La Liga Serie A

မက်ဆီခေတ်မှာ မွေးလာလို့ ရော်နယ်လ်ဒို အပေါက်ကွဲရဆုံး ကျိန်စာဆိုး

၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံး အယ်လ်ကလာစီကိုပွဲမှာ ရော်နယ်လ်ဒိုက မက်ဆီကို အတော်လေးမျက်မုန်းကျိုးခဲ့တယ်။ သူ့ဘဝတလျှောက် အပြင်းထန်ဆုံး ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ထုတ်ပြခဲ့တယ်။ အဲဒီပွဲမှာ မက်ဆီက နောက်ဆုံးမိနစ်ချေပဂိုးကို သွင်းယူသွားတာဖြစ်တယ်။

မက်ဆီက သူ့အင်္ကျီကို ချွတ်ပြီး ပရိသ‌တ်တစ်ယောက်ကို လက်ဆောင်ပေးရင်း အောင်ပွဲခံနေချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ယမ်းပုံမီးကျ ပေါက်ကွဲနေတဲ့ ရော်နယ်လ်ဒိုရဲ့ပုံရိပ်တွေက အပူနဲ့ အအေး၊ ယင်နဲ့ ယန်လို ယှဉ်တွဲမြင်ရပြီး ပြောစမှတ်ဖြစ်ခဲ့တယ်။

ရော်နယ်လ်ဒိုကို မုန်းသူလည်း များတယ်။ အဲဒီပွဲမှာ နည်းပြဇီဒန်းဘေးမှာ ရပ်ပြီး ရေဘူးကို ဒေါသတကြီး ကန်ထုတ်ပစ်ခဲ့တယ်။ မက်ဆီရဲ့ဂိုးကို မတားဆီးနိုင်ရကောင်းလားလို့ အသင်းဖော်တွေကို ပစ်ပစ်နှစ်နှစ် ဆဲဆိုပြီး အပြစ်ဖို့ခဲ့တယ်။

မက်ဆီကို ကြည့်ရင်တော့ ခပ်အေးအေးနဲ့ အသင်းဖော်တွေကို ဦးဆောင်ကစားနေပြီး ကိုယ်တိုင်သက်သေပြရင်းနဲ့မှ မောင်းနှင်နေတဲ့ စတိုင်လ်ကို အမြဲတွေ့ရမယ်။ ဒါက ကွင်းထဲမှာ ဆရာကြီးလုပ်တတ်တဲ့ ရော်နယ်လ်ဒိုကို မက်ဆီနဲ့ယှဉ်လိုက်ရင် လူမုန်းပိုများစေတဲ့ အချက်လည်းဖြစ်တယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုက ရောက်လာရာ အသင်းတိုင်းမှာ ပင်နယ်တီတိုင်းကို မောင်ပိုင်စီးပြီး မူပိုင်ခွင့်ယူထားသလိုမျိုး တစ်ကိုယ်ကောင်းဆန်ဆန်ကန်သွင်းလေ့ရှိပေမယ့် တစ်ဖက်မှာ မက်ဆီက ဘာဆာမှာ ရခဲ့တဲ့ ပင်နယ်တီ ၁၀၅ ကြိမ်မှာ ၂၈ အကြိမ်အထိဟာ အသင်းဖော်တွေကို ပေးကန်ခဲ့တာဖြစ်တယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီဟာ ဘောလုံးအသင်းတစ်သင်းရဲ့ မျက်နှာတစ်ခုလို အလိုလိုဦးဆောင်သူတွေအဖြစ် ရပ်တည်ကြရတဲ့အခါ တစ်ဖက်မှာ ဒီအချက်က သူတို့ရဲ့ ခံယူမှု Mindset တွေကို နှိုင်းယှဉ်ကြည့်ကြရင်း မက်ဆီကို လူချစ်လူခင်ပိုများစေခဲ့တာလည်းဖြစ်တယ်။

ရော်နယ်လ်ဒိုက တစ်ကိုယ်တော်အတ္တစိတ်ကို ပုံဖော်နေစဉ်မှာ မက်ဆီက ပြည့်ဝတဲ့ အသင်းလိုက်စိတ်ဓာတ်ကို ပုံကောင်းသက်သေပြနေသူဖြစ်တယ်။ အသင်းက နိုင်ရင်တောင်မှ ကိုယ်တိုင်ဂိုးမသွင်းရလို့ ပေါက်ကွဲတတ်ပြီး အသင်းရဲ့စည်းလုံးမှုကို ပြိုကွဲစေတဲ့ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်တွေက သူ့ရဲ့ တကိုယ်ကောင်းသမားစိတ်ကို ထင်ထင်ရှားရှားပြသနေတယ်လို့ မှတ်ချက်ချရမှာပါ။

မက်ဆီခေတ်မှာ မွေးလာလို့ ရော်နယ်လ်ဒို အပေါက်ကွဲရဆုံး ကျိန်စာဆိုးကလည်း အာဂျင်တိုင်းသားက သူ့ထက် လူချစ်လူခင်အများဆုံးကစားသမားအဖြစ် ရပ်တည်နေရုံတင်မက အသင်းဖော်တွေရဲ့ အားအကိုးရဆုံးနဲ့ အကြည်ညိုရဆုံး ထာဝရအကောင်းဆုံး ဘောလုံးသမားဖြစ်နေတဲ့အပြင် ရော်နယ်လ်ဒိုအ လိုချင်ဆုံး တစ်ဦးချင်းဆုတံဆိပ်မှာလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်ယူပြီး အနိုင်ပိုင်းထားတာဖြစ်လို့ ရော်နယ်လ်ဒိုရဲ့ သိမ်ငယ်စိတ်ကို မီးမြှိုက်ပေးထားသလို မလွတ်မြောက်သေးတဲ့ အဖြစ်ဆိုးလို့လည်း ဆိုနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၇ ခုႏွစ္ရဲ႕ ပထမဆုံး အယ္လ္ကလာစီကိုပြဲမွာ ေရာ္နယ္လ္ဒိုက မက္ဆီကို အေတာ္ေလးမ်က္မုန္းက်ိဳးခဲ့တယ္။ သူ႔ဘဝတေလွ်ာက္ အျပင္းထန္ဆုံး ခံစားခ်က္ေတြကို အိတ္သြန္ဖာေမွာက္ ထုတ္ျပခဲ့တယ္။ အဲဒီပြဲမွာ မက္ဆီက ေနာက္ဆုံးမိနစ္ေခ်ပဂိုးကို သြင္းယူသြားတာျဖစ္တယ္။

မက္ဆီက သူ႔အက်ႌကို ခြၽတ္ၿပီး ပရိသ‌တ္တစ္ေယာက္ကို လက္ေဆာင္ေပးရင္း ေအာင္ပြဲခံေနခ်ိန္နဲ႔ တစ္ၿပိဳင္နက္တည္းမွာပဲ ယမ္းပုံမီးက် ေပါက္ကြဲေနတဲ့ ေရာ္နယ္လ္ဒိုရဲ႕ပုံရိပ္ေတြက အပူနဲ႔ အေအး၊ ယင္နဲ႔ ယန္လို ယွဥ္တြဲျမင္ရၿပီး ေျပာစမွတ္ျဖစ္ခဲ့တယ္။

ေရာ္နယ္လ္ဒိုကို မုန္းသူလည္း မ်ားတယ္။ အဲဒီပြဲမွာ နည္းျပဇီဒန္းေဘးမွာ ရပ္ၿပီး ေရဘူးကို ေဒါသတႀကီး ကန္ထုတ္ပစ္ခဲ့တယ္။ မက္ဆီရဲ႕ဂိုးကို မတားဆီးႏိုင္ရေကာင္းလားလို႔ အသင္းေဖာ္ေတြကို ပစ္ပစ္ႏွစ္ႏွစ္ ဆဲဆိုၿပီး အျပစ္ဖို႔ခဲ့တယ္။

မက္ဆီကို ၾကည့္ရင္ေတာ့ ခပ္ေအးေအးနဲ႔ အသင္းေဖာ္ေတြကို ဦးေဆာင္ကစားေနၿပီး ကိုယ္တိုင္သက္ေသျပရင္းနဲ႔မွ ေမာင္းႏွင္ေနတဲ့ စတိုင္လ္ကို အၿမဲေတြ႕ရမယ္။ ဒါက ကြင္းထဲမွာ ဆရာႀကီးလုပ္တတ္တဲ့ ေရာ္နယ္လ္ဒိုကို မက္ဆီနဲ႔ယွဥ္လိုက္ရင္ လူမုန္းပိုမ်ားေစတဲ့ အခ်က္လည္းျဖစ္တယ္။

ဒါ့အျပင္ ေရာ္နယ္လ္ဒိုက ေရာက္လာရာ အသင္းတိုင္းမွာ ပင္နယ္တီတိုင္းကို ေမာင္ပိုင္စီးၿပီး မူပိုင္ခြင့္ယူထားသလိုမ်ိဳး တစ္ကိုယ္ေကာင္းဆန္ဆန္ကန္သြင္းေလ့ရွိေပမယ့္ တစ္ဖက္မွာ မက္ဆီက ဘာဆာမွာ ရခဲ့တဲ့ ပင္နယ္တီ ၁၀၅ ႀကိမ္မွာ ၂၈ အႀကိမ္အထိဟာ အသင္းေဖာ္ေတြကို ေပးကန္ခဲ့တာျဖစ္တယ္။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီဟာ ေဘာလုံးအသင္းတစ္သင္းရဲ႕ မ်က္ႏွာတစ္ခုလို အလိုလိုဦးေဆာင္သူေတြအျဖစ္ ရပ္တည္ၾကရတဲ့အခါ တစ္ဖက္မွာ ဒီအခ်က္က သူတို႔ရဲ႕ ခံယူမႈ Mindset ေတြကို ႏႈိင္းယွဥ္ၾကည့္ၾကရင္း မက္ဆီကို လူခ်စ္လူခင္ပိုမ်ားေစခဲ့တာလည္းျဖစ္တယ္။

ေရာ္နယ္လ္ဒိုက တစ္ကိုယ္ေတာ္အတၱစိတ္ကို ပုံေဖာ္ေနစဥ္မွာ မက္ဆီက ျပည့္ဝတဲ့ အသင္းလိုက္စိတ္ဓာတ္ကို ပုံေကာင္းသက္ေသျပေနသူျဖစ္တယ္။ အသင္းက ႏိုင္ရင္ေတာင္မွ ကိုယ္တိုင္ဂိုးမသြင္းရလို႔ ေပါက္ကြဲတတ္ၿပီး အသင္းရဲ႕စည္းလုံးမႈကို ၿပိဳကြဲေစတဲ့ ေရာ္နယ္လ္ဒိုရဲ႕ လုပ္ရပ္ေတြက သူ႔ရဲ႕ တကိုယ္ေကာင္းသမားစိတ္ကို ထင္ထင္ရွားရွားျပသေနတယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

မက္ဆီေခတ္မွာ ေမြးလာလို႔ ေရာ္နယ္လ္ဒို အေပါက္ကြဲရဆုံး က်ိန္စာဆိုးကလည္း အာဂ်င္တိုင္းသားက သူ႔ထက္ လူခ်စ္လူခင္အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေန႐ုံတင္မက အသင္းေဖာ္ေတြရဲ႕ အားအကိုးရဆုံးနဲ႔ အၾကည္ညိဳရဆုံး ထာဝရအေကာင္းဆုံး ေဘာလုံးသမားျဖစ္ေနတဲ့အျပင္ ေရာ္နယ္လ္ဒိုအ လိုခ်င္ဆုံး တစ္ဦးခ်င္းဆုတံဆိပ္မွာလည္း ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ၆ ႀကိမ္ယူၿပီး အႏိုင္ပိုင္းထားတာျဖစ္လို႔ ေရာ္နယ္လ္ဒိုရဲ႕ သိမ္ငယ္စိတ္ကို မီးျမႇိဳက္ေပးထားသလို မလြတ္ေျမာက္ေသးတဲ့ အျဖစ္ဆိုးလို႔လည္း ဆိုႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.