Match Report Premier League

ခြေစွမ်းချင်း ကွာဟခဲ့ပေမယ့် ပထမဆုံးဖလားကို ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ စပါးစ်အသင်းကို ချုပ်ကစားဖို့ စီစဉ်လာခဲ့ပြီး သူတို့ရဲ့ ဂါရက်ဘေးလ်ကို ထိန်းနိုင်ဖို့ ကန်ဆယ်လိုကို ဘယ်နောက်ခံလူနေရာမှာ ပွဲထုတ်လာခဲ့သလို ဂိုးသမားနေရာမှာ အရန် စတက်ဖင်ကို သုံးခဲ့တာကလွဲပြီး လူစုံထုတ်လို့ ဒီကာရာဘောင်းဖလားကို လေးနှစ်ဆက်ရယူပြီး ပရိသတ် ၈၀၀၀ ရှေ့မှာ စိတ်ဓာတ်မြှင့်တင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

စပါးစ်နည်းပြ ရိုင်ယန် မေဆန်ကတော့ အတွေ့အကြုံနုသေးသလို မန်စီးတီးလို Low Tempo အသင်းမျိုးကို ဘယ်လိုထိုးနှက်ရမယ်ဆိုတာကို ကောင်းကောင်း ကျွမ်းကျင်ပုံမရဘဲ မြန်နှုန်းမြင့် ကစားသမားတွေကို ချန်လှပ်ထားခဲ့သလို လုပ်အားနှုန်းနဲ့ ပိတ်ကစားရမယ့် ကွင်းလယ်ပိုင်းမှာလည်း အန်ဒွမ်ဘီလီကို ချန်လှပ်ထားခဲ့တာက ယာယီနည်းပြဘဝဟာ သူ့အတွက် အမြင့်ဆုံးရောက်ရှိနိုင်ခြေဆိုတာ သိသာခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ ၄-၆-၀ ကစားကွက်က စပါးစ်တို့အပေါ် ကောင်းကောင်းအသာစီးရယူနိုင်ခဲ့သလို ဖာနန်ဒင်ညိုနဲ့ ဂွန်ဒိုးဝမ်တို့ကလည်း ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ဆီထွက်မယ့် ဘောလုံးအများစုကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး နည်းပြရဲ့ လုပ်သလိုမဖြစ်တဲ့ Plan ကြောင့် ဟွိုင်ဘယာ့ဂ်ဟာ တောင်ပံကိုပါ ထွက်ကူရတဲ့အထိလည်း ဖြစ်ခဲ့ပါတယ်။

ဖိုဒန်၊ စတာလင်တို့ရဲ့ ကန်သွင်းချက်တွေကိုတော့ စပါးစ်တို့ ကြံ့ကြံ့ခံ ပိတ်ဆို့ထားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုချင်း မယှဉ်နိုင်ခဲ့ချိန်မှာ မန်စီးတီးတို့ကို ဒိုင်လူကြီး ပေါလ် တီယာနီကပါ မျက်နှာသာပေးခဲ့ပြီး လာပေါ့တ်နဲ့ ရူဘင် ဒီယက်စ်တို့ရဲ့ Tactical Foul တွေကို အဝါမပြဘဲ သက်ညှာခဲ့သလို ဒီနေ့ပွဲမှာ အဝါကတ် သုံးကြိမ်သာ အသုံးပြုသွားခဲ့တာပါ။

စတာလင်ကတော့ လူပိတ်ထားတဲ့ နေရာတွေကို မျိုးလှိုင်ဝင်းကန်ချက်နဲ့ ကန်နေခဲ့သလို ဒီဘရိုင်းနားကလည်း ဖရီးကစ်တွေ မတိကျခဲ့ဘဲ ဖိုဒန်ရဲ့ အနီးကပ် အပိုင်ကန်သွင်းမှုကိုတော့ စပါးစ်ဂိုးသမား လိုရစ် ပိတ်ဆို့သွားနိုင်ခဲ့လို့ မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုးရရှိဖို့ စောင့်ဆိုင်းနေခဲ့ရပါတယ်။

မန်စီးတီးတို့ရဲ့ အခွင့်အရေး ဖြုန်းတီးသူစာရင်းမှာတော့ ဖိုဒန်နဲ့ စတာလင်တို့အပြင် ပထမပိုင်း နာရီဝက်ကျော်လာအပြီးမှာ မာရက်ဇ်ကပါ တိုးလာခဲ့ပြီး ဂိုးပေါက်မတည့်တဲ့ ကန်ချက်တွေကို တောက်လျှောက်လုပ်ခဲ့သလို ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ကြိမ်စီ ဂိုးပေါက်တည့်ခဲ့မှုတွေနဲ့အတူ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးစ်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး လိုဆဲလ်ဆိုရဲ့ ကန်ချက်ကို စတက်ဖင် ပုတ်ထုတ်ခဲ့ရပြီး တိုက်စစ်ဆင်မှုရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ်တော့ ညာနောက်ခံလူအဖြစ် ကစားတဲ့ အော်ရီယေးဟာ ရှေ့မှာ သိပ်ပြီး အကျိုးမပြုနိုင်သလို နောက်မှာလည်း တော်တော်လေး ခြေပျက်လာခဲ့လို့ စတာလင်အတွက် အကြိုက်တွေ့စရာဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် Inverted Side ဘက်ကနေ Curling Shot တွေကို ဝိုက်ကန်တတ်အောင် သင်ယူဖို့ လိုအပ်နေသေးတဲ့ စတာလင်နဲ့ မာရက်ဇ်တို့က ပရိသတ်တွေကို စိတ်ပျက်စေမြဲဖြစ်ခဲ့ပြီး စပါးစ်တို့ကတော့ ဂါရက်ဘေးလ်ကို ထည့်သွင်းခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာက သူ့ကို ဘာဖြစ်လို့ ချန်လှပ် ထားခဲ့သလဲဆိုတာရဲ့ အဖြေဖြစ်ခဲ့ပါတယ်။

ဖာနန်ဒင်ညိုရဲ့ ခေါင်းတိုက်ချက် ဂိုးသမားတည့်တည့်ဖြစ်ခဲ့ရသလို ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်လွဲချော်အပြီးမှာတော့ မာရက်ဇ်ရဲ့ လှပသေသပ်တဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ ကန်ချက်ကိုတော့ လိုရစ် ပုတ်ထုတ်နိုင်ခဲ့ပြီး ထပ်မံတိုက်စစ်ဆင်ဖို့ ကြိုးစားတဲ့ စတာလင်က လူကျွံနေလို့ နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ အော်ရီယေးရဲ့ စတာလင်အပေါ် ခပ်ညံ့ညံ့ ဖျက်ထုတ်မှုကနေ စပါးစ်တို့ ဘယ်ခြမ်းမှာ မန်စီးတီးတို့ ဖရီးကစ်ရခဲ့ပြီး ဒါကို ဒီဘရိုင်းနားက ကန်တင်ပေးတာမှာ မာကင်လွတ်နေတဲ့ လာပေါ့တ်က ပြင်သစ်အသင်းဖော် ဆစ်ဆိုကို မပိတ်ဆို့နိုင်ခင် ခေါင်းတိုက်ပြီး ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အယ်လီ၊ ဘာ့ဂ်ဗိန်းတို့ ဝင်လာခဲ့ပေမယ့် စကတည်းက ဗျူဟာအရ ရှုံးနေတဲ့ စပါးစ်တို့ ဘာမှ မတုံ့ပြန်နိုင်တော့ဘဲ အရှုံးပေးခဲ့ရသလို မန်ချက်စတာစီးတီးကတော့ ကာရာဘောင်းဖလားကို လေးနှစ်ဆက် ရယူရင်း လီဗာပူးလ်တို့ရဲ့ ၁၉၈၁-၈၄ မှာ ဆက်တိုက်ရယူခဲ့တဲ့ စံချိန်နဲ့ အမြင့်ဆုံးအဖြစ် ၈ ကြိမ်ဗိုလ်စွဲမှု စံချိန်ကို ၂၀၁၈-၂၁ ကာလအတွင်းမှာ လိုက်မီနိုင်ခဲ့ပြီး ဒီရာသီ ပထမဆုံးဖလားကို ရရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ စပါးစ္အသင္းကို ခ်ဳပ္ကစားဖို႔ စီစဥ္လာခဲ့ၿပီး သူတို႔ရဲ႕ ဂါရက္ေဘးလ္ကို ထိန္းႏိုင္ဖို႔ ကန္ဆယ္လိုကို ဘယ္ေနာက္ခံလူေနရာမွာ ပြဲထုတ္လာခဲ့သလို ဂိုးသမားေနရာမွာ အရန္ စတက္ဖင္ကို သုံးခဲ့တာကလြဲၿပီး လူစုံထုတ္လို႔ ဒီကာရာေဘာင္းဖလားကို ေလးႏွစ္ဆက္ရယူၿပီး ပရိသတ္ ၈၀၀၀ ေရွ႕မွာ စိတ္ဓာတ္ျမႇင့္တင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

စပါးစ္နည္းျပ ႐ိုင္ယန္ ေမဆန္ကေတာ့ အေတြ႕အႀကဳံႏုေသးသလို မန္စီးတီးလို Low Tempo အသင္းမ်ိဳးကို ဘယ္လိုထိုးႏွက္ရမယ္ဆိုတာကို ေကာင္းေကာင္း ကြၽမ္းက်င္ပုံမရဘဲ ျမန္ႏႈန္းျမင့္ ကစားသမားေတြကို ခ်န္လွပ္ထားခဲ့သလို လုပ္အားႏႈန္းနဲ႔ ပိတ္ကစားရမယ့္ ကြင္းလယ္ပိုင္းမွာလည္း အန္ဒြမ္ဘီလီကို ခ်န္လွပ္ထားခဲ့တာက ယာယီနည္းျပဘဝဟာ သူ႔အတြက္ အျမင့္ဆုံးေရာက္ရွိႏိုင္ေျခဆိုတာ သိသာခဲ့ပါတယ္။

မန္စီးတီးတို႔ရဲ႕ ၄-၆-၀ ကစားကြက္က စပါးစ္တို႔အေပၚ ေကာင္းေကာင္းအသာစီးရယူႏိုင္ခဲ့သလို ဖာနန္ဒင္ညိဳနဲ႔ ဂြန္ဒိုးဝမ္တို႔ကလည္း ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ဆီထြက္မယ့္ ေဘာလုံးအမ်ားစုကို ပိတ္ဆို႔ထားႏိုင္ခဲ့ၿပီး နည္းျပရဲ႕ လုပ္သလိုမျဖစ္တဲ့ Plan ေၾကာင့္ ဟြိဳင္ဘယာ့ဂ္ဟာ ေတာင္ပံကိုပါ ထြက္ကူရတဲ့အထိလည္း ျဖစ္ခဲ့ပါတယ္။

ဖိုဒန္၊ စတာလင္တို႔ရဲ႕ ကန္သြင္းခ်က္ေတြကိုေတာ့ စပါးစ္တို႔ ႀကံ့ႀကံ့ခံ ပိတ္ဆို႔ထားႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈခ်င္း မယွဥ္ႏိုင္ခဲ့ခ်ိန္မွာ မန္စီးတီးတို႔ကို ဒိုင္လူႀကီး ေပါလ္ တီယာနီကပါ မ်က္ႏွာသာေပးခဲ့ၿပီး လာေပါ့တ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ရဲ႕ Tactical Foul ေတြကို အဝါမျပဘဲ သက္ညႇာခဲ့သလို ဒီေန႔ပြဲမွာ အဝါကတ္ သုံးႀကိမ္သာ အသုံးျပဳသြားခဲ့တာပါ။

စတာလင္ကေတာ့ လူပိတ္ထားတဲ့ ေနရာေတြကို မ်ိဳးလႈိင္ဝင္းကန္ခ်က္နဲ႔ ကန္ေနခဲ့သလို ဒီဘ႐ိုင္းနားကလည္း ဖရီးကစ္ေတြ မတိက်ခဲ့ဘဲ ဖိုဒန္ရဲ႕ အနီးကပ္ အပိုင္ကန္သြင္းမႈကိုေတာ့ စပါးစ္ဂိုးသမား လိုရစ္ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ဂိုးရရွိဖို႔ ေစာင့္ဆိုင္းေနခဲ့ရပါတယ္။

မန္စီးတီးတို႔ရဲ႕ အခြင့္အေရး ျဖဳန္းတီးသူစာရင္းမွာေတာ့ ဖိုဒန္နဲ႔ စတာလင္တို႔အျပင္ ပထမပိုင္း နာရီဝက္ေက်ာ္လာအၿပီးမွာ မာရက္ဇ္ကပါ တိုးလာခဲ့ၿပီး ဂိုးေပါက္မတည့္တဲ့ ကန္ခ်က္ေတြကို ေတာက္ေလွ်ာက္လုပ္ခဲ့သလို ပထမပိုင္းအၿပီးမွာ တစ္ဖက္တစ္ႀကိမ္စီ ဂိုးေပါက္တည့္ခဲ့မႈေတြနဲ႔အတူ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ စပါးစ္တို႔ ျပန္လည္တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး လိုဆဲလ္ဆိုရဲ႕ ကန္ခ်က္ကို စတက္ဖင္ ပုတ္ထုတ္ခဲ့ရၿပီး တိုက္စစ္ဆင္မႈရဲ႕ ေဘးထြက္ ဆိုးက်ိဳးအျဖစ္ေတာ့ ညာေနာက္ခံလူအျဖစ္ ကစားတဲ့ ေအာ္ရီေယးဟာ ေရွ႕မွာ သိပ္ၿပီး အက်ိဳးမျပဳႏိုင္သလို ေနာက္မွာလည္း ေတာ္ေတာ္ေလး ေျခပ်က္လာခဲ့လို႔ စတာလင္အတြက္ အႀကိဳက္ေတြ႕စရာျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ Inverted Side ဘက္ကေန Curling Shot ေတြကို ဝိုက္ကန္တတ္ေအာင္ သင္ယူဖို႔ လိုအပ္ေနေသးတဲ့ စတာလင္နဲ႔ မာရက္ဇ္တို႔က ပရိသတ္ေတြကို စိတ္ပ်က္ေစၿမဲျဖစ္ခဲ့ၿပီး စပါးစ္တို႔ကေတာ့ ဂါရက္ေဘးလ္ကို ထည့္သြင္းခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့တာက သူ႔ကို ဘာျဖစ္လို႔ ခ်န္လွပ္ ထားခဲ့သလဲဆိုတာရဲ႕ အေျဖျဖစ္ခဲ့ပါတယ္။

ဖာနန္ဒင္ညိဳရဲ႕ ေခါင္းတိုက္ခ်က္ ဂိုးသမားတည့္တည့္ျဖစ္ခဲ့ရသလို ဂြန္ဒိုးဝမ္ရဲ႕ ကန္ခ်က္လြဲေခ်ာ္အၿပီးမွာေတာ့ မာရက္ဇ္ရဲ႕ လွပေသသပ္တဲ့ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈနဲ႔ ကန္ခ်က္ကိုေတာ့ လိုရစ္ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ထပ္မံတိုက္စစ္ဆင္ဖို႔ ႀကိဳးစားတဲ့ စတာလင္က လူကြၽံေနလို႔ နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေအာ္ရီေယးရဲ႕ စတာလင္အေပၚ ခပ္ညံ့ညံ့ ဖ်က္ထုတ္မႈကေန စပါးစ္တို႔ ဘယ္ျခမ္းမွာ မန္စီးတီးတို႔ ဖရီးကစ္ရခဲ့ၿပီး ဒါကို ဒီဘ႐ိုင္းနားက ကန္တင္ေပးတာမွာ မာကင္လြတ္ေနတဲ့ လာေပါ့တ္က ျပင္သစ္အသင္းေဖာ္ ဆစ္ဆိုကို မပိတ္ဆို႔ႏိုင္ခင္ ေခါင္းတိုက္ၿပီး ဒီပြဲအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အယ္လီ၊ ဘာ့ဂ္ဗိန္းတို႔ ဝင္လာခဲ့ေပမယ့္ စကတည္းက ဗ်ဴဟာအရ ရႈံးေနတဲ့ စပါးစ္တို႔ ဘာမွ မတုံ႔ျပန္ႏိုင္ေတာ့ဘဲ အရႈံးေပးခဲ့ရသလို မန္ခ်က္စတာစီးတီးကေတာ့ ကာရာေဘာင္းဖလားကို ေလးႏွစ္ဆက္ ရယူရင္း လီဗာပူးလ္တို႔ရဲ႕ ၁၉၈၁-၈၄ မွာ ဆက္တိုက္ရယူခဲ့တဲ့ စံခ်ိန္နဲ႔ အျမင့္ဆုံးအျဖစ္ ၈ ႀကိမ္ဗိုလ္စြဲမႈ စံခ်ိန္ကို ၂၀၁၈-၂၁ ကာလအတြင္းမွာ လိုက္မီႏိုင္ခဲ့ၿပီး ဒီရာသီ ပထမဆုံးဖလားကို ရရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.