Premier League Transfer News

23 Apr နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– လာမယ့် လိဒ်စ်ယူနိုက်တက်ကို အယ်လန်ရုဒ်မှာ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်ခံစစ်အတွက် ဝမ်းသာစရာ သတင်းကောင်းရှိနေပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ အိုင်ဗရီကို့စ်နောက်ခံလူ အဲရစ် ဘိုင်လီ ပြန်လည်ပါဝင်နိုင်ဖို့ ရှိလာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီကုန်မှာ တောင်အမေရိက ပြန်တော့မယ့် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီရဲ့ နေရာကို တိုက်ရိုက်အစားထိုးမှုအဖြစ် ဖရန့်ဖတ်မှာ တောက်ပနေတဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို ယူရိုသန်း ၃၀ နဲ့ ခေါ်ယူခွင့်ရှိနေ။

– ယူနိုက်တက်အသင်းရဲ့ ဥရောပ ဆူပါလိဂ် အရှုပ်အထွေးမှာ အမှားလုပ်ခဲ့မိတဲ့ ပိုင်ရှင် ဂလေဇာတွေအနေနဲ့ ပရိသတ်တွေရဲ့ ထောက်ခံမှု ပြန်လည်ရရှိအောင် ကြိုးစားဖို့အတွက် လာမယ့်နွေရာသီမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား တောင်းဆိုထားတဲ့ ကစားသမား သုံးဦးကို ပေါင်သန်း ၁၅၀ ထက် ပိုသုံးပြီး လိုက်လျောခေါ်ယူပေးသွားမယ်လို့ သတင်းထွက်လာ။

– လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာတော့မယ့် အက်ဒ် ဝုဒ်ဝဒ်ရဲ့ အမြင့်မားဆုံးရာထူးနေရာအတွက် ခေါ်ယူဖို့ ရေပန်းစားနေတဲ့ အိုင်းယက်စ်အမှုဆောင်အရာရှိချုပ် အက်ဗင် ဗန်ဒါဆားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့ လုပ်ပိုင်ခွင့်အတွက် သံသယရှိနေတယ်လို့ သိရပြီး ကစားသမားခေါ်ယူရေးအတွက် ကွဲပြားစွာ သွားလာနေတဲ့ အဖွဲ့ခွဲတွေကို စိတ်ပျက်နေ။

– အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ကစားသမားဘဝ တောက်ပမှု အစပြုခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လာမယ့် နွေရာသီမှာ ပေါင် ၂၆ သန်းတည်းနဲ့ ခေါ်ယူနိုင်မယ်လို့ သတင်းထွက်နေပြီး ပေါ်တူဂီသားဘက်က ယူနိုက်တက်ကို ပြန်လာဖို့ဆိုရင် လစာလျှော့ယူဖို့ အသင့်ပဲလို့ အေးဂျင့်ဆိုနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် သတင်းကောင်းအဖြစ် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ရာဖင်ညာနဲ့ ရိုဒရီဂိုတို့ဟာ လာမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပြီး နည်းပြ မာဆယ်လို ဘီယယ်လ်ဆာက အတည်ပြုသွားခဲ့။

– လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ နေရာအတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဗန်ဒဘိခ်ကို ပိုမိုနေရာပေးသွားဖို့ စီစဉ်နေသလို ဘာစီလိုနာရဲ့ ဝါရင့်ကွင်းလယ်လူ မီရာလမ် ပယာနစ်ချ်ကိုလည်း ခေါ်ယူလိုနေပြီး အတွေ့အကြုံတွေနဲ့ အသုံးပြုသွားနိုင်ဖို့ စိတ်ဝင်စားနေ။

– ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာခွင့်ပြုထားတဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ ပီအက်စ်ဂျီအသင်းက ချဉ်းကပ်နေမှုအပေါ်မှာ စိတ်မဝင်စားဘဲ ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ကစားလိုတယ်လို့ ဆိုခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အဓိက ပြိုင်ဆိုင်ရဖို့ ရှိလာ။

– နည်းပြတစ်ယောက်အဖြစ်အပြင် ကစားသမားဟောင်းတစ်ယောက်၊ ပရိသတ်တစ်ယောက်အဖြစ် ရှုမြင်မှုအရ မိမိအနေနဲ့ ဥရောပ ဆူပါလိဂ်ကို ထောက်ခံခြင်းမရှိခဲ့ဘဲ အားလုံးရဲ့ ဝိုင်းဝန်းမှုအင်အားနဲ့ ဒီပြိုင်ပွဲကို ဖျက်နိုင်ခဲ့တာကို ဝမ်းသာမိတယ်လို့ နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ လိဒ္စ္ယူႏိုက္တက္ကို အယ္လန္႐ုဒ္မွာ ရင္ဆိုင္ရမယ့္ အေဝးကြင္းပြဲစဥ္အတြက္ မန္ခ်က္စတာယူႏိုက္တက္ခံစစ္အတြက္ ဝမ္းသာစရာ သတင္းေကာင္းရွိေနၿပီး ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ အိုင္ဗရီကို႔စ္ေနာက္ခံလူ အဲရစ္ ဘိုင္လီ ျပန္လည္ပါဝင္ႏိုင္ဖို႔ ရွိလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီကုန္မွာ ေတာင္အေမရိက ျပန္ေတာ့မယ့္ အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီရဲ႕ ေနရာကို တိုက္႐ိုက္အစားထိုးမႈအျဖစ္ ဖရန႔္ဖတ္မွာ ေတာက္ပေနတဲ့ ေပၚတူဂီတိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကို ယူ႐ိုသန္း ၃၀ နဲ႔ ေခၚယူခြင့္ရွိေန။

– ယူႏိုက္တက္အသင္းရဲ႕ ဥေရာပ ဆူပါလိဂ္ အရႈပ္အေထြးမွာ အမွားလုပ္ခဲ့မိတဲ့ ပိုင္ရွင္ ဂေလဇာေတြအေနနဲ႔ ပရိသတ္ေတြရဲ႕ ေထာက္ခံမႈ ျပန္လည္ရရွိေအာင္ ႀကိဳးစားဖို႔အတြက္ လာမယ့္ေႏြရာသီမွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား ေတာင္းဆိုထားတဲ့ ကစားသမား သုံးဦးကို ေပါင္သန္း ၁၅၀ ထက္ ပိုသုံးၿပီး လိုက္ေလ်ာေခၚယူေပးသြားမယ္လို႔ သတင္းထြက္လာ။

– လာမယ့္ေႏြရာသီမွာ အသင္းက ထြက္ခြာေတာ့မယ့္ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ အျမင့္မားဆုံးရာထူးေနရာအတြက္ ေခၚယူဖို႔ ေရပန္းစားေနတဲ့ အိုင္းယက္စ္အမႈေဆာင္အရာရွိခ်ဳပ္ အက္ဗင္ ဗန္ဒါဆားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္က သူ႔ရဲ႕ လုပ္ပိုင္ခြင့္အတြက္ သံသယရွိေနတယ္လို႔ သိရၿပီး ကစားသမားေခၚယူေရးအတြက္ ကြဲျပားစြာ သြားလာေနတဲ့ အဖြဲ႕ခြဲေတြကို စိတ္ပ်က္ေန။

– အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔ရဲ႕ ကစားသမားဘဝ ေတာက္ပမႈ အစျပဳခဲ့တဲ့ ဝါရင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လာမယ့္ ေႏြရာသီမွာ ေပါင္ ၂၆ သန္းတည္းနဲ႔ ေခၚယူႏိုင္မယ္လို႔ သတင္းထြက္ေနၿပီး ေပၚတူဂီသားဘက္က ယူႏိုက္တက္ကို ျပန္လာဖို႔ဆိုရင္ လစာေလွ်ာ့ယူဖို႔ အသင့္ပဲလို႔ ေအးဂ်င့္ဆိုေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ သတင္းေကာင္းအျဖစ္ လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ရာဖင္ညာနဲ႔ ႐ိုဒရီဂိုတို႔ဟာ လာမယ့္ တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ သိရၿပီး နည္းျပ မာဆယ္လို ဘီယယ္လ္ဆာက အတည္ျပဳသြားခဲ့။

– လာမယ့္ရာသီမွာ အသင္းကေန ထြက္ခြာႏိုင္တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ေနရာအတြက္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဗန္ဒဘိခ္ကို ပိုမိုေနရာေပးသြားဖို႔ စီစဥ္ေနသလို ဘာစီလိုနာရဲ႕ ဝါရင့္ကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ်္ကိုလည္း ေခၚယူလိုေနၿပီး အေတြ႕အႀကဳံေတြနဲ႔ အသုံးျပဳသြားႏိုင္ဖို႔ စိတ္ဝင္စားေန။

– ရီးရဲလ္မက္ဒရစ္အသင္းက ထြက္ခြာခြင့္ျပဳထားတဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းက ခ်ဥ္းကပ္ေနမႈအေပၚမွာ စိတ္မဝင္စားဘဲ ပရီးမီးယားလိဂ္ကိုသာ ေျပာင္းေ႐ႊ႕ကစားလိုတယ္လို႔ ဆိုခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ အဓိက ၿပိဳင္ဆိုင္ရဖို႔ ရွိလာ။

– နည္းျပတစ္ေယာက္အျဖစ္အျပင္ ကစားသမားေဟာင္းတစ္ေယာက္၊ ပရိသတ္တစ္ေယာက္အျဖစ္ ရႈျမင္မႈအရ မိမိအေနနဲ႔ ဥေရာပ ဆူပါလိဂ္ကို ေထာက္ခံျခင္းမရွိခဲ့ဘဲ အားလုံးရဲ႕ ဝိုင္းဝန္းမႈအင္အားနဲ႔ ဒီၿပိဳင္ပြဲကို ဖ်က္ႏိုင္ခဲ့တာကို ဝမ္းသာမိတယ္လို႔ နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.