Premier League

မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ဘောင်မဝင်ဘူးလို့ နှိမ်လိုက်တဲ့ အာဆင်နယ်နည်းပြဟောင်းကြီး ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ဒီရာသီအသိမ်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူချင်နေတဲ့ ချဲလ်ဆီးအသင်းဟာ အဆင့် ၄ နဲ့ လွဲချော်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပြီး အနောက်လန်ဒန်အသင်းဟာ ရမှတ်တွေအရ ၆၃ မှတ်အထိသာ ရနိုင်မှာဖြစ်လို့ ဒါက စံချိန်မမီဘူးလို့ ဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ဘရိုက်တန်နဲ့ပွဲမှာ သရေကျခဲ့ပြီး ရမှတ် ၅၅ မှတ်နဲ့အတူ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီနေ့ညမှာတော့ အမှတ်တူအနေအထားနဲ့ ဖိအားပေးနေတဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားကစားရမှာပါ။

ချဲလ်ဆီးရဲ့ ကစားဟန်ကိုကြည့်ပြီး အာဆင်ဝင်းဂါးက သူ့ရဲ့ ဝါရင့်တဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံနဲ့ နှိုင်းစာခဲ့တာဖြစ်သလို သူဟာ အာဆင်နယ်အသင်းကို ၁၈ နှစ်ဆက်တိုက် အဆင့် ၄ အတွင်းထဲမှာ ခိုင်ခိုင်မာမာရပ်တည်စေခဲ့သလို သူရဲ့အမြော်အမြင်စကားဟာ တူဟယ်လ်အတွက် ခြိမ်းခြောက်မှု ရှိလာတာလည်း အမှန်ပါ။

ချယ်လ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ မိမိတို့အသင်း အဆင့် ၄ အတွင်း မဝင်နိုင်မှာကို စိုးရိမ်နေရပြီလို့ အတိအလင်းဝန်ခံသွားခဲ့သလို ဒါက အာဆင်ဝင်းဂါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စံချိန်မမီဘူးဆိုတဲ့ ကြိုတင်ဟောကိန်းကို အရိပ်အမြွက် လက်ခံခဲ့ရာလည်း ရောက်ခဲ့တယ်။

” ချဲလ်ဆီးက သူတို့ရဲ့အကောင်းဆုံးအနေအထားနဲ့ လွဲချော်နေတုန်းပါ။ ကစားဟန်ကိုကြည့်ရင် သူတို့ရဲ့အလားအလာက ပျောက်ကွယ်နေတယ်။ နည်းဗျူဟာကျကျ ကစားနေတာမဟုတ်သလို ကြံ့ခိုင်မှုအားပြုပြီး ကစားနေတဲ့အသင်းမျိုးလည်းမဟုတ်ဘူး။”

“ပေါက်ကွဲပြီး ကစားနေတာမဟုတ်သလို အသင်းကလည်း ဟန်ချက်ညီမနေဘူး။ ပုံမှန်ခြေစွမ်းရသွားပြီး သိပ်ကောင်းသွားမယ်လို့တော့ ကျွန်တော်မထင်ဘူး။ ကျွန်တော်ခန့်မှန်းကြည့်မယ်ဆိုရင်တော့ သူတို့က ၆၃ မှတ်လောက်အထိ ရလိမ့်မယ်။ ဒါဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ဖို့ အမှတ်မမီပါဘူး”လို့ အာဆင်ဝင်းဂါးက သုံးသပ်ထားခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက ဒီရာသီအသိမ္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူခ်င္ေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ အဆင့္ ၄ နဲ႔ လြဲေခ်ာ္မယ္လို႔ ေဟာကိန္းထုတ္သြားခဲ့ၿပီး အေနာက္လန္ဒန္အသင္းဟာ ရမွတ္ေတြအရ ၆၃ မွတ္အထိသာ ရႏိုင္မွာျဖစ္လို႔ ဒါက စံခ်ိန္မမီဘူးလို႔ ဆိုသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံးကစားထားတဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ သေရက်ခဲ့ၿပီး ရမွတ္ ၅၅ မွတ္နဲ႔အတူ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဒီေန႔ညမွာေတာ့ အမွတ္တူအေနအထားနဲ႔ ဖိအားေပးေနတဲ့ ဝက္စ္ဟမ္းကို အေဝးကြင္းမွာ သြားကစားရမွာပါ။

ခ်ဲလ္ဆီးရဲ႕ ကစားဟန္ကိုၾကည့္ၿပီး အာဆင္ဝင္းဂါးက သူ႔ရဲ႕ ဝါရင့္တဲ့ ပရီးမီးယားလိဂ္အေတြ႕အႀကဳံနဲ႔ ႏႈိင္းစာခဲ့တာျဖစ္သလို သူဟာ အာဆင္နယ္အသင္းကို ၁၈ ႏွစ္ဆက္တိုက္ အဆင့္ ၄ အတြင္းထဲမွာ ခိုင္ခိုင္မာမာရပ္တည္ေစခဲ့သလို သူရဲ႕အေျမာ္အျမင္စကားဟာ တူဟယ္လ္အတြက္ ၿခိမ္းေျခာက္မႈ ရွိလာတာလည္း အမွန္ပါ။

ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ မိမိတို႔အသင္း အဆင့္ ၄ အတြင္း မဝင္ႏိုင္မွာကို စိုးရိမ္ေနရၿပီလို႔ အတိအလင္းဝန္ခံသြားခဲ့သလို ဒါက အာဆင္ဝင္းဂါးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ စံခ်ိန္မမီဘူးဆိုတဲ့ ႀကိဳတင္ေဟာကိန္းကို အရိပ္အႁမြက္ လက္ခံခဲ့ရာလည္း ေရာက္ခဲ့တယ္။

” ခ်ဲလ္ဆီးက သူတို႔ရဲ႕အေကာင္းဆုံးအေနအထားနဲ႔ လြဲေခ်ာ္ေနတုန္းပါ။ ကစားဟန္ကိုၾကည့္ရင္ သူတို႔ရဲ႕အလားအလာက ေပ်ာက္ကြယ္ေနတယ္။ နည္းဗ်ဴဟာက်က် ကစားေနတာမဟုတ္သလို ႀကံ့ခိုင္မႈအားျပဳၿပီး ကစားေနတဲ့အသင္းမ်ိဳးလည္းမဟုတ္ဘူး။”

“ေပါက္ကြဲၿပီး ကစားေနတာမဟုတ္သလို အသင္းကလည္း ဟန္ခ်က္ညီမေနဘူး။ ပုံမွန္ေျခစြမ္းရသြားၿပီး သိပ္ေကာင္းသြားမယ္လို႔ေတာ့ ကြၽန္ေတာ္မထင္ဘူး။ ကြၽန္ေတာ္ခန႔္မွန္းၾကည့္မယ္ဆိုရင္ေတာ့ သူတို႔က ၆၃ မွတ္ေလာက္အထိ ရလိမ့္မယ္။ ဒါဆိုရင္ေတာ့ ခ်န္ပီယံလိဂ္ဝင္ဖို႔ အမွတ္မမီပါဘူး”လို႔ အာဆင္ဝင္းဂါးက သုံးသပ္ထားခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.