Analysis Premier League

ဥရောပမှာ တစ်ခါမှ မနိုင်ဖူးတဲ့ ချဲလ်ဆီးကို ရီးရဲလ်တို့ အနိုင်ရနိုင်မလား… ရီးရဲလ် VS ချဲလ်ဆီး ပွဲကြိုသုံးသပ်ချက်

စူပါလိဂ်ကိုတည်ထောင်ပြီး ဘောလုံးလောကကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းရှေ့မှာ စူပါလိဂ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသူဦးရေက လူ ၄၀ သာရှိတယ်လို့ အခုပွဲကြိုမှာ ပြောခဲ့တာက အတော်လေးပွဲဆူစေခဲ့တယ်။

ချန်ပီယံလိဂ်ကို တန်ဖိုးယုတ်လျော့စေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုက ကျရှုံးအပြီးမှာ ပီရက်ဇ်ရဲ့ ဒီကျရှုံးမှုကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ပရိသတ်ထုရဲ့အားကို သူက ပြန်ရင်ဆိုင်ရတော့မှာလည်းဖြစ်နေတယ်။ ချန်ပီယံလိဂ်ကို တန်ဖိုးဖျက်ဆီးတယ်ဆိုတဲ့ သူ့ကို ချန်ပီယံလိဂ်ကနေ ဖြုတ်ချဖို့က ချယ်လ်ဆီးပရိသတ်တွေအလိုလားဆုံးကိစ္စလည်း ဖြစ်နေတယ်။

၇၄ နှစ်အရွယ် ဘီလျံနာကြီးဟာ ဘောလုံးအားကစားရဲ့တန်ဖိုးကိုတောင် နားလည်ပါရဲ့လားလို့​ မေးခွန်အထုတ်ခံရ၊ ဝေဖန်ခံနေရသလို ချယ်လ်ဆီးပရိသတ်တွေရဲ့ ဆန္ဒကို ရိခဲ့ပြီး သူတို့ရဲ့ ဒေါသကိုလည်း ဆွပေးခဲ့သလိုဖြစ်စေခဲ့တဲ့ သူ့စကားက ဒီပွဲကို ပိုပြီးကြည့်ကောင်းလာစေမှာပါ။ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး အငြိုးအတေးတွေကို မြင်လာရဖို့လည်းရှိတယ်။

နောက်တချက်က ဒီညပွဲဟာ ချန်ပီယံလိဂ်သမိုင်းမှာ ချယ်လ်ဆီးနဲ့ တော်ဝင်ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပထမဆုံးထိပ်တိုက်တွေ့ဆုံမှုဖြစ်သလို တကယ့်ရှားရှားပါးပါးပွဲစဥ်လည်းဖြစ်နေလို့ ထူးခြားနေတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ လာဆုံကြတာက တူဟယ်လ်နဲ့ ဇီဒန်းတို့ရဲ့ အရည်အချင်းတွေကို မှတ်ကျောက်တင်ခံရတော့မှာလည်းဖြစ်တယ်။

ဒီနှစ်သင်းရဲ့ ဥရောပပြိုင်ပွဲ တွေ့ဆုံမှုသမိုင်းက ၁၉၉၈ ရဲ့ စူပါဖလားမှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို Poyet သွင်းယူပေးသော ဂိုးဖြင့် ၁ ဂိုးဂိုးမရှိဖြင် အနိုင်ရကာ ဗိုလ်စွဲခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ က Cup Winners’ Cup ဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ဖူးပြီး ပထမအကျော့မှာ တဖက်တဂိုးစီသရေကျပြီး ဒုတိယအကျော့ပြန်ကစားတဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းက ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး Uefa European Cup Winners Cup ဖလားကို ရရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့ ချန်ပီယံလိဂ် ထူးထူးခြားခြား တွေ့ဆုံမှုက ခြားနားတဲ့ ဘောလုံးရသကို ပေးစွမ်းလာဦးမှာပါ။

ဒါကိုက ချန်ပီယံလိဂ်ရဲ့အရသာပါပဲ။ ဥရောပစူပါလိဂ်မှာတော့ ဒီလိုရသတွေကို မရနိုင်တဲ့အပြင် ရိုးအီစရာကောင်းလောက်အောင်အထိ ဖျက်ဆီးခံရမှာဖြစ်တယ်။ ချယ်လ်ဆီးက အက်တလီကိုမက်ဒရစ်ကို ပတ်ပတ်နပ်နပ်ကျောပြီး ဖြုတ်ချခဲ့သလို ပေါ်တိုကို သက်သောင့်သက်သာပဲ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို ရောက်လာတယ်။

ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ကို ဖယ်ရှားပစ်ခဲ့တယ်။ ဇီဒန်းရဲ့အားက ချန်ပီယံလိဂ်သမ္ဘာရင့် မိုဒရစ်၊ တိုနီ ခရူးစ်၊ ကက်စမဲရိုးတို့ရဲ့ ကွင်းလယ်နဲ့ ဘန်ဇီမာ၊ အဆန်စီယို၊ ဗင်နစ်ရှပ်စ်တို့ရဲ့ တိုက်စစ်ပေါင်းစည်းမှုဖြစ်တယ်။ တူဟယ်လ်ရဲ့အားသာချက်ကတော့ သူ့အသင်းက ဘယ်အသင်းကိုမှ ဂိုးမပေးရအောင် အလုပ်ကို ​ပြင်းပြင်းထန်ထန်ကြိုးစားလွန်းခြင်းဖြစ်တယ်။

တူဟယ်လ်ရဲ့အသင်းက ၂၁ ပွဲမှာ ၁၆ ပွဲအထိ ပေးဂိုးမရှိ Clean Sheet ရယူထားတာက အံ့အားသင့်စရာ ကောင်းလွန်လှသလို ချန်ပီယံလိဂ်အကြောင်း နပ်လွန်းပြီး ဂိုးရအောင်သွင်းတတ်ပြီး လိုချင်တဲ့ရလဒ်ကို ရအောင်ယူတတ်တဲ့ ဇီဒန်းရဲ့အသင်းက ချယ်လ်ဆီးရဲ့ကျောက်ဆောင်ခံစစ်ကို ဘယ်လိုဖြိုချနိုင်မလဲဆိုတာက ဒီပွဲရဲ့ အဖြေဖြစ်လာမယ်။

မန်စီးတီးလို တိုက်စစ်ဘီလူးအသင်းက ချယ်လ်​ဆီးကို ဂိုးမရခဲ့ဘဲ FA က ပြုတ်ခဲ့ရတယ်။ တူဟယ်လ်ရဲ့စဥ်းစားပုံက သူ့အသင်း တဂိုးသွင်းပြီးတာနဲ့ ဘယ်အသင်းကြီးကိုမဆို ဖြုတ်ချနိုင်ပြီဆိုတာပါပဲ။ ဒါက တကယ်လည်းအလုပ်ဖြစ်နေတယ်။

တူဟယ်လ်က ပြိုင်ဘက်အားကို မူတည်ပြီး သူ့အသင်းကိုပြောင်းလဲကစားတယ်။စွယ်စုံရလူစာရင်းကို သူကပိုင်ဆိုင်ထားတယ်။ မေဆန်မောင့်ကလွဲပြီး ဘယ်သူက ပွဲထွက်လာမလဲလို့ ခန့်မှန်းလို့မရတာက ဇီဒန်းကို ကောင်းကောင်းကြီး အကျပ်ရိုက်စေမယ်။

ထူးခြားချက်အနေနဲ့ ချယ်လ်ဆီးရဲ့ကစားသမားဟောင်း ဘယ်လ်ဂျီယံသားတွေဖြစ်တဲ့ ဟာဇက်နဲ့ ကူထွာတို့က အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာက ဒီပွဲရဲ့အရှိန်ကို မြင့်လာစေပါလိမ့်ဦးမယ်။

တူဟယ်လ်လေးစားရတဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရထားတဲ့ ဇီဒန်းက တူဟယ်လ်ရွံမုန်းတဲ့ စူပါလိဂ်ပြိုင်ပွဲကို တည်ထောင်လိုခဲ့တဲ့ ပီရက်ဇ်အတွက် အလုပ်လုပ်ပေးနေရတဲ့သူလည်း ဖြစ်နေတာက ဒီပွဲရဲ့ဝိရောဓိအဖြစ်လည်း ရှိနေသလို ဇီဒန်းကိုဖြုတ်ချဖို့ ဘာမဆိုစွန့်စားမယ်ဆိုတဲ့ တူဟယ်လ်ရဲ့အကြံအစည်တွေကို ဒီညမှာ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စူပါလိဂ္ကိုတည္ေထာင္ၿပီး ေဘာလုံးေလာကကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္က စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းေရွ႕မွာ စူပါလိဂ္ကို ဆန္႔က်င္ေၾကာင္း ဆႏၵျပသူဦးေရက လူ ၄၀ သာရွိတယ္လို႔ အခုပြဲႀကိဳမွာ ေျပာခဲ့တာက အေတာ္ေလးပြဲဆူေစခဲ့တယ္။

ခ်န္ပီယံလိဂ္ကို တန္ဖိုးယုတ္ေလ်ာ့ေစမယ့္ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈက က်ရႈံးအၿပီးမွာ ပီရက္ဇ္ရဲ႕ ဒီက်ရႈံးမႈကို ဦးေဆာင္တိုက္ပြဲဝင္ခဲ့တဲ့ ပရိသတ္ထုရဲ႕အားကို သူက ျပန္ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ေနတယ္။ ခ်န္ပီယံလိဂ္ကို တန္ဖိုးဖ်က္ဆီးတယ္ဆိုတဲ့ သူ႔ကို ခ်န္ပီယံလိဂ္ကေန ျဖဳတ္ခ်ဖို႔က ခ်ယ္လ္ဆီးပရိသတ္ေတြအလိုလားဆုံးကိစၥလည္း ျဖစ္ေနတယ္။

၇၄ ႏွစ္အ႐ြယ္ ဘီလ်ံနာႀကီးဟာ ေဘာလုံးအားကစားရဲ႕တန္ဖိုးကိုေတာင္ နားလည္ပါရဲ႕လားလို႔​ ေမးခြန္အထုတ္ခံရ၊ ေဝဖန္ခံေနရသလို ခ်ယ္လ္ဆီးပရိသတ္ေတြရဲ႕ ဆႏၵကို ရိခဲ့ၿပီး သူတို႔ရဲ႕ ေဒါသကိုလည္း ဆြေပးခဲ့သလိုျဖစ္ေစခဲ့တဲ့ သူ႔စကားက ဒီပြဲကို ပိုၿပီးၾကည့္ေကာင္းလာေစမွာပါ။ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး အၿငိဳးအေတးေတြကို ျမင္လာရဖို႔လည္းရွိတယ္။

ေနာက္တခ်က္က ဒီညပြဲဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ခ်ယ္လ္ဆီးနဲ႔ ေတာ္ဝင္ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ပထမဆုံးထိပ္တိုက္ေတြ႕ဆုံမႈျဖစ္သလို တကယ့္ရွားရွားပါးပါးပြဲစဥ္လည္းျဖစ္ေနလို႔ ထူးျခားေနတယ္။ ဆီမီးဖိုင္နယ္အဆင့္မွာ လာဆုံၾကတာက တူဟယ္လ္နဲ႔ ဇီဒန္းတို႔ရဲ႕ အရည္အခ်င္းေတြကို မွတ္ေက်ာက္တင္ခံရေတာ့မွာလည္းျဖစ္တယ္။

ဒီႏွစ္သင္းရဲ႕ ဥေရာပၿပိဳင္ပြဲ ေတြ႕ဆုံမႈသမိုင္းက ၁၉၉၈ ရဲ႕ စူပါဖလားမွာ ေနာက္ဆုံးေတြ႕ဆုံခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက ရီးရဲလ္မက္ဒရစ္အသင္းကို Poyet သြင္းယူေပးေသာ ဂိုးျဖင့္ ၁ ဂိုးဂိုးမရွိျဖင္ အႏိုင္ရကာ ဗိုလ္စြဲခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၅၀ က Cup Winners’ Cup ဗိုလ္လုပြဲမွာလည္း ေတြ႕ဆုံခဲ့ဖူးၿပီး ပထမအေက်ာ့မွာ တဖက္တဂိုးစီသေရက်ၿပီး ဒုတိယအေက်ာ့ျပန္ကစားတဲ့ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းက ၂ဂိုး ၁ဂိုးနဲ႔ အႏိုင္ရၿပီး Uefa European Cup Winners Cup ဖလားကို ရရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္နဲ႔ ခ်ယ္လ္ဆီးတို႔ ခ်န္ပီယံလိဂ္ ထူးထူးျခားျခား ေတြ႕ဆုံမႈက ျခားနားတဲ့ ေဘာလုံးရသကို ေပးစြမ္းလာဦးမွာပါ။

ဒါကိုက ခ်န္ပီယံလိဂ္ရဲ႕အရသာပါပဲ။ ဥေရာပစူပါလိဂ္မွာေတာ့ ဒီလိုရသေတြကို မရႏိုင္တဲ့အျပင္ ႐ိုးအီစရာေကာင္းေလာက္ေအာင္အထိ ဖ်က္ဆီးခံရမွာျဖစ္တယ္။ ခ်ယ္လ္ဆီးက အက္တလီကိုမက္ဒရစ္ကို ပတ္ပတ္နပ္နပ္ေက်ာၿပီး ျဖဳတ္ခ်ခဲ့သလို ေပၚတိုကို သက္ေသာင့္သက္သာပဲ အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ကို ေရာက္လာတယ္။

ရီးရဲလ္မက္ဒရစ္က လီဗာပူးလ္ကို ဖယ္ရွားပစ္ခဲ့တယ္။ ဇီဒန္းရဲ႕အားက ခ်န္ပီယံလိဂ္သမာၻရင့္ မိုဒရစ္၊ တိုနီ ခ႐ူးစ္၊ ကက္စမဲ႐ိုးတို႔ရဲ႕ ကြင္းလယ္နဲ႔ ဘန္ဇီမာ၊ အဆန္စီယို၊ ဗင္နစ္ရွပ္စ္တို႔ရဲ႕ တိုက္စစ္ေပါင္းစည္းမႈျဖစ္တယ္။ တူဟယ္လ္ရဲ႕အားသာခ်က္ကေတာ့ သူ႔အသင္းက ဘယ္အသင္းကိုမွ ဂိုးမေပးရေအာင္ အလုပ္ကို ​ျပင္းျပင္းထန္ထန္ႀကိဳးစားလြန္းျခင္းျဖစ္တယ္။

တူဟယ္လ္ရဲ႕အသင္းက ၂၁ ပြဲမွာ ၁၆ ပြဲအထိ ေပးဂိုးမရွိ Clean Sheet ရယူထားတာက အံ့အားသင့္စရာ ေကာင္းလြန္လွသလို ခ်န္ပီယံလိဂ္အေၾကာင္း နပ္လြန္းၿပီး ဂိုးရေအာင္သြင္းတတ္ၿပီး လိုခ်င္တဲ့ရလဒ္ကို ရေအာင္ယူတတ္တဲ့ ဇီဒန္းရဲ႕အသင္းက ခ်ယ္လ္ဆီးရဲ႕ေက်ာက္ေဆာင္ခံစစ္ကို ဘယ္လိုၿဖိဳခ်ႏိုင္မလဲဆိုတာက ဒီပြဲရဲ႕ အေျဖျဖစ္လာမယ္။

မန္စီးတီးလို တိုက္စစ္ဘီလူးအသင္းက ခ်ယ္လ္​ဆီးကို ဂိုးမရခဲ့ဘဲ FA က ျပဳတ္ခဲ့ရတယ္။ တူဟယ္လ္ရဲ႕စဥ္းစားပုံက သူ႔အသင္း တဂိုးသြင္းၿပီးတာနဲ႔ ဘယ္အသင္းႀကီးကိုမဆို ျဖဳတ္ခ်ႏိုင္ၿပီဆိုတာပါပဲ။ ဒါက တကယ္လည္းအလုပ္ျဖစ္ေနတယ္။

တူဟယ္လ္က ၿပိဳင္ဘက္အားကို မူတည္ၿပီး သူ႔အသင္းကိုေျပာင္းလဲကစားတယ္။စြယ္စုံရလူစာရင္းကို သူကပိုင္ဆိုင္ထားတယ္။ ေမဆန္ေမာင့္ကလြဲၿပီး ဘယ္သူက ပြဲထြက္လာမလဲလို႔ ခန္႔မွန္းလို႔မရတာက ဇီဒန္းကို ေကာင္းေကာင္းႀကီး အက်ပ္႐ိုက္ေစမယ္။

ထူးျခားခ်က္အေနနဲ႔ ခ်ယ္လ္ဆီးရဲ႕ကစားသမားေဟာင္း ဘယ္လ္ဂ်ီယံသားေတြျဖစ္တဲ့ ဟာဇက္နဲ႔ ကူထြာတို႔က အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ရမွာက ဒီပြဲရဲ႕အရွိန္ကို ျမင့္လာေစပါလိမ့္ဦးမယ္။

တူဟယ္လ္ေလးစားရတဲ့ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ရထားတဲ့ ဇီဒန္းက တူဟယ္လ္႐ြံမုန္းတဲ့ စူပါလိဂ္ၿပိဳင္ပြဲကို တည္ေထာင္လိုခဲ့တဲ့ ပီရက္ဇ္အတြက္ အလုပ္လုပ္ေပးေနရတဲ့သူလည္း ျဖစ္ေနတာက ဒီပြဲရဲ႕ဝိေရာဓိအျဖစ္လည္း ရွိေနသလို ဇီဒန္းကိုျဖဳတ္ခ်ဖို႔ ဘာမဆိုစြန္႔စားမယ္ဆိုတဲ့ တူဟယ္လ္ရဲ႕အႀကံအစည္ေတြကို ဒီညမွာ ဘယ္လိုျမင္ေတြ႕ရမလဲဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.