Premier League

စပါးစ်အသင်းနဲ့ လမ်းခွဲအပြီး လန်ဒန်မှာ ပြုံးပြုံးကြီး လျှောက်သွားနေတဲ့ မော်ရင်ညို

စပါးစ်အသင်းကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ဂျိုဆေး မော်ရင်ညိုကိုတော့ လန်ဒန်မြို့ရဲ့ လမ်းတွေမှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားနဲ့ မျက်နှာပေါ်မှာ အပြုံးကြီးကြီးကို ဆင်ယင်ပြီး လျှောက်သွားနေတာကို တွေ့လိုက်ရတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၅၈ နှစ်အရွယ် ပေါ်တူဂီသားကြီးအဖို့တော့ အလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တမ်း ဆိုးရွားတယ်လို့ မဆိုနိုင်ဘဲ ဖိအားတွေ မရှိတော့တဲ့ အချိန်ပိုတွေကို အေးအေးဆေးဆေး အသုံးချနေနိုင်သလို စပါးစ်အသင်းဆီကနေ မက်လောက်စရာ လျော်ကြေးကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းအသင်းတွေမှာ ခေါင်းမာမာနဲ့ လုပ်ချင်သလိုတွေလုပ်ပြီး ကလပ်အသင်းဘက်က ထုတ်မှာကို စောင့်နေသလို ရရှိတဲ့ လျော်ကြေးတွေနဲ့ ထိုင်စားနေတယ်လို့ စွပ်စွဲခံထားရတဲ့ မော်ရင်ညိုဟာ ဒီတစ်ခါမှာလည်း စပါးစ်အသင်းဆီက ပေါင် ၁၅ သန်းကို သာသာယာယာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ သူငယ်ချင်းတွေနဲ့ လန်ဒန်မြို့မှာ ပျော်ပါးနေတာပါ။

မီးခိုးရောင် ခေါင်းစွပ်အနွေးထည်နဲ့ အားကစားဘောင်းဘီကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်းဟာ စပါးစ်နဲ့ စာချုပ်စတင် ချုပ်ဆိုစဉ်က သုံးနှစ်စာချုပ်ကို အပြည့်အဝ ပေးချေဖို့ ချည်နှောင်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ လက်ကျန်စာချုပ်တစ်နှစ်စာကို ဘာအလုပ်မှ လုပ်စရာမလိုဘဲ သာယာနေဦးမှာဖြစ်ပါတယ်။

မော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေဆီကလည်း ဒီလိုပဲ လက်ကျန်စာချုပ်အတွက် လစာငွေတွေကို လုပ်နေကျ ပုံစံအဖြစ်နဲ့ အိတ်ထဲ ထည့်နိုင်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်က နှစ်ကြိမ်မှာ ပေါင် ၁၈ သန်းနဲ့ ပေါင် ၁၂.၅ သန်း အသီးသီး ရယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၁၇ သန်း၊ မန်ချက်စတာယူနိုက်တက်ကနေ ပေါင် ၁၅ သန်းရယူခဲ့တာကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာလည်းဖြစ်ပါတယ်။

သူ့ကိုတော့ လက်ရှိမှာ သင်ခန်းစာ မယူတတ်တဲ့ အသင်းတွေက နည်းပြသစ်အဖြစ် အလိုရှိနေဦးမှာဖြစ်ပြီး လက်ရှိမှာ အိုင်ဒီယာတွေ ပြိုလဲနေတဲ့ ဘဲကြီးကို အောင်မြင်မှုဟောင်းတွေအတွက် အထင်ကြီးနေဆဲဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း၊ ဂျူဗင်တပ်စ်နဲ့ ပေါ်တိုတို့က ရာထူးပေးဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် စပါးစ်နဲ့ တစ်ပွဲမှာတော့ မော်ရင်ညိုတစ်ယောက် သူ့ရဲ့ မှတ်တမ်းကို ကျိုးပျက်ခံလိုက်ရပြီး အသင်းနဲ့ ဆုဖလားတစ်လုံးမှ မရနိုင်ဘဲ ကာရာဘောင်းမှာ မန်ချက်စတာစီးတီးနဲ့ မကန်ခင် လမ်းခွဲခဲ့ရသလို ဒါကိုတော့ တခြားအသင်းပရိသတ်တွေအတွက် နည်းပြကိုရော အသင်းကိုပါ ဆုဖလား ရယူနိုင်မှုအတွက် လှောင်ပြောင်စရာဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္အသင္းကေန ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳကိုေတာ့ လန္ဒန္ၿမိဳ႕ရဲ႕ လမ္းေတြမွာ ေပါ့ပါးလြတ္လပ္တဲ့ အဝတ္အစားနဲ႔ မ်က္ႏွာေပၚမွာ အၿပဳံးႀကီးႀကီးကို ဆင္ယင္ၿပီး ေလွ်ာက္သြားေနတာကို ေတြ႕လိုက္ရတယ္လို႔ ၿဗိတိန္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအဖို႔ေတာ့ အလုပ္လက္မဲ့ျဖစ္သြားတယ္ဆိုတဲ့ ကိစၥဟာ တကယ္တမ္း ဆိုး႐ြားတယ္လို႔ မဆိုႏိုင္ဘဲ ဖိအားေတြ မရွိေတာ့တဲ့ အခ်ိန္ပိုေတြကို ေအးေအးေဆးေဆး အသုံးခ်ေနႏိုင္သလို စပါးစ္အသင္းဆီကေန မက္ေလာက္စရာ ေလ်ာ္ေၾကးကိုလည္း ရရွိထားတယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းအသင္းေတြမွာ ေခါင္းမာမာနဲ႔ လုပ္ခ်င္သလိုေတြလုပ္ၿပီး ကလပ္အသင္းဘက္က ထုတ္မွာကို ေစာင့္ေနသလို ရရွိတဲ့ ေလ်ာ္ေၾကးေတြနဲ႔ ထိုင္စားေနတယ္လို႔ စြပ္စြဲခံထားရတဲ့ ေမာ္ရင္ညိဳဟာ ဒီတစ္ခါမွာလည္း စပါးစ္အသင္းဆီက ေပါင္ ၁၅ သန္းကို သာသာယာယာ သိမ္းပိုက္ႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ သူငယ္ခ်င္းေတြနဲ႔ လန္ဒန္ၿမိဳ႕မွာ ေပ်ာ္ပါးေနတာပါ။

မီးခိုးေရာင္ ေခါင္းစြပ္အေႏြးထည္နဲ႔ အားကစားေဘာင္းဘီကို ေပါ့ေပါ့ပါးပါး ဝတ္ဆင္ထားတဲ့ ပရီးမီးယားလိဂ္နည္းျပေဟာင္းဟာ စပါးစ္နဲ႔ စာခ်ဳပ္စတင္ ခ်ဳပ္ဆိုစဥ္က သုံးႏွစ္စာခ်ဳပ္ကို အျပည့္အဝ ေပးေခ်ဖို႔ ခ်ည္ေႏွာင္ထားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႔ရဲ႕ လက္က်န္စာခ်ဳပ္တစ္ႏွစ္စာကို ဘာအလုပ္မွ လုပ္စရာမလိုဘဲ သာယာေနဦးမွာျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြဆီကလည္း ဒီလိုပဲ လက္က်န္စာခ်ဳပ္အတြက္ လစာေငြေတြကို လုပ္ေနက် ပုံစံအျဖစ္နဲ႔ အိတ္ထဲ ထည့္ႏိုင္ခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္က ႏွစ္ႀကိမ္မွာ ေပါင္ ၁၈ သန္းနဲ႔ ေပါင္ ၁၂.၅ သန္း အသီးသီး ရယူခဲ့သလို ရီးရဲလ္မက္ဒရစ္ကေန ေပါင္ ၁၇ သန္း၊ မန္ခ်က္စတာယူႏိုက္တက္ကေန ေပါင္ ၁၅ သန္းရယူခဲ့တာကေတာ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာလည္းျဖစ္ပါတယ္။

သူ႔ကိုေတာ့ လက္ရွိမွာ သင္ခန္းစာ မယူတတ္တဲ့ အသင္းေတြက နည္းျပသစ္အျဖစ္ အလိုရွိေနဦးမွာျဖစ္ၿပီး လက္ရွိမွာ အိုင္ဒီယာေတြ ၿပိဳလဲေနတဲ့ ဘဲႀကီးကို ေအာင္ျမင္မႈေဟာင္းေတြအတြက္ အထင္ႀကီးေနဆဲျဖစ္တဲ့ ေပၚတူဂီလက္ေ႐ြးစင္အသင္း၊ ဂ်ဴဗင္တပ္စ္နဲ႔ ေပၚတိုတို႔က ရာထူးေပးဖို႔ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ စပါးစ္နဲ႔ တစ္ပြဲမွာေတာ့ ေမာ္ရင္ညိဳတစ္ေယာက္ သူ႔ရဲ႕ မွတ္တမ္းကို က်ိဳးပ်က္ခံလိုက္ရၿပီး အသင္းနဲ႔ ဆုဖလားတစ္လုံးမွ မရႏိုင္ဘဲ ကာရာေဘာင္းမွာ မန္ခ်က္စတာစီးတီးနဲ႔ မကန္ခင္ လမ္းခြဲခဲ့ရသလို ဒါကိုေတာ့ တျခားအသင္းပရိသတ္ေတြအတြက္ နည္းျပကိုေရာ အသင္းကိုပါ ဆုဖလား ရယူႏိုင္မႈအတြက္ ေလွာင္ေျပာင္စရာျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.