိုးသမားတည့်တည့် ကန်ခဲ့သလို ချဲလ်ဆီးပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ရယူခဲ့ပြီး သူ့ရဲ့ အနာဂတ်ကိုပါ မေးခွန်းထုတ်စရာဖြစ်လာခဲ့တာပါ။

ဘယ်တောင်ပံကနေ မေဆန်မောင့် ကန်တင်လိုက်တဲ့ ဘောလုံးက နောက်ခံလူနဲ့ ထိပြီး ညာတောင်ပံမှာ နေရာယူထားတဲ့ ပူလီရှစ်ချ်ဆီ အရောက်မှာ အမေရိကန်သားက ခေါင်းတိုက်ချပေးမှုဟာ တော်ရုံကစားသမားတစ်ဦးအနေနဲ့ ဂိုးသွင်းယူနိုင်မယ့် အနေအထားဖြစ်ပေမယ့် ဂျာမန်သား ကတော့ မယုံနိုင်လောက်အောင်ကို ဂိုးသမား ကူထွာရဲ့ တည့်တည့်ကို ကန်သွင်းခဲ့တာဖြစ်သလို ပွဲကြည့်သူတွေအနေနဲ့ အရန်ခုံက အိုလီဗီးယေး ဂျီရူးကိုတောင် ပိုအလိုရှိခဲ့စေတာဖြစ်ပါတယ်။

စိတ်ပျက်နေပုံရတဲ့ နည်းပြ တူဟယ်လ်ကတော့ “သူက ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အခွင့်အရေးကြီးကြီးတစ်ခုကို လွဲခဲ့ပြီး ခုလည်း လွဲပြန်ပါပြီ။ ဒါက အသင်းအတွက် ဘာမှ အထောက်အကူမဖြစ်သလို စိတ်ပျက်ပြီး အော်ဟစ်နေလို့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ လူတွေက ဒီထက်ခက်ခဲတဲ့ အဖြစ်တွေနဲ့ ကြုံနေရသလို သူ့အမှားကိုတော့ မေ့သွားကြဦးမှာပါ။ နောက်တစ်နေ့မှာ သူပြန်ကြိုးစားနိုင်မယ်လို့ ထင်ပါတယ်”လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။

ဒါပေမယ့် ယူရို ၅၃ သန်းတန် တိုက်စစ်မှူးကို လီဗာပူးလ်အသင်းက ဘာဖြစ်လို့ မခေါ်သလဲဆိုတာ သိပြီလားလို့ လှောင်ပြောင်မှုတွေက မြင့်တက်နေပြီး ဗာနာရဲ့ ကစားပုံက တစ်ဖက်နောက်ခံလူတွေ ခန့်မှန်းရ လွယ်ကူလွန်းနေသလို ဘောလုံးတောင်းတဲ့ Overlapping Run တွေမှာလည်း သိသာလွန်းတဲ့အတွက် တစ်ဖက်က ပိတ်ဆို့ဖို့ လွယ်ကူပြီး တိုက်စစ်အရှိန်ကို လျော့ကျစေတာကိုလည်း တွေ့ခဲ့ရပါတယ်။

မနေ့ကပွဲမှာ ပူလီရှစ်ချ် ဘောလုံးဆွဲပြေးလာတာကို ရီးရဲလ်နောက်ခံလူတွေက အလယ်မှာ ပိတ်ဆို့ဖို့ ကြိုးစားနေတုန်း ညာခြမ်းက ဗာနာက တစ်ဖက်နောက်ခံလူတွေကို ဘာလုပ်မယ်ဆိုတာကို ကြိုပြောပြတဲ့ ပုံစံနဲ့ ဘောလုံးတောင်းခဲ့ရာမှာ အမေရိကန်သားက တစ်ဖက်ကို လှည့်စားတဲ့အနေနဲ့ ဘောလုံးမပေးချင်ယောင်ဆောင်ပြီးမှ ပေးလိုက်တာမှာ မပါးနပ်တဲ့ ဂျာမန်သားပါ မျက်စိလည်သွားခဲ့ပြီး အူယားဖားယား ပြေးလိုက်ခဲ့ရတာကတော့ ငိုအားထက် ရယ်အားသန်စရာလည်းဖြစ်ခဲ့ရတာပါ။

ပရိသတ်တွေအတွက်တော့ ဒီ RB လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်းဟာ လွှင့်ပစ်ရတော့မယ့်သူတစ်ယောက်အဖြစ် စိတ်လျှော့ထားကြပြီဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုးထက် လွဲချော်မှုတွေကို ပိုမိုပြသထားတဲ့ ပုံစံကိုသာ မပြင်နိုင်ခဲ့ရင်တော့ ကီပါနဲ့ ဟာဗတ်ဇ်တို့ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ တူဟယ်လ်လည်း မကယ်နိုင်ဘဲ လက်လျှော့ရမှာဖြစ်သလို စတမ်းဖို့ဘရစ်ချ်အနာဂတ် ဆက်ရှိမရှိတော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းက နစ်မြုပ်လုဆဲဆဲ ဂျာမန်လှေနှစ်စင်းဖြစ်တဲ့ တီမို ဗာနာနဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ကယ်တင်ဖို့အတွက် ဖရန့် လမ်းပတ်အစား အပြောင်းအလဲလုပ်ပြီး ခန့်အပ်လိုက်တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ကွင်းလယ်လူကိုသာ ဆယ်ယူရရှိနိုင်ပြီး တိုက်စစ်မှူးအတွက် လက်လွှတ် သွားမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


ဘယ်တောင်ပံကနေ မေဆန်မောင့် ကန်တင်လိုက်တဲ့ ဘောလုံးက နောက်ခံလူနဲ့ ထိပြီး ညာတောင်ပံမှာ နေရာယူထားတဲ့ ပူလီရှစ်ခ်ျဆီ အရောက်မှာ အမေရိကန်သားက ခေါင်းတိုက်ချပေးမှုဟာ တော်ရုံကစားသမားတစ်ဦးအနေနဲ့ ဂိုးသွင်းယူနိုင်မယ့် အနေအထားဖြစ်ပေမယ့် ဂျာမန်သား ကတော့ မယုံနိုင်လောက်အောင်ကို ဂိုးသမား ကူထွာရဲ့ တည့်တည့်ကို ကန်သွင်းခဲ့တာဖြစ်သလို ပွဲကြည့်သူတွေအနေနဲ့ အရန်ခုံက အိုလီဗီးယေး ဂျီရူးကိုတောင် ပိုအလိုရှိခဲ့စေတာဖြစ်ပါတယ်။



မနေ့ကပွဲမှာ ပူလီရှစ်ခ်ျ ဘောလုံးဆွဲပြေးလာတာကို ရီးရဲလ်နောက်ခံလူတွေက အလယ်မှာ ပိတ်ဆို့ဖို့ ကြိုးစားနေတုန်း ညာခြမ်းက ဗာနာက တစ်ဖက်နောက်ခံလူတွေကို ဘာလုပ်မယ်ဆိုတာကို ကြိုပြောပြတဲ့ ပုံစံနဲ့ ဘောလုံးတောင်းခဲ့ရာမှာ အမေရိကန်သားက တစ်ဖက်ကို လှည့်စားတဲ့အနေနဲ့ ဘောလုံးမပေးချင်ယောင်ဆောင်ပြီးမှ ပေးလိုက်တာမှာ မပါးနပ်တဲ့ ဂျာမန်သားပါ မျက်စိလည်သွားခဲ့ပြီး အူယားဖားယား ပြေးလိုက်ခဲ့ရတာကတော့ ငိုအားထက် ရယ်အားသန်စရာလည်းဖြစ်ခဲ့ရတာပါ။

ပရိသတ်တွေအတွက်တော့ ဒီ RB လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်းဟာ လွှင့်ပစ်ရတော့မယ့်သူတစ်ယောက်အဖြစ် စိတ်လျှော့ထားကြပြီဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုးထက် လွဲချော်မှုတွေကို ပိုမိုပြသထားတဲ့ ပုံစံကိုသာ မပြင်နိုင်ခဲ့ရင်တော့ ကီပါနဲ့ ဟာဗတ်ဇ်တို့ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ တူဟယ်လ်လည်း မကယ်နိုင်ဘဲ လက်လျှော့ရမှာဖြစ်သလို စတမ်းဖို့ဘရစ်ခ်ျအနာဂတ် ဆက်ရှိမရှိတော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.