Match Report Premier League

၂၉ နှစ်သား နည်းပြရဲ့ ပထမဆုံး ကိုင်တွယ်မှုမှာ နိုင်ပွဲနဲ့ အဖွင့်လှခဲ့တဲ့ စပါးစ်

နည်းပြ ဂျိုဆေး မော်ရင်ညိုကို ထုတ်ပယ်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ယူ-၁၉ အသင်းနည်းပြ ရိုင်ယန် မေဆန်ကို ကိုင်တွယ်ခိုင်းခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်က ပရိသတ်တွေ ကွင်းထဲမှာ မြင်ခဲ့ရပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် တစ်ပွဲကစားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟောင်းဟာ ပထမဆုံးပွဲမှာ နိုင်ပွဲနဲ့ အဖွင့်လှနိုင်ခဲ့ပါတယ်။

ဟာရီကိန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ မေဆန်အနေနဲ့ တိုက်စစ်မှူးစစ်စစ် မပါဝင်တဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပြီး တိုက်စစ်မြားဦးမှာ ဘေးလ်၊ ဆွန်နဲ့ လူးကပ်စ် မော်ရာတို့က အလှည့်ကျ ဝင်ရောက်ကစားခဲ့ချိန်မှာ စပါးစ်တို့ရဲ့ ကစားကွက်နဲ့ အသားကျမှုကတော့ ဆိုးရွားခဲ့ပြီး စောစောစီးစီးမှာပဲ ဂိုးပေးရဖို့က နီးစပ်ခဲ့သလို ဟူဂို လိုရစ်က စက္ကန့်ပိုင်းအတွင်း Double Save နိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ပထမဆုံးပွဲဖြစ်လို့ လျှော့ပေါ့ရှုမြင်နိုင်ခဲ့ကြပေမယ့် စပါးစ်အသင်းရဲ့ တိုက်စစ်ကစားပုံနဲ့ ခံစစ်စုဖွဲ့မှုကတော့ လိုအပ်ချက်တွေ များခဲ့သလို ဆောက်သမ်တန်တို့ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ကံကြမ္မာက မျက်နှာသာပေးခဲ့လို့သာ ပွဲအစပိုင်းမိနစ်တွေမှာ ဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဧည့်သည် ဆောက်သမ်တန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ပေးပို့ခဲ့တဲ့ ဝါ့ဒ်ပရောက်စ်ရဲ့ ဘောလုံးကို တိုက်စစ်မှူး ဒန်နီ အင်းစ်က မြေထောက်ခေါင်းတိုက်ချက်နဲ့ စပါးစ်နောက်တန်းကို အငိုက်မိစေခဲ့ပြီး ဂိုးသမား လိုရစ်လည်း ကာကွယ်နိုင်ဖို့ ခက်ခဲ့တာဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ ဆောက်သမ်တန်တို့ ဦးဆောင်နေခဲ့ပြီး အားနာနာနဲ့ပဲ ပြောရရင် မေဆန်ဟာ ဟေဆန်ဟွတ်တယ်လ်အဖို့ အချဉ်ဖြစ်နေခဲ့သလို ကစားသမားတွေကလည်း မော်ရင်ညိုနဲ့ နည်းစနစ်ကနေ ပြန်လည်ခွဲထွက်လာချိန်မှာ နည်းပြ လိုချင်တဲ့ ပုံစံမျိုး မကစားနိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ စပါးစ်တို့ သူတို့ကစားကွက်ကို နည်းနည်း ကျက်မိလာခဲ့ပုံပေါ်ပြီး False 9 အဖြစ် ပထမပိုင်းကထက် ပိုမိုနေရာယူနေတဲ့ လူးကပ်စ် မော်ရာရဲ့ ဘောလုံးဖြန့်ဝေမှုတွေက ပိုကောင်းလာခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ သူ့ရဲ့ ကန်ချက် နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတာကို ဘေးလ်က စိတ်ကြိုက်အနေအထားကနေ အနီးကပ် အပြင်းကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စပါးစ်တို့ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ်ခံခဲ့ရပြီး ဆွန်ဟောင်မင်ရဲ့ လှပတဲ့ ဘယ်ခြေကန်ချက်ရဲ့ ရှေ့က ဂိုးသမားနဲ့ကြားမှာ ရောက်နေတဲ့ လူးကပ်စ် မော်ရာက မြင်ကွင်းကို ပိတ်ဆို့ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဂျီနီပိုရဲ့ ဖျက်ထုတ်မှုက ကနဦးမှာ အဝါကတ်နဲ့ ဂိုးဧရိယာထိပ်က ဖရီးကစ်သာ သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဧရိယာအတွင်းမှာ ဖြစ်နေခဲ့လို့ ပင်နယ်တီ ရရှိခဲ့ပြီး ဆွန်ဟောင်မင်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်တို့အနေနဲ့ မေဆန်ရဲ့ လက်ထဲမှာ လာမယ့်ပွဲတွေမှာ ပိုကောင်းလာမလားတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဒီနေ့ပွဲလိုမျိုး ရင်တမမနဲ့ ဖြစ်ရပ်တွေက တိုးတက်မလာဘူးဆိုရင်တော့ နည်းပြသစ်တစ်ယောက်ကို အမြန်ဆုံး ခန့်အပ်သွားရဖို့ ရှိနေသလို ဥရောပဝင်ခွင့်အတွက် အရေးကြီးချိန်မှာ ဘာတွေဖြစ်လာဦးမလဲတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳကို ထုတ္ပယ္ထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ယူ-၁၉ အသင္းနည္းျပ ႐ိုင္ယန္ ေမဆန္ကို ကိုင္တြယ္ခိုင္းခဲ့ၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က ပရိသတ္ေတြ ကြင္းထဲမွာ ျမင္ခဲ့ရၿပီး အဂၤလန္လက္ေ႐ြးစင္အျဖစ္ တစ္ပြဲကစားခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္လူေဟာင္းဟာ ပထမဆုံးပြဲမွာ ႏိုင္ပြဲနဲ႔ အဖြင့္လွႏိုင္ခဲ့ပါတယ္။

ဟာရီကိန္း ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ ေမဆန္အေနနဲ႔ တိုက္စစ္မႉးစစ္စစ္ မပါဝင္တဲ့ လူစာရင္းကို ထုတ္သုံးခဲ့ၿပီး တိုက္စစ္ျမားဦးမွာ ေဘးလ္၊ ဆြန္နဲ႔ လူးကပ္စ္ ေမာ္ရာတို႔က အလွည့္က် ဝင္ေရာက္ကစားခဲ့ခ်ိန္မွာ စပါးစ္တို႔ရဲ႕ ကစားကြက္နဲ႔ အသားက်မႈကေတာ့ ဆိုး႐ြားခဲ့ၿပီး ေစာေစာစီးစီးမွာပဲ ဂိုးေပးရဖို႔က နီးစပ္ခဲ့သလို ဟူဂို လိုရစ္က စကၠန႔္ပိုင္းအတြင္း Double Save ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ပထမဆုံးပြဲျဖစ္လို႔ ေလွ်ာ့ေပါ့ရႈျမင္ႏိုင္ခဲ့ၾကေပမယ့္ စပါးစ္အသင္းရဲ႕ တိုက္စစ္ကစားပုံနဲ႔ ခံစစ္စုဖြဲ႕မႈကေတာ့ လိုအပ္ခ်က္ေတြ မ်ားခဲ့သလို ေဆာက္သမ္တန္တို႔ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ကံၾကမၼာက မ်က္ႏွာသာေပးခဲ့လို႔သာ ပြဲအစပိုင္းမိနစ္ေတြမွာ ဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဧည့္သည္ ေဆာက္သမ္တန္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေပးပို႔ခဲ့တဲ့ ဝါ့ဒ္ပေရာက္စ္ရဲ႕ ေဘာလုံးကို တိုက္စစ္မႉး ဒန္နီ အင္းစ္က ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ စပါးစ္ေနာက္တန္းကို အငိုက္မိေစခဲ့ၿပီး ဂိုးသမား လိုရစ္လည္း ကာကြယ္ႏိုင္ဖို႔ ခက္ခဲ့တာျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ ေဆာက္သမ္တန္တို႔ ဦးေဆာင္ေနခဲ့ၿပီး အားနာနာနဲ႔ပဲ ေျပာရရင္ ေမဆန္ဟာ ေဟဆန္ဟြတ္တယ္လ္အဖို႔ အခ်ဥ္ျဖစ္ေနခဲ့သလို ကစားသမားေတြကလည္း ေမာ္ရင္ညိဳနဲ႔ နည္းစနစ္ကေန ျပန္လည္ခြဲထြက္လာခ်ိန္မွာ နည္းျပ လိုခ်င္တဲ့ ပုံစံမ်ိဳး မကစားႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာေတာ့ စပါးစ္တို႔ သူတို႔ကစားကြက္ကို နည္းနည္း က်က္မိလာခဲ့ပုံေပၚၿပီး False 9 အျဖစ္ ပထမပိုင္းကထက္ ပိုမိုေနရာယူေနတဲ့ လူးကပ္စ္ ေမာ္ရာရဲ႕ ေဘာလုံးျဖန႔္ေဝမႈေတြက ပိုေကာင္းလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ သူ႔ရဲ႕ ကန္ခ်က္ ေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ေဘးလ္က စိတ္ႀကိဳက္အေနအထားကေန အနီးကပ္ အျပင္းကန္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန စပါးစ္တို႔ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာသတ္မွတ္ခံခဲ့ရၿပီး ဆြန္ေဟာင္မင္ရဲ႕ လွပတဲ့ ဘယ္ေျခကန္ခ်က္ရဲ႕ ေရွ႕က ဂိုးသမားနဲ႔ၾကားမွာ ေရာက္ေနတဲ့ လူးကပ္စ္ ေမာ္ရာက ျမင္ကြင္းကို ပိတ္ဆို႔ခဲ့တယ္ဆိုၿပီး ပယ္ဖ်က္ခံခဲ့ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဂ်ီနီပိုရဲ႕ ဖ်က္ထုတ္မႈက ကနဦးမွာ အဝါကတ္နဲ႔ ဂိုးဧရိယာထိပ္က ဖရီးကစ္သာ သတ္မွတ္ေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဧရိယာအတြင္းမွာ ျဖစ္ေနခဲ့လို႔ ပင္နယ္တီ ရရွိခဲ့ၿပီး ဆြန္ေဟာင္မင္က အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္တို႔အေနနဲ႔ ေမဆန္ရဲ႕ လက္ထဲမွာ လာမယ့္ပြဲေတြမွာ ပိုေကာင္းလာမလားေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ဒီေန႔ပြဲလိုမ်ိဳး ရင္တမမနဲ႔ ျဖစ္ရပ္ေတြက တိုးတက္မလာဘူးဆိုရင္ေတာ့ နည္းျပသစ္တစ္ေယာက္ကို အျမန္ဆုံး ခန႔္အပ္သြားရဖို႔ ရွိေနသလို ဥေရာပဝင္ခြင့္အတြက္ အေရးႀကီးခ်ိန္မွာ ဘာေတြျဖစ္လာဦးမလဲေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.