Premier League

၂၀၂၀-၂၁ ဘောလုံးရာသီမှာ ကျိန်စာသင့်ဘဝကနေ ဖီးနစ်ငှက်လို ပြာပုံထဲက ခုန်ထလာတဲ့ ရင်ခုန်စဖွယ် ပြောစမှတ်တွင်စေတဲ့ အဖြစ်အပျက် ၃ ခု

လူတိုင်းဟာ စွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီး ခံစားချက်ကောင်းသည့် အဖြစ်အပျက်ပုံပြင်များကို ကြားသိရတာ နှစ်သက်ကြပါတယ်။ ဘောလုံးချစ်မြတ်နိုးသူတွေကလည်း အတူတူပဲဖြစ်ပါတယ်။

ဥရောပ တခွင်မှာ ဘောလုံးသမားများစွာရှိကြပြီး တချို့က ငယ်ဘ၀ ဘောလုံးသမားဘ၀ အစက စိတ်ဝင်စားဖို့ ကောင်းခြင်းများနဲ့ စတင်ကြပေမယ့် အနာဂတ်မှာ သူတို့ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာပဲ ကျရှုံးသွားရကြရပါတယ်။တချို့ကစားသမားတွေကတော့ အစပိုင်းမှာ မထင်မရှား ရုန်းကန်ခဲ့ကြပေမယ့် အသက်အရွယ်လေးရလာပြီးနောက်ပိုင်းမှ အောင်မြင်မှုတွေ ဆက်တိုက် ပွင့်လန်းလာတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် လက်စတာတိုက်စစ်မှူး ဗာဒီက ချန်ပီယံရှစ်အဆင့်မှာ ကစားနေရာကနေ ၂၉ နှစ်အရွယ်မှာ လက်စတာကို ရောက်လာပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ လီဗာပူးလ်တိုက်စစ်မှူး မိုဆာလားက ပေါ့ဆတ်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ရပ်ကြောင့် အီဂျစ်ဘောလုံးလိဂ်ကို ဖျက်သိမ်းခံခဲ့ရရာကနေ နောင်ဆယ်စုနှစ်တခုအကြာမှာ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ် ဗိုလ်ဝင်ခံခဲ့တယ်။

ဒီဖြစ်ရပ်ဥပမာတွေလို ထူးခြားတဲ့အမြင်ကို ပေးစွမ်းနေတဲ့ လက်ရှိ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပြာပုံထဲက ခုန်ထလာတဲ့ ရင်ခုန်စဖွယ် ဘောလုံးသမားတွေနဲ့ ကလပ်အသင်းတွေအကြောင်းတွေက တကယ်ပြောစမှတ်တွင်စေမှာဖြစ်လို့ ရွေးနုတ်တင်ဆက်ပေးသွားပါမယ်။

မီးပုံထဲက ခုန်ထလာတဲ့ ဖီးနစ်ငှက် သို့ ဝက်စ်ဟမ်း

တန်းဆင်းဇုန်ထဲက ရုန်းထလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ဦးဆောင်တိုက်ပွဲဝင်လာခဲ့တာက ဝက်စ်ဟမ်းဖြစ်ပါတယ်။ ဖီးနစ်ငှက်လို ရုန်းထခဲ့တယပဲ ဆိုရမယ်။ ပြီးခဲ့တဲ့ရာသီအပြီးမှာ တန်းဆင်းဇုန်အထက် အဆင့် ၁၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ရမှတ် ၃၉ မှတ်သာ စုဆောင်းနိုင်ခဲ့တယ်။

ပေးဂိုး ၆၂ ဂိုးအထိ ရှိခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် ခံစစ်အညံ့ဆုံးအသင်းအဖြစ် ဇာတ်သိမ်းခဲ့တယ်။ ဒီရာသီမှာတော့ ဟမ်းမားတို့က ဆော့ဆက်၊ ဖော်နယ်လ်၊ ဘိုဝင်နဲ့ လင်ဂတ်တို့လို ကစားတွေကို ခေါ်ယူပြီး ဒေးဗစ်မွိုက်စ်လက်ထဲမှာ အမြင့်ပျံလာခဲ့တာက ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပါပြီ။

ချန်ပီယံလိဂ်မှာ ဘွားခနဲ ပြန်ပေါ်လာတော့မယ့် အေစီမီလန်

ဘောလုံးသမိုင်းခမ်းနားတဲ့ အေစီမီလန်က ကြည့်ပျော်ရှုပျော်အဆင့်မှာတောင် ခက်ခက်ခဲခဲရပ်တည်နေရပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆင့် ၄ အတွင်း မဝင်တော့တဲ့အသင်းအဖြစ် ဒီရာသီမှာတော့ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၂ နေရာကို ရောက်လာတယ်။

ပိုဝမ်းသာစရာကောင်းတဲ့အခြေအနေက အေစီကို ချန်ပီယံလိဂ်အဆင့်မှာ သမိုင်းအဆင့်အတန်းကို ပြန်လည်ထိန်းသိမ်းလာတဲ့ အေစီမီလန်ကို မြင်တွေ့ရတော့မှာဖြစ်တယ်။ ဒီမြင်ကွင်းက ပျောက်ဆုံးနေတာ အတော်ကြာညောင်းခဲ့လို့ပါပဲ။ အခုအနေအထားမှာတော့ ထိပ်ဆုံးက အင်တာမီလန်ရဲ့နောက် ၉ မှတ်အကွာနဲ့ လက်ကျန် ၇ ပွဲကစားရဦးမှာပါ။

အရန်ခုံကထလာပြီး မိုင်ကုန်ရွက်လွှင့်နေတဲ့ စူပါလင်ဂတ်

ပြီးခဲ့တဲ့တရာသီလုံးမှာ ယူနိုက်တက်အတွက် ၁ ဂိုးသာသွင်းယူနိုင်ပြီး ထိုးကျသွားခဲ့တဲ့ လင်ဂတ်ဟာ ဒီရာသီမှာလည်း ရာသီဝက်တခုလုံး သရဲနီအရန်ခုံမှာ အချိန်ဖြန်းခဲ့ရတယ်။ မီးလိုတောက်ဖို့ အချိန်ကောင်းစောင့်နေတဲ့အခါ ဇန်နဝါရီက သူ့ရှေ့ကို ရောက်လာတယ်။

မန်ချက်စတာ​အရန်ခုံကနေ လန်ဒန်မြေမှာ တရှိန်ထိုးပြေးလွှားနေတဲ့ လင်ဂတ်ဖြစ်လာတယ်။ ဝက်စ်ဟမ်းအတွက် ၁၀ ပွဲကစား၊ ၉ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ရှိလာတာက လက်ရှိ ရာသီဝက်တခုလုံးရဲ့ ခြေစွမ်းအတည်​ငြိမ်ဆုံးနဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံလာရတာပါ။ အငှားချခံရခြင်းကနေ အချိန်အခါကောင်းကို ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လူတိုင္းဟာ စြတ္ပ်ံ႕ၾကည္ႏူးဖြယ္ေကာင္းၿပီး ခံစားခ်က္ေကာင္းသည့္ အျဖစ္အပ်က္ပုံျပင္မ်ားကို ၾကားသိရတာ ႏွစ္သက္ၾကပါတယ္။ ေဘာလုံးခ်စ္ျမတ္ႏိုးသူေတြကလည္း အတူတူပဲျဖစ္ပါတယ္။

ဥေရာပ တခြင္မွာ ေဘာလုံးသမားမ်ားစြာရွိၾကၿပီး တခ်ိဳ႕က ငယ္ဘ၀ ေဘာလုံးသမားဘ၀ အစက စိတ္ဝင္စားဖို႔ ေကာင္းျခင္းမ်ားနဲ႔ စတင္ၾကေပမယ့္ အနာဂတ္မွာ သူတို႔ ေမွ်ာ္လင့္ထားတဲ့အတိုင္း မျဖစ္လာပဲ က်ရႈံးသြားရၾကရပါတယ္။တခ်ိဳ႕ကစားသမားေတြကေတာ့ အစပိုင္းမွာ မထင္မရွား ႐ုန္းကန္ခဲ့ၾကေပမယ့္ အသက္အ႐ြယ္ေလးရလာၿပီးေနာက္ပိုင္းမွ ေအာင္ျမင္မႈေတြ ဆက္တိုက္ ပြင့္လန္းလာတဲ့သူေတြလည္း ရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ လက္စတာတိုက္စစ္မႉး ဗာဒီက ခ်န္ပီယံရွစ္အဆင့္မွာ ကစားေနရာကေန ၂၉ ႏွစ္အ႐ြယ္မွာ လက္စတာကို ေရာက္လာၿပီး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တယ္။ လီဗာပူးလ္တိုက္စစ္မႉး မိုဆာလားက ေပါ့ဆတ္လူအစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈျဖစ္ရပ္ေၾကာင့္ အီဂ်စ္ေဘာလုံးလိဂ္ကို ဖ်က္သိမ္းခံခဲ့ရရာကေန ေနာင္ဆယ္စုႏွစ္တခုအၾကာမွာ လီဗာပူးလ္နဲ႔အတူ ပရီးမီးယားလိဂ္ ဗိုလ္ဝင္ခံခဲ့တယ္။

ဒီျဖစ္ရပ္ဥပမာေတြလို ထူးျခားတဲ့အျမင္ကို ေပးစြမ္းေနတဲ့ လက္ရွိ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ ျပာပုံထဲက ခုန္ထလာတဲ့ ရင္ခုန္စဖြယ္ ေဘာလုံးသမားေတြနဲ႔ ကလပ္အသင္းေတြအေၾကာင္းေတြက တကယ္ေျပာစမွတ္တြင္ေစမွာျဖစ္လို႔ ေ႐ြးႏုတ္တင္ဆက္ေပးသြားပါမယ္။

မီးပုံထဲက ခုန္ထလာတဲ့ ဖီးနစ္ငွက္ သို႔ ဝက္စ္ဟမ္း

တန္းဆင္းဇုန္ထဲက ႐ုန္းထလာၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဦးေဆာင္တိုက္ပြဲဝင္လာခဲ့တာက ဝက္စ္ဟမ္းျဖစ္ပါတယ္။ ဖီးနစ္ငွက္လို ႐ုန္းထခဲ့တယပဲ ဆိုရမယ္။ ၿပီးခဲ့တဲ့ရာသီအၿပီးမွာ တန္းဆင္းဇုန္အထက္ အဆင့္ ၁၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး ရမွတ္ ၃၉ မွတ္သာ စုေဆာင္းႏိုင္ခဲ့တယ္။

ေပးဂိုး ၆၂ ဂိုးအထိ ရွိခဲ့တယ္။ ပရီးမီးယားလိဂ္ရဲ႕ စတုတၳေျမာက္ ခံစစ္အညံ့ဆုံးအသင္းအျဖစ္ ဇာတ္သိမ္းခဲ့တယ္။ ဒီရာသီမွာေတာ့ ဟမ္းမားတို႔က ေဆာ့ဆက္၊ ေဖာ္နယ္လ္၊ ဘိုဝင္နဲ႔ လင္ဂတ္တို႔လို ကစားေတြကို ေခၚယူၿပီး ေဒးဗစ္မြိဳက္စ္လက္ထဲမွာ အျမင့္ပ်ံလာခဲ့တာက ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရရွိဖို႔ လက္တကမ္းအလိုကို ေရာက္ရွိေနပါၿပီ။

ခ်န္ပီယံလိဂ္မွာ ဘြားခနဲ ျပန္ေပၚလာေတာ့မယ့္ ေအစီမီလန္

ေဘာလုံးသမိုင္းခမ္းနားတဲ့ ေအစီမီလန္က ၾကည့္ေပ်ာ္ရႈေပ်ာ္အဆင့္မွာေတာင္ ခက္ခက္ခဲခဲရပ္တည္ေနရၿပီး ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း အဆင့္ ၄ အတြင္း မဝင္ေတာ့တဲ့အသင္းအျဖစ္ ဒီရာသီမွာေတာ့ စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္ ၂ ေနရာကို ေရာက္လာတယ္။

ပိုဝမ္းသာစရာေကာင္းတဲ့အေျခအေနက ေအစီကို ခ်န္ပီယံလိဂ္အဆင့္မွာ သမိုင္းအဆင့္အတန္းကို ျပန္လည္ထိန္းသိမ္းလာတဲ့ ေအစီမီလန္ကို ျမင္ေတြ႕ရေတာ့မွာျဖစ္တယ္။ ဒီျမင္ကြင္းက ေပ်ာက္ဆုံးေနတာ အေတာ္ၾကာေညာင္းခဲ့လို႔ပါပဲ။ အခုအေနအထားမွာေတာ့ ထိပ္ဆုံးက အင္တာမီလန္ရဲ႕ေနာက္ ၉ မွတ္အကြာနဲ႔ လက္က်န္ ၇ ပြဲကစားရဦးမွာပါ။

အရန္ခုံကထလာၿပီး မိုင္ကုန္႐ြက္လႊင့္ေနတဲ့ စူပါလင္ဂတ္

ၿပီးခဲ့တဲ့တရာသီလုံးမွာ ယူႏိုက္တက္အတြက္ ၁ ဂိုးသာသြင္းယူႏိုင္ၿပီး ထိုးက်သြားခဲ့တဲ့ လင္ဂတ္ဟာ ဒီရာသီမွာလည္း ရာသီဝက္တခုလုံး သရဲနီအရန္ခုံမွာ အခ်ိန္ျဖန္းခဲ့ရတယ္။ မီးလိုေတာက္ဖို႔ အခ်ိန္ေကာင္းေစာင့္ေနတဲ့အခါ ဇန္နဝါရီက သူ႔ေရွ႕ကို ေရာက္လာတယ္။

မန္ခ်က္စတာ​အရန္ခုံကေန လန္ဒန္ေျမမွာ တရွိန္ထိုးေျပးလႊားေနတဲ့ လင္ဂတ္ျဖစ္လာတယ္။ ဝက္စ္ဟမ္းအတြက္ ၁၀ ပြဲကစား၊ ၉ ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ရွိလာတာက လက္ရွိ ရာသီဝက္တခုလုံးရဲ႕ ေျခစြမ္းအတည္​ၿငိမ္ဆုံးနဲ႔ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံလာရတာပါ။ အငွားခ်ခံရျခင္းကေန အခ်ိန္အခါေကာင္းကို ပိုင္ဆိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.