Match Report Premier League

အဲဗာတန်ကို အိမ်ကွင်းမှာ ရှုံးပြီး Trust The Process လုပ်လို့ ကောင်းနေဆဲ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာတွေကြောင့် အင်အားချိနဲ့နေတဲ့ လူစာရင်းကိုပဲ ထုတ်သုံးနိုင်ခဲ့ပြီး ပွဲမစခင် အမ်းမရိတ်ကွင်းရဲ့ အပြင်မှာတော့ ပရိသတ်တွေက ပိုင်ရှင် ခရိုယန်ကီအုပ်စု အသင်းကနေ ထွက်သွားဖို့ မီးခိုးတလူလူနဲ့ ဆန္ဒပြခဲ့ကြချိန်မှာ အဲဗာတန်ကတော့ အင်ပြည့် အားပြည့်ပုံစံနဲ့ အဝေးကွင်းမှာ ပွဲထွက်လာခဲ့ကြပါတယ်။

အသင်းခေါင်းဆောင်အဖြစ် ဟိုးလ်ဒင်းက တာဝန်ယူပွဲထွက်ခဲ့တဲ့ ဒီပွဲစဉ်မှာ မနှစ်က ခြေစွမ်းပြခဲ့ဖူးတဲ့ မာတီနယ်လီကို ရွေးချယ်သင့်တဲ့အစား နကီးတီးယားကို တိုက်စစ်မှူးအဖြစ် ပွဲထုတ်သွားခဲ့ပြီး တောင်ပံခံစစ်တွေမှာတော့ ချိမ်းဘားစ်နဲ့ ချာကာက ကစားခဲ့သလို ကွင်းလယ်မှာတော့ ပါတေးနဲ့ အတူ စီဘာယော့စ်၊ စမစ်ရိုး၊ ဆာကာနဲ့ ပေပေတို့ကို အသုံးပြုခဲ့ပြီး အော်ဒီဂွါဒ်ကိုတော့ အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

အာဆင်နယ်တို့ ပွဲစတာနဲ့ ဖိကစားခဲ့ပေမယ့် အခွင့်အရေး ပုံဖော်မှုတွေနဲ့ အဆုံးသတ်မှုတွေကတော့ အလုပ်မဖြစ်ခဲ့သလို အန်ဆယ်လော့တီရဲ့ အဲဗာတန်ကတော့ ဂိုမက်ဇ်၊ အလန်တို့ရဲ့ ကွင်းလယ်အထိုင်နဲ့ ခံစစ်ဦးစားပေးပြီး ပိတ်ဆို့ခဲ့သလို ရစ်ချာလစ်ဆန်နဲ့ ကဲလ်ဗတ်-လူဝင်တို့ကတော့ ရှေ့မှာ သိပ်ပြီး အလုပ်မဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ အတွဲအဖက်ကို ပြီးခဲ့တဲ့ ပွဲတွေက ဒဏ်ရာနဲ့ နည်းပြရဲ့ လူထုတ်ပုံ ဆုံးဖြတ်ချက်တွေက ဖျက်ဆီးထားခဲ့တဲ့အတွက် အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့သလို တိုက်စစ်ပိုင်း ပုံဖော်မှုတွေမှာတော့ တီယာနီနဲ့ ဘယ်လာရင်တို့ မပါခဲ့ချိန်မှာ ထိရောက်မှု ပိုမိုနည်းပါးခဲ့ပြီး ပစ်ခ်ဖို့ဒ် တစ်ယောက် သိပ်တောင် မကာကွယ်ခဲ့ရတာပါ။

အဲဗာတန်ရဲ့ ခံစစ်ကစားပုံကတော့ ဒီနေ့မှာ ကျစ်လျစ်ခဲ့ပြီး အိမ်ရှင်တို့ကို အခွင့်အရေးမပေးခဲ့သလို ကန်ခွင့်သက်သက်သာပေးခဲ့ပြီး ဂိုးပေါက်မတည့်အောင် တတ်နိုင်သမျှ ခပ်စိပ်စိပ် ပိတ်ဆို့သွားခဲ့သလို ဆီဂါ့ဒ်ဆန်ရဲ့ ဖရီးကစ်ကလည်း ဘားထိထွက်ခဲ့လို့ နှစ်ဖက်စလုံးရဲ့ ထိုးဖောက်မှုတွေက သိပ်ပြီးတော့ ရင်ခုန်စရာမရှိတော့ချိန်မှာ ပထမပိုင်းက ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အခွင့်အရေးတွေကို အသုံးချဖို့ ပျက်ကွက်ခဲ့ကြတဲ့ နှစ်သင်းစလုံးရဲ့ တိုက်စစ်တွေက စိတ်ပျက်စရာဖြစ်နေချိန်မှာ ဒါနီ စီဘာယော့စ်ကို ဘောလုံးမထိဘဲ ကန်မိတဲ့ ရစ်ချာလစ်ဆန်ကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် ဒီထိုးဖောက်မှုမှာ ဘောလုံးစတင်ရယူတဲ့ ပေပေ လူကျွံနေလို့ VAR နဲ့ ပြန်လည်ပယ်ဖျက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

ကွင်းလယ်လူ စီဘာယော့စ်တစ်ယောက် နိုင်လိုစိတ်ပြသပြီး ကြိုးစားနေခဲ့ပေမယ့် တိုက်စစ်မှာ အလုပ်မဖြစ်ခဲ့တဲ့ နကီးတီးယားကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်စရာပဲဖြစ်ခဲ့ပြီး ဂိုးမရချိန်မှာ အပြောင်းအလဲလုပ်ဖို့ ပွဲချိန် ၇၄ မိနစ်အထိ စိတ်ရှည်ခဲ့တဲ့ အာတီတာကတော့ အာဆင်ဝင်းဂါးလက်ထွက် ပီသခဲ့တယ်လို့ ပြောစရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ထုံးစံအတိုင်းပဲ ဂိုးသမားတစ်ဦးရဲ့ အခြေခံ မကျေညက်ဘဲ Sweeper Keeper ဘဝကို သာယာနေတဲ့ လီနိုက ရစ်ချာလစ်ဆန်ရဲ့ ခပ်လွယ်လွယ် အနိမ့်ဘော ဖြတ်တင်မှုကို သေချာမဖမ်းနိုင်ခဲ့ဘဲ လက်ကြားထဲက ထွက်သွားခဲ့ပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပြန်ပြီး စိန်မျက်လုံးရဲ့ ခေါ်ယူမှုတွေက တဖြည်းဖြည်းနဲ့ ဘာဖြစ်လာခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ဖိကစားပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးကန်သွင်းမှု ၁၄ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတော့ ၃ ကြိမ်သာ ရှိခဲ့သလို နောက်ဆုံးမိနစ်မှာ ရှေ့တက်လာတဲ့ လီနိုကလည်း အရင်ပွဲက ရိုင်ယန်လို ခေါင်းတိုက်မချနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပြီး ဒီပွဲမှာ ဘယ်လိုမှ အလုပ်မဖြစ်ခဲ့တဲ့ တိုက်စစ်နဲ့ အန်ဆယ်လော့တီတို့ အနိုင်သုံးမှတ်ကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ အဆင့် ၉ မှာပဲ ဆက်လက်ရပ်တည်နေခဲ့ပြီး ဥရောပဝင်ခွင့်နဲ့တော့ နှစ်ဘူတာလောက် ဝေးသွားခဲ့ရချိန်မှာ သွေးတူမွေးတူပြိုင်ဘက် လိဒ်စ်နဲ့ ဗီလာတို့ကတော့ ဒီတစ်ပတ်မှာ ပွဲကျပ်ကြုံနေတာကိုပဲ ဝမ်းသာရဦးမှာဖြစ်ပြီး ဒီပိုင်ရှင်၊ ဒီနည်းပြ၊ ဒီလူတွေနဲ့ကတော့ အာဆင်ဝင်းဂါး စုဆောင်းထားခဲ့တဲ့ ပရိသတ်တွေအတွက် Trust The Process က စိုးရိမ်စရာပဲဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဒဏ္ရာေတြေၾကာင့္ အင္အားခ်ိနဲ႔ေနတဲ့ လူစာရင္းကိုပဲ ထုတ္သုံးႏိုင္ခဲ့ၿပီး ပြဲမစခင္ အမ္းမရိတ္ကြင္းရဲ႕ အျပင္မွာေတာ့ ပရိသတ္ေတြက ပိုင္ရွင္ ခ႐ိုယန္ကီအုပ္စု အသင္းကေန ထြက္သြားဖို႔ မီးခိုးတလူလူနဲ႔ ဆႏၵျပခဲ့ၾကခ်ိန္မွာ အဲဗာတန္ကေတာ့ အင္ျပည့္ အားျပည့္ပုံစံနဲ႔ အေဝးကြင္းမွာ ပြဲထြက္လာခဲ့ၾကပါတယ္။

အသင္းေခါင္းေဆာင္အျဖစ္ ဟိုးလ္ဒင္းက တာဝန္ယူပြဲထြက္ခဲ့တဲ့ ဒီပြဲစဥ္မွာ မႏွစ္က ေျခစြမ္းျပခဲ့ဖူးတဲ့ မာတီနယ္လီကို ေ႐ြးခ်ယ္သင့္တဲ့အစား နကီးတီးယားကို တိုက္စစ္မႉးအျဖစ္ ပြဲထုတ္သြားခဲ့ၿပီး ေတာင္ပံခံစစ္ေတြမွာေတာ့ ခ်ိမ္းဘားစ္နဲ႔ ခ်ာကာက ကစားခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတးနဲ႔ အတူ စီဘာေယာ့စ္၊ စမစ္႐ိုး၊ ဆာကာနဲ႔ ေပေပတို႔ကို အသုံးျပဳခဲ့ၿပီး ေအာ္ဒီဂြါဒ္ကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့ပါတယ္။

အာဆင္နယ္တို႔ ပြဲစတာနဲ႔ ဖိကစားခဲ့ေပမယ့္ အခြင့္အေရး ပုံေဖာ္မႈေတြနဲ႔ အဆုံးသတ္မႈေတြကေတာ့ အလုပ္မျဖစ္ခဲ့သလို အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္ကေတာ့ ဂိုမက္ဇ္၊ အလန္တို႔ရဲ႕ ကြင္းလယ္အထိုင္နဲ႔ ခံစစ္ဦးစားေပးၿပီး ပိတ္ဆို႔ခဲ့သလို ရစ္ခ်ာလစ္ဆန္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကေတာ့ ေရွ႕မွာ သိပ္ၿပီး အလုပ္မျဖစ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဆာကာနဲ႔ စမစ္႐ိုးတို႔ရဲ႕ အတြဲအဖက္ကို ၿပီးခဲ့တဲ့ ပြဲေတြက ဒဏ္ရာနဲ႔ နည္းျပရဲ႕ လူထုတ္ပုံ ဆုံးျဖတ္ခ်က္ေတြက ဖ်က္ဆီးထားခဲ့တဲ့အတြက္ အေကာင္းဆုံးပုံစံကို မျပသႏိုင္ခဲ့သလို တိုက္စစ္ပိုင္း ပုံေဖာ္မႈေတြမွာေတာ့ တီယာနီနဲ႔ ဘယ္လာရင္တို႔ မပါခဲ့ခ်ိန္မွာ ထိေရာက္မႈ ပိုမိုနည္းပါးခဲ့ၿပီး ပစ္ခ္ဖို႔ဒ္ တစ္ေယာက္ သိပ္ေတာင္ မကာကြယ္ခဲ့ရတာပါ။

အဲဗာတန္ရဲ႕ ခံစစ္ကစားပုံကေတာ့ ဒီေန႔မွာ က်စ္လ်စ္ခဲ့ၿပီး အိမ္ရွင္တို႔ကို အခြင့္အေရးမေပးခဲ့သလို ကန္ခြင့္သက္သက္သာေပးခဲ့ၿပီး ဂိုးေပါက္မတည့္ေအာင္ တတ္ႏိုင္သမွ် ခပ္စိပ္စိပ္ ပိတ္ဆို႔သြားခဲ့သလို ဆီဂါ့ဒ္ဆန္ရဲ႕ ဖရီးကစ္ကလည္း ဘားထိထြက္ခဲ့လို႔ ႏွစ္ဖက္စလုံးရဲ႕ ထိုးေဖာက္မႈေတြက သိပ္ၿပီးေတာ့ ရင္ခုန္စရာမရွိေတာ့ခ်ိန္မွာ ပထမပိုင္းက ဂိုးမရွိသေရ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အခြင့္အေရးေတြကို အသုံးခ်ဖို႔ ပ်က္ကြက္ခဲ့ၾကတဲ့ ႏွစ္သင္းစလုံးရဲ႕ တိုက္စစ္ေတြက စိတ္ပ်က္စရာျဖစ္ေနခ်ိန္မွာ ဒါနီ စီဘာေယာ့စ္ကို ေဘာလုံးမထိဘဲ ကန္မိတဲ့ ရစ္ခ်ာလစ္ဆန္ေၾကာင့္ အာဆင္နယ္တို႔ ပင္နယ္တီရခဲ့ေပမယ့္ ဒီထိုးေဖာက္မႈမွာ ေဘာလုံးစတင္ရယူတဲ့ ေပေပ လူကြၽံေနလို႔ VAR နဲ႔ ျပန္လည္ပယ္ဖ်က္သြားခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ကြင္းလယ္လူ စီဘာေယာ့စ္တစ္ေယာက္ ႏိုင္လိုစိတ္ျပသၿပီး ႀကိဳးစားေနခဲ့ေပမယ့္ တိုက္စစ္မွာ အလုပ္မျဖစ္ခဲ့တဲ့ နကီးတီးယားကေတာ့ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္စရာပဲျဖစ္ခဲ့ၿပီး ဂိုးမရခ်ိန္မွာ အေျပာင္းအလဲလုပ္ဖို႔ ပြဲခ်ိန္ ၇၄ မိနစ္အထိ စိတ္ရွည္ခဲ့တဲ့ အာတီတာကေတာ့ အာဆင္ဝင္းဂါးလက္ထြက္ ပီသခဲ့တယ္လို႔ ေျပာစရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ထုံးစံအတိုင္းပဲ ဂိုးသမားတစ္ဦးရဲ႕ အေျခခံ မေက်ညက္ဘဲ Sweeper Keeper ဘဝကို သာယာေနတဲ့ လီႏိုက ရစ္ခ်ာလစ္ဆန္ရဲ႕ ခပ္လြယ္လြယ္ အနိမ့္ေဘာ ျဖတ္တင္မႈကို ေသခ်ာမဖမ္းႏိုင္ခဲ့ဘဲ လက္ၾကားထဲက ထြက္သြားခဲ့ၿပီး ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့သလို ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ျပန္ၿပီး စိန္မ်က္လုံးရဲ႕ ေခၚယူမႈေတြက တျဖည္းျဖည္းနဲ႔ ဘာျဖစ္လာခဲ့သလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ဖိကစားၿပီး ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဂိုးကန္သြင္းမႈ ၁၄ ႀကိမ္ ရွိခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈကေတာ့ ၃ ႀကိမ္သာ ရွိခဲ့သလို ေနာက္ဆုံးမိနစ္မွာ ေရွ႕တက္လာတဲ့ လီႏိုကလည္း အရင္ပြဲက ႐ိုင္ယန္လို ေခါင္းတိုက္မခ်ႏိုင္ခဲ့တာေၾကာင့္ အိမ္ကြင္းမွာ ရႈံးပြဲေတြ႕ခဲ့ၿပီး ဒီပြဲမွာ ဘယ္လိုမွ အလုပ္မျဖစ္ခဲ့တဲ့ တိုက္စစ္နဲ႔ အန္ဆယ္ေလာ့တီတို႔ အႏိုင္သုံးမွတ္ကို သိမ္းပိုက္ႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ အဆင့္ ၉ မွာပဲ ဆက္လက္ရပ္တည္ေနခဲ့ၿပီး ဥေရာပဝင္ခြင့္နဲ႔ေတာ့ ႏွစ္ဘူတာေလာက္ ေဝးသြားခဲ့ရခ်ိန္မွာ ေသြးတူေမြးတူၿပိဳင္ဘက္ လိဒ္စ္နဲ႔ ဗီလာတို႔ကေတာ့ ဒီတစ္ပတ္မွာ ပြဲက်ပ္ႀကဳံေနတာကိုပဲ ဝမ္းသာရဦးမွာျဖစ္ၿပီး ဒီပိုင္ရွင္၊ ဒီနည္းျပ၊ ဒီလူေတြနဲ႔ကေတာ့ အာဆင္ဝင္းဂါး စုေဆာင္းထားခဲ့တဲ့ ပရိသတ္ေတြအတြက္ Trust The Process က စိုးရိမ္စရာပဲျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.