Premier League

အဆင့် ၄ နေရာအတွက် ပြန်စိုးရိမ်နေရတယ်ဟု တူဟယ်လ်ပြောခဲ့ပြီး ဂိုးသမား ကီပါကို ဘယ်လိုသဘောထားပြီး နေရာပြန်ပေးခဲ့သလဲ

ဘရိုက်တန်ကို သရေကျပြီး အဆင့် ၅ နေရာက ဝက်စ်ဟမ်းကို အမှတ်မဖြတ်နိုင်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ အဆင့် ၄ နေရာမှာ အမှတ်တူအနေအထားနဲ့ ဟမ်းမားတို့နဲ့အတူ ရပ်တည်နေရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းရဲ့ ရှုံးပွဲကို အခွင့်ကောင်းမယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးဟာ ဝက်စ်ဟမ်းနဲ့ ဂိုးကွာခြားချက်အသာ၊ အမှတ်တူအနေအထားနဲ့ အဆင့် ၄ ရပ်တည်မှုကို ရယူထားပေမယ့် လာမယ့် EPL ပွဲစဥ်မှာတော့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဒါဟာ အဆင့် ၄ တိုက်ပွဲအတွက် အရေးပါတဲ့ပွဲစဥ်အဖြစ် အဆုံးအဖြတ်တခု ဖြစ်လာနိုင်ဖွယ်ရှိနေသလို ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့် ချယ်လ်ဆီးရဲ့အိမ်ကွင်း လက်ရှိခြေစွမ်းဟာ စိုးရွံ့စရာရှိနေတယ်လို့ တူဟယ်လ်က ဖွင့်ဟခဲ့ပြီး ဟမ်းမားတို့ကို ဧည့်ခံဖို့ အသင့်ပြင်ထားတယ်လို့ ဆိုသွားခဲ့တာပါ။

” အဆင့် ၄ က ကျွန်တော်တို့လက်ထဲကို ရောက်နေပါပြီ။ ဒါပေမယ့် အဆင့် ၄ တိုက်ပွဲက တော်တော်ကျပ်ပါတယ်။ အိမ်ကွင်းမှာ ဂိုးအခွင့်အရေးကောင်းတွေကို ဖြုန်းတီးခဲ့တာက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် ကျွန်တော့်ကို စိုးရိမ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရင်ဆိုင်တိုက်ပွဲဝင်မှာပါ ” လို့ တူဟယ်လ်က ပြောပြသွားခဲ့တာပါ။

ဒါ့အပြင် တူဟယ်လ်အနေနဲ့ လမ်းပတ်လက်ထက်မှာ ချောင်ထိုးခံထားရတဲ့ ဂိုးသမားကီပါကို အလောင်းအစားဆန်ဆန် ယုံကြည်မှုပေးအပ်ပြီး သူ့လက်ထက်မှာ ပွဲထွက်စေခဲ့တဲ့ ၅ ပွဲမှာ ကီပါက ၅ ပွဲစလုံး Clean Sheet ရယူခဲ့ပြီး မန်စီးတီးလိုအသင်းမျိုးးအထိ ဂိုးမရခဲ့တာက ချီးကျုးမှုနဲ့ထိုက်တန်ခဲ့တယ်။

အသက် ၂၃ အရွယ်မှာ ကမ္ဘာ့စျေးအကြီးဆုံးဂိုးသမားအဖြစ် ပေါင် ၇၁ သန်းနဲ့ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့သူ စပိန်သားဟာ ကော်တိုအာရဲ့နေရာမှာ ဆယ်စုနှစ်တခုကြာ ဆက်ခံလိမ့်မယ်ဆိုတဲ့ ယူဆချက်တွေကို လွဲချော်စေခဲ့ပြီး မန်ဒီရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ဟမ်းမားတို့နဲ့ Epl ကစားအပြီးမှာ UCL ဆီမီးမှာ ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို ဒါက ကီပါအတွက် လက်ရှိရီးရဲလ်ဂိုးသမား ကော်တိုအာရဲ့ လောင်းရိပ်ကို ကျော်ဖြတ်နိုင်ကြောင်း လက်စွမ်းနဲ့ သက်သေပြဖို့ အကောင်းဆုံးအခွင့်အရေးတခုလည်း ဖြစ်နေတာက တူဟယ်လ်ထပ်ယူလာမယ့် အလောင်းအစားတခုအဖြစ် တွေးဆစရာရှိနေကြောင်းလည်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘ႐ိုက္တန္ကို သေရက်ၿပီး အဆင့္ ၅ ေနရာက ဝက္စ္ဟမ္းကို အမွတ္မျဖတ္ႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ဟာ အဆင့္ ၄ ေနရာမွာ အမွတ္တူအေနအထားနဲ႔ ဟမ္းမားတို႔နဲ႔အတူ ရပ္တည္ေနရတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိုးရိမ္မိေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ဝက္စ္ဟမ္းရဲ႕ ရႈံးပြဲကို အခြင့္ေကာင္းမယူႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးဟာ ဝက္စ္ဟမ္းနဲ႔ ဂိုးကြာျခားခ်က္အသာ၊ အမွတ္တူအေနအထားနဲ႔ အဆင့္ ၄ ရပ္တည္မႈကို ရယူထားေပမယ့္ လာမယ့္ EPL ပြဲစဥ္မွာေတာ့ ဝက္စ္ဟမ္းနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။

ဒါဟာ အဆင့္ ၄ တိုက္ပြဲအတြက္ အေရးပါတဲ့ပြဲစဥ္အျဖစ္ အဆုံးအျဖတ္တခု ျဖစ္လာႏိုင္ဖြယ္ရွိေနသလို ဝက္စ္ဟမ္းနဲ႔ရင္ဆိုင္ရမယ့္ ခ်ယ္လ္ဆီးရဲ႕အိမ္ကြင္း လက္ရွိေျခစြမ္းဟာ စိုး႐ြံ႕စရာရွိေနတယ္လို႔ တူဟယ္လ္က ဖြင့္ဟခဲ့ၿပီး ဟမ္းမားတို႔ကို ဧည့္ခံဖို႔ အသင့္ျပင္ထားတယ္လို႔ ဆိုသြားခဲ့တာပါ။

” အဆင့္ ၄ က ကြၽန္ေတာ္တို႔လက္ထဲကို ေရာက္ေနပါၿပီ။ ဒါေပမယ့္ အဆင့္ ၄ တိုက္ပြဲက ေတာ္ေတာ္က်ပ္ပါတယ္။ အိမ္ကြင္းမွာ ဂိုးအခြင့္အေရးေကာင္းေတြကို ျဖဳန္းတီးခဲ့တာက ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ လက္ခံကစားရမယ့္ ကြၽန္ေတာ့္ကို စိုးရိမ္ေစပါတယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ ရင္ဆိုင္တိုက္ပြဲဝင္မွာပါ ” လို႔ တူဟယ္လ္က ေျပာျပသြားခဲ့တာပါ။

ဒါ့အျပင္ တူဟယ္လ္အေနနဲ႔ လမ္းပတ္လက္ထက္မွာ ေခ်ာင္ထိုးခံထားရတဲ့ ဂိုးသမားကီပါကို အေလာင္းအစားဆန္ဆန္ ယုံၾကည္မႈေပးအပ္ၿပီး သူ႔လက္ထက္မွာ ပြဲထြက္ေစခဲ့တဲ့ ၅ ပြဲမွာ ကီပါက ၅ ပြဲစလုံး Clean Sheet ရယူခဲ့ၿပီး မန္စီးတီးလိုအသင္းမ်ိဳးးအထိ ဂိုးမရခဲ့တာက ခ်ီးက်ဳးမႈနဲ႔ထိုက္တန္ခဲ့တယ္။

အသက္ ၂၃ အ႐ြယ္မွာ ကမာၻ႔ေစ်းအႀကီးဆုံးဂိုးသမားအျဖစ္ ေပါင္ ၇၁ သန္းနဲ႔ ခ်ယ္လ္ဆီးကို ေရာက္ရွိလာခဲ့သူ စပိန္သားဟာ ေကာ္တိုအာရဲ႕ေနရာမွာ ဆယ္စုႏွစ္တခုၾကာ ဆက္ခံလိမ့္မယ္ဆိုတဲ့ ယူဆခ်က္ေတြကို လြဲေခ်ာ္ေစခဲ့ၿပီး မန္ဒီရဲ႕ ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရတယ္။

လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးဟာ ဟမ္းမားတို႔နဲ႔ Epl ကစားအၿပီးမွာ UCL ဆီမီးမွာ ရီးရဲလ္နဲ႔ ရင္ဆိုင္ရမွာျဖစ္သလို ဒါက ကီပါအတြက္ လက္ရွိရီးရဲလ္ဂိုးသမား ေကာ္တိုအာရဲ႕ ေလာင္းရိပ္ကို ေက်ာ္ျဖတ္ႏိုင္ေၾကာင္း လက္စြမ္းနဲ႔ သက္ေသျပဖို႔ အေကာင္းဆုံးအခြင့္အေရးတခုလည္း ျဖစ္ေနတာက တူဟယ္လ္ထပ္ယူလာမယ့္ အေလာင္းအစားတခုအျဖစ္ ေတြးဆစရာရွိေနေၾကာင္းလည္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.