Analysis Match Report Premier League

၂၅ နှစ်မှတ်တမ်းကို အသင်းဟောင်းဆီ ပေးခဲ့တဲ့ အာတီတာ 0-1 လီနို(OG)ပွဲအပြီး ပြောစရာ 7 ချက်

၁။ ကတုံးပေါ် ထိပ်ကွက်ခံခဲ့ရတဲ့ အာတီတာ
အာတီတာက အန်ဆလော့တီကို ရင်ဆိုင်ဖို့ သောမတ်စ် ပါတေးကို ကွင်းလယ်ခံစစ်မှာ အထိုင်ထားပြီး ၄-၃-၃ နဲ့ ပွဲထွက်လာတယ်။ ကွင်းလယ်လူ ဆီဘာယော့စ်နဲ့ စမစ်ရိုးတို့ကို တိုက်စစ်ကို တက်ဖိစေပြီး နကီးတီးယားကို ကူညီစေတယ်။ ကစားပုံအရ အနုစိတ်ပြီး ကြည့်ကောင်းခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ လျင်မြန်လွန်းတဲ့ အဲဗာတန်ရဲ့ တန်ပြန်တိုက်စစ်အောက်မှာ အာတီတာက ကတုံးပေါ် ထိပ်ကွက်ခံခဲ့ရတယ်လို့ ဆိုရမှာပါ။

၂။ မီလီမီတာလောက်ကျွံနေလို့ မိအေးနှစ်ခါနာခဲ့ပြန်တဲ့ အာဆင်နယ်
ဆီဘာယော့စ်ကို ရစ်ချာလစ်ဆန် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ ပင်နယ်တီသတ်မှတ်ခဲ့ပေမယ့် VAR ရဲ့ ပေပေရဲ့ လက်မောင်းကျွံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျွန်မော့စ်က ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြီး အာဆင်နယ်ရဲ့ပင်နယ်တီကို ပြန်ရုတ်သိမ်းခဲ့တယ်။ ဖူလ်ဟမ်နဲ့ပွဲမှာလည်း ခြေဖျားကျွံလို့ ဂိုးမရခဲ့တဲ့ အာဆင်နယ်က မိအေးနှစ်ခါနာခဲ့ပြန်တယ်လို့ ဆိုရပါမယ်။

၃။ ၂၅ နှစ်အတွင်း အာဆင်နယ်ကို ပထမဆုံး အဝေးကွင်းနိုင်ပွဲရတဲ့ အဲဗာတန်
ဒီပွဲမနိုင်ခင်မှာ အဲဗာတန်က အာဆင်နယ်ကို နောက်ဆုံးနိုင်ခဲ့ အဝေးကွင်းပွဲက ၁၉၉၆ ခုနှစ်ကပါ။ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ပထမဆုံးချိုမြိန်မှုကို အဲဗာတန်က အမ်းမရိတ်စ်မြေမှာ အားရပါရ စားသုံးသွားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အင်အားကောင်းတဲ့ ဖျက်မြင်းအသင်းက လီနိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့အတူ အာဆင်နယ်ကို ဒီရာသီမှာ နှစ်ကျော့စလုံး Own Goal တစ်ဂိုးစီ လက်ဆောင်ရပြီး အကျောယူသွားခဲ့တာပါ။

၄။ မာတီနယ်လီလောက် အလုပ်မဖြစ်တဲ့ နကီးတီးယား
သူက ဖူလ်ဟမ်ကို ချေပဂိုးသွင်းယူခဲ့သူမို့ ယုံကြည်ချက်မြင့်တက်နေပြီး လာကာဇက်၊ အူဘာမီယန်းတို့ လွဲချော်ချိန်မှာ အာတီတာရဲ့ ကိုးစားမှုကို ရယူခဲ့တယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ ထိထိရောက်ရောက် ခြိမ်းခြောက်ခဲ့တာက နတ္ထိပါ။ သူ့အစား မာတီနယ်လီဝင်လာမှသာ အာဆင်နယ်ရဲ့တိုက်စစ်က ခြိမ်းခြောက်နိုင်စွမ်းရှိလာခဲ့တာတွေကို တွေ့ရပြီး ယုံကြည်သူရဲ့အရှုံးမဖြစ်ဖို့ အာတီတာက မာတီနယ်လီက ရဲရဲပွဲထုတ်သင့်နေတာဖြစ်တယ်။

၅။ ချန်ပီယံလိဂ်ဝင်ခွင့် ရှင်သန်သွားတဲ့ အန်ဆယ်လော့တီ
ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကို ရပ်တန့်လိုက်နိုင်တဲ့ အဲဗာတန်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြန်ရှင်သန်သွားခဲ့တယ်။ အဆင့် ၄ က ချယ်လ်ဆီးနဲ့ ၃ မှတ်သာ ကွာတော့တဲ့ အန်ဆယ်လော့တီက လက်ကျန် ၆ ပွဲအတွင်း အပြောင်းအလဲတစ်ခုခုကို ဖော်ဆောင်လာမယ့်ဟန်ကို မြင်ရတယ်။ အဆင့် ၉ က အာဆင်နယ်ကတော့ ဥရောပဝင်ခွင့် ဝေဝါးသွားပြီလို့ ဆိုရမယ်။

၆။ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ပျောက်ဆုံးမယ့် အာဆင်နယ်
အာဆင်နယ်အတွက် ဥရောပဝင်ခွင့်မျှော်လင့်ချက်က ယူရိုပါလိဂ်ဖလားရဖို့သာ တစ်လမ်းတည်း ရွေးချယ်စရာရှိတော့တယ်။ ပြည်တွင်းရပ်တည်မှုအရ အဆင့် ၄ နဲ့ ၉ မှတ်ကွာဟသွားခဲ့သလို အဆင့် ၆ က စပါးစ်ထက်လည်း တစ်ပွဲပိုကစားပြီး ၇ မှတ် အဖြတ်ခံထားရတာက ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့်ပျောက်ဆုံးမယ့် အာဆင်နယ်ကို မြင်လာရဖို့ နီးစပ်လာစေခဲ့တယ်။

၇။ ခံစားချက်တွေကို ခပ်ပြတ်ပြတ်ဖော်ထုတ်ခဲ့တဲ့ အာဆင်နယ်ပရိသတ်ထုကြီး
အာဆင်နယ်ပရိသတ်တွေက ခရွန်ကီကို မကျေနပ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အသင်းက အမြန်ဆုံး နုတ်ထွက်ဖို့ ဖိအားပေးခဲ့တယ်။ ဒါက ကွင်းထဲက အသင်းခြေစွမ်းထက် ကွင်းပြင်မှာ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်လည်းဖြစ်ခဲ့တယ်။ ပွဲမစခင် အမ်းမရိတ်စ်ကွင်းရှေ့မှာ ပရိသတ်ထုက အသင်းပိုင်ရှင် အမေရိကန်ဘီလျံနာကြီးကို ဆန့်ကျင်ကြောင်း ပြသခဲ့တာက အသင်းရဲ့ကွင်းတွင်းခြေစွမ်းကိုပါ သက်ရောက်မှု ရှိနေခဲ့သလားလို့ မေးစရာရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ကတုံးေပၚ ထိပ္ကြက္ခံခဲ့ရတဲ့ အာတီတာ
အာတီတာက အန္ဆေလာ့တီကို ရင္ဆိုင္ဖို႔ ေသာမတ္စ္ ပါေတးကို ကြင္းလယ္ခံစစ္မွာ အထိုင္ထားၿပီး ၄-၃-၃ နဲ႔ ပြဲထြက္လာတယ္။ ကြင္းလယ္လူ ဆီဘာေယာ့စ္နဲ႔ စမစ္႐ိုးတို႔ကို တိုက္စစ္ကို တက္ဖိေစၿပီး နကီးတီးယားကို ကူညီေစတယ္။ ကစားပုံအရ အႏုစိတ္ၿပီး ၾကည့္ေကာင္းခဲ့ေပမယ့္ ရလဒ္ပိုင္းမွာေတာ့ လ်င္ျမန္လြန္းတဲ့ အဲဗာတန္ရဲ႕ တန္ျပန္တိုက္စစ္ေအာက္မွာ အာတီတာက ကတုံးေပၚ ထိပ္ကြက္ခံခဲ့ရတယ္လို႔ ဆိုရမွာပါ။

၂။ မီလီမီတာေလာက္ကြၽံေနလို႔ မိေအးႏွစ္ခါနာခဲ့ျပန္တဲ့ အာဆင္နယ္
ဆီဘာေယာ့စ္ကို ရစ္ခ်ာလစ္ဆန္ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့လို႔ ပင္နယ္တီသတ္မွတ္ခဲ့ေပမယ့္ VAR ရဲ႕ ေပေပရဲ႕ လက္ေမာင္းကြၽံေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဂြၽန္ေမာ့စ္က ဆုံးျဖတ္ခ်က္ကိုျပင္ဆင္ၿပီး အာဆင္နယ္ရဲ႕ပင္နယ္တီကို ျပန္႐ုတ္သိမ္းခဲ့တယ္။ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း ေျခဖ်ားကြၽံလို႔ ဂိုးမရခဲ့တဲ့ အာဆင္နယ္က မိေအးႏွစ္ခါနာခဲ့ျပန္တယ္လို႔ ဆိုရပါမယ္။

၃။ ၂၅ ႏွစ္အတြင္း အာဆင္နယ္ကို ပထမဆုံး အေဝးကြင္းႏိုင္ပြဲရတဲ့ အဲဗာတန္
ဒီပြဲမႏိုင္ခင္မွာ အဲဗာတန္က အာဆင္နယ္ကို ေနာက္ဆုံးႏိုင္ခဲ့ အေဝးကြင္းပြဲက ၁၉၉၆ ခုႏွစ္ကပါ။ ၂၅ ႏွစ္တိုင္ခဲ့ၿပီျဖစ္တဲ့ ပထမဆုံးခ်ိဳၿမိန္မႈကို အဲဗာတန္က အမ္းမရိတ္စ္ေျမမွာ အားရပါရ စားသုံးသြားခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ အင္အားေကာင္းတဲ့ ဖ်က္ျမင္းအသင္းက လီႏိုရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔အတူ အာဆင္နယ္ကို ဒီရာသီမွာ ႏွစ္ေက်ာ့စလုံး Own Goal တစ္ဂိုးစီ လက္ေဆာင္ရၿပီး အေက်ာယူသြားခဲ့တာပါ။

၄။ မာတီနယ္လီေလာက္ အလုပ္မျဖစ္တဲ့ နကီးတီးယား
သူက ဖူလ္ဟမ္ကို ေခ်ပဂိုးသြင္းယူခဲ့သူမို႔ ယုံၾကည္ခ်က္ျမင့္တက္ေနၿပီး လာကာဇက္၊ အူဘာမီယန္းတို႔ လြဲေခ်ာ္ခ်ိန္မွာ အာတီတာရဲ႕ ကိုးစားမႈကို ရယူခဲ့တယ္။ ဒါေပမယ့္ အဲဗာတန္ရဲ႕ ထိထိေရာက္ေရာက္ ၿခိမ္းေျခာက္ခဲ့တာက နတၳိပါ။ သူ႔အစား မာတီနယ္လီဝင္လာမွသာ အာဆင္နယ္ရဲ႕တိုက္စစ္က ၿခိမ္းေျခာက္ႏိုင္စြမ္းရွိလာခဲ့တာေတြကို ေတြ႕ရၿပီး ယုံၾကည္သူရဲ႕အရႈံးမျဖစ္ဖို႔ အာတီတာက မာတီနယ္လီက ရဲရဲပြဲထုတ္သင့္ေနတာျဖစ္တယ္။

၅။ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရွင္သန္သြားတဲ့ အန္ဆယ္ေလာ့တီ
ၿပိဳင္ပြဲစုံ ၆ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးေနတာကို ရပ္တန႔္လိုက္ႏိုင္တဲ့ အဲဗာတန္က ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ ျပန္ရွင္သန္သြားခဲ့တယ္။ အဆင့္ ၄ က ခ်ယ္လ္ဆီးနဲ႔ ၃ မွတ္သာ ကြာေတာ့တဲ့ အန္ဆယ္ေလာ့တီက လက္က်န္ ၆ ပြဲအတြင္း အေျပာင္းအလဲတစ္ခုခုကို ေဖာ္ေဆာင္လာမယ့္ဟန္ကို ျမင္ရတယ္။ အဆင့္ ၉ က အာဆင္နယ္ကေတာ့ ဥေရာပဝင္ခြင့္ ေဝဝါးသြားၿပီလို႔ ဆိုရမယ္။

၆။ ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ေပ်ာက္ဆုံးမယ့္ အာဆင္နယ္
အာဆင္နယ္အတြက္ ဥေရာပဝင္ခြင့္ေမွ်ာ္လင့္ခ်က္က ယူ႐ိုပါလိဂ္ဖလားရဖို႔သာ တစ္လမ္းတည္း ေ႐ြးခ်ယ္စရာရွိေတာ့တယ္။ ျပည္တြင္းရပ္တည္မႈအရ အဆင့္ ၄ နဲ႔ ၉ မွတ္ကြာဟသြားခဲ့သလို အဆင့္ ၆ က စပါးစ္ထက္လည္း တစ္ပြဲပိုကစားၿပီး ၇ မွတ္ အျဖတ္ခံထားရတာက ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ေပ်ာက္ဆုံးမယ့္ အာဆင္နယ္ကို ျမင္လာရဖို႔ နီးစပ္လာေစခဲ့တယ္။

၇။ ခံစားခ်က္ေတြကို ခပ္ျပတ္ျပတ္ေဖာ္ထုတ္ခဲ့တဲ့ အာဆင္နယ္ပရိသတ္ထုႀကီး
အာဆင္နယ္ပရိသတ္ေတြက ခ႐ြန္ကီကို မေက်နပ္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး အသင္းက အျမန္ဆုံး ႏုတ္ထြက္ဖို႔ ဖိအားေပးခဲ့တယ္။ ဒါက ကြင္းထဲက အသင္းေျခစြမ္းထက္ ကြင္းျပင္မွာ ပိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ ျဖစ္ရပ္လည္းျဖစ္ခဲ့တယ္။ ပြဲမစခင္ အမ္းမရိတ္စ္ကြင္းေရွ႕မွာ ပရိသတ္ထုက အသင္းပိုင္ရွင္ အေမရိကန္ဘီလ်ံနာႀကီးကို ဆန႔္က်င္ေၾကာင္း ျပသခဲ့တာက အသင္းရဲ႕ကြင္းတြင္းေျခစြမ္းကိုပါ သက္ေရာက္မႈ ရွိေနခဲ့သလားလို႔ ေမးစရာရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.