Match Report Premier League

ချဲလ်ဆီး 0-0 ဘရိုက်တန် ပွဲအပြီး အားမလို အားမရနဲ့ မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ အဆင့် ၄ တိုက်ပွဲမှာ ဘဝနာဦးမယ့် ချယ်လ်ဆီး
ချယ်လ်ဆီးက လွယ်တာကို ခက်အောင်လုပ်ခဲ့ပြန်ပါပြီ။ ဒီပွဲမကစားခင်မှာ ဝက်စ်ဟမ်း၊ စပါးစ်၊ လီဗာပူးလ်တို့က ပြိုင်တူသရေကျထားတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင် ၃ မှတ်သာရရင် လက်စတာကို ၁ မှတ်ဖြတ်ပြီး အဆင့် ၃ မှာ တက်တိုက်နေရုံပါပဲ။ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။ လက်ကျန် ၆ ပွဲမှာ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ မန်စီးတီး၊ လက်စတာတို့နဲ့ ပွဲကျပ်တော့မှာဖြစ်လို့ အဆင့် ၄ တိုက်ပွဲမှာ ဘဝနာဦးမယ့် ချယ်လ်ဆီးလို့သာ ဆိုပါရစေ။

၂။ ပိုကောင်းတဲ့ စင်ရော်က အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပေမယ့်
ဘရိုက်တန်က ဘောလုံးပိုင်ဆိုင်မှုအသာမရပေမယ့် ချယ်လ်ဆီးထက် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုများခဲ့တယ်။ ဝဲလ်ဘတ်ရဲ့ဂိုးလည်း နစ်နာခဲ့ရလို့သာ ဘရိုက်တန်က သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်တယ်။ တန်းဆင်းဇုန်ရုန်းအားကို ပြသခဲ့ပြီး ဂရေဟမ် ပေါ်တာရဲ့အသင်းက ဒီပွဲရဲ့ အကောင်းဆုံး အခွင့်အရေးတွေကို ရရှိခဲ့တာပါ။

၃။ ဥရောပစူပါလိဂ်ကြောင့် အာရုံထွေပြားခဲ့လေသလား ချယ်လ်ဆီး
ဥရောပစူပါလိဂ်ကို တည်ထောင်သူ ၁၂ သင်းထဲမှာ ပါဝင်ပြီး ကြေငြာခဲ့တဲ့ ချယ်ဆီးက ပွဲမကစားခင် ကွင်းရှေ့မှာ ပရိသတ်တွေရဲ့ အချိန်အတန်ကြာ ဆန္ဒပြခြင်းကို ခံခဲ့ရတယ်။ ပီတာချက်က မေတ္တာရပ်ခံခဲ့လို့သာ အသင်းဘတ်စ်ကားက ထွက်ခွာခွင့်ရခဲ့တယ်။ ဒါက တူဟယ်လ်ရဲ့ ကွင်းတွင်းခြေစွမ်းကိုပါ ထိခိုက်ခဲ့တာကို တွေ့ခဲ့ရပြီး သူကိုယ်တိုင်ကလည်း အသင်းသားတွေအကုန်လုံး စိတ်ဖိအားများနေကြောင်း ပွဲအပြီးမှာ အကြောင်းရင်းဝန်ခံခဲ့တယ်။

၄။ ပွဲ၂၀ မှာ ၁၅ ပွဲ Clean Sheet ယူထားတဲ့ ချယ်လ်ဆီးရဲ့ အံ့မခန်းမှတ်တမ်း
တူဟယ်လ်ရောက်လာပြီးမှာ ချယ်လ်ဆီးခံစစ်ကြောင်း ထိုးဖောက်ရခက်ခဲလွန်းအောင်ကို ကျစ်လစ်တောင့်တင်းတာကို တွေ့နေရတာက တကယ့်ကျောက်ဆောင်ခံစစ် စစ်စစ်ပါ။ တူဟယ်လ်ရဲ့ သက်တမ်းမှာ ပွဲ ၂၀ ကစားထားပြီး ၁၅ ပွဲအထိ ​ပေးဂိုးမရှိ Clean Sheet ယူထားတာက အတော်လေး အံ့သြချီးကျူးစရာကောင်းတဲ့ မှတ်တမ်းဖြစ်ပါတယ်။

၅။ စာရွက်ပေါ်မှာ ရှင်ဘုရင်… ကွင်းထဲမှာ သူဖုန်းစား
တူဟယ်လ်က ချယ်လ်ဆီးအတွက် ခံစစ်ကို အလုပ်လုပ်ပြီးပြီ။ ငြိမ်နေအောင် တည်ဆောက်ပြီးပြီ။ တိုက်စစ်ပိုင်းအတွက် အလုပ်လုပ်ရပါဦးမယ်။ ဂိုးရရေးအတွက် တိုက်စစ်ကို ပြင်ဆင်ရပါဦးမယ်။ တီမို ဗာနာ၊ ဟာကင်းမ် ဇီးယက်ရှ်တို့ပါဝင်တဲ့ စာရွက်လူစာရင်းက အ​တော်လေး ရှင်ဘုရင်ဆန်လွန်းပေမယ့် တကယ့်ကွင်းထဲက ဂိုးသွင်းအားမှာတော့ သူဖုန်းစားသာသာဖြစ်နေတာကို တွေ့ရတယ်။ ၁ ဂိုးထက်ပိုမသွင်းနိုင်တာ ၄ ပွဲဆက်အဖြစ် အတော်လေးညံ့ဖျင်းတဲ့ တိုက်စစ်ကို ကုသဖို့လိုပါပြီ။

၆။ ၅ ပွဲဆက် ပေးဂိုးမရှိတဲ့ ဘုရားစူးကယ်ပါရဲ့ အံ့ဘနန်း လက်စွမ်း
မန်ဒီရောက်လာပြီးနောက်မှာ နေရာပျောက်သွားခဲ့တဲ့ အတိတ်က အမှားတွေများလွန်ပြီး ဂိုးတွေလွယ်လွယ်ပေးရတတ်လွန်းပါတယ်ဆိုတဲ့ ဂိုးသမား ကယ်ပါက ချယ်လ်ဆီးအတွက် နောက်ဆုံး ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် Clean Sheet ယူပေးထါးတာကို အံ့ဘနန်းမြင်တွေ့ရတယ်။ ဒါက ကယ်ပါဆီက မမျှော်လင့်ခဲ့ဖူးတဲ့ အရာဖြစ်ပြီး တူဟယ်လ်က သူ့ကိုပါ တိုးတက်စေခဲ့တယ်။

၇။ ချန်ပီယံလိဂ်ဆီမီးနဲ့ FA ဖိုင်နယ်ကို ရောက်ပြီးမှ ပရိသတ်ငြိုငြင်မှု​ကြောင့် ခွာလိပ်သွားမှာလား
တူဟယ်လ်က ပြီးခဲ့တဲ့အပတ်ကမှ ချန်ပီယံလိဂ်ဆီမီးနဲ့ FA ဖလားဖိုင်နယ်ကို တက်ရောက်ထားတဲ့ ချယ်လ်ဆီးအသင်းအတွက် အာရုံထွေပြားစရာ ကိစ္စရပ်တွေက တန်းစီစောင့်ကြိုနေတာကြောင့် အတော်လေးစိတ်ပျက်မိကြောင်း ထုတ်ဖော်ခဲ့ပြီး မိမိကစားသမားတွေဟာ ပရိသတ်တွေရဲ့ ငြိုငြင်မှုကြောင့် စိတ်ညှိုးငယ်နေကြတယ်လို့ ဝန်ခံခဲ့တယ်။ အသင်းရဲ့ အရှိန်အဟုန်ပြင်းပြင်း ရွေ့လျားနေမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို အထိနာစေခဲ့တယ်လို့ ပွဲအပြီးမှာ ဆိုပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ အဆင့္ ၄ တိုက္ပြဲမွာ ဘဝနာဦးမယ့္ ခ်ယ္လ္ဆီး
ခ်ယ္လ္ဆီးက လြယ္တာကို ခက္ေအာင္လုပ္ခဲ့ျပန္ပါၿပီ။ ဒီပြဲမကစားခင္မွာ ဝက္စ္ဟမ္း၊ စပါးစ္၊ လီဗာပူးလ္တို႔က ၿပိဳင္တူသေရက်ထားတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အႏိုင္ ၃ မွတ္သာရရင္ လက္စတာကို ၁ မွတ္ျဖတ္ၿပီး အဆင့္ ၃ မွာ တက္တိုက္ေန႐ုံပါပဲ။ ဒီအခြင့္အေရးကို လက္လႊတ္ခဲ့ပါတယ္။ လက္က်န္ ၆ ပြဲမွာ ဝက္စ္ဟမ္း၊ အာဆင္နယ္၊ မန္စီးတီး၊ လက္စတာတို႔နဲ႔ ပြဲက်ပ္ေတာ့မွာျဖစ္လို႔ အဆင့္ ၄ တိုက္ပြဲမွာ ဘဝနာဦးမယ့္ ခ်ယ္လ္ဆီးလို႔သာ ဆိုပါရေစ။

၂။ ပိုေကာင္းတဲ့ စင္ေရာ္က အႏိုင္ ၃ မွတ္နဲ႔ ထိုက္တန္ခဲ့ေပမယ့္
ဘ႐ိုက္တန္က ေဘာလုံးပိုင္ဆိုင္မႈအသာမရေပမယ့္ ခ်ယ္လ္ဆီးထက္ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ပိုမ်ားခဲ့တယ္။ ဝဲလ္ဘတ္ရဲ႕ဂိုးလည္း နစ္နာခဲ့ရလို႔သာ ဘ႐ိုက္တန္က သေရတမွတ္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္တယ္။ တန္းဆင္းဇုန္႐ုန္းအားကို ျပသခဲ့ၿပီး ဂေရဟမ္ ေပၚတာရဲ႕အသင္းက ဒီပြဲရဲ႕ အေကာင္းဆုံး အခြင့္အေရးေတြကို ရရွိခဲ့တာပါ။

၃။ ဥေရာပစူပါလိဂ္ေၾကာင့္ အာ႐ုံေထြျပားခဲ့ေလသလား ခ်ယ္လ္ဆီး
ဥေရာပစူပါလိဂ္ကို တည္ေထာင္သူ ၁၂ သင္းထဲမွာ ပါဝင္ၿပီး ေၾကျငာခဲ့တဲ့ ခ်ယ္ဆီးက ပြဲမကစားခင္ ကြင္းေရွ႕မွာ ပရိသတ္ေတြရဲ႕ အခ်ိန္အတန္ၾကာ ဆႏၵျပျခင္းကို ခံခဲ့ရတယ္။ ပီတာခ်က္က ေမတၱာရပ္ခံခဲ့လို႔သာ အသင္းဘတ္စ္ကားက ထြက္ခြာခြင့္ရခဲ့တယ္။ ဒါက တူဟယ္လ္ရဲ႕ ကြင္းတြင္းေျခစြမ္းကိုပါ ထိခိုက္ခဲ့တာကို ေတြ႕ခဲ့ရၿပီး သူကိုယ္တိုင္ကလည္း အသင္းသားေတြအကုန္လုံး စိတ္ဖိအားမ်ားေနေၾကာင္း ပြဲအၿပီးမွာ အေၾကာင္းရင္းဝန္ခံခဲ့တယ္။

၄။ ပြဲ၂၀ မွာ ၁၅ ပြဲ Clean Sheet ယူထားတဲ့ ခ်ယ္လ္ဆီးရဲ႕ အံ့မခန္းမွတ္တမ္း
တူဟယ္လ္ေရာက္လာၿပီးမွာ ခ်ယ္လ္ဆီးခံစစ္ေၾကာင္း ထိုးေဖာက္ရခက္ခဲလြန္းေအာင္ကို က်စ္လစ္ေတာင့္တင္းတာကို ေတြ႕ေနရတာက တကယ့္ေက်ာက္ေဆာင္ခံစစ္ စစ္စစ္ပါ။ တူဟယ္လ္ရဲ႕ သက္တမ္းမွာ ပြဲ ၂၀ ကစားထားၿပီး ၁၅ ပြဲအထိ ​ေပးဂိုးမရွိ Clean Sheet ယူထားတာက အေတာ္ေလး အံ့ၾသခ်ီးက်ဴးစရာေကာင္းတဲ့ မွတ္တမ္းျဖစ္ပါတယ္။

၅။ စာ႐ြက္ေပၚမွာ ရွင္ဘုရင္… ကြင္းထဲမွာ သူဖုန္းစား
တူဟယ္လ္က ခ်ယ္လ္ဆီးအတြက္ ခံစစ္ကို အလုပ္လုပ္ၿပီးၿပီ။ ၿငိမ္ေနေအာင္ တည္ေဆာက္ၿပီးၿပီ။ တိုက္စစ္ပိုင္းအတြက္ အလုပ္လုပ္ရပါဦးမယ္။ ဂိုးရေရးအတြက္ တိုက္စစ္ကို ျပင္ဆင္ရပါဦးမယ္။ တီမို ဗာနာ၊ ဟာကင္းမ္ ဇီးယက္ရွ္တို႔ပါဝင္တဲ့ စာ႐ြက္လူစာရင္းက အ​ေတာ္ေလး ရွင္ဘုရင္ဆန္လြန္းေပမယ့္ တကယ့္ကြင္းထဲက ဂိုးသြင္းအားမွာေတာ့ သူဖုန္းစားသာသာျဖစ္ေနတာကို ေတြ႕ရတယ္။ ၁ ဂိုးထက္ပိုမသြင္းႏိုင္တာ ၄ ပြဲဆက္အျဖစ္ အေတာ္ေလးညံ့ဖ်င္းတဲ့ တိုက္စစ္ကို ကုသဖို႔လိုပါၿပီ။

၆။ ၅ ပြဲဆက္ ေပးဂိုးမရွိတဲ့ ဘုရားစူးကယ္ပါရဲ႕ အံ့ဘနန္း လက္စြမ္း
မန္ဒီေရာက္လာၿပီးေနာက္မွာ ေနရာေပ်ာက္သြားခဲ့တဲ့ အတိတ္က အမွားေတြမ်ားလြန္ၿပီး ဂိုးေတြလြယ္လြယ္ေပးရတတ္လြန္းပါတယ္ဆိုတဲ့ ဂိုးသမား ကယ္ပါက ခ်ယ္လ္ဆီးအတြက္ ေနာက္ဆုံး ၿပိဳင္ပြဲစုံ ၅ ပြဲဆက္တိုက္ Clean Sheet ယူေပးထါးတာကို အံ့ဘနန္းျမင္ေတြ႕ရတယ္။ ဒါက ကယ္ပါဆီက မေမွ်ာ္လင့္ခဲ့ဖူးတဲ့ အရာျဖစ္ၿပီး တူဟယ္လ္က သူ႔ကိုပါ တိုးတက္ေစခဲ့တယ္။

၇။ ခ်န္ပီယံလိဂ္ဆီမီးနဲ႔ FA ဖိုင္နယ္ကို ေရာက္ၿပီးမွ ပရိသတ္ၿငိဳျငင္မႈ​ေၾကာင့္ ခြာလိပ္သြားမွာလား
တူဟယ္လ္က ၿပီးခဲ့တဲ့အပတ္ကမွ ခ်န္ပီယံလိဂ္ဆီမီးနဲ႔ FA ဖလားဖိုင္နယ္ကို တက္ေရာက္ထားတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ အာ႐ုံေထြျပားစရာ ကိစၥရပ္ေတြက တန္းစီေစာင့္ႀကိဳေနတာေၾကာင့္ အေတာ္ေလးစိတ္ပ်က္မိေၾကာင္း ထုတ္ေဖာ္ခဲ့ၿပီး မိမိကစားသမားေတြဟာ ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈေၾကာင့္ စိတ္ညႇိဳးငယ္ေနၾကတယ္လို႔ ဝန္ခံခဲ့တယ္။ အသင္းရဲ႕ အရွိန္အဟုန္ျပင္းျပင္း ေ႐ြ႕လ်ားေနမႈ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ တက္ႂကြမႈကို အထိနာေစခဲ့တယ္လို႔ ပြဲအၿပီးမွာ ဆိုပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.