Premier League

ပီယာလိုနဲ့ ရော်နယ်လ်ဒိုတို့ ပြဿနာတွေ ထပ်တက်နေချိန်မှာ ရော်နယ်ဒိုရဲ့ အေးဂျင့်ဆီ ဆက်သွယ်လာတဲ့ ယူနိုက်တက်

အီတလီကလာတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်မှာ ဆက်နေဖို့ မသေချာတော့တဲ့ စီရော်နယ်လ်ဒိုကို အိုးထရက်ဖို့မြေဆီ ပြန်ခေါ်သွားဖို့ စီစဉ်နေပြီး သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ စကားပြောဆိုမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်မှာ ပေါ်တိုရဲ့ဖြုတ်ချခြင်းကို ခံခဲ့ရပြီး ၁၆ သင်းအဆင့်နဲ့တင် ကျေနပ်ခဲ့ရတဲ့ ဂျူဗင်တပ်စ်ဟာ ကိုးနှစ်ကြာ မောင်ပိုင်စီးလာတဲ့ စကူဒတ်တိုဖလားကိုပါ လက်လွှတ်ရတော့အရေးက အသင်းရဲ့အတွင်းရေးတွေအထိ ရှော့ခ်ရိုက်သွားပြီး အက်ကွဲစေခဲ့တယ်။

ရော်နယ်ဒိုလ်က ဒီပြဿနာတွေရဲ့ အဓိကတရားခံလို့ ယူဆခံရနေရပြီး အသင်းတွင်းစည်းလုံးမှုနဲ့ ကွင်းတွင်းခြေစွမ်း သဟဇာတဖြစ်မှုတွေက သူကြောင့် ပျက်စီးခဲ့တယ်လို့ ထင်မှတ်ခံနေရတယ်။ အသင်းကနေ သူ့ကို အမြန်ဆုံးထုတ်ပစ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာတယ်။

ပြဿနာတွေပေါင်းစုံတက်နေချိန်မှာ စီးရီးအေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ထပ်မံဆုံးရှုံးခံရရင်တော့ ရာသီကုန်မှာ ဂျူဗင်တပ်စ်နဲ့ ရော်နယ်လ်ဒိုရဲ့ ခရောင်းလမ်းက အကွဲအပြဲဇာတ်လမ်းကို ဦးတည်ဖို့ ရာနှုန်းပြည့် သေချာသွားမှာဖြစ်ပြီး ဒါက နှစ်ဖက်မနစ်နာစေမယ့် လမ်းလည်းဖြစ်နေတယ်။

ယူနိုက်တက်အသင်းကတော့ ရော်နယ်လ်ဒိုကို ပရီးမီးယားလိဂ်ကို ပြန်လာမလားလို့ ကမ်းလှမ်းမှုတွေ ပေးပို့နေပြီး ဂျူဗင်တပ်စ်က အသင်းက သူ့ကို ယူရိုသန်း ၃၀နဲ့ ရောင်းထုတ်သွားမယ်လို့လည်း သိနေရတယ်။ ရော်နယ်လ်ဒိုရဲ့ တနှစ်ပေါင် ၂၇ သန်းဆိုတဲ့ ကြီးမားတဲ့လစာငွေကို တူရင်ကလပ်က အမြန်ဆုံးဝိတ်လျှော့ချင်တာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်ကို ပြန်လာမယ်ဆိုရင် လက်ရှိ သူ့ရဲ့လစာငွေကို တဝက်တိတိလျှော့ပေးရမှာဖြစ်ပြီး သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ရော်နယ်လ်ဒိုကို အနည်းဆုံးတနှစ်ကိုင်တွယ်ခွင့်ရရင်တောင်မှ ကျေနပ်စရာလို့ ယူဆထားတာဖြစ်တယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုနဲ့ ရော်နယ်လ်ဒိုတို့ ပြဿနာတွေ ထပ်တက်နေတယ်လို့ သိရှိရပြီး ပါးမားနဲ့ပွဲမှာ ဖရီးကစ်လူတံတိုင်းမှာ နေရာယူထားတဲ့ ရော်နယ်လ်ဒိုက ကန်ချက်ကို ခေါင်းငုံ့ရှောင်လိုက်လို့ ဂျုဗင်တပ်စ်အသင်းဂိုးပေးရခဲ့တာကို ပြဿနာအရှာခံနေတာကြောင့် ပိုပြီးဆိုးရွားတဲ့ဆက်ဆံရေးတွေဖြစ်လာနေတယ်လို့ ဆိုရမှာက ရော်နယ်လ်ဒိုတယောက် သူ့အနာဂတ်သစ်ကို ရှာဖွေဖို့ပဲဖြစ်လာမလားဆိုတာတော့ ရာသီကုန်မှာ ခိုင်မာတဲ့အဖြေတခု ပြတ်ပြတ်သားသား ထွက်လာဖို့ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အီတလီကလာတဲ့ သတင္းေတြအရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္မွာ ဆက္ေနဖို႔ မေသခ်ာေတာ့တဲ့ စီေရာ္နယ္လ္ဒိုကို အိုးထရက္ဖို႔ေျမဆီ ျပန္ေခၚသြားဖို႔ စီစဥ္ေနၿပီး သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္နဲ႔ စကားေျပာဆိုမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္မွာ ေပၚတိုရဲ႕ျဖဳတ္ခ်ျခင္းကို ခံခဲ့ရၿပီး ၁၆ သင္းအဆင့္နဲ႔တင္ ေက်နပ္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္ဟာ ကိုးႏွစ္ၾကာ ေမာင္ပိုင္စီးလာတဲ့ စကူဒတ္တိုဖလားကိုပါ လက္လႊတ္ရေတာ့အေရးက အသင္းရဲ႕အတြင္းေရးေတြအထိ ေရွာ့ခ္႐ိုက္သြားၿပီး အက္ကြဲေစခဲ့တယ္။

ေရာ္နယ္ဒိုလ္က ဒီျပႆနာေတြရဲ႕ အဓိကတရားခံလို႔ ယူဆခံရေနရၿပီး အသင္းတြင္းစည္းလုံးမႈနဲ႔ ကြင္းတြင္းေျခစြမ္း သဟဇာတျဖစ္မႈေတြက သူေၾကာင့္ ပ်က္စီးခဲ့တယ္လို႔ ထင္မွတ္ခံေနရတယ္။ အသင္းကေန သူ႔ကို အျမန္ဆုံးထုတ္ပစ္ဖို႔ ေတာင္းဆိုမႈေတြ ျမင့္တက္လာတယ္။

ျပႆနာေတြေပါင္းစုံတက္ေနခ်ိန္မွာ စီးရီးေအရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ ထပ္မံဆုံးရႈံးခံရရင္ေတာ့ ရာသီကုန္မွာ ဂ်ဴဗင္တပ္စ္နဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ခေရာင္းလမ္းက အကြဲအၿပဲဇာတ္လမ္းကို ဦးတည္ဖို႔ ရာႏႈန္းျပည့္ ေသခ်ာသြားမွာျဖစ္ၿပီး ဒါက ႏွစ္ဖက္မနစ္နာေစမယ့္ လမ္းလည္းျဖစ္ေနတယ္။

ယူႏိုက္တက္အသင္းကေတာ့ ေရာ္နယ္လ္ဒိုကို ပရီးမီးယားလိဂ္ကို ျပန္လာမလားလို႔ ကမ္းလွမ္းမႈေတြ ေပးပို႔ေနၿပီး ဂ်ဴဗင္တပ္စ္က အသင္းက သူ႔ကို ယူ႐ိုသန္း ၃၀နဲ႔ ေရာင္းထုတ္သြားမယ္လို႔လည္း သိေနရတယ္။ ေရာ္နယ္လ္ဒိုရဲ႕ တႏွစ္ေပါင္ ၂၇ သန္းဆိုတဲ့ ႀကီးမားတဲ့လစာေငြကို တူရင္ကလပ္က အျမန္ဆုံးဝိတ္ေလွ်ာ့ခ်င္တာပါ။

ေရာ္နယ္လ္ဒိုအေနနဲ႔ ယူႏိုက္တက္ကို ျပန္လာမယ္ဆိုရင္ လက္ရွိ သူ႔ရဲ႕လစာေငြကို တဝက္တိတိေလွ်ာ့ေပးရမွာျဖစ္ၿပီး သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ေရာ္နယ္လ္ဒိုကို အနည္းဆုံးတႏွစ္ကိုင္တြယ္ခြင့္ရရင္ေတာင္မွ ေက်နပ္စရာလို႔ ယူဆထားတာျဖစ္တယ္။

ေနာက္ဆုံးရရွိထားတဲ့သတင္းေတြအရ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုနဲ႔ ေရာ္နယ္လ္ဒိုတို႔ ျပႆနာေတြ ထပ္တက္ေနတယ္လို႔ သိရွိရၿပီး ပါးမားနဲ႔ပြဲမွာ ဖရီးကစ္လူတံတိုင္းမွာ ေနရာယူထားတဲ့ ေရာ္နယ္လ္ဒိုက ကန္ခ်က္ကို ေခါင္းငုံ႔ေရွာင္လိုက္လို႔ ဂ်ဳဗင္တပ္စ္အသင္းဂိုးေပးရခဲ့တာကို ျပႆနာအရွာခံေနတာေၾကာင့္ ပိုၿပီးဆိုး႐ြားတဲ့ဆက္ဆံေရးေတြျဖစ္လာေနတယ္လို႔ ဆိုရမွာက ေရာ္နယ္လ္ဒိုတေယာက္ သူ႔အနာဂတ္သစ္ကို ရွာေဖြဖို႔ပဲျဖစ္လာမလားဆိုတာေတာ့ ရာသီကုန္မွာ ခိုင္မာတဲ့အေျဖတခု ျပတ္ျပတ္သားသား ထြက္လာဖို႔ ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.