Premier League

VAR က ပညာစွမ်းပြပြန်တဲ့ စပါးစ် 2-1 ဆောက်သမ်တန် ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာအချက်များ

၁၁ ပွဲ၊ ၁၁ ဂိုးရှာဖွေပေးတဲ့ တကျော့ပြန် ဂါရက်သ်ဘေးလ်
ဟာရီကိန်းမရှိချိန်မှာ သွင်းဂိုးတွေအတွက် ဆွန်ဟောင်မင်ကို မှီခိုနေရသလို ဆွန်ကလည်း အနိုင်ဂိုးကို သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီပွဲရဲ့ အလှည့်အပြောင်းကို ယူဆောင်လာသူက ဂါရက်သ်ဘေးလ်ဖြစ်ပြီး သူ့ရဲ့ ချေပဂိုးက နိုင်ပွဲက အရေးပါခဲ့တယ်။ စပါးအတွက် နောက်ဆုံး ၁၁ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၁ ဂိုးအထိ ရှာဖွေပေးထါးတဲ့ ဘေးလ်က မြောက်လန်ဒန်မြေမှာ တကျော့ပြန်တောက်ပလာခဲ့ပြီလို့ ဆိုရမယ်။

စပါးရဲ့ထိုင်းမှိုင်းခံစစ်ကို အခွင့်ကောင်းယူနိုင်သော်ငြား အဆုံးသတ်မလှတဲ့ စိန့်
စိန့်က စပါးစ်ရဲ့ထိုင်းမှိုင်းခံစစ်ကို အခွင့်ကောင်းယူနိုင်ခဲ့သလို ဒန်နီအင်းစ်ကလည်း အသင်းအတွက် ဒီရာသီ ၁၀ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မလှခဲ့တာက ပြောစရာဖြစ်ခဲ့ပြီး ဟက်ဆန်ဟက်တယ်လ်က သူ့ရဲ့ စိန့်အသင်းကို ပြန်ကုသဖို့ လိုနေပါပြီ။

VAR က ပညာစွမ်းပြပြန်ပြီ
စပါးကိုလည်း ပညာစွမ်းပြသလို စိန့်ကိုပါ ပညာစွမ်းပြခဲ့တဲ့ VAR က ၇၆ မိနစ်မှာ ဆွန်သွင်းယူခဲ့တဲ့ စပါးရဲ့ ဦးဆောင်ဂိုးဟာ လူးကပ်စ် မော်ရာရဲ့ စိန့်ဂိုးသမားရဲ့မြင်ကွင်းကို ပိတ်ဆို့နေတယ်ဆိုတဲ့အမှုနဲ့ ပယ်ဖျက်ခဲ့သလို ပွဲချိန်နောက်ဆုံးမိနစ်တွေမှာတော့ စပါးစ်ကို ပင်နယ်တီပေးခဲ့ပြန်ပါတယ်။ စပါးစ်က လက်ထိဘောကို ပင်နယ်တီပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရယ်ဂီလွန်လူချခံရတဲ့ဆိုတဲ့ ပြစ်မှုနဲ့ ပင်နယ်တီပေးတာကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်တရာသီတွင်း ဂိုးအများဆုံးသွင်းတဲ့ ဆွန်ဟောင်မင်က EFL ဖိုင်နယ်မှာ အားကိုးရာဖြစ်လာမှာလား
ဆွန်က ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုးပြည့်မြောက်သွားခဲ့ပါပြီ။ ဒီပွဲရဲ့ အနိုင်ဂိုးရှင်လည်းဖြစ်လာသလို စပါးစ်အသင်းကို အကျိုးပြုခဲ့တယ်။ ဒီရာသီက ဟာရီကိန်းနဲ့ တွဲဖက်​ခြေစွမ်းပြပြီး ချွန်ထွက်လာခဲ့တဲ့ ဆွန်ဟောင်မင်က သူ့သက်တမ်းမှာ ဂိုးအများဆုံးသွင်းတဲ့ ပရီးမီးယားလိဂ်ရာသီဖြစ်လာခဲ့ပါတယ်။ လာမယ့် EFL ဖိုင်နယ်မှာ စပါးစ်နည်းပြသစ်အတွ​က် မန်စီးတီးကို ရင်ဆိုင်ဖို့ သူက အားကိိုးရာဖြစ်လာပါလိမ့်မယ်။

မော်ရင်ညိုအထုတ်ခံရပေမယ့် အနေမပျက်ခဲ့တဲ့ စပါးစ်
မော်ရင်ညိုအထုတ်ခံရတဲ့နောက်မှာတော့ စပါးစ်နည်းပြသစ်ဖြစ်လာခဲ့တဲ့ ရိုင်ယန် မေဆန်က ပရီးမီးယားလိဂ်သမိုင်းရဲ့ အသက်အငယ်ဆုံးနည်းပြဖြစ်လာခဲ့တယ်။ ၂၉ နှစ်သားနဲ့ နည်းပြဖြစ်လာခဲ့ပြီး ယာယီနည်းပြဘဝဆိုပေမယ့် စပါးစ်က အနေမပျက်ခဲ့တာကိုလည်း တွေ့ရတယ်။ မော်ရင်ညိုအလွန် စပါးစ်က ဘယ်လိုဖြစ်လာမလဲဆိုတာလည်း အတော်လေးစူးစမ်းချင်စရာကောင်းနေခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၁ ပြဲ၊ ၁၁ ဂိုးရွာေဖြေပးတဲ့ တေက်ာ့ျပန္ ဂါရက္သ္ေဘးလ္
ဟာရီကိန္းမရွိခ်ိန္မွာ သြင္းဂိုးေတြအတြက္ ဆြန္ေဟာင္မင္ကို မွီခိုေနရသလို ဆြန္ကလည္း အႏိုင္ဂိုးကို သြင္းႏိုင္ခဲ့တယ္။ ဒါေပမယ့္ ဒီပြဲရဲ႕ အလွည့္အေျပာင္းကို ယူေဆာင္လာသူက ဂါရက္သ္ေဘးလ္ျဖစ္ၿပီး သူ႔ရဲ႕ ေခ်ပဂိုးက ႏိုင္ပြဲက အေရးပါခဲ့တယ္။ စပါးအတြက္ ေနာက္ဆုံး ၁၁ ပြဲမွာ ဂိုးပါဝင္ပတ္သက္မႈ ၁၁ ဂိုးအထိ ရွာေဖြေပးထါးတဲ့ ေဘးလ္က ေျမာက္လန္ဒန္ေျမမွာ တေက်ာ့ျပန္ေတာက္ပလာခဲ့ၿပီလို႔ ဆိုရမယ္။


စပါးရဲ႕ထိုင္းမႈိင္းခံစစ္ကို အခြင့္ေကာင္းယူႏိုင္ေသာ္ျငား အဆုံးသတ္မလွတဲ့ စိန္႔
စိန္႔က စပါးစ္ရဲ႕ထိုင္းမႈိင္းခံစစ္ကို အခြင့္ေကာင္းယူႏိုင္ခဲ့သလို ဒန္နီအင္းစ္ကလည္း အသင္းအတြက္ ဒီရာသီ ၁၀ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့တယ္။ ဒါေပမယ့္ အဆုံးသတ္မလွခဲ့တာက ေျပာစရာျဖစ္ခဲ့ၿပီး ဟက္ဆန္ဟက္တယ္လ္က သူ႔ရဲ႕ စိန္႔အသင္းကို ျပန္ကုသဖို႔ လိုေနပါၿပီ။


VAR က ပညာစြမ္းျပျပန္ၿပီ
စပါးကိုလည္း ပညာစြမ္းျပသလို စိန္႔ကိုပါ ပညာစြမ္းျပခဲ့တဲ့ VAR က ၇၆ မိနစ္မွာ ဆြန္သြင္းယူခဲ့တဲ့ စပါးရဲ႕ ဦးေဆာင္ဂိုးဟာ လူးကပ္စ္ ေမာ္ရာရဲ႕ စိန္႔ဂိုးသမားရဲ႕ျမင္ကြင္းကို ပိတ္ဆို႔ေနတယ္ဆိုတဲ့အမႈနဲ႔ ပယ္ဖ်က္ခဲ့သလို ပြဲခ်ိန္ေနာက္ဆုံးမိနစ္ေတြမွာေတာ့ စပါးစ္ကို ပင္နယ္တီေပးခဲ့ျပန္ပါတယ္။ စပါးစ္က လက္ထိေဘာကို ပင္နယ္တီေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ရယ္ဂီလြန္လူခ်ခံရတဲ့ဆိုတဲ့ ျပစ္မႈနဲ႔ ပင္နယ္တီေပးတာကလည္း စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။


ပရီးမီးယားလိဂ္တရာသီတြင္း ဂိုးအမ်ားဆုံးသြင္းတဲ့ ဆြန္ေဟာင္မင္က EFL ဖိုင္နယ္မွာ အားကိုးရာျဖစ္လာမွာလား
ဆြန္က ဒီရာသီမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၅ ဂိုးျပည့္ေျမာက္သြားခဲ့ပါၿပီ။ ဒီပြဲရဲ႕ အႏိုင္ဂိုးရွင္လည္းျဖစ္လာသလို စပါးစ္အသင္းကို အက်ိဳးျပဳခဲ့တယ္။ ဒီရာသီက ဟာရီကိန္းနဲ႔ တြဲဖက္​ေျခစြမ္းျပၿပီး ခြၽန္ထြက္လာခဲ့တဲ့ ဆြန္ေဟာင္မင္က သူ႔သက္တမ္းမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ ပရီးမီးယားလိဂ္ရာသီျဖစ္လာခဲ့ပါတယ္။ လာမယ့္ EFL ဖိုင္နယ္မွာ စပါးစ္နည္းျပသစ္အတြ​က္ မန္စီးတီးကို ရင္ဆိုင္ဖို႔ သူက အားကိိုးရာျဖစ္လာပါလိမ့္မယ္။


ေမာ္ရင္ညိဳအထုတ္ခံရေပမယ့္ အေနမပ်က္ခဲ့တဲ့ စပါးစ္
ေမာ္ရင္ညိဳအထုတ္ခံရတဲ့ေနာက္မွာေတာ့ စပါးစ္နည္းျပသစ္ျဖစ္လာခဲ့တဲ့ ႐ိုင္ယန္ ေမဆန္က ပရီးမီးယားလိဂ္သမိုင္းရဲ႕ အသက္အငယ္ဆုံးနည္းျပျဖစ္လာခဲ့တယ္။ ၂၉ ႏွစ္သားနဲ႔ နည္းျပျဖစ္လာခဲ့ၿပီး ယာယီနည္းျပဘဝဆိုေပမယ့္ စပါးစ္က အေနမပ်က္ခဲ့တာကိုလည္း ေတြ႕ရတယ္။ ေမာ္ရင္ညိဳအလြန္ စပါးစ္က ဘယ္လိုျဖစ္လာမလဲဆိုတာလည္း အေတာ္ေလးစူးစမ္းခ်င္စရာေကာင္းေနခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.