Premier League

ဘောလုံးအသင်းမဟုတ်ဘဲ စီးပွားရေးအသင်းလို့ အာဆင်နယ်ကို ခပ်ကြမ်းကြမ်း ဝေဖန်လိုက်တဲ့ အွန်နရီ

အာဆင်နယ်ကစားသမားကြီး သီယာရီ အွန်နရီက သူ့ရဲ့ကလပ်အသင်းဟောင်း အာဆင်နယ်ကို ဥရောပစူပါလိဂ်အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ထိုးနှက်သွားခဲ့ပြီး အသင်းဟာ ဘောလုံးတန်ဖိုးတွေပျောက်ဆုံးပြီး လုပ်စားအသင်းကြီးဖြစ်နေပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ မိမိချစ်မြတ်နိုးတဲ့ အာဆင်နယ်ဟာ စီးပွားရေးဆန်လွန်းလာတာကို လက်သင့်ခံစရာမရှိကြောင်းနဲ့ အသင်းပိုင်ရှင် ခရွန်ကီတို့တစ်သိုက်ကို အသင်းက အမြန်ဆုံးထွက်ဖို့ အင်တိုက်အားတိုက် တုံ့ပြန်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒပြမှုကို ထောက်ခံကြောင်း ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဥရောပစူပါလိဂ်မှာ ပါဝင်မှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီးနောက်မှာ ဒါဟာ ငွေတွင်းနှိုက်ဖို့ဖြစ်ကြောင်း အမှန်တရားကို မြင်ခဲ့တဲ့ ပရိသတ်တွေရဲ့ ဖိအားပေးဆန့်ကျင်မှုကြောင့် သူတို့ရဲ့အဆိုတင်သွင်းမှုကို ပြန်ရုပ်သိမ်းသွားခဲ့ရတာလည်းဖြစ်ပြီး စူပါလိဂ်ဟာလည်း ကျဆုံးသွားခဲ့တာပါ။

” အခုဖြစ်တဲ့ကိစ္စအတွက် ကျွန်တော့်အသင်းကို နည်းနည်းမှလက်သင့်မခံပါဘူး။ သူတို့က ဘောလုံးအသင်းဆိုတာထက်ကို ကုမ္ပဏီတခုလို လည်ပတ်နေပြီး စီးပွားရေးဆန်လွန်အားကြီးနေပြီ။ ငွေတွင်းနှိုက်ပြီး ကိုယ်ကျိုးစီးပွားကို ရှေးရှုနေတယ်”

” အာဆင်နယ်မှာ ကိုယ်တိုင်ဘောလုံးတန်ဖိုးတွေ ပျောက်ဆုံးသွားခဲ့ရပါပြီ။ ဒါဟာ သိပ်ကိုမှားယွင်းလွဲချော်နေပါတယ်။ ဥရောပစူပါလိဂ်ကို ဖျက်ဆီးပစ်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အောင်မြင်မှုကို ဂုဏ်ယူပါတယ်။ ”

“အာဆင်နယ်ပရိသတ်တွေမှ မဟုတ်ပါဘူး။ ဘောလုံးပရိသတ်တိုင်းအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ဒါဟာ ဘောလုံးကမ္ဘာရဲ့ အောင်မြင်မှုပါ။ ဘောလုံးအသင်းတွေမှာ ပရိသတ်တွေကသာ အလုံးစုံပိုင်ဆိုင်ထားသူဖြစ်ကြောင်း ကျွန်တော့်ကို နားလည်သဘောပေါက်စေခဲ့ပါတယ်။ ”

” ကျွန်တော်ကိုယ်တိုင်လည်း အာဆင်နယ်ပရိသတ်တယောက်ပါ။ ဟုတ်ပါတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့အသင်းပါ။ ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့အသင်းပါ” လို့ အွန်နရီက အာဆင်နယ်ပရိသတ်ဘက်က ထောက်ခံရင်း စူပါလိဂ်လုပ်ရပ်ကို ရှူံ့ချကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ခရွန်ကီရဲ့သားဖြစ်သူ၊ အာဆင်နယ်အသင်းဘုတ်အဖွဲ့ဝင် ဂျို့ရှ်ကလည်း စူပါလိဂ်ဖြစ်ရပ်မှာ မိမိတို့အမှားအယွင်းလုပ်မိခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပြီး အသင်းပရိသတ်တွေအားလုံးရဲ့ ဆန္ဒကိုနားလည်ခံစားမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ကစားသမားႀကီး သီယာရီ အြန္နရီက သူ႔ရဲ႕ကလပ္အသင္းေဟာင္း အာဆင္နယ္ကို ဥေရာပစူပါလိဂ္အရႈပ္ေတာ္ပုံနဲ႔ ပတ္သက္လို႔ ထိုးႏွက္သြားခဲ့ၿပီး အသင္းဟာ ေဘာလုံးတန္ဖိုးေတြေပ်ာက္ဆုံးၿပီး လုပ္စားအသင္းႀကီးျဖစ္ေနၿပီလို႔ ျပင္းျပင္းထန္ထန္ ေဝဖန္သြားခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ မိမိခ်စ္ျမတ္ႏိုးတဲ့ အာဆင္နယ္ဟာ စီးပြားေရးဆန္လြန္းလာတာကို လက္သင့္ခံစရာမရွိေၾကာင္းနဲ႔ အသင္းပိုင္ရွင္ ခ႐ြန္ကီတို႔တစ္သိုက္ကို အသင္းက အျမန္ဆုံးထြက္ဖို႔ အင္တိုက္အားတိုက္ တုံ႔ျပန္ခဲ့ၾကတဲ့ ပရိသတ္ေတြရဲ႕ ဆႏၵျပမႈကို ေထာက္ခံေၾကာင္း ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဥေရာပစူပါလိဂ္မွာ ပါဝင္မွာျဖစ္ေၾကာင္း ေၾကျငာသြားခဲ့ၿပီးေနာက္မွာ ဒါဟာ ေငြတြင္းႏႈိက္ဖို႔ျဖစ္ေၾကာင္း အမွန္တရားကို ျမင္ခဲ့တဲ့ ပရိသတ္ေတြရဲ႕ ဖိအားေပးဆန႔္က်င္မႈေၾကာင့္ သူတို႔ရဲ႕အဆိုတင္သြင္းမႈကို ျပန္႐ုပ္သိမ္းသြားခဲ့ရတာလည္းျဖစ္ၿပီး စူပါလိဂ္ဟာလည္း က်ဆုံးသြားခဲ့တာပါ။

” အခုျဖစ္တဲ့ကိစၥအတြက္ ကြၽန္ေတာ့္အသင္းကို နည္းနည္းမွလက္သင့္မခံပါဘူး။ သူတို႔က ေဘာလုံးအသင္းဆိုတာထက္ကို ကုမၸဏီတခုလို လည္ပတ္ေနၿပီး စီးပြားေရးဆန္လြန္အားႀကီးေနၿပီ။ ေငြတြင္းႏႈိက္ၿပီး ကိုယ္က်ိဳးစီးပြားကို ေရွးရႈေနတယ္”

” အာဆင္နယ္မွာ ကိုယ္တိုင္ေဘာလုံးတန္ဖိုးေတြ ေပ်ာက္ဆုံးသြားခဲ့ရပါၿပီ။ ဒါဟာ သိပ္ကိုမွားယြင္းလြဲေခ်ာ္ေနပါတယ္။ ဥေရာပစူပါလိဂ္ကို ဖ်က္ဆီးပစ္ခဲ့ၾကတဲ့ ပရိသတ္ေတြရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ယူပါတယ္။ ”

“အာဆင္နယ္ပရိသတ္ေတြမွ မဟုတ္ပါဘူး။ ေဘာလုံးပရိသတ္တိုင္းအတြက္ ကြၽန္ေတာ္ဂုဏ္ယူပါတယ္။ ဒါဟာ ေဘာလုံးကမာၻရဲ႕ ေအာင္ျမင္မႈပါ။ ေဘာလုံးအသင္းေတြမွာ ပရိသတ္ေတြကသာ အလုံးစုံပိုင္ဆိုင္ထားသူျဖစ္ေၾကာင္း ကြၽန္ေတာ့္ကို နားလည္သေဘာေပါက္ေစခဲ့ပါတယ္။ ”

” ကြၽန္ေတာ္ကိုယ္တိုင္လည္း အာဆင္နယ္ပရိသတ္တေယာက္ပါ။ ဟုတ္ပါတယ္။ ဒါဟာ ခင္ဗ်ားတို႔ရဲ႕အသင္းပါ။ ကြၽန္ေတာ္တို႔၊ ခင္ဗ်ားတို႔ရဲ႕အသင္းပါ” လို႔ အြန္နရီက အာဆင္နယ္ပရိသတ္ဘက္က ေထာက္ခံရင္း စူပါလိဂ္လုပ္ရပ္ကို ရႉံ႔ခ်ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ခ႐ြန္ကီရဲ႕သားျဖစ္သူ၊ အာဆင္နယ္အသင္းဘုတ္အဖြဲ႕ဝင္ ဂ်ိဳ႕ရွ္ကလည္း စူပါလိဂ္ျဖစ္ရပ္မွာ မိမိတို႔အမွားအယြင္းလုပ္မိခဲ့တာျဖစ္တယ္လို႔ ပရိသတ္ေတြကို ေတာင္းပန္သြားခဲ့ၿပီး အသင္းပရိသတ္ေတြအားလုံးရဲ႕ ဆႏၵကိုနားလည္ခံစားမိေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.