Premier League

“ဂျာအေးသူ့အမေရိုက်နေတဲ့” အာဆင်နယ်အသင်း ယူရိုပါဖလားရတဲ့အဖြစ်ဟာ တွေးကြည်လို့တောင်မရဘူးပီတာခရော့ချ် ဝေဖန်သွား

အာဆင်နယ်အသင်းဟာ “ဂျာအေးသူ့အမေရိုက်နေတဲ့” ဖြစ်ရပ်ဆိုးကို ကြုံတွေနေရတဲ့ အသင်းဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက် သို့ ရိုးမားကို ကျော်ဖြတ်နိုင်ပြီး ဗိုလ်စွဲနိုင်ဖို့ထက် ဆီမီးမှာ ဗီလာရီးရဲလ်ကိုတောင် အနိုင်ယူနိုင်စွမ်းမရှိတဲ့အသင်းလို့ အင်္ဂလန်ကစားသမားဟောင်း ပီတာခရော့ချ်က ဝေဖန်သွားခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်က ယူနိုက်တက် သို့ ရိုးမားကို ကျော်ဖြတ်နိုင်ပြီး ဗိုလ်စွဲနိုင်မလားလို့ လောင်းကြေးထပ်မယ်ဆိုရင်တောင် အာဆင်နယ်ကို ငြင်းပယ်သွားမှာဖြစ်ကြောင်း ခရော့ချ်က ပြောသွားခဲ့ပြီး အာဆင်နယ်အသင်း ဖလားရတဲ့အဖြစ်ဟာ တွေးကြည်လို့​တောင်မရဘူးလို့ ဆိုသွားခဲ့ပါတယ်။

” အာဆင်နယ်က ပရီးမီးယားလိဂ်မှာ အဆင့် ၉ မှာ ရပ်တည်နေတယ်​။ ပြည်တွင်းကနေ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အသင်းပါ။ တဖက်ကကြည့်တော့လည်း အာဆင်နယ်ပရိသတ်တွေ မပျော်ရွှင်ရတဲ့ရာသီဖြစ်နေတာ အမှန်ပါ ”

“ဖူလ်ဟမ်နဲ့ပွဲမှာ ဘယ်လိုခြေစွမ်းမျိုးနဲ့ ကစားခဲ့သလဲဆိုတာက ဒီရာသီအတွက် အာဆင်နယ်ရဲ့အခြေအနေမှန်ကို မြင်ရလိမ့်မယ်။ ယူရိုပါလိဂ်ဖလားရရင် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ တပါတည်းရယူနိုင်မှာဆိုပေမယ့် ဒီခြေစွမ်းက ယူနိုက်တက် သို့ ရိုးမားကို ကျော်နိုင်ဖို့ လမ်းမမြင်ပါဘူး ”

” ဒီအသင်းက ကစားသမားအသစ်တွေ ဝယ်ယူအားဖြည့်ဖို့ဆိုရင် ဥရောပဝင်ခွင့်နဲ့ ဆွဲဆောင်ရပါလိမ့်မယ်။ အခုတော့ ယူရိုပါလိဂ်နဲ့လည်း အဖတ်ဆယ်နိုင်မှာ မဟုတ်လို့ ဥရောပဝင်ခွင့်လည်း ရမှာမဟုတ်သလို လူသစ်တွေလည်း ခေါ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါက အာဆင်နယ်ရဲ့ ဂျာအေးသူ့အမေရိုက်နေတဲ့ အဖြစ်ပါ ”

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ ယူနိုက်တက်နဲ့ all-English Final ကို ကစားရမယ်လို့ မျှော်လင့်ခံထားရတာပါ။ အင်္ဂလန်ပြည်တွင်း ခါးသီးရန်ဘက် ယူနိုက်တက်နဲ့ ဗိုလ်လုမယ်ဆိုရင်တော့ အတော်လေးစိတ်ဝင်စားစရာကောင်းမယ့် ပွဲစဥ်လည်းဖြစ်နေတာပါ။

ဒါပေမယ်် ပီတာခရော့ချ်ရဲ့အဆိုမှာ ဒါကို ငြင်းဆန်သွားခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ၂၀၁၈ ခုနှစ်က ယူရိုပါလိဂ်ဖိုင်နယ်မှာ ဒါဘီပြိုင်ဘက် ချယ်လ်ဆီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ဖူးတဲ့ ဒဏ်ရာဟောင်းနဲ့ မှတ်တမ်းဆိုးကလည်း ရှိနေတယ်လို့ သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းဟာ “ဂ်ာေအးသူ႔အေမ႐ိုက္ေနတဲ့” ျဖစ္ရပ္ဆိုးကို ႀကဳံေတြေနရတဲ့ အသင္းျဖစ္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ယူႏိုက္တက္ သို႔ ႐ိုးမားကို ေက်ာ္ျဖတ္ႏိုင္ၿပီး ဗိုလ္စြဲႏိုင္ဖို႔ထက္ ဆီမီးမွာ ဗီလာရီးရဲလ္ကိုေတာင္ အႏိုင္ယူႏိုင္စြမ္းမရွိတဲ့အသင္းလို႔ အဂၤလန္ကစားသမားေဟာင္း ပီတာခေရာ့ခ်္က ေဝဖန္သြားခဲ့ပါတယ္။

ဒီရာသီမွာ အာဆင္နယ္က ယူႏိုက္တက္ သို႔ ႐ိုးမားကို ေက်ာ္ျဖတ္ႏိုင္ၿပီး ဗိုလ္စြဲႏိုင္မလားလို႔ ေလာင္ေၾကးထပ္မယ္ဆိုရင္ေတာင္ အာဆင္နယ္ကို ျငင္းပယ္သြားမွာျဖစ္ေၾကာင္း ခေရာ့ခ်္က ေျပာသြားခဲ့ၿပီး အာဆင္နယ္အသင္း ဖလားရတဲ့အျဖစ္ဟာ ေတြးၾကည္လို႔​ေတာင္မရဘူးလို႔ ဆိုသြားခဲ့ပါတယ္။

” အာဆင္နယ္က ပရီးမီးယားလိဂ္မွာ အဆင့္ ၉ မွာ ရပ္တည္ေနတယ္​။ ျပည္တြင္းကေန ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့တဲ့အသင္းပါ။ တဖက္ကၾကည့္ေတာ့လည္း အာဆင္နယ္ပရိသတ္ေတြ မေပ်ာ္႐ႊင္ရတဲ့ရာသီျဖစ္ေနတာ အမွန္ပါ ”

“ဖူလ္ဟမ္နဲ႔ပြဲမွာ ဘယ္လိုေျခစြမ္းမ်ိဳးနဲ႔ ကစားခဲ့သလဲဆိုတာက ဒီရာသီအတြက္ အာဆင္နယ္ရဲ႕အေျခအေနမွန္ကို ျမင္ရလိမ့္မယ္။ ယူ႐ိုပါလိဂ္ဖလားရရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ တပါတည္းရယူႏိုင္မွာဆိုေပမယ့္ ဒီေျခစြမ္းက ယူႏိုက္တက္ သို႔ ႐ိုးမားကို ေက်ာ္ႏိုင္ဖို႔ လမ္းမျမင္ပါဘူး ”

” ဒီအသင္းက ကစားသမားအသစ္ေတြ ဝယ္ယူအားျဖည့္ဖို႔ဆိုရင္ ဥေရာပဝင္ခြင့္နဲ႔ ဆြဲေဆာင္ရပါလိမ့္မယ္။ အခုေတာ့ ယူ႐ိုပါလိဂ္နဲ႔လည္း အဖတ္ဆယ္ႏိုင္မွာ မဟုတ္လို႔ ဥေရာပဝင္ခြင့္လည္း ရမွာမဟုတ္သလို လူသစ္ေတြလည္း ေခၚႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ဒါက အာဆင္နယ္ရဲ႕ ဂ်ာေအးသူ႔အေမ႐ိုက္ေနတဲ့ အျဖစ္ပါ ”

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အာဆင္နယ္အသင္းဟာ ယူႏိုက္တက္နဲ႔ all-English Final ကို ကစားရမယ္လို႔ ေမွ်ာ္လင့္ခံထားရတာပါ။ အဂၤလန္ျပည္တြင္း ခါးသီးရန္ဘက္ ယူႏိုက္တက္နဲ႔ ဗိုလ္လုမယ္ဆိုရင္ေတာ့ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းမယ့္ ပြဲစဥ္လည္းျဖစ္ေနတာပါ။

ဒါေပမယ္္ ပီတာခေရာ့ခ်္ရဲ႕အဆိုမွာ ဒါကို ျငင္းဆန္သြားခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ ၂၀၁၈ ခုႏွစ္က ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဒါဘီၿပိဳင္ဘက္ ခ်ယ္လ္ဆီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ဖူးတဲ့ ဒဏ္ရာေဟာင္းနဲ႔ မွတ္တမ္းဆိုးကလည္း ရွိေနတယ္လို႔ သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.