Premier League

အာဆင်ဝင်းဂါးရဲ့ စံချိန်ကို ရိုက်ချိုးမယ့် ဆိုးလ်ရှား အပါအဝင် လိဒ်စ် 0-0 မန်ချက်စတာယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

ပေါ့ဘာမရှိရင် ဘယ်လိုအသက်ရှင်မလဲလို့ မေးခွန်းအထုတ်ခံလိုက်ရတဲ့ ဆိုးလ်ရှား
ပထမပိုင်းခြေစွမ်းက ယူနိုက်တက်ရဲ့ ဖွဲနဲ့ဆန်ကွဲသာသာခြေစွမ်းကို ပြသခဲ့တဲ့ဖြစ်ပြီး ပေါ့ဘာမရှိရင် ဘယ်လိုအသက်ရှင်မလဲလို့ ဆိုးလ်ရှားရဲ့ နည်းပြဘဝကို မေးခွန်းထုတ်လိုက်သလိုပါပဲ။ ပေါ့ဘာဝင်လာမှ ယူနိုက်တက်က လှုပ်လာနိုင်ပြီး အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် အချိန်နှောင်းပြီးမှ တမှတ်နဲ့ အိမ်ပြန်ခဲ့ရတယ်။

ကွင်းထဲမှာရှိနေရဲ့လားတောင် သံသယဖြစ်ရတဲ့ ဘရူနိုရဲ့ခြေစွမ်း
တောက်လျှောက်ပွဲပန်းလာတဲ့ ဘရူနို ဖာနန်ဒက်စ်က လိဒ်စ်ကို ခြိမ်းခြောက်ဖို့ နေနေသာသာ ဘီယယ်လ်ဆာအသင်းရဲ့ မြင့်မားတဲ့ လုပ်အားနှုန်းအောက်မှာ ခဏခဏပြိုလဲနေခဲ့ရတယ်။ ဘောလုံးကိုင်ထားဖို့တောင် ခဲရာခဲဆစ်ရုန်းကန်နေရတဲ့ ဘရူနိုက ပုံမှန်ခြေစွမ်းအောက်မှာ အတော်လေးခြေကျသွားတာကို တွေ့ရပြီး သူ့ကိုပွဲဆက်သုံးလွန်းတာက ဆိုးလ်းရှား ဖြေရှင်းရမှာဖြစ်တယ်။

ဂလေဇာ အမြန်ဆုံးထွက်
ဥရောပစူပါလိဂ်အရှုပ်တော်ပုံကြောင့် ပရိသတ်တွေရဲ့ အမျက်တော်ကိုရှနေတဲ့ ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာအုပ်စုဟာ ခါးခါးတူးတူး အမုန်းတီးခံနေရပြီး ကွင်းထဲဝင်ခွင့်မရတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ”ဂလေဇာ အမြန်ဆုံးထွက်” ဆိုတဲ့ ဆောင်ပုဒ်စာတန်းကို အယ်လန်ရုဒ်ကွင်းထက်မှာ လေထဲလွှင့်တင်ပြီး ရာဇသံပေးသွားခဲ့ပါတယ်။

အလုပ်အရမ်းကြိုးစားတဲ့ ယူနိုက်တက်ခံစစ်
အခု ၂၀၂၁ ကစပြီး ယူနိုက်တက်မှာ ထူးခြားတာက အဆုံးသတ်ပိုင်းအားနည်းနေတဲ့ ပြစ်ချက်ကို ခပ်ထင်းထင်းတွေ့လာရသလို ဖုံးဖိထားမရတာက အလုပ်အရမ်းကြိုးစားတဲ့ ခံစစ်တန်းပါ။ ဒီနှစ် ယူနိုက်တက်ရဲ့ခံစစ်ပိုင်းက အတော်လေးလုံခြုံနေတာကို တွေ့ရပြီး ဥရောပအကောင်းဆုံးစာရင်းထဲ ပေါက်နေပါတယ်။

ပွဲဦးထွက်မြေမှာ ပွဲ ၂၀၀ ပြည့်တဲ့ ပေါ့ဘာ
အရန်ခုံက ထလာတဲ့ ပေါ့ဘာက ဒီနေ့မှာ ယူနိုက်တက်ကိုယ်စားပြု ပွဲ ၂၀၀ ပြည့် ကစားသွားခဲ့တယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှုက သူ့ရဲ့ ယူနိုက်တက်ပွဲဦးထွက်ကိုလည်း ၂၀၁၁ ခုနှစ် အခု အယ်လင်ရုဒ်ကွင်းမှာပဲ ကစားခဲ့တာဖြစ်ပြီး ၁၀ နှစ်အကြာမှာ ဒီ အယ်လင်ရုဒ်ကွင်းမှာပဲ ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါးရဲ့အဝေးကွင်းစံချိန်ကို ရိုက်ချိုးမယ့် ဆိုးလ်ရှား
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အဝေးကွင်းစံချိန်က အာဆင်နယ်အသင်းရဲ့ ၂၇ ဆက် ရှုံးပွဲမရှိမှတ်တမ်းဖြစ်ပါတယ်။ လိဒ်အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ယူနိုက်တက်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ၂၄ ပွဲဆက် ရှုံးပွဲမရှိ အနေအထားကို ဆွဲဆန့်သွားခဲ့ပြီး ၁၉ ပွဲနိုင် ၅ ပွဲသရေဆိုတဲ့ရလဒ်က အာဆင်နယ်ရဲ့ ၂၀၀၃ ဧပြီနဲ့ ၂၀၀၄ စက်တင်ဘာအတွင်းက အဝေးကွင်းစံချိန်ကို ရိုက်ချိုးသွားဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက်တသင်းလုံးထက် အဆင့်မြင့်ခဲ့တဲ့ လိဒ်ကစားသမား ကယ်လ်ဗစ် ဖိလစ်
ပအကျော့တုန်းက အလုပ်မဖြစ်လို့ စောစောစီးစီးလူစားလဲခံရဖူးတဲ့ ကယ်လ်ဗင် ဖိလစ်က ဒီပွဲမှာ ယူနိုက်တက်တသင်းလုံးထက် အဆင့်မြင့်တဲ့သူတဦးလို ပီပီပြင်ပြင်နဲ့ ထိထိရောက်ရောက်ကစားပြီး ဘရူနိုဦးဆောင်နေတဲ့ ယူနိုက်တက်တိုက်စစ်စီးဆင်းမှုတခုလုံးကို ဆုတ်ဖြဲဖျက်ဆီးသွားခဲ့တယ်။ ဘီယယ်လ်ဆာရဲ့ အားကိုးရာဖြစ်ခဲ့သလို ဘောလုံးအဖျက်ပိုင်းကစားပုံက ယူနိုက်တက်ကို လုပ်ကွက်မဲ့စေခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါ့ဘာမရွိရင္ ဘယ္လိုအသက္ရွင္မလဲလို႔ ေမးခြန္းအထုတ္ခံလိုက္ရတဲ့ ဆိုးလ္ရွား
ပထမပိုင္းေျခစြမ္းက ယူႏိုက္တက္ရဲ႕ ဖြဲနဲ႔ဆန္ကြဲသာသာေျခစြမ္းကို ျပသခဲ့တဲ့ျဖစ္ၿပီး ေပါ့ဘာမရွိရင္ ဘယ္လိုအသက္ရွင္မလဲလို႔ ဆိုးလ္ရွားရဲ႕ နည္းျပဘဝကို ေမးခြန္းထုတ္လိုက္သလိုပါပဲ။ ေပါ့ဘာဝင္လာမွ ယူႏိုက္တက္က လႈပ္လာႏိုင္ၿပီး အခြင့္အေရးေကာင္းေတြ ရရွိခဲ့ေပမယ့္ အခ်ိန္ေႏွာင္းၿပီးမွ တမွတ္နဲ႔ အိမ္ျပန္ခဲ့ရတယ္။

ကြင္းထဲမွာရွိေနရဲ႕လားေတာင္ သံသယျဖစ္ရတဲ့ ဘ႐ူႏိုရဲ႕ေျခစြမ္း
ေတာက္ေလွ်ာက္ပြဲပန္းလာတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က လိဒ္စ္ကို ၿခိမ္းေျခာက္ဖို႔ ေနေနသာသာ ဘီယယ္လ္ဆာအသင္းရဲ႕ ျမင့္မားတဲ့ လုပ္အားႏႈန္းေအာက္မွာ ခဏခဏၿပိဳလဲေနခဲ့ရတယ္။ ေဘာလုံးကိုင္ထားဖို႔ေတာင္ ခဲရာခဲဆစ္႐ုန္းကန္ေနရတဲ့ ဘ႐ူႏိုက ပုံမွန္ေျခစြမ္းေအာက္မွာ အေတာ္ေလးေျခက်သြားတာကို ေတြ႕ရၿပီး သူ႔ကိုပြဲဆက္သုံးလြန္းတာက ဆိုးလ္းရွား ေျဖရွင္းရမွာျဖစ္တယ္။

ဂေလဇာ အျမန္ဆုံးထြက္
ဥေရာပစူပါလိဂ္အရႈပ္ေတာ္ပုံေၾကာင့္ ပရိသတ္ေတြရဲ႕ အမ်က္ေတာ္ကိုရွေနတဲ့ ယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာအုပ္စုဟာ ခါးခါးတူးတူး အမုန္းတီးခံေနရၿပီး ကြင္းထဲဝင္ခြင့္မရတဲ့ ယူႏိုက္တက္ပရိသတ္ေတြဟာ ”ဂေလဇာ အျမန္ဆုံးထြက္” ဆိုတဲ့ ေဆာင္ပုဒ္စာတန္းကို အယ္လန္႐ုဒ္ကြင္းထက္မွာ ေလထဲလႊင့္တင္ၿပီး ရာဇသံေပးသြားခဲ့ပါတယ္။

အလုပ္အရမ္းႀကိဳးစားတဲ့ ယူႏိုက္တက္ခံစစ္
အခု ၂၀၂၁ ကစၿပီး ယူႏိုက္တက္မွာ ထူးျခားတာက အဆုံးသတ္ပိုင္းအားနည္းေနတဲ့ ျပစ္ခ်က္ကို ခပ္ထင္းထင္းေတြ႕လာရသလို ဖုံးဖိထားမရတာက အလုပ္အရမ္းႀကိဳးစားတဲ့ ခံစစ္တန္းပါ။ ဒီႏွစ္ ယူႏိုက္တက္ရဲ႕ခံစစ္ပိုင္းက အေတာ္ေလးလုံၿခဳံေနတာကို ေတြ႕ရၿပီး ဥေရာပအေကာင္းဆုံးစာရင္းထဲ ေပါက္ေနပါတယ္။

ပြဲဦးထြက္ေျမမွာ ပြဲ ၂၀၀ ျပည့္တဲ့ ေပါ့ဘာ
အရန္ခုံက ထလာတဲ့ ေပါ့ဘာက ဒီေန႔မွာ ယူႏိုက္တက္ကိုယ္စားျပဳ ပြဲ ၂၀၀ ျပည့္ ကစားသြားခဲ့တယ္။ ထူးျခားတဲ့ တိုက္ဆိုင္မႈက သူ႔ရဲ႕ ယူႏိုက္တက္ပြဲဦးထြက္ကိုလည္း ၂၀၁၁ ခုႏွစ္ အခု အယ္လင္႐ုဒ္ကြင္းမွာပဲ ကစားခဲ့တာျဖစ္ၿပီး ၁၀ ႏွစ္အၾကာမွာ ဒီ အယ္လင္႐ုဒ္ကြင္းမွာပဲ ပြဲ ၂၀၀ ျပည့္ခဲ့တာျဖစ္ပါတယ္။

အာဆင္ဝင္းဂါးရဲ႕အေဝးကြင္းစံခ်ိန္ကို ႐ိုက္ခ်ိဳးမယ့္ ဆိုးလ္ရွား
ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး အေဝးကြင္းစံခ်ိန္က အာဆင္နယ္အသင္းရဲ႕ ၂၇ ဆက္ ရႈံးပြဲမရွိမွတ္တမ္းျဖစ္ပါတယ္။ လိဒ္အိမ္ကြင္းမွာ သေရက်ခဲ့တဲ့ ယူႏိုက္တက္ကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၂၄ ပြဲဆက္ ရႈံးပြဲမရွိ အေနအထားကို ဆြဲဆန႔္သြားခဲ့ၿပီး ၁၉ ပြဲႏိုင္ ၅ ပြဲသေရဆိုတဲ့ရလဒ္က အာဆင္နယ္ရဲ႕ ၂၀၀၃ ဧၿပီနဲ႔ ၂၀၀၄ စက္တင္ဘာအတြင္းက အေဝးကြင္းစံခ်ိန္ကို ႐ိုက္ခ်ိဳးသြားဖို႔လည္း ရွိေနပါတယ္။

ယူႏိုက္တက္တသင္းလံုးထက္ အဆင့္ျမင့္ခဲ့တဲ့ လိဒ္ကစားသမား ကယ္လ္ဗစ္ ဖိလစ္
ပအေက်ာ့တုန္းက အလုပ္မျဖစ္လို႔ ေစာေစာစီးစီးလူစားလဲခံရဖူးတဲ့ ကယ္လ္ဗင္ ဖိလစ္က ဒီပြဲမွာ ယူႏိုက္တက္တသင္းလံုးထက္ အဆင့္ျမင့္တဲ့သူတဦးလို ပီပီျပင္ျပင္နဲ႔ ထိထိေရာက္ေရာက္ကစားၿပီး ဘ႐ူႏိုဦးေဆာင္ေနတဲ့ ယူႏိုက္တက္တိုက္စစ္စီးဆင္းမႈတခုလုံးကို ဆုတ္ၿဖဲဖ်က္ဆီးသြားခဲ့တယ္။ ဘီယယ္လ္ဆာရဲ႕ အားကိုးရာျဖစ္ခဲ့သလို ေဘာလုံးအဖ်က္ပိုင္းကစားပုံက ယူႏိုက္တက္ကို လုပ္ကြက္မဲ့ေစခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.