Match Report Premier League

ဗီလာကို အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံဆုအတွက် တစ်လှမ်းနီးလာခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ အက်စတန်ဗီလာကို အဝေးကွင်းမှာ ကစားခဲ့ရချိန်မှာ နောက်ဆုံးပြိုင်ပွဲစုံမှာ အနည်းငယ် ကျဆင်းနေတဲ့ ခြေစွမ်းအရ ပရိသတ်တွေ စိုးရိမ်ခဲ့ရပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ နောက်ကလိုက်ပြီး သွင်းယူခဲ့တဲ့ နှစ်ဂိုးနဲ့ ပွဲက အဖြေပေါ်ခဲ့ပြီး လိုအပ်တဲ့ ရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ကွင်းလယ်လူ ဂွန်ဒိုးဝမ် ပြန်လည်ပါဝင်လာပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ပွဲမှာ စီးတီးတို့ အိမ်ကွင်းအဖွင့် မလှခဲ့ဘဲ စောစောစီးစီး ပွဲချိန် ၁ မိနစ်မပြည့်ခင် ၂၁ စက္ကန့်မှာပဲ ထိုးနှက်ခံခဲ့ရပြီး ဗီလာကွင်းလယ်လူ ဂျွန်မက်ဂင်းက တန်ပြန်တိုက်စစ်ကနေ အီဒါဆန်ကို အနိုင်ယူသွားခဲ့ပါတယ်။

ဒီဂိုးမှာတော့ မလိုအပ်ဘဲ ခြေထောက်မြှောက်ဝင်တဲ့ ရိုဒရီကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို တိုင်ရုန်းမင်းစ် ကန်တင်ပေးရာမှာ ဂျွန်စတုန်းစ် ဖျက်ပုံ မသေသပ်တာကြောင့် ဘောလုံးက ဝပ်ကင်းစ်ဆီ ရောက်သွားခဲ့ရာမှာ အဆင်သင့်မဖြစ်တဲ့ စီးတီးနောက်တန်းကြောင့် အတော်လေးလွယ်သွားခဲ့ပြီး သူချိုးပေးတာကို မက်ဂင်းက အလျင်အမြန် ကန်သွင်းသွားခဲ့တာပါ။

မန်စီးတီးရဲ့ တီကီတာကာ အခြေခံစတိုင်နဲ့ အက်စ်တန်ဗီလာရဲ့ Direct Attacking ကြားမှာ ကြည့်လို့ကောင်းခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး စီးတီးတို့ ဘောလုံးပျက်တာနဲ့ အိမ်ရှင်တွေဘက်က အတိုးအလှုပ်သန်တဲ့ ဘာထရန် ထရာအိုရေးရဲ့ တိုက်စစ်ဆင်မှုတွေကလည်း ထိရောက်ခဲ့ပြီး ဂရီးလစ်ရှ်သာ ပါခဲ့ရင် ဧည့်သည်တွေ မျက်နှာပျက်ရနိုင်တဲ့ ပွဲမျိုးလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ စီးတီးတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အီဒါဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဇင်ချန်ကို ခေါင်းတိုက်ချ ပေးတာကို ဘယ်ခြမ်းက ဖိုဒန်က တိုက်စစ်အတွက် စတင်ခဲ့ပြီး သူကနေ ညာခြမ်းက မာရက်ဇ်၊ မာရက်ဇ် ခင်းပေးတဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗား Cut Back လုပ်ပေးတာကို ဖိုဒန်က ပြန်လည်နေရာယူပြီး အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဗီလာနောက်တန်းက လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ စီးတီးတို့ အနိုင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းက ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗားကပဲ ပြန်တင်ပေးခဲ့တာကို လူကပ်ပုံ ပေါ့လျော့နေတဲ့ ဗီလာနောက်တန်းရှေ့ကနေ ပထမဂိုးတုန်းက အမှားမကင်းတဲ့ ကွင်းလယ်လူ ရိုဒရီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ နောက်ပိုင်းပွဲတွေမှာ စီးတီးတို့ ခြေကျလာရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဂျွန်စတုန်းစ်က တန်ပြန်တိုက်စစ်က ပြေးထွက်လာတဲ့ ရမ်ဆေးကို ချိန်သားမကိုက်ဘဲ ကန်မိခဲ့ပြီး ဒိုင်လူကြီးက အဝါကတ်သာ ပြခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဘာမှမဆိုင်တဲ့ ဖျက်ထုတ်မှုက ဒူးအထက်ကို ကြမ်းကြမ်းတမ်းတမ်း ကန်မိခဲ့တယ်လို့ ဆုံးဖြတ်တာကြောင့် အနီကတ်ပါ အပြခံခဲ့ရပါတယ်။

ပထမပိုင်းမှာ စီးတီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဂျေဆူးစ်အစား လာပေါ့တ်ကို ဂွါဒီယိုလာက လူစားလဲပြီး ဂျွန်စတုန်းစ်ရဲ့ နေရာအတွက် ထည့်သွင်းခဲ့သလို ဆယ်ယောက်နဲ့ ကစားနေခဲ့ရတာကြောင့် အိမ်ရှင်ဗီလာတို့ ပိုမိုဖိကစားပြီး ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ လူတစ်ယောက်သာမှုက ၁၂ မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ အန္တရာယ်မရှိတဲ့ အနေအထားကနေ ဖိုဒန်ကို နောက်က လိုက်ပိုင်းမိတဲ့ ဗီလာနောက်ခံလူ မက်တီ ကတ်ရှ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ ဆယ်ယောက်စီ ပြန်ဖြစ်သွားခဲ့သလို စီးတီးတို့ ပွဲကို ပြန်ပြီး ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်ချိန်မှာတော့ စီးတီးတို့ ပထမပိုင်းက ရလဒ်အတိုင်း နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဂွါဒီယိုလာကတော့ လူတွေကို အယုံ မလွန်ဖို့နဲ့ ခံစစ်ပိုင်းမှာ မူလအတိုင်း အပြောင်းအလဲလုပ်ပြီး ဈေးကြီးပေး ခေါ်ယူထားတဲ့ လာပေါ့တ်နဲ့အတူ ဖွဲ့စည်းမှုအသစ်ကို ပြန်လည်တည်ဆောက်ဖို့ အချိန်ကျရောက်လာခဲ့ကြောင်းနဲ့ ဒါမှသာ ချန်ပီယံဆုအတွက် အခြေအနေကောင်းနိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ အက္စတန္ဗီလာကို အေဝးကြင္းမွာ ကစားခဲ့ရခ်ိန္မွာ ေနာက္ဆုံးၿပိဳင္ပြဲစုံမွာ အနည္းငယ္ က်ဆင္းေနတဲ့ ေျခစြမ္းအရ ပရိသတ္ေတြ စိုးရိမ္ခဲ့ရေပမယ့္ ပထမပိုင္းမၿပီးခင္မွာပဲ ေနာက္ကလိုက္ၿပီး သြင္းယူခဲ့တဲ့ ႏွစ္ဂိုးနဲ႔ ပြဲက အေျဖေပၚခဲ့ၿပီး လိုအပ္တဲ့ ရလဒ္ကို ရယူသြားႏိုင္ခဲ့ပါတယ္။

ကြင္းလယ္လူ ဂြန္ဒိုးဝမ္ ျပန္လည္ပါဝင္လာၿပီး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ပြဲမွာ စီးတီးတို႔ အိမ္ကြင္းအဖြင့္ မလွခဲ့ဘဲ ေစာေစာစီးစီး ပြဲခ်ိန္ ၁ မိနစ္မျပည့္ခင္ ၂၁ စကၠန႔္မွာပဲ ထိုးႏွက္ခံခဲ့ရၿပီး ဗီလာကြင္းလယ္လူ ဂြၽန္မက္ဂင္းက တန္ျပန္တိုက္စစ္ကေန အီဒါဆန္ကို အႏိုင္ယူသြားခဲ့ပါတယ္။

ဒီဂိုးမွာေတာ့ မလိုအပ္ဘဲ ေျခေထာက္ေျမႇာက္ဝင္တဲ့ ႐ိုဒရီေၾကာင့္ ေပးခဲ့ရတဲ့ ဖရီးကစ္ကို တိုင္႐ုန္းမင္းစ္ ကန္တင္ေပးရာမွာ ဂြၽန္စတုန္းစ္ ဖ်က္ပုံ မေသသပ္တာေၾကာင့္ ေဘာလုံးက ဝပ္ကင္းစ္ဆီ ေရာက္သြားခဲ့ရာမွာ အဆင္သင့္မျဖစ္တဲ့ စီးတီးေနာက္တန္းေၾကာင့္ အေတာ္ေလးလြယ္သြားခဲ့ၿပီး သူခ်ိဳးေပးတာကို မက္ဂင္းက အလ်င္အျမန္ ကန္သြင္းသြားခဲ့တာပါ။

မန္စီးတီးရဲ႕ တီကီတာကာ အေျခခံစတိုင္နဲ႔ အက္စ္တန္ဗီလာရဲ႕ Direct Attacking ၾကားမွာ ၾကည့္လို႔ေကာင္းခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး စီးတီးတို႔ ေဘာလုံးပ်က္တာနဲ႔ အိမ္ရွင္ေတြဘက္က အတိုးအလႈပ္သန္တဲ့ ဘာထရန္ ထရာအိုေရးရဲ႕ တိုက္စစ္ဆင္မႈေတြကလည္း ထိေရာက္ခဲ့ၿပီး ဂရီးလစ္ရွ္သာ ပါခဲ့ရင္ ဧည့္သည္ေတြ မ်က္ႏွာပ်က္ရႏိုင္တဲ့ ပြဲမ်ိဳးလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ စီးတီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး အီဒါဆန္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဇင္ခ်န္ကို ေခါင္းတိုက္ခ် ေပးတာကို ဘယ္ျခမ္းက ဖိုဒန္က တိုက္စစ္အတြက္ စတင္ခဲ့ၿပီး သူကေန ညာျခမ္းက မာရက္ဇ္၊ မာရက္ဇ္ ခင္းေပးတဲ့ ေဘာလုံးကို ဘာနာဒို ေဆးလ္ဗား Cut Back လုပ္ေပးတာကို ဖိုဒန္က ျပန္လည္ေနရာယူၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဗီလာေနာက္တန္းက လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ စီးတီးတို႔ အႏိုင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာျခမ္းက ရွိေနတဲ့ ဘာနာဒို ေဆးလ္ဗားကပဲ ျပန္တင္ေပးခဲ့တာကို လူကပ္ပုံ ေပါ့ေလ်ာ့ေနတဲ့ ဗီလာေနာက္တန္းေရွ႕ကေန ပထမဂိုးတုန္းက အမွားမကင္းတဲ့ ကြင္းလယ္လူ ႐ိုဒရီက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ေနာက္ပိုင္းပြဲေတြမွာ စီးတီးတို႔ ေျခက်လာရျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုျဖစ္တဲ့ ဂြၽန္စတုန္းစ္က တန္ျပန္တိုက္စစ္က ေျပးထြက္လာတဲ့ ရမ္ေဆးကို ခ်ိန္သားမကိုက္ဘဲ ကန္မိခဲ့ၿပီး ဒိုင္လူႀကီးက အဝါကတ္သာ ျပခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဘာမွမဆိုင္တဲ့ ဖ်က္ထုတ္မႈက ဒူးအထက္ကို ၾကမ္းၾကမ္းတမ္းတမ္း ကန္မိခဲ့တယ္လို႔ ဆုံးျဖတ္တာေၾကာင့္ အနီကတ္ပါ အျပခံခဲ့ရပါတယ္။

ပထမပိုင္းမွာ စီးတီးတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ေဂ်ဆူးစ္အစား လာေပါ့တ္ကို ဂြါဒီယိုလာက လူစားလဲၿပီး ဂြၽန္စတုန္းစ္ရဲ႕ ေနရာအတြက္ ထည့္သြင္းခဲ့သလို ဆယ္ေယာက္နဲ႔ ကစားေနခဲ့ရတာေၾကာင့္ အိမ္ရွင္ဗီလာတို႔ ပိုမိုဖိကစားၿပီး ေခ်ပဂိုးရဖို႔ တိုက္စစ္ဆင္ခဲ့ပါတယ္။

ဒါေပမယ့္ သူတို႔ရဲ႕ လူတစ္ေယာက္သာမႈက ၁၂ မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အႏၲရာယ္မရွိတဲ့ အေနအထားကေန ဖိုဒန္ကို ေနာက္က လိုက္ပိုင္းမိတဲ့ ဗီလာေနာက္ခံလူ မက္တီ ကတ္ရွ္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ ဆယ္ေယာက္စီ ျပန္ျဖစ္သြားခဲ့သလို စီးတီးတို႔ ပြဲကို ျပန္ၿပီး ထိန္းသိမ္းသြားႏိုင္ခဲ့ပါတယ္။

မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ စီးတီးတို႔ ပထမပိုင္းက ရလဒ္အတိုင္း ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဂြါဒီယိုလာကေတာ့ လူေတြကို အယုံ မလြန္ဖို႔နဲ႔ ခံစစ္ပိုင္းမွာ မူလအတိုင္း အေျပာင္းအလဲလုပ္ၿပီး ေဈးႀကီးေပး ေခၚယူထားတဲ့ လာေပါ့တ္နဲ႔အတူ ဖြဲ႕စည္းမႈအသစ္ကို ျပန္လည္တည္ေဆာက္ဖို႔ အခ်ိန္က်ေရာက္လာခဲ့ေၾကာင္းနဲ႔ ဒါမွသာ ခ်န္ပီယံဆုအတြက္ အေျခအေနေကာင္းႏိုင္မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.