Premier League

လေ့ကျင့်ရေးကွင်းကို အူဘာရောက်လာခဲ့တဲ့အကြောင်းပြောပြခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းသားတွေကို အာတီတာ အော်ဟစ် သတိပေးထား

အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဥရောပစူပါလိဂ်ဆူပွက်သံတွေလည်း ငြိမ်ကျသွားချိန်မှာ အာတီတာအနေနဲ့ မိမိအသင်းက ဖိအားကင်းကင်းနဲ့ ကစားနိုင်ဖို့ မျှော်လင့်ထားတာပါ။

အီမရိတ်စ်မြေက ဒီပွဲမှာ အာတီတာအနေနဲ့ မိမိအသင်းသားတွေ တယောက်မှ အနားရမှာမဟုတ်ဘူးလို့ သတိပေးထားတာဖြစ်ပြီး ပရီးမီယားလိဂ်ထက် ဗီလာရီးရဲလ်နဲ့ပွဲကို ပိုအာရုံစိုက်နေပြီး ဒီနေ့ည အဲဗာတန်နဲ့ပွဲမှာ လူချန်ကစားမယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ချေဖျက်သွားခဲ့တယ်။

အာဆင်နယ်အနေနဲ့ ဥရောဝင်ခွင့်အတွက် အကောင်းဆုံးမျှော်လင့်ချက်က ယူရိုပါလိဂ်ဖလားသာ သိမ်းပိုက်နိုင်ဖို့ ရွေးချယ်မလားလို့ မေးခွန်းထုတ်နေသူတွေရှိပြီး လာမယ့် ကြာသာပတေးမှာတော့ ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲကို ဆင်နွှဲရမှာပါ။

ငှက်ဖျားထိထားတဲ့ အူဘာမီယန်းနဲ့ပတ်သက်လို့ သူက London Colney လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီလို့ အာတီတာက အတည်ပြုသွားခဲ့သလို ဝေဒနာအခြေအနေက သက်သာစပြုလာသလို ပွဲကစားနိုင်ဖို့ အားပြည့်အောင်တော့ အချိန်တခုယူရဦးမှာဖြစ်ကြောင်း သိရပါတယ်။

” ကျွန်တော် သူ့ကို အကြိမ်ပေါင်းစွာ စကားပြောဆိုမှုပြုလုပ်နေခဲ့ပါတယ်။ မနေ့ကတော့ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ရေးကွင်းကို သူရောက်လာတယ်။ အထိနာတဲ့ငှက်ဖျားမျိုးကို သူရင်ဆိုင်နေရတာဖြစ်ပြီး ဆရာဝန်တွေက သူ့ကိုစစ်ဆေးနေဆဲပါ။ ကျွန်တော်တို့အသင်းက သူ့ကိုလိုအပ်ပါတယ်။ သူပြန်ကျန်းမာပြီး ပွဲကစားနိုင်ဖို့ အရာရာကူညီပေးသွားမှာပါ။ ” လို့ အာတီတာကပြောခဲ့ပါတယ်။

အူဘာမီယန်း ၊လာကာဇက်၊ တီယာနေး၊ ဒေးဗစ် လူးဝစ်ဇ်တို့အားလုံး ဒဏ်ရာကြောင့် လွဲချော်ကြမှာဖြစ်တာကြောင့် သူ့ကစားသမားတွေအနေနဲ့ အဲဗာတန်နဲ့ပွဲမှာ အလှည့်ကျ လူအပြောင်းအလဲအဖြစ် နားချိန်ရမှာမဟုတ်ပဲ အဲဗာတန်ကို အနိုင်ရရန် အာရုံစိုက်ထားကြဖို့ အာတီတာက သံချောင်းခေါက်ခဲ့တယ်။

ဒီညပွဲမှာတော့ အာဆင်နယ်အနေနဲ့ ပွဲကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းလာခဲ့တဲ့ အိုဒီဂွာဒ်က ကြံ့ခိုင်ရေး တိုးတက်မှုတွေရှိလာလို့ ဝင်ကစားနိုင်ခြေအနည်းငယ်ရှိနေတယ်။ ထက်ထက်သန်သန် ကြိုးစားနေတဲ့ မာတီနယ်လီကို အသေးစိတ်ညွှန်ကြားပေးနေတဲ့ အာတီတာက သူ့ကို ဒီနေ့အားကိုးလာဖွယ်ရှိသလို စမစ်ရိုး၊ သောမတ်စ် ပါတေးတို့လည်း ပွဲထွက်လာဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းဟာ ဒီေန႔ညမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အဲဗာတန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနၿပီး ဥေရာပစူပါလိဂ္ဆူပြက္သံေတြလည္း ၿငိမ္က်သြားခ်ိန္မွာ အာတီတာအေနနဲ႔ မိမိအသင္းက ဖိအားကင္းကင္းနဲ႔ ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ထားတာပါ။

အီမရိတ္စ္ေျမက ဒီပြဲမွာ အာတီတာအေနနဲ႔ မိမိအသင္းသားေတြ တေယာက္မွ အနားရမွာမဟုတ္ဘူးလို႔ သတိေပးထားတာျဖစ္ၿပီး ပရီးမီယားလိဂ္ထက္ ဗီလာရီးရဲလ္နဲ႔ပြဲကို ပိုအာ႐ုံစိုက္ေနၿပီး ဒီေန႔ည အဲဗာတန္နဲ႔ပြဲမွာ လူခ်န္ကစားမယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြကို ေခ်ဖ်က္သြားခဲ့တယ္။

အာဆင္နယ္အေနနဲ႔ ဥေရာဝင္ခြင့္အတြက္ အေကာင္းဆုံးေမွ်ာ္လင့္ခ်က္က ယူ႐ိုပါလိဂ္ဖလားသာ သိမ္းပိုက္ႏိုင္ဖို႔ ေ႐ြးခ်ယ္မလားလို႔ ေမးခြန္းထုတ္ေနသူေတြရွိၿပီး လာမယ့္ ၾကာသာပေတးမွာေတာ့ ဗီလာရီးရဲလ္နဲ႔ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲကို ဆင္ႏႊဲရမွာပါ။

ငွက္ဖ်ားထိထားတဲ့ အူဘာမီယန္းနဲ႔ပတ္သက္လို႔ သူက London Colney ေလ့က်င့္ေရးကြင္းကို ေရာက္လာခဲ့ၿပီလို႔ အာတီတာက အတည္ျပဳသြားခဲ့သလို ေဝဒနာအေျခအေနက သက္သာစျပဳလာသလို ပြဲကစားႏိုင္ဖို႔ အားျပည့္ေအာင္ေတာ့ အခ်ိန္တခုယူရဦးမွာျဖစ္ေၾကာင္း သိရပါတယ္။

” ကြၽန္ေတာ္ သူ႔ကို အႀကိမ္ေပါင္းစြာ စကားေျပာဆိုမႈျပဳလုပ္ေနခဲ့ပါတယ္။ မေန႔ကေတာ့ ပထမဆုံးအႀကိမ္အျဖစ္ ေလ့က်င့္ေရးကြင္းကို သူေရာက္လာတယ္။ အထိနာတဲ့ငွက္ဖ်ားမ်ိဳးကို သူရင္ဆိုင္ေနရတာျဖစ္ၿပီး ဆရာဝန္ေတြက သူ႔ကိုစစ္ေဆးေနဆဲပါ။ ကြၽန္ေတာ္တို႔အသင္းက သူ႔ကိုလိုအပ္ပါတယ္။ သူျပန္က်န္းမာၿပီး ပြဲကစားႏိုင္ဖို႔ အရာရာကူညီေပးသြားမွာပါ။ ” လို႔ အာတီတာကေျပာခဲ့ပါတယ္။

အူဘာမီယန္း ၊လာကာဇက္၊ တီယာေနး၊ ေဒးဗစ္ လူးဝစ္ဇ္တို႔အားလုံး ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ၾကမွာျဖစ္တာေၾကာင့္ သူ႔ကစားသမားေတြအေနနဲ႔ အဲဗာတန္နဲ႔ပြဲမွာ အလွည့္က် လူအေျပာင္းအလဲအျဖစ္ နားခ်ိန္ရမွာမဟုတ္ပဲ အဲဗာတန္ကို အႏိုင္ရရန္ အာ႐ုံစိုက္ထားၾကဖို႔ အာတီတာက သံေခ်ာင္းေခါက္ခဲ့တယ္။

ဒီညပြဲမွာေတာ့ အာဆင္နယ္အေနနဲ႔ ပြဲႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္းလာခဲ့တဲ့ အိုဒီဂြာဒ္က ႀကံ့ခိုင္ေရး တိုးတက္မႈေတြရွိလာလို႔ ဝင္ကစားႏိုင္ေျခအနည္းငယ္ရွိေနတယ္။ ထက္ထက္သန္သန္ ႀကိဳးစားေနတဲ့ မာတီနယ္လီကို အေသးစိတ္ၫႊန္ၾကားေပးေနတဲ့ အာတီတာက သူ႔ကို ဒီေန႔အားကိုးလာဖြယ္ရွိသလို စမစ္႐ိုး၊ ေသာမတ္စ္ ပါေတးတို႔လည္း ပြဲထြက္လာဖို႔ ရွိေနေၾကာင္းလည္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.