Article Premier League

မန်ချက်စတာမှာ အပြာရောင်လွှမ်းဖို့ထားဦး တန်းပါဆင်းရလိမ့်မယ်ဆိုတဲ့ ဆာဖာဂီရဲ့ ဟောကိန်းကို မန်စီးတီးက တက်တက်စင်အောင်လွဲစေခဲ့ပြီးလား

” မန်စီးတီးအနေနဲ့ ငွေထုပ်ပိုက်ပြီး ကြိုက်တဲ့ ကစားသမားကို ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတို့က မန်ယူနိုက်တက်လို သရဲနီစိတ်ဓာတ်ပြည့်ဝတဲ့ အသင်းမျိုး​ြကိုh တည်ဆောက်နိုင်ပါ့မလား ”

” ငွေသိပ်ပေါတော့လည်း လက်လွတ်စပယ် လူဝယ်နိုင်တာပေါ့လေ။ ၁၉၅၀ ခုနှစ်များဆီက ဆန်းဒါးလန်းအသင်းလိုပေါ့။ အင်္ဂလန်ရဲ့ ဘဏ်တိုက်ကြီးလေ။ သူတို့က တန်းဆင်းသွားခဲ့ရသလိုမျိုး မန်စီးတီးလည်း တန်းမဆင်းသွားဖို့သာ မျှော်လင့်ပါတယ် ”

ဒီစကားကို လွန်ခဲ့တဲ့ ၁၁ နှစ်က ဆာအဲလက်စ် ဖာဂူဆန်က ပြောခဲ့တာပါ။ အင်္ဂလန်မှာ မန်ချက်စတာအပြာရောင်လွှမ်းမိုးနိုင်ပြီး ဥရောပအဆင့်ကိုပါ အုပ်စိုးနိုင်မလားဆိုတဲ့မေးခွန်းကို ဆာဖာဂီက အခုလိုပဲ ခပ်ရဲရဲဖြေခဲ့ပေမယ့် သူ့ရဲ့ဟောကိန်းက တက်တက်စင်အောင်လွဲခဲ့ပြီဆိုတာ စီးတီးရဲ့လက်ရှိအောင်မြင်မှုတွေက အဓိကသက်သေခံနေပါတယ်။

ပပ်လက်ထဲက စီးတီးအသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားတွေကိုသာ ဆွတ်ခူးခဲ့ရင် နောက်ဆုံး ၄ နှစ်အတွင်း ပြည်တွင်းဖလား ၁၂ လုံးမှာ ၈လုံးအထိ သိမ်းပိုက်နိုင်တဲ့အသင်းဖြစ်လာမှာပါ။ ဒါကမှ အင်္ဂလန်မှာ မန်ချက်စတာအပြာရောင်လွှမ်းမိုးတာ မဟုတ်ရင် တခြားအဖြေတခုရှိမလားဆိုတာက ဆာဖာဂီကို စပ်ဖျင်းဖျင်းဖြစ်စေပါလိမ့်မယ်။

ဒါက မန်စီးတီးအတွက် ဂုဏ်ယူဝံ့ကြားစရာ အထက်စီး ဖြစ်ရပ်ပါ။ ပြိုင်ဘက်အသင်းတိုင်းကိုလည်း ကြောက်ဒူးတုန်သွားစေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က စီးတီးကို စိန်ခေါ်ပြီး EPL ကို သိမ်းပိုက်သွားတဲ့ လီဗာပူးလ်ကလွဲရင် အင်္ဂလန်ပြည်တွင်းမှာ အပြာရောင်မိုးကောင်းကင်ကို ရစ်သီသီလုပ်ပြီး အနားကပ်နိုင်တဲ့အသင်းက တသင်းမှမရှိတာကို တွေ့ရတယ်။

ပရီးမီးယားလိဂ်ကို မောင်ပိုင်စီးထားတဲ့ စီးတီးကို စိန်ခေါ်ဖို့ ဘယ်အသင်းမှ အရည်အချင်းမပြည့်မီခြင်းက မျက်မှောက်အခြေအနေဖြစ်သလို မန်စီးတီးလို ငွေကိုရေလိုသုံးရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက်သာ တိုက်ပွဲဝင်နေရပြီး EPL ဖလားကို စီးတီးနဲ့အပြိုင် စိန်ခေါ်ဖို့ အင်အားမပြည့်စုံတာကို တွေ့နေရတယ်။

ဖာဂီပြောခဲ့တဲ့ ” မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု ” ဆိုတာဟာ မြို့ခံပြိုင်ဘက် မန်စီးတီးက အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တာလမ်းကြောင်းဖြစ်လာခဲ့ပြီး ဖာဂီရဲ့ အရိပ်အောက်က ထွက်လာခဲ့တဲ့ ယူနိုက်တက်ကတော့ မန်စီးတီးရဲ့ ရေရှည်အနာဂတ်စီမံကိန်းကို သီသီလေးတောင် အနားမကပ်နိုင်တော့တာက တွေးကြည့်ရင် အတော်လေး ကို့ရို့ကားရားနိုင်နေတာပါ။

ယူနိုက်တက်၊ အာဆင်နယ်၊ စပါးစ်၊ ချယ်လ်ဆီးအသင်းတို့ရဲ့ ရွာလည်နေမှုက မန်စီးတီးလို အခြေအနေအရပ်ရပ်က အရည်အချင်းပြည့်မီမှုအောက်မှာ EPL ရဲ့ ယဇ်အပူဇော်ခံ အိမ်ဖြည့်အသင်းတွေ ဖြစ်လာခဲ့ပြီး လီဗာပူးလ်ကတော့ ဒဏ်ရာရနေတဲ့ အဓိကကစားသမားတွေ ပြန်ကစားနိုင်မယ့် နောက်ရာသီမှာ မန်စီးတီးကို ဘယ်လိုခြိမ်းခြောက်နိုင်မလဲ ဆက်လက်စောင့်ကြည့်ရမှာပါ။

လက်ရှိမှာ မန်စီးတီးကို ဖြိုချနိုင်ခြေရှိတဲ့အသင်းဆိုလို့ ပပ်ရဲ့ အင်္ဂလန်သမိုင်းမှာ ပထမဦးဆုံး တရာသီတွင်း ဖလား ၄ လုံး ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ကို FA ဆီမီးမှာ ရိုက်ချိုးခဲ့တဲ့ တူဟယ်လ်ရဲ့ချယ်လ်ဆီးအသင်းသာ ရှိနေပြီး အပြာရောင် ခြသေ့တွေက မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဖလားအထိ ဒုက္ခပေးနိုင်​ခြေရှိနေတာကိုတော့ တချက်ထည့်တွက်ရမှာပါ။

ချယ်လ်ဆီးရဲ့ လူအင်အားက တောင့်တင်းသလို လက်ရှိမှာလည်း ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတာကြောင့် နောက်ရာသီမှာတော့ အင်္ဂလန်က မန်စီးတီးရဲ့ပလ္လင်ကို တက်သိမ်းမလားဆိုတာတော့ စိတ်ဝင်စားစရာတရပ်ဖြစ်နေပမယ့် ဘဏ်တိုက်ထဲက ငွေအင်အားထက်ပိုပြီး ရုပ်ပိုင်းဆိုင် ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာသက်လုံပြည့်ဝမှုတို့ကို နောက်တဆင့် အခိုင်အမာ ခံတပ်တည်ဆောက်ပြီး ဒီရာသီ ၆၂ ပွဲစလုံး ထိရောက်မှန်ကန်အောင် ကစားပြီး ဥရောပချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား ၃ လုံးလမ်းကြောင်းမှာ မတ်မတ်ရပ်နေဆဲ မန်စီးတီးက မန်ချက်စတာမှာ အပြာရောင်လွှမ်းဖို့ နေနေသာသာ တန်းပါဆင်းရလိမ့်မယ်ဆိုတဲ့ ဆာဖာဂီရဲ့ ဟောကိန်းကို တက်တက်စင်အောင်လွဲစေခဲ့ပြီလို့ ယတိပြတ်ချေပနိုင်ပြီဖြစ်ကြောင်း ကောက်ချက်ချရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ” မန္စီးတီးအေနနဲ႔ ေငြထုပ္ပိုက္ၿပီး ႀကိဳက္တဲ့ ကစားသမားကို ဝယ္ယူႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔က မန္ယူႏိုက္တက္လို သရဲနီစိတ္ဓာတ္ျပည့္ဝတဲ့ အသင္းမ်ိဳး​ႀကိဳh တည္ေဆာက္ႏိုင္ပါ့မလား ”

” ေငြသိပ္ေပါေတာ့လည္း လက္လြတ္စပယ္ လူဝယ္ႏိုင္တာေပါ့ေလ။ ၁၉၅၀ ခုႏွစ္မ်ားဆီက ဆန္းဒါးလန္းအသင္းလိုေပါ့။ အဂၤလန္ရဲ႕ ဘဏ္တိုက္ႀကီးေလ။ သူတို႔က တန္းဆင္းသြားခဲ့ရသလိုမ်ိဳး မန္စီးတီးလည္း တန္းမဆင္းသြားဖို႔သာ ေမွ်ာ္လင့္ပါတယ္ ”

ဒီစကားကို လြန္ခဲ့တဲ့ ၁၁ ႏွစ္က ဆာအဲလက္စ္ ဖာဂူဆန္က ေျပာခဲ့တာပါ။ အဂၤလန္မွာ မန္ခ်က္စတာအျပာေရာင္လႊမ္းမိုးႏိုင္ၿပီး ဥေရာပအဆင့္ကိုပါ အုပ္စိုးႏိုင္မလားဆိုတဲ့ေမးခြန္းကို ဆာဖာဂီက အခုလိုပဲ ခပ္ရဲရဲေျဖခဲ့ေပမယ့္ သူ႔ရဲ႕ေဟာကိန္းက တက္တက္စင္ေအာင္လြဲခဲ့ၿပီဆိုတာ စီးတီးရဲ႕လက္ရွိေအာင္ျမင္မႈေတြက အဓိကသက္ေသခံေနပါတယ္။

ပပ္လက္ထဲက စီးတီးအသင္းဟာ ဒီႏွစ္ ပရီးမီးယားလိဂ္နဲ႔ ကာရာေဘာင္းဖလားေတြကိုသာ ဆြတ္ခူးခဲ့ရင္ ေနာက္ဆုံး ၄ ႏွစ္အတြင္း ျပည္တြင္းဖလား ၁၂ လုံးမွာ ၈လုံးအထိ သိမ္းပိုက္ႏိုင္တဲ့အသင္းျဖစ္လာမွာပါ။ ဒါကမွ အဂၤလန္မွာ မန္ခ်က္စတာအျပာေရာင္လႊမ္းမိုးတာ မဟုတ္ရင္ တျခားအေျဖတခုရွိမလားဆိုတာက ဆာဖာဂီကို စပ္ဖ်င္းဖ်င္းျဖစ္ေစပါလိမ့္မယ္။

ဒါက မန္စီးတီးအတြက္ ဂုဏ္ယူဝံ့ၾကားစရာ အထက္စီး ျဖစ္ရပ္ပါ။ ၿပိဳင္ဘက္အသင္းတိုင္းကိုလည္း ေၾကာက္ဒူးတုန္သြားေစခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္က စီးတီးကို စိန္ေခၚၿပီး EPL ကို သိမ္းပိုက္သြားတဲ့ လီဗာပူးလ္ကလြဲရင္ အဂၤလန္ျပည္တြင္းမွာ အျပာေရာင္မိုးေကာင္းကင္ကို ရစ္သီသီလုပ္ၿပီး အနားကပ္ႏိုင္တဲ့အသင္းက တသင္းမွမရွိတာကို ေတြ႕ရတယ္။

ပရီးမီးယားလိဂ္ကို ေမာင္ပိုင္စီးထားတဲ့ စီးတီးကို စိန္ေခၚဖို႔ ဘယ္အသင္းမွ အရည္အခ်င္းမျပည့္မီျခင္းက မ်က္ေမွာက္အေျခအေနျဖစ္သလို မန္စီးတီးလို ေငြကိုေရလိုသုံးရင္ေတာင္မွ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာအတြက္သာ တိုက္ပြဲဝင္ေနရၿပီး EPL ဖလားကို စီးတီးနဲ႔အၿပိဳင္ စိန္ေခၚဖို႔ အင္အားမျပည့္စုံတာကို ေတြ႕ေနရတယ္။

ဖာဂီေျပာခဲ့တဲ့ ” မွန္ကန္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ” ဆိုတာဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးက ေအာင္ျမင္ေအာင္ တည္ေဆာက္ႏိုင္ခဲ့တာလမ္းေၾကာင္းျဖစ္လာခဲ့ၿပီး ဖာဂီရဲ႕ အရိပ္ေအာက္က ထြက္လာခဲ့တဲ့ ယူႏိုက္တက္ကေတာ့ မန္စီးတီးရဲ႕ ေရရွည္အနာဂတ္စီမံကိန္းကို သီသီေလးေတာင္ အနားမကပ္ႏိုင္ေတာ့တာက ေတြးၾကည့္ရင္ အေတာ္ေလး ကို႔႐ို႕ကားရားႏိုင္ေနတာပါ။

ယူႏိုက္တက္၊ အာဆင္နယ္၊ စပါးစ္၊ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ႐ြာလည္ေနမႈက မန္စီးတီးလို အေျခအေနအရပ္ရပ္က အရည္အခ်င္းျပည့္မီမႈေအာက္မွာ EPL ရဲ႕ ယဇ္အပူေဇာ္ခံ အိမ္ျဖည့္အသင္းေတြ ျဖစ္လာခဲ့ၿပီး လီဗာပူးလ္ကေတာ့ ဒဏ္ရာရေနတဲ့ အဓိကကစားသမားေတြ ျပန္ကစားႏိုင္မယ့္ ေနာက္ရာသီမွာ မန္စီးတီးကို ဘယ္လိုၿခိမ္းေျခာက္ႏိုင္မလဲ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

လက္ရွိမွာ မန္စီးတီးကို ၿဖိဳခ်ႏိုင္ေျခရွိတဲ့အသင္းဆိုလို႔ ပပ္ရဲ႕ အဂၤလန္သမိုင္းမွာ ပထမဦးဆုံး တရာသီတြင္း ဖလား ၄ လုံး ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ကို FA ဆီမီးမွာ ႐ိုက္ခ်ိဳးခဲ့တဲ့ တူဟယ္လ္ရဲ႕ခ်ယ္လ္ဆီးအသင္းသာ ရွိေနၿပီး အျပာေရာင္ ျခေသ့ေတြက မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ဖလားအထိ ဒုကၡေပးႏိုင္​ေျခရွိေနတာကိုေတာ့ တခ်က္ထည့္တြက္ရမွာပါ။

ခ်ယ္လ္ဆီးရဲ႕ လူအင္အားက ေတာင့္တင္းသလို လက္ရွိမွာလည္း ပရီးမီးယားလိဂ္ရဲ႕ ဒုတိယ ခံစစ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတာေၾကာင့္ ေနာက္ရာသီမွာေတာ့ အဂၤလန္က မန္စီးတီးရဲ႕ပလႅင္ကို တက္သိမ္းမလားဆိုတာေတာ့ စိတ္ဝင္စားစရာတရပ္ျဖစ္ေနပမယ့္ ဘဏ္တိုက္ထဲက ေငြအင္အားထက္ပိုၿပီး ႐ုပ္ပိုင္းဆိုင္ ႀကံ့ခိုင္မႈ၊ စိတ္ပိုင္းဆိုင္ရာသက္လုံျပည့္ဝမႈတို႔ကို ေနာက္တဆင့္ အခိုင္အမာ ခံတပ္တည္ေဆာက္ၿပီး ဒီရာသီ ၆၂ ပြဲစလုံး ထိေရာက္မွန္ကန္ေအာင္ ကစားၿပီး ဥေရာပခ်န္ပီယံလိဂ္ဖလားအပါအဝင္ ဖလား ၃ လုံးလမ္းေၾကာင္းမွာ မတ္မတ္ရပ္ေနဆဲ မန္စီးတီးက မန္ခ်က္စတာမွာ အျပာေရာင္လႊမ္းဖို႔ ေနေနသာသာ တန္းပါဆင္းရလိမ့္မယ္ဆိုတဲ့ ဆာဖာဂီရဲ႕ ေဟာကိန္းကို တက္တက္စင္ေအာင္လြဲေစခဲ့ၿပီလို႔ ယတိျပတ္ေခ်ပႏိုင္ၿပီျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.